တူရကီကေန ဂရိဘက္ကို အႏၱရာယ္ ႀကီးတဲ့ အေနအထားနဲ႔ ျဖတ္ကူးေနၾက။ |
ဂရိ ဝန္ႀကီးခ်ဳပ္ အလက္ဆီ ဆီးပရပ္စ္က ေရြွ႔ေျပာင္းသူေတြ အေပၚ အီးယူရဲ့ ကိုင္တြယ္ပံု ညံ့ဖ်င္းမႈအတြက္ အရွက္ ရမိတယ္လို႔ ေျပာပါတယ္။
အသက္ရွင္ က်န္ရစ္သူေတြကို ဂရိ ကမ္းေျခေစာင့္ တပ္ဖြဲ႕က ရွာေဖြ ေနဆဲ ျဖစ္ပါတယ္။
အစ္ဂ်ီယံ ပင္လယ္ထဲမွာ ရာသီဥတု ဆိုးရြားလာတဲ့အတြက္ ၃ ရက္အတြင္းမွာ ေရြွ႔ေျပာင္းသူေတြရဲ့ ေလွ ၈ စီး နစ္ျမဳပ္ ခဲ့ပါတယ္။
တစ္ခ်ိန္တည္းမွာ စပိန္ ႏိုင္ငံ ေတာင္ပိုင္းမွာလည္း ေမာ္႐ိုကိုကေန ျဖတ္ကူးလာတဲ့ ေလွတစ္စီး နစ္ျမဳပ္ ခဲ့လို႔ ေပ်ာက္ဆံုး ေနတဲ့ ေရြွ႔ေျပာင္းသူ ၃၅ ေယာက္ကို ရွာေဖြ ေနၾကပါတယ္။ ခုခ်ိအထိ ၄ ေယာက္ရဲ့ အေလာင္းေတြကို ေတြ႕ရွိၿပီး ျဖစ္ပါတယ္။
BBC Burmese
http://www.bbc.com/burmese
......................
တူရကီကနေ ဂရိဘက်ကို အန္တရာယ် ကြီးတဲ့ အနေအထားနဲ့ ဖြတ်ကူးနေကြ။
တူရကီ ဘက်ကနေ ဂရိ နိုင်ငံဘက်ကို ဖြတ်ကူးဖို့ ကြိုးစားတဲ့ ရွှေ့ပြောင်းသူတွေရဲ့ လှေတစ်စီး အစ်ဂျီယံ ပင်လယ်ထဲမှာ နစ်မြုပ် ခဲ့တဲ့အတွက် ကလေးငယ် အများစု အပါအဝင် အနည်းဆုံး လူ ၂၂ ဦး သေဆုံး ခဲ့ပါတယ်။
ဂရိ ဝန်ကြီးချုပ် အလက်ဆီ ဆီးပရပ်စ်က ရွှေ့ပြောင်းသူတွေ အပေါ် အီးယူရဲ့ ကိုင်တွယ်ပုံ ညံ့ဖျင်းမှုအတွက် အရှက် ရမိတယ်လို့ ပြောပါတယ်။
အသက်ရှင် ကျန်ရစ်သူတွေကို ဂရိ ကမ်းခြေစောင့် တပ်ဖွဲ့က ရှာဖွေ နေဆဲ ဖြစ်ပါတယ်။
အစ်ဂျီယံ ပင်လယ်ထဲမှာ ရာသီဥတု ဆိုးရွားလာတဲ့အတွက် ၃ ရက်အတွင်းမှာ ရွှေ့ပြောင်းသူတွေရဲ့ လှေ ၈ စီး နစ်မြုပ် ခဲ့ပါတယ်။
တစ်ချိန်တည်းမှာ စပိန် နိုင်ငံ တောင်ပိုင်းမှာလည်း မော်ရိုကိုကနေ ဖြတ်ကူးလာတဲ့ လှေတစ်စီး နစ်မြုပ် ခဲ့လို့ ပျောက်ဆုံး နေတဲ့ ရွှေ့ပြောင်းသူ ၃၅ ယောက်ကို ရှာဖွေ နေကြပါတယ်။ ခုချိအထိ ၄ ယောက်ရဲ့ အလောင်းတွေကို တွေ့ရှိပြီး ဖြစ်ပါတယ်။
BBC Burmese
http://www.bbc.com/burmese