Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ပုသိမ်ကြီးမြို့နယ်တွင် အနုကြမ်းစီးမှုတစ်ခုဖြစ်ပွား

$
0
0



   မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ သဲကုန်းကျေးရွာတွင် ဇူလိုင်လ (၁၀)ရက် ည (၁၂) အချိန်ခန့်က အနုကြမ်းစီးမှုတစ်ခုဖြစ်ခဲ့ ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးက သတင်းရရှိသည်။

  ဖြစ်စဉ်မှာ ပုသိမ်ကြီးမြို့နယ်၊ သဲကုန်း ကျေးရွာနေ ဦးမြသောင်း အသက် (၅၆) နှစ်က ညအချိန်တွင် နေအိမ်တံခါးများ မပိတ်မိဘဲ အိပ်နေစဉ် အမည်မသိ လူနှစ်ဦး ၀င်ရောက်ရှိလာပြီး၊ တစ်ဦးက ဦးမြသောင်း အားတက်ဖိကာ ဗီရိုသော့ထားရှိရာ နေရာအား မေးမြန်းရာ ဦးမြသောင်းက သော့ထားရာနေရာသို့ ညွှန်ပြခဲ့သည်။

 ထို့နောက် ကျန်တစ်ယောက်က သော့ဖြင့် ဗီရိုအတွင်းရှိ ငွေကျပ် (၁၃၇)သိန်း အား ယူဆောင်၍ ဦးမြသောင်း၏ မျက်နှာကို ပုဆိုးဖြင့်ချည်ပြီး ၀ါယာကြိုးဖြင့် တုပ်နှောင်ကာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

   “လက်ရှိအချိန်ထိ တရားခံကို ဖမ်းဆီးရမိဖို့ ကြိုးစားနေပါတယ်။ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်။ (ပ) နံပါတ် ၁၈၈/၂၀၁၅၊ ပြစ်မှု ပုဒ်မ ၃၉၂ နဲ့ အမှုဖွင့်ထားတယ်”ဟု ပုသိမ်ကြီးမြို့မ ရဲစခန်းမှ တာဝန်ကျ ဒုရဲအုပ်က ပြောသည်။

   ထို့အပြင် မန္တလေးမြို့တွင်း၌ လုယက်မှုများလည်း ဆက်တိုက်ဖြစ်ပေါ်နေပြီး ယခုနှစ် ဇွန်လအထိ လုယက်မှုပေါင်း (၄၀) ကျော်ရှိကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲ့ထံမှ သိရသည်။

   ထို့ကြောင့် မန္တလေးမြို့တွင်း လုံခြုံရေးများ အချိန်တိုးမြှင့်ချထား၍ မှုခင်း မဖြစ်ခင် ကြိုတင်ကာကွယ်မှုများလည်း လုပ်ဆောင်လျက်ရှိသည်။

The Messenger Media
http://www.messengerdaily.com

Viewing all articles
Browse latest Browse all 13796

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>