ဓားခုတ္အတိုက္ခိုက္ခံလိုက္ရတဲ့ NLD လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးႏုိင္ငံလင္း ေဆး႐ံုတက္ ကုသခံယူေနစဥ္။ |
အမ်ိဳးသားဒီမုိကေရစီအဖဲြ႔ခ်ဳပ္ NLD ပါတီကို ကိုယ္စားျပဳၿပီး သာေကတၿမိဳ႕နယ္ တုိင္းေဒသၾကီး ကိုယ္စားလွယ္အျဖစ္ ၀င္ေရာက္ အေရြးခ်ယ္ခံမယ့္ ဦးႏိုင္ငံလင္းနဲ႔ အျခား ပါတီ၀င္၂ဦးဟာ ၾကာသာပေတးေန႔ည ၉နာရီေလာက္က သာေကတၿမိဳ႕နယ္ အတြင္း မဲဆြယ္ စည္းရံုးေနစဥ္မွာ တုိက္ခုိက္ခံရတာျဖစ္ပါတယ္။ လက္ရိွ ျပည္သူ႔ လႊတ္ေတာ္ ကိုယ္စားလွယ္တဦးလည္း ျဖစ္တဲ့ ဦးႏိုင္ငံလင္းဟာ ဦးေခါင္းမွာ ရရိွတဲ့ ဓားဒဏ္ရာေၾကာင့္ ရန္ကုန္ေဆးရံုၾကီးမွာ ကုသခံယူေနရပါတယ္။
ဒီတုိက္ခိုက္တာနဲ႔ ပတ္သက္ၿပီး တိုင္းရင္းသား စည္းလံုးညီညြတ္ေရး ပါတီက ေျပာေရးဆုိခြင့္ ရိွသူ ဦးဟန္ေရႊက အခုလုိ ေျပာဆုိပါတယ္။
"ဒီဥစၥာက အင္မတန္ အ႐ုပ္ဆိုးတဲ့ကိစၥလို႔ က်ေနာ္တို႔ ထင္ပါတယ္။ မဲဆြယ္ စည္းရံုးတယ္ဆိုတာ ေရြးေကာက္ပြဲမွာ ႏုိင္ငံေရးပါတီေတြအေနနဲ႔ လုပ္ရမယ့္ လုပ္ငန္းတာဝန္ပါပဲခင္ဗ်။ ေရြးေကာက္ပြဲနဲ႔ပတ္သက္တဲ့ ျဖစ္စဥ္ Process မွာ ဒီ Voters Education ဆိုတာလည္း တခုပါတဲ့အခါက်ေတာ့ က်ေနာ္တို႔ ႏုိင္ငံေရး ပါတီေတြ အေနနဲ႔လည္း ျပည္သူေတြ၊ မဲဆႏၵရွင္ေတြကို Voters Education ပိုၿပီးေတာ့ လုပ္ရမယ္ဆိုတာကိုလည္း က်ေနာ္တို႔ပါတီအေနနဲ႔ အေလးအနက္ ခံယူမိပါတယ္။ "
ဒီအျဖစ္မ်ိဳးကေန အုပ္စုလုိက္ အဓိကရုဏ္းေတြအထိ ျဖစ္လာႏိုင္တာေၾကာင့္ တရားဥပေဒ စုိးမုိးေရးဟာ ပိုအေရးၾကီးလာတယ္လုိ႔လည္း ဦးဟန္ေရႊက သံုးသပ္ပါတယ္။
"ဒီလိုဟာကေန လူအုပ္စုလို သေဘာမ်ိဳးကို သူ႔ေထာက္ခံတဲ့သူ၊ ကိုယ့္ေထာက္ခံတဲ့သူ ေပါင္းလာရင္ ပိုၿပီးေတာ့ ဆိုးတဲ့ အေျခအေနျဖစ္လာႏိုင္ပါတယ္။"
အမ်ိဳးသားဒီမုိကေရစီ အင္အားစုပါတီ NDF က လက္ရိွလႊတ္ေတာ္ကိုယ္စားလွယ္ ဦးခုိင္ေမာင္ရည္ကေတာ့ သူ႔အျမင္ကို အခုလုိ ေျပာပါတယ္။
"ဒီသတင္းၾကားလိုက္ရတဲ့အခါမွာ ထိတ္လန္႔သြားတယ္။ လူကို ထိခုိက္ေလာက္တဲ့ အထိျဖစ္သြားတာကိုေတာ့ က်ေနာ္တို႔အေနနဲ႔ ဒီလိုလုပ္ရပ္မ်ိဳးကို လုပ္ခဲ့တာကိုေတာ့ ရႈတ္ခ်ပါတယ္။ "
ဓားခုတ္မႈက်ဴးလြန္သူဟာ NLD ပါတီ မဲမဆြယ္ဖုိ႔ သူ႔ေနအိမ္မွာ စာကပ္ထားတယ္လုိ႔ သိရတဲ့ အေပၚမွာေတာ့ ဦးခုိင္ေမာင္ရည္က ဆက္ေျပာပါတယ္။
ပ႑ိတေဖာင္ေဒးရွင္းက ေရြးေကာက္ပဲြေစာင့္ၾကည့္ေလ့လာေရးတာ၀န္ခံ ကိုျဖိဳးတင့္ဦးကေတာ့ အခုလုိ သံုးသပ္ေျပာဆုိပါတယ္။
"အဓိကကေတာ့ဗ်ာ အခု မဲဆြယ္စည္းရံုးေရးလုပ္ေနတဲ့ အမတ္ေလာင္းေတြအတြက္ လံုျခံဳေရးေပါ့ဗ်ာ။ ဒီလံုျခံဳေရးကို သက္ဆိုင္ရာ တာဝန္ရွိသူေတြအေနနဲ႔ တိတိက်က် ေပးသင့္တယ္ေပါ့။ က်ေနာ္တို႔ ဒီဥပေဒအရ မဲဆြယ္မယ္ ဆိုရင္ ေကာ္မရွင္ ကိုႀကိဳေျပာရတယ္။ သင့္တင့္တဲ့ လံုျခံဳေရး အစီအမံကို ျပည္ထဲေရးကေန ျပန္ၿပီး ေပးရတယ္ဆိုတာ က်ေနာ္တို႔ သိတယ္ေပါ့ေနာ္။ အဲ့ဒီ့ေတာ့ စာတင္ထားပါရက္နဲ႔ လံုျခံဳေရး မေပးတာလား။ ဒါမွမဟုတ္ စာမတင္ပဲနဲ႔ ဒီအတိုင္း သြားလိုက္လို႔ လံုျခံဳေရးမရွိတာလား အဲ့ဒီ့ဟာေတာ့ က်ေနာ္တို႔ ျပန္ၾကည့္ရမယ့္ ပံုစံမွာ ရွိတယ္ခင္ဗ်။ အမွန္ကေတာ့ ဒီလိုေရြးေကာက္ပြဲကာလဆုိတာ ထိလြယ္ ရွလြယ္တဲ့ ကာလျဖစ္တဲ့ အတြက္ေၾကာင့္မို႔လို႔ အကူအညီ ေတာင္းသည္ျဖစ္ေစ မေတာင္းသည္ျဖစ္ေစ သက္ဆိုင္ရာ ၿမိဳ႕နယ္ေတြမွာ လံုျခံဳေရးကို တင္းတင္းၾကပ္ၾကပ္ ခ်ထားသင့္တယ္။"
အထူးသျဖင့္ အသြင္ကူးေျပာင္းစႏိုင္ငံေတြမွာ ေရြးေကာက္ပဲြ အၾကမ္းဖက္ တုိက္ခုိက္တာေတြ အမ်ားဆံုးျဖစ္တတ္တာေၾကာင့္ လံုၿခံဳေရးအစီအမံကို ပိုမိုတင္းတင္းက်ပ္က်ပ္ ခ်မွတ္သင့္တယ္လုိ႔လည္း ေထာက္ျပေျပာဆုိပါတယ္။
ဦးႏိုင္ငံလင္းကို ကုသေပးတဲ့ ခဲြစိတ္ပါရဂူ ေဒါက္တာတင္မ်ိဳး၀င္းကေတာ့ ဦးႏိုင္ငံလင္းရဲ႕ အေျခအေနက စိုးရိမ္စရာမရိွေၾကာင္း အခုလုိ ေျပာပါတယ္။
"က်ေနာ္ေျပာႏုိင္တာကေတာ့ မေန႔ညက ဆရာဝန္ႀကီးေတြေရာ၊ လက္ ခြဲစိတ္ ဆရာဝန္ႀကီးေတြေရာ မ်က္ႏွာနဲ႔ ပလက္စတစ္ ဆာဂ်င္၊ ေမ့ေဆး ဆရာဝန္ႀကီးေတြေရာ အကုန္လံုး ဆရာဝန္ေတြ ဝိုင္းဝန္းၿပီးေတာ့ပဲ ခြဲစိတ္ေပးၾကပါတယ္။ အေျခအေနက ေကာင္းတယ္။ အသက္အႏၱရာယ္ စိုးရိမ္စရာမရွိဘူး။ ဒီေလာက္ ဆရာေျပာလို႔ရပါတယ္။"
ဒီေန႔ေန႔ခင္းပိုင္းမွာေတာ့ ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တုိင္ ရန္ကုန္ေဆး႐ံုႀကီးကို သြားေရာက္ၾကည့္ရႈ႕ခဲ့ပါတယ္။
ျပန္ၾကားေရး၀န္ၾကီးဌာနရဲ့ လူမႈကြန္ယက္ စာမ်က္ႏွာမွာေတာ့ ဒီအခင္းျဖစ္ပြားမႈဟာ NLD ပါတီ၀င္တဦး ကြမ္းယာ၀ယ္ယူရာကေန စကားမ်ားခဲ့ရာက ဓားခုတ္မႈျဖစ္ပြားခဲ့ တာျဖစ္ေၾကာင္းနဲ႔ က်ဴးလြန္သူ ၃ဦးဟာ မည္သည့္ပါတီဝင္မွ မဟုတ္ေၾကာင္းနဲ႔ ေလာေလာဆယ္ ရဲက ဖမ္းဆီးထားေၾကာင္း ေဖာ္ျပထားပါတယ္။
စက္တင္ဘာလ ၁၉ရက္ေန႔ကလည္း မဂၤလာဒံုၿမိဳ႕နယ္အတြင္း မဲဆြယ္စည္းရံုးတာနဲ႔ ပတ္သက္ၿပီး NLD ပါတီ၀င္ ၂ဦး တုိက္ခိုက္ခံခဲ့ရတာေၾကာင့္ ေဆးရံုတင္ခဲ့ရပါတယ္။ ဒီတုိက္ခုိက္တာနဲ႔ ပတ္သက္ၿပီး သက္ဆုိင္ရာ အာဏာပိုင္ေတြက လံုေလာက္တဲ့ အေရးယူေဆာင္ရြက္မႈ မရိွဘူးလုိ႔လည္း NLD ပါတီ လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း ေနာ္လွလွစိုး က ေအာက္တုိဘာလ ၃ရက္ေန႔မွာ သတင္းထုတ္ျပန္ခဲ့ပါတယ္။
ကိုမိုးေဇာ္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
.............
ဓားခုတ်အတိုက်ခိုက်ခံလိုက်ရတဲ့ NLD လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ငံလင်း ဆေးရုံတက် ကုသခံယူနေစဉ်။
NLD ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်း ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် မှာ မဲဆွယ်စည်းရုံးစဉ် ဓားခုတ်ခံရတာနဲ့ ပတ်သက်ပြီး နိုင်ငံရေး ပါတီ နဲ့ နိုင်ငံရေးလှုပ်ရှားသူတွေက ရှုတ်ချလိုက်ပြီး အခုလိုဖြစ်ပျက်တာဟာ တရားဥပဒေ စိုးမိုးရေးကို ပိုမိုဆောင်ရွက်သင့်တယ်လို့ ရှုမြင်ကြပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိိုမိုးဇော်က တင်ပြထားပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို ကိုယ်စားပြုပြီး သာကေတမြို့နယ် တိုင်းဒေသကြီး ကိုယ်စားလှယ်အဖြစ် ၀င်ရောက် အရွေးချယ်ခံမယ့် ဦးနိုင်ငံလင်းနဲ့ အခြား ပါတီဝင်၂ဦးဟာ ကြာသာပတေးနေ့ည ၉နာရီလောက်က သာကေတမြို့နယ် အတွင်း မဲဆွယ် စည်းရုံးနေစဉ်မှာ တိုက်ခိုက်ခံရတာဖြစ်ပါတယ်။ လက်ရှိ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တဦးလည်း ဖြစ်တဲ့ ဦးနိုင်ငံလင်းဟာ ဦးခေါင်းမှာ ရရှိတဲ့ ဓားဒဏ်ရာကြောင့် ရန်ကုန်ဆေးရုံကြီးမှာ ကုသခံယူနေရပါတယ်။
ဒီတိုက်ခိုက်တာနဲ့ ပတ်သက်ပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီက ပြောရေးဆိုခွင့် ရှိသူ ဦးဟန်ရွှေက အခုလို ပြောဆိုပါတယ်။
"ဒီဥစ္စာက အင်မတန် အရုပ်ဆိုးတဲ့ကိစ္စလို့ ကျနော်တို့ ထင်ပါတယ်။ မဲဆွယ် စည်းရုံးတယ်ဆိုတာ ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီတွေအနေနဲ့ လုပ်ရမယ့် လုပ်ငန်းတာဝန်ပါပဲခင်ဗျ။ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ဖြစ်စဉ် Process မှာ ဒီ Voters Education ဆိုတာလည်း တခုပါတဲ့အခါကျတော့ ကျနော်တို့ နိုင်ငံရေး ပါတီတွေ အနေနဲ့လည်း ပြည်သူတွေ၊ မဲဆန္ဒရှင်တွေကို Voters Education ပိုပြီးတော့ လုပ်ရမယ်ဆိုတာကိုလည်း ကျနော်တို့ပါတီအနေနဲ့ အလေးအနက် ခံယူမိပါတယ်။ "
ဒီအဖြစ်မျိုးကနေ အုပ်စုလိုက် အဓိကရုဏ်းတွေအထိ ဖြစ်လာနိုင်တာကြောင့် တရားဥပဒေ စိုးမိုးရေးဟာ ပိုအရေးကြီးလာတယ်လို့လည်း ဦးဟန်ရွှေက သုံးသပ်ပါတယ်။
"ဒီလိုဟာကနေ လူအုပ်စုလို သဘောမျိုးကို သူ့ထောက်ခံတဲ့သူ၊ ကိုယ့်ထောက်ခံတဲ့သူ ပေါင်းလာရင် ပိုပြီးတော့ ဆိုးတဲ့ အခြေအနေဖြစ်လာနိုင်ပါတယ်။"
အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ NDF က လက်ရှိလွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်ကတော့ သူ့အမြင်ကို အခုလို ပြောပါတယ်။
"ဒီသတင်းကြားလိုက်ရတဲ့အခါမှာ ထိတ်လန့်သွားတယ်။ လူကို ထိခိုက်လောက်တဲ့ အထိဖြစ်သွားတာကိုတော့ ကျနော်တို့အနေနဲ့ ဒီလိုလုပ်ရပ်မျိုးကို လုပ်ခဲ့တာကိုတော့ ရှုတ်ချပါတယ်။ "
ဓားခုတ်မှုကျူးလွန်သူဟာ NLD ပါတီ မဲမဆွယ်ဖို့ သူ့နေအိမ်မှာ စာကပ်ထားတယ်လို့ သိရတဲ့ အပေါ်မှာတော့ ဦးခိုင်မောင်ရည်က ဆက်ပြောပါတယ်။
ပဏ္ဍိတဖောင်ဒေးရှင်းက ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးတာဝန်ခံ ကိုဖြိုးတင့်ဦးကတော့ အခုလို သုံးသပ်ပြောဆိုပါတယ်။
"အဓိကကတော့ဗျာ အခု မဲဆွယ်စည်းရုံးရေးလုပ်နေတဲ့ အမတ်လောင်းတွေအတွက် လုံခြုံရေးပေါ့ဗျာ။ ဒီလုံခြံုရေးကို သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ တိတိကျကျ ပေးသင့်တယ်ပေါ့။ ကျနော်တို့ ဒီဥပဒေအရ မဲဆွယ်မယ် ဆိုရင် ကော်မရှင် ကိုကြိုပြောရတယ်။ သင့်တင့်တဲ့ လုံခြံုရေး အစီအမံကို ပြည်ထဲရေးကနေ ပြန်ပြီး ပေးရတယ်ဆိုတာ ကျနော်တို့ သိတယ်ပေါ့နော်။ အဲ့ဒီ့တော့ စာတင်ထားပါရက်နဲ့ လုံခြံုရေး မပေးတာလား။ ဒါမှမဟုတ် စာမတင်ပဲနဲ့ ဒီအတိုင်း သွားလိုက်လို့ လုံခြံုရေးမရှိတာလား အဲ့ဒီ့ဟာတော့ ကျနော်တို့ ပြန်ကြည့်ရမယ့် ပုံစံမှာ ရှိတယ်ခင်ဗျ။ အမှန်ကတော့ ဒီလိုရွေးကောက်ပွဲကာလဆိုတာ ထိလွယ် ရှလွယ်တဲ့ ကာလဖြစ်တဲ့ အတွက်ကြောင့်မို့လို့ အကူအညီ တောင်းသည်ဖြစ်စေ မတောင်းသည်ဖြစ်စေ သက်ဆိုင်ရာ မြို့နယ်တွေမှာ လုံခြံုရေးကို တင်းတင်းကြပ်ကြပ် ချထားသင့်တယ်။"
အထူးသဖြင့် အသွင်ကူးပြောင်းစနိုင်ငံတွေမှာ ရွေးကောက်ပွဲ အကြမ်းဖက် တိုက်ခိုက်တာတွေ အများဆုံးဖြစ်တတ်တာကြောင့် လုံခြံုရေးအစီအမံကို ပိုမိုတင်းတင်းကျပ်ကျပ် ချမှတ်သင့်တယ်လို့လည်း ထောက်ပြပြောဆိုပါတယ်။
ဦးနိုင်ငံလင်းကို ကုသပေးတဲ့ ခွဲစိတ်ပါရဂူ ဒေါက်တာတင်မျိုးဝင်းကတော့ ဦးနိုင်ငံလင်းရဲ့ အခြေအနေက စိုးရိမ်စရာမရှိကြောင်း အခုလို ပြောပါတယ်။
"ကျနော်ပြောနိုင်တာကတော့ မနေ့ညက ဆရာဝန်ကြီးတွေရော၊ လက် ခွဲစိတ် ဆရာဝန်ကြီးတွေရော မျက်နှာနဲ့ ပလက်စတစ် ဆာဂျင်၊ မေ့ဆေး ဆရာဝန်ကြီးတွေရော အကုန်လုံး ဆရာဝန်တွေ ဝိုင်းဝန်းပြီးတော့ပဲ ခွဲစိတ်ပေးကြပါတယ်။ အခြေအနေက ကောင်းတယ်။ အသက်အန္တရာယ် စိုးရိမ်စရာမရှိဘူး။ ဒီလောက် ဆရာပြောလို့ရပါတယ်။"
ဒီနေ့နေ့ခင်းပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရန်ကုန်ဆေးရုံကြီးကို သွားရောက်ကြည့်ရှု့ခဲ့ပါတယ်။
ပြန်ကြားရေးဝန်ကြီးဌာနရဲ့ လူမှုကွန်ယက် စာမျက်နှာမှာတော့ ဒီအခင်းဖြစ်ပွားမှုဟာ NLD ပါတီဝင်တဦး ကွမ်းယာဝယ်ယူရာကနေ စကားများခဲ့ရာက ဓားခုတ်မှုဖြစ်ပွားခဲ့ တာဖြစ်ကြောင်းနဲ့ ကျူးလွန်သူ ၃ဦးဟာ မည်သည့်ပါတီဝင်မှ မဟုတ်ကြောင်းနဲ့ လောလောဆယ် ရဲက ဖမ်းဆီးထားကြောင်း ဖော်ပြထားပါတယ်။
စက်တင်ဘာလ ၁၉ရက်နေ့ကလည်း မင်္ဂလာဒုံမြို့နယ်အတွင်း မဲဆွယ်စည်းရုံးတာနဲ့ ပတ်သက်ပြီး NLD ပါတီဝင် ၂ဦး တိုက်ခိုက်ခံခဲ့ရတာကြောင့် ဆေးရုံတင်ခဲ့ရပါတယ်။ ဒီတိုက်ခိုက်တာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင်တွေက လုံလောက်တဲ့ အရေးယူဆောင်ရွက်မှု မရှိဘူးလို့လည်း NLD ပါတီ လွှတ်တော် ကိုယ်စားလှယ်လောင်း နော်လှလှစိုး က အောက်တိုဘာလ ၃ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ကိုမိုးဇော် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com