ႏိုဝင္ဘာလ ၇ ရက္ ၊ ၂၀၁၅ ခုႏွစ္
ဒီးေမာ့ဆိုၿမိဳ႕နယ္အတြင္းရွိ တပ္ ၃ တပ္တြင္လည္း ႀကိဳတင္မဲစာရင္း တပ္ရင္း မဲဆႏၵရွင္စာရင္းထက္ပိုမ်ားသည့္အတြက္ တိုင္းရင္းသား ပါတီကိုယ္စားလွယ္ ေလာင္းမ်ားက စိုးရိမ္စရာေတြ ျဖစ္ေနၾကသည္ဟု သိရသည္။
တပ္ႀကိဳတင္မဲစာရင္းေပးရန္ ေလွ်ာက္ထားသူစာရင္း မွာ ခမရ ၁၀၂ တြင္ ၁၆၂ ဦး ၊ ခမရ ၄၂၇ တြင္ ၁၅၀ ဦး ၊ ခမရ ၃၆၀ တြင္ ၆၅ ဦးေပးထားသည္ဟု ႏိုဝင္ဘာလ ၇ ရက္ေန႕တြင္ ၿမိဳ႕နယ္ေကာ္မရွင္ရုံးသို႕ လာေရာက္ပို႔ေဆာင္ သြားၿပီးျဖစ္သည္ဟု သိရသည္။
လက္ရွိတပ္တြင္း မဲဆႏၵရွင္စာရင္းမွာ ၁၀၂ တြင္ ၃၀၄ ဦး ၊ ၄၂၇ တြင္ ၃၃၅ ဦး ၃၆၀ တြင္ ၁၄၃ ဦးရွိသည့္အတြက္ ႀကိဳတင္မဲထည့္သူမ်ားက ပုိမ်ားေနသည့္အတြက္ စိုးရိမ္ရသည္ဟု လူမ်ိဳးေပါင္းစုံဒီမိုကေရစီပါတီမွ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးမီရယ္ရဲေအာင္က ေျပာသည္။
“တျခားေတာ့ဘာမွမေတြ႕ရဘူးဆိုေပမယ့္ ႀကိဳတင္မဲေရွတန္းထြက္တဲ့သူေတြစာရင္းက အရမ္းမ်ားေနတယ္။” ဟု ဦးမီရယ္ရဲေအာင္က ေျပာပါသည္။
ႀကိဳတင္မဲေပးပို႔သည့္ စာရင္းတြင္ ၄၂၇ တပ္က ၁၅၂ ဦး ႏွင့္ ၃၆၀ တပ္တြင္ ၆၇ ဦး ႀကိဳတင္မဲစာရင္းေပးထားသည္ထက္၂ ဦးစီပို လာသည္ကို ေတြ႕ခဲ့ရသည္။
၎ႏွင့္ပတ္သက္ၿပီး ျပည္နယ္ေကာ္မရွင္က အရာရွိ ဦးေက်ာ္ဆန္းဝင္းက “ ဒါေတြက ၿမိဳ႕နယ္ေကာ္မရွင္ကို ေမးရမယ္။ ဒီၾကားထဲ စာရင္းေတြ ထပ္တိုးလာတာလားဘာလဲ၊ အတိုးအေလ်ွာ့ေတြရွိႏိုင္တယ္။” ဟု ေျပာသည္။
၁၀၂ တပ္ရင္းႀကိဳတင္မဲစာရင္းမ်ားတြင္လည္း အမ်ိဳးသမီးမ်ားလည္း ပါရွိေနသည္ကို ဒီးေမာ့ဆိုၿမိဳ႕နယ္ ေငြေတာင္ေက်းရြာအုပ္စု ေကာမရွင္ စာရင္းအရ သိရသည္။
ဒီးေမာ့ဆိုၿမိဳ႕နယ္ ေကာ္မရွင္ရုံးတြင္ တပ္ႀကိဳတင္မဲမ်ားကို ေရတြက္ေနစဥ္ျဖစ္သည္။ ဓါတ္ပုံ - စုစုေထြး
စုစုေထြး
Kantarawaddy Times
https://www.facebook.com/kantarawaddytimes
................
နိုဝင်ဘာလ ရ ရက် ၊ ၂၀၁၅ ခုနှစ်
ဒီးမော့ဆိုမြို့နယ်အတွင်းရှိ တပ် ၃ တပ်တွင်လည်း ကြိုတင်မဲစာရင်း တပ်ရင်း မဲဆန္ဒရှင်စာရင်းထက်ပိုများသည့်အတွက် တိုင်းရင်းသား ပါတီကိုယ်စားလှယ် လောင်းများက စိုးရိမ်စရာတွေ ဖြစ်နေကြသည်ဟု သိရသည်။
တပ်ကြိုတင်မဲစာရင်းပေးရန် လျှောက်ထားသူစာရင်း မှာ ခမရ ၁၀၂ တွင် ၁၆၂ ဦး ၊ ခမရ ၄၂၇ တွင် ၁၅၀ ဦး ၊ ခမရ ၃၆၀ တွင် ၆၅ ဦးပေးထားသည်ဟု နိုဝင်ဘာလ ရ ရက်နေ့တွင် မြို့နယ်ကော်မရှင်ရုံးသို့ လာရောက်ပို့ဆောင် သွားပြီးဖြစ်သည်ဟု သိရသည်။
လက်ရှိတပ်တွင်း မဲဆန္ဒရှင်စာရင်းမှာ ၁၀၂ တွင် ၃၀၄ ဦး ၊ ၄၂၇ တွင် ၃၃၅ ဦး ၃၆၀ တွင် ၁၄၃ ဦးရှိသည့်အတွက် ကြိုတင်မဲထည့်သူများက ပိုများနေသည့်အတွက် စိုးရိမ်ရသည်ဟု လူမျိုးပေါင်းစုံဒီမိုကရေစီပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမီရယ်ရဲအောင်က ပြောသည်။
“တခြားတော့ဘာမှမတွေ့ရဘူးဆိုပေမယ့် ကြိုတင်မဲရှေတန်းထွက်တဲ့သူတွေစာရင်းက အရမ်းများနေတယ်။” ဟု ဦးမီရယ်ရဲအောင်က ပြောပါသည်။
ကြိုတင်မဲပေးပို့သည့် စာရင်းတွင် ၄၂၇ တပ်က ၁၅၂ ဦး နှင့် ၃၆၀ တပ်တွင် ၆၇ ဦး ကြိုတင်မဲစာရင်းပေးထားသည်ထက်၂ ဦးစီပို လာသည်ကို တွေ့ခဲ့ရသည်။
၎င်းနှင့်ပတ်သက်ပြီး ပြည်နယ်ကော်မရှင်က အရာရှိ ဦးကျော်ဆန်းဝင်းက “ ဒါတွေက မြို့နယ်ကော်မရှင်ကို မေးရမယ်။ ဒီကြားထဲ စာရင်းတွေ ထပ်တိုးလာတာလားဘာလဲ၊ အတိုးအလျှော့တွေရှိနိုင်တယ်။” ဟု ပြောသည်။
၁၀၂ တပ်ရင်းကြိုတင်မဲစာရင်းများတွင်လည်း အမျိုးသမီးများလည်း ပါရှိနေသည်ကို ဒီးမော့ဆိုမြို့နယ် ငွေတောင်ကျေးရွာအုပ်စု ကောမရှင် စာရင်းအရ သိရသည်။
ဒီးမော့ဆိုမြို့နယ် ကော်မရှင်ရုံးတွင် တပ်ကြိုတင်မဲများကို ရေတွက်နေစဉ်ဖြစ်သည်။ ဓါတ်ပုံ - စုစုထွေး
စုစုထွေး
Kantarawaddy Times
https://www.facebook.com/kantarawaddytimes