Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ကချင်မှာ တိုက်ပွဲတွေ ပြင်းထန်ဆဲ

$
0
0


 ကချင်ပြည်နယ်မှာ အစိုးရတပ်မတော်သားတချို့ကို တွေ့ရစဉ် Photo: Kyaw Myo Min/ RFA
 ကချင်ပြည်နယ် ပူတာအိုခရိုင် ဆွမ်ပရာဘွမ်မြို့နယ်ထဲမှာ အစိုးရတပ်နဲ့ ကေအိုင်အေ တပ်မဟာ ၁ လက်အောက်ခံ တပ်ရင်း ၇ တို့ ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက်နေ့ကစပြီး ဒီနေ့အထိ တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားနေလို့ ကျောင်းတွေ ကိုပိတ်လိုက်ရပြီး ရွာသားတွေဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ရွာသားတစ်ရာကျော်လောက်ဟာ မလိခမြစ် အရှေ့ဘက်ကမ်းကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ မြစ်ကြီးနား မြို့အခြေစိုက် ငြိမ်းချမ်းရေးအကျိုးဆောင် အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးဆန်းအောင်က ပြောပါတယ်။

"ဒီနေ့လည်း တိုက်ပွဲဖြစ်နေတုန်းပဲလို့ ကျနော်သိရတယ်၊ မလိခရဲ့ အရှေ့ဘက်ရွာတွေက ရွားသားတွေ စစ်ရှောင် တယ်လို့သိရတယ်၊ ခန့်မှန်းရတာကတော့ ကေအိုင်အေ ထိန်းချုပ်တဲ့ မြစ်ရဲ့အရှေ့ဘက်ကို ရှောင်တယ်လို့သိရ တယ်၊ ပြေးတာ ရာဂဏန်းရှိပြီလို့သိရတယ်၊ လူတွေက စားရေးသောက်ရေး နေရေးထိုင်ရေး မိုးတွင်းလည်းဖြစ်နေ တဲ့အတွက် ကျန်းမာရေးကအစ ဒုက္ခရောက်တယ်"

အစိုးရဘက်က ခလရ ၂၉၊ ခလရ ၁၃၇၊ ခလရ ၁၃၈ စတဲ့ တပ်ရင်းတွေနဲ့ ကေအိုင်အေတပ်ရင်း ၇ က အင်းအား ခြောက်ရာလောက်ရှိတဲ့ နှစ်ဖက်တပ်တွေဟာ ဆွမ်ပရာဘွမ်မြို့ရဲ့ အရှေ့မြောက်ဘက်   ၁၀ မိုင်ကျော်အကွာ မလိယန်ကျေးရွ့ာအနီးမှာ တိုက်ပွဲဖြစ်နေတာပါ။

တိုက်ပွဲဖြစ်ပွားနေတာ မှန်ကန်ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဋ္ဌာနက အတည်ပြုပါတယ်။

အခုလတ်တလောဖြစ်ပွာနေတဲ့ တိုက်ပွဲတွေ အရှိန်လျှော့ချနိုင်ဖို့အတွက် အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တို့ကို အကြောင်းကြား ထားတယ်လို့ ဦးဆန်းအောင်က ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese


Viewing all articles
Browse latest Browse all 13796

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဒုတိယမင်းခေါင်လက်ထက် မွန်ဟံသာဝတီ နှင့် စစ်ဖြစ်ခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


လုလုအောင် HD အသစ်


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ