ႏို၀င္ဘာလ (၇) ရက္။ စေနေန႕ ။ ၂၀၁၅ ခုႏွစ္
ေနျပည္ေတာ္ ပုဗၺသီရိၿမိဳ႔နယ္မွာ ေနာက္ဆံုးမဲဆႏၵရွင္စာရင္း ထုတ္ျပန္ရန္မွာ လူဦးေရ ၁ေသာင္းတုိးလာၿပီး ေနရပ္လိပ္စာအတိအက် မသိရတဲ့အတြက္ မဲစာရင္း မွန္မမွန္စစ္ေဆးဖုိ႔အတြက္ အခက္အခဲရိွေနေၾကာင္း အမ်ိဳးသားဒီမုိကေရစီအဖဲြ႔ခ်ဳပ္ NLD ပါတီက ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးရည္မြန္ေခၚ ေမာင္တင္သစ္က ေျပာပါတယ္။
“ရာခိုင္ႏွဳန္းနဲ႕ေျပာရင္ (၂၀)ရာခိုင္ႏွႉန္းေတာင္ရွိတယ္ဗ်။ (၂၀)ရာခိုင္ႏွဳန္းဆိုတာက အဆံုးအျဖတ္ေပးႏိုင္တဲ့ပမာဏတစ္ခုျဖစ္ေနေတာ့ ေရြးေကာက္ပြဲအေပၚမွာ အမ်ားႀကီးသက္ေရာက္မွဳရွိႏုိင္တယ္လို႕ ေျပာရမွာေပါ့”
ဒီမဲဆႏၵရွင္ေတြရဲ့ ေနရပ္လိပ္စာကို သိနိုင္ဖုိ႔ သက္ဆုိင္ရာ ေကာ္မရွင္အဆင့္ဆင့္ကို တင္ျပခဲ့ေပမဲ့ တိက်တဲ့အေျဖမရခဲ့ဘူးလုိ႔လည္း ေျပာပါတယ္။
ပုဗၺသီရိၿမိဳ႔နယ္မွာ ဒုတိယအၾကိမ္မဲစာရင္း ထုတ္ျပန္ခ်ိန္က မဲဆႏၵရွင္စာရင္းဟာ (၆)ေသာင္းနီးပါးေလာက္ရိွခဲ့ၿပီး တုိးလာတဲ့ လူဦးေရ ၁ေသာင္းဟာ ပုဗၺသီရိၿမိဳ႔နယ္မဲဆႏၵရွင္စာရင္းရဲ့ (၂၀) ရာခုိင္ႏႈန္းကို ကိုယ္စားျပဳေနတာေၾကာင့္ ေရြးေကာက္ပဲြအႏိုင္အရႈံးကို အဆံုးအျဖတ္ေပးႏိုင္မယ့္အေျခအေန ရိွေနတယ္လုိ႔လည္း ဦးရည္မြန္က ေျပာပါတယ္။
ပုဗၺသီရိမဲဆႏၵနယ္က ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းအျဖစ္ NLD ပါတီက ဦးရည္မြန္၊ ျပည္ေထာင္စုၾကံခုိင္ေရးနဲ႔ ဖံြ႔ျဖိဳးေရးပါတီက ကာကြယ္ေရး၀န္ၾကီးဌာန ျပည္ေထာင္စု၀န္ၾကီးအျဖစ္တာ၀န္ယူခဲ့သူ အၿငိမ္းစား ဒုတိယဗိုလ္ခ်ဳပ္ၾကီး ဦးေ၀လြင္နဲ႔ တသီးပုဂၢလကိုယ္စားလွယ္ ဦးျမင့္လြင္သန္းတို႔ ယွဥ္ၿပိဳင္မွာျဖစ္ပါတယ္။
ျပည္ခုိင္းျဖိဳးကိုယ္စားလွယ္ ဦးေ၀လြင္ကေတာ့ ေနာက္ဆံုးမဲဆြယ္ပဲြမွာ သူ႔ကို ေထာက္ခံသူ ၇၀ရာခိုင္ႏႈန္း ရိွတယ္လုိ႔ ထုတ္ေဖာ္ေျပာဆုိထားပါတယ္။
ဒီရက္ပိုင္းအတြင္း မႏၱေလးတုိင္းေဒသၾကီး ျပင္ဦးလြင္ၿမိဳ႔နယ္မွာ ၾကိဳတင္မဲေပးေနရာမွာေတာ့ သတ္မွတ္ခ်ိန္ေက်ာ္လြန္မဲေပးတာ၊ မဲေပးခြင့္ သက္ေသခံလက္မွတ္ ေပ်ာက္ဆုံးတာေတြလည္း ၇ိွေနတယ္လုိ႔ NLD ပါတီ ျပင္ဦးလြင္မဲဆႏၵနယ္ ၁က ကိုယ္စားလွယ္ေလာင္း ဦးေအာင္မင္းက ေျပာပါတယ္။
လာမယ့္ ေရြးေကာက္ပဲြအတြက္ မဲစာရင္းျပဳစုရာမွာ ပါသင့္တဲ့သူေတြ မပါ၀င္တာရိွသလို စာရင္းပိုတာေတြလည္း ရိွေနတယ္လုိ႔ ႏိုင္ငံေရးပါတီေတြနဲ႔ ေရြးေကာက္ပဲြေစာင့္ၾကည့္ေလ့လာသူေတြက ေ၀ဖန္တာေတြ ရိွေနၿပီး ရန္ကုန္တုိင္းေဒသၾကီး ေတာင္ဥကၠလာပၿမိဳ႔နယ္မွာဆုိ လူ ၉ေသာင္းေက်ာ္ေလာက္ စာရင္းပိုေနတယ္လုိ႔ ေထာက္ျပတာေတြလည္း ရိွပါတယ္။
ကိုမိုးေဇာ္
VOA Burmese Fan Page
https://www.facebook.com/VoA.Burmese.News
.................
နိုဝင်ဘာလ (၇) ရက်။ စနေနေ့ ။ ၂၀၁၅ ခုနှစ်
နေပြည်တော် ပုဗ္ဗသီရိမြို့နယ်မှာ နောက်ဆုံးမဲဆန္ဒရှင်စာရင်း ထုတ်ပြန်ရန်မှာ လူဦးရေ ၁သောင်းတိုးလာပြီး နေရပ်လိပ်စာအတိအကျ မသိရတဲ့အတွက် မဲစာရင်း မှန်မမှန်စစ်ဆေးဖို့အတွက် အခက်အခဲရှိနေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရည်မွန်ခေါ် မောင်တင်သစ်က ပြောပါတယ်။
“ရာခိုင်နှုန်းနဲ့ပြောရင် (၂၀)ရာခိုင်နှှူန်းတောင်ရှိတယ်ဗျ။ (၂၀)ရာခိုင်နှုန်းဆိုတာက အဆုံးအဖြတ်ပေးနိုင်တဲ့ပမာဏတစ်ခုဖြစ်နေတော့ ရွေးကောက်ပွဲအပေါ်မှာ အများကြီးသက်ရောက်မှုရှိနိုင်တယ်လို့ ပြောရမှာပေါ့”
ဒီမဲဆန္ဒရှင်တွေရဲ့ နေရပ်လိပ်စာကို သိနိုင်ဖို့ သက်ဆိုင်ရာ ကော်မရှင်အဆင့်ဆင့်ကို တင်ပြခဲ့ပေမဲ့ တိကျတဲ့အဖြေမရခဲ့ဘူးလို့လည်း ပြောပါတယ်။
ပုဗ္ဗသီရိမြို့နယ်မှာ ဒုတိယအကြိမ်မဲစာရင်း ထုတ်ပြန်ချိန်က မဲဆန္ဒရှင်စာရင်းဟာ (၆)သောင်းနီးပါးလောက်ရှိခဲ့ပြီး တိုးလာတဲ့ လူဦးရေ ၁သောင်းဟာ ပုဗ္ဗသီရိမြို့နယ်မဲဆန္ဒရှင်စာရင်းရဲ့ (၂၀) ရာခိုင်နှုန်းကို ကိုယ်စားပြုနေတာကြောင့် ရွေးကောက်ပွဲအနိုင်အရှုံးကို အဆုံးအဖြတ်ပေးနိုင်မယ့်အခြေအနေ ရှိနေတယ်လို့လည်း ဦးရည်မွန်က ပြောပါတယ်။
ပုဗ္ဗသီရိမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် NLD ပါတီက ဦးရည်မွန်၊ ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ်တာဝန်ယူခဲ့သူ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ဦးဝေလွင်နဲ့ တသီးပုဂ္ဂလကိုယ်စားလှယ် ဦးမြင့်လွင်သန်းတို့ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
ပြည်ခိုင်းဖြိုးကိုယ်စားလှယ် ဦးဝေလွင်ကတော့ နောက်ဆုံးမဲဆွယ်ပွဲမှာ သူ့ကို ထောက်ခံသူ ရ၀ရာခိုင်နှုန်း ရှိတယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။
ဒီရက်ပိုင်းအတွင်း မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်မှာ ကြိုတင်မဲပေးနေရာမှာတော့ သတ်မှတ်ချိန်ကျော်လွန်မဲပေးတာ၊ မဲပေးခွင့် သက်သေခံလက်မှတ် ပျောက်ဆုံးတာတွေလည်း ရှိနေတယ်လို့ NLD ပါတီ ပြင်ဦးလွင်မဲဆန္ဒနယ် ၁က ကိုယ်စားလှယ်လောင်း ဦးအောင်မင်းက ပြောပါတယ်။
လာမယ့် ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရာမှာ ပါသင့်တဲ့သူတွေ မပါ၀င်တာရှိသလို စာရင်းပိုတာတွေလည်း ရှိနေတယ်လို့ နိုင်ငံရေးပါတီတွေနဲ့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေက ဝေဖန်တာတွေ ရှိနေပြီး ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်မှာဆို လူ ၉သောင်းကျော်လောက် စာရင်းပိုနေတယ်လို့ ထောက်ပြတာတွေလည်း ရှိပါတယ်။
ကိုမိုးဇော်
VOA Burmese Fan Page
https://www.facebook.com/VoA.Burmese.News