ျပည္ေထာင္စု ဝန္ႀကီးဦးစိုသိန္း ဝင္ၿပိဳင္သည့္ ေဘာလခဲၿမိဳ႕နယ္မဲဆႏၵနယ္တြင္ စစ္တပ္မွ လာပို႔သည့္ႀကိဳတင္မဲမ်ား လုံၿခံဳမႈမရိွေၾကာင္း ေဘာလခဲၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္အမွတ္ ၁ တြင္ ဝင္ၿပိဳင္မည့္ကိုယ္စားလွယ္ေလာင္း ကယားလူမ်ိဳးစုပါတီမွ ဦးေစာနီနီ ကေျပာပါသည္။
၎က “ ၾကိဳတင္မဲေတြကို ပလက္စတစ္ အိတ္ေတြနဲ႔ထည့္လာတယ္။ အေဝးေရာက္က တပ္ကေန ၿမိဳ႕နယ္ေကာ္မရွင္ကို စာအိတ္ထည့္မပါဘဲ ကြ်တ္ကြ်တ္အိတ္နဲ႕ ထားထားတယ္။ ေကာ္မရွင္ရုံးေရာက္မွ စာအိတ္ထည့္တာ။” ဟု ေျပာသည္။
ေဘာ္လခဲၿမိဳ႕နယ္အတြင္းတြင္ စစ္ဗ်ဴဟာ ၆၁၅ ၊ ခမရ ၄၂၉ ၊ နယ္ျခားေစာင့္တပ္ တပ္ ၃ တပ္တြင္ မဲဆႏၵရွင္စာရင္းစုစုေပါင္း ၁၁၉၄ ဦးရွိၿပီး ႀကိဳတင္မဲစာရင္းေပးထားသူ ၆၇၅ ဦးရွိသည္ဟု သိရသည္။
ေဘာလခဲတစ္ၿမိဳ႕နယ္လုံးတြင္ မဲဆႏၵရွင္စာရင္းစုစုေပါင္း ၆၆၇၄ ဦးရွိၿပီး ၊ မဲရုံ ၁၆ တြင္ တပ္မဲရုံ ၃ ရုံပါရွိသည္။
၂၀၁၀ ေရြးေကာက္ပြဲတြင္ ႀကိဳတင္မဲ ၅၉ ရာခိုင္ႏႈန္းရွိခဲ့သည္ဟု သိရသည္။ ၎ၿမိဳ႕နယ္တြင္ ပါတီ ၇ ပါတီဝင္ၿပိဳင္ၿပီး တသီးပုဂၢလ ၃ ဦးျဖစ္ေသာ ျပည္နယ္ဝန္ႀကီးခ်ဴပ္ ဦးခင္ေမာင္ဦး ၊ လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ဦးခ်စ္လွ ၊ ျပည္ေထာင္စု ဝန္ႀကီးဦးစိုးသိန္းတို႕ ၿပိဳင္မည္ျဖစ္သည္။
စိုင္းလင္းလင္းဦး
Kantarawaddy Times
https://www.facebook.com/kantarawaddytimes
..............
ပြည်ထောင်စု ဝန်ကြီးဦးစိုသိန်း ဝင်ပြိုင်သည့် ဘောလခဲမြို့နယ်မဲဆန္ဒနယ်တွင် စစ်တပ်မှ လာပို့သည့်ကြိုတင်မဲများ လုံခြုံမှုမရှိကြောင်း ဘောလခဲမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် ၁ တွင် ဝင်ပြိုင်မည့်ကိုယ်စားလှယ်လောင်း ကယားလူမျိုးစုပါတီမှ ဦးစောနီနီ ကပြောပါသည်။
၎င်းက “ ကြိုတင်မဲတွေကို ပလက်စတစ် အိတ်တွေနဲ့ထည့်လာတယ်။ အဝေးရောက်က တပ်ကနေ မြို့နယ်ကော်မရှင်ကို စာအိတ်ထည့်မပါဘဲ ကျွတ်ကျွတ်အိတ်နဲ့ ထားထားတယ်။ ကော်မရှင်ရုံးရောက်မှ စာအိတ်ထည့်တာ။” ဟု ပြောသည်။
ဘော်လခဲမြို့နယ်အတွင်းတွင် စစ်ဗျူဟာ ၆၁၅ ၊ ခမရ ၄၂၉ ၊ နယ်ခြားစောင့်တပ် တပ် ၃ တပ်တွင် မဲဆန္ဒရှင်စာရင်းစုစုပေါင်း ၁၁၉၄ ဦးရှိပြီး ကြိုတင်မဲစာရင်းပေးထားသူ ၆၇၅ ဦးရှိသည်ဟု သိရသည်။
ဘောလခဲတစ်မြို့နယ်လုံးတွင် မဲဆန္ဒရှင်စာရင်းစုစုပေါင်း ၆၆၇၄ ဦးရှိပြီး ၊ မဲရုံ ၁၆ တွင် တပ်မဲရုံ ၃ ရုံပါရှိသည်။
၂၀၁၀ ရွေးကောက်ပွဲတွင် ကြိုတင်မဲ ၅၉ ရာခိုင်နှုန်းရှိခဲ့သည်ဟု သိရသည်။ ၎င်းမြို့နယ်တွင် ပါတီ ရ ပါတီဝင်ပြိုင်ပြီး တသီးပုဂ္ဂလ ၃ ဦးဖြစ်သော ပြည်နယ်ဝန်ကြီးချူပ် ဦးခင်မောင်ဦး ၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးချစ်လှ ၊ ပြည်ထောင်စု ဝန်ကြီးဦးစိုးသိန်းတို့ ပြိုင်မည်ဖြစ်သည်။
စိုင်းလင်းလင်းဦး
Kantarawaddy Times
https://www.facebook.com/kantarawaddytimes