Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

အစာငတ္ခံ ဆႏၵထုတ္ေဖာ္ေနသည့္ ဗ.က.သ. ေက်ာင္းသား ကိုၿဖိဳးဓန သာယာဝတီ ေဆး႐ံုသို႔ ပို႔ေဆာင္ထားရ

$
0
0


ႏိုင္ငံေရးအက်ဥ္းသားမ်ား လႊတ္ေပးေရးအတြက္ သာယာဝတီေထာင္အတြင္း 
အစာငတ္ခံ ဆႏၵထုတ္ေဖာ္ေနသည့္ ဗမာႏိုင္ငံလံုးဆိုင္ရာ ေက်ာင္းသားသမဂၢမ်ား
အဖြဲ႔ခ်ဳပ္မွ ကိုၿဖိဳးဓနအား က်န္းမာေရး အေျခအေနေၾကာင္႔ သာယာဝတီေဆးရံုသို႔
ပို႔ေဆာင္ထားရေၾကာင္း ဗ.က.သ.အဖြဲ႔ခ်ဳပ္ထံမွ သိရွိရသည္။

တစ္ႏိုင္ငံလံုး႐ွိ ႏိုင္ငံေရး အက်ဥ္းသားမ်ား လႊတ္ေပးေရးႏွင့္ ႏိုင္ငံေရးအက်ဥ္း သား
မ်ားအေပၚ စြဲခ်က္တင္ထားသည့္ ပုဒ္မမ်ား ပယ္ဖ်က္ေပးေရးအတြက္ သာယာဝတီ
ေထာင္အတြင္း ဆႏၵထုတ္ေဖာ္လ်က္႐ွိသည့္ ကိုၿဖိဳးဓနမွာ အင္အားျပတ္ေနေသာ
ေၾကာင့္ လက္႐ွိအခ်ိန္ ႏိုဝင္ဘာလ ၁၁ ရက္တြင္ သာယာဝတီ အက်ဥ္းေထာင္
ေဆးရံု၌ ေဆးစစ္မႈခံယူေနေၾကာင္း သိ႐သည္။

“ေခါင္းေတာင္ မေထာင္ႏိုင္ေတာ့လို႔ ေဆး႐ံုကိုပို႔လိုက္ရတာပါ။ အေျခအေနအရေတာ့
ေဆးကုသမႈ ခံယူရမယ့္ ပံုစံပါပဲ” ဟု သာယာဝတီတြင္ ေရာက္႐ွိေနေသာ
ဗမာႏိုင္ငံလံုး ဆိုင္ရာ ေက်ာင္းသားသမဂၢမ်ား အဖြဲ႔ခ်ဳပ္မွ ေျပာေရးဆိုခြင့္႐ွိသူ
ကိုေဇာ္မင္းထက္က ဆိုသည္။

သာယာဝတီေထာင္အတြင္း ေအာက္တိုဘာ ၂၃ ရက္ေန႔မွ စတင္ကာ ယခုအခ်ိန္ထိ
အစာငတ္ခံ ဆႏၵထုတ္ေဖာ္ ခဲ့သူ ၈ ဦးအထိ႐ွိေနၿပီး သံုးဦးမွာ အစာငတ္
ဆႏၵထုတ္ေဖာ္မႈ ပ်က္ျပယ္သြားၿပီျဖစ္ၿပီး ၅ ဦးသာ က်န္႐ွိေတာ့ေၾကာင္း
ကိုေဇာ္မင္းထက္ ကဆိုသည္။

အဆိုပါ ကိစၥႏွင့္ပတ္သက္၍ သာယာဝတီခ႐ိုင္ ရဲတပ္ဖြဲ႔ ဒုရဲမွဴးႀကီး ေအးသိန္းက
''ၿဖိဳးဓနကို ေဆးရံုမွာ ေဆးစစ္ဖို႔ ပို႔ထားတယ္။ လိုအပ္လာရင္ေတာ့ ကုသမႈခံယူရမွာ
ေပါ့။ လက္႐ွိအခ်ိန္ေတာ့ အေျခအေန မသိရေသးဘူး''ဟု ဆိုသည္။

သာယာဝတီေထာင္အတြင္း အစာငတ္ခံ ဆႏၵထုတ္ေဖာ္ေနသူမ်ား အေနျဖင့္
ရဲစစ္တမ္းမ်ားအရ ၄ ဦးသာ႐ွိၿပီး ကိုေအာင္မိႈင္းဆန္းမွာ ေဆးသြင္းခဲ့ရသည့္အတြက္
ပ်က္ျပယ္သြားၿပီဟုသတ္မွတ္ထားေၾကာင္း ဦးေအးသိန္းက ေျပာသည္။

ဗမာႏိုင္ငံလံုး ေက်ာင္းသားသမဂၢမ်ား အဖြဲ႔ခ်ဳပ္မွ သာယာဝတီေထာင္အတြင္း
အစာငတ္ခံ ဆႏၵထုတ္ေဖာ္ေနသူမ်ားမွာ ကိုၿဖိဳးဓန၊ ကိုေအာင္မိႈင္းဆန္း၊ ကိုမ်ိဳးျမတ္စံ၊
ကိုသိန္းႏွင့္ ကိုဒိန္းေဒါင္တို႔ျဖစ္ၿပီး ျမင္းျခံေထာင္တြင္လည္း ဗကသ မွ ကိုဇင္ကိုသန္႔
ႏွင့္ ကိုစိုးလိႈင္တို႔မွာ အစာငတ္ခံ ဆႏၵထုတ္ေဖာ္လ်က္႐ွိေၾကာင္း သိရသည္။

သတင္း - MMK
The Ladies News Journal


................................................................................

အစာငတ်ခံ ဆန္ဒထုတ်ဖော်နေသည့် ဗ.က.သ. ကျောင်းသား ကိုဖြိုးဓန သာယာဝတီ 
ဆေးရုံသို့ ပို့ဆောင်ထားရ
----- ----- -----

နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးအတွက် သာယာဝတီထောင်အတွင်း 
အစာငတ်ခံ ဆန္ဒထုတ်ဖော်နေသည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ 
အဖွဲ့ချုပ်မှ ကိုဖြိုးဓနအား ကျန်းမာရေး အခြေအနေကြောင့် သာယာဝတီဆေးရုံသို့ 
ပို့ဆောင်ထားရကြောင်း ဗ.က.သ.အဖွဲ့ချုပ်ထံမှ သိရှိရသည်။

တစ်နိုင်ငံလုံးရှိ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးနှင့် နိုင်ငံရေးအကျဉ်း သား 
များအပေါ် စွဲချက်တင်ထားသည့် ပုဒ်မများ ပယ်ဖျက်ပေးရေးအတွက် သာယာဝတီ
ထောင်အတွင်း ဆန္ဒထုတ်ဖော်လျက်ရှိသည့် ကိုဖြိုးဓနမှာ အင်အားပြတ်နေသော
ကြောင့် လက်ရှိအချိန် နိုဝင်ဘာလ ၁၁ ရက်တွင် သာယာဝတီ အကျဉ်းထောင် 
ဆေးရုံ၌ ဆေးစစ်မှုခံယူနေကြောင်း သိရသည်။

“ခေါင်းတောင် မထောင်နိုင်တော့လို့ ဆေးရုံကိုပို့လိုက်ရတာပါ။ အခြေအနေအရတော့ 
ဆေးကုသမှု ခံယူရမယ့် ပုံစံပါပဲ” ဟု သာယာဝတီတွင် ရောက်ရှိနေသော 
ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ 
ကိုဇော်မင်းထက်က ဆိုသည်။

သာယာဝတီထောင်အတွင်း အောက်တိုဘာ ၂၃ ရက်နေ့မှ စတင်ကာ ယခုအချိန်ထိ 
အစာငတ်ခံ ဆန္ဒထုတ်ဖော် ခဲ့သူ ၈ ဦးအထိရှိနေပြီး သုံးဦးမှာ အစာငတ် 
ဆန္ဒထုတ်ဖော်မှု ပျက်ပြယ်သွားပြီဖြစ်ပြီး ၅ ဦးသာ ကျန်ရှိတော့ကြောင်း
ကိုဇော်မင်းထက် ကဆိုသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ သာယာဝတီခရိုင် ရဲတပ်ဖွဲ့ ဒုရဲမှူးကြီး အေးသိန်းက
''ဖြိုးဓနကို ဆေးရုံမှာ ဆေးစစ်ဖို့ ပို့ထားတယ်။ လိုအပ်လာရင်တော့ ကုသမှုခံယူရမှာ
ပေါ့။ လက်ရှိအချိန်တော့ အခြေအနေ မသိရသေးဘူး''ဟု ဆိုသည်။

သာယာဝတီထောင်အတွင်း အစာငတ်ခံ ဆန္ဒထုတ်ဖော်နေသူများ အနေဖြင့် 
ရဲစစ်တမ်းများအရ ၄ ဦးသာရှိပြီး ကိုအောင်မှိုင်းဆန်းမှာ ဆေးသွင်းခဲ့ရသည့်အတွက် 
ပျက်ပြယ်သွားပြီဟုသတ်မှတ်ထားကြောင်း ဦးအေးသိန်းက ပြောသည်။

ဗမာနိုင်ငံလုံး ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်မှ သာယာဝတီထောင်အတွင်း 
အစာငတ်ခံ ဆန္ဒထုတ်ဖော်နေသူများမှာ ကိုဖြိုးဓန၊ ကိုအောင်မှိုင်းဆန်း၊ ကိုမျိုးမြတ်စံ၊ 
ကိုသိန်းနှင့် ကိုဒိန်းဒေါင်တို့ဖြစ်ပြီး မြင်းခြံထောင်တွင်လည်း ဗကသ မှ ကိုဇင်ကိုသန့် 
နှင့် ကိုစိုးလှိုင်တို့မှာ အစာငတ်ခံ ဆန္ဒထုတ်ဖော်လျက်ရှိကြောင်း သိရသည်။

သတင်း - MMK

The Ladies News Journal

Viewing all articles
Browse latest Browse all 13796

Trending Articles


TTA Oreo Gapp Installer


တာခ်ီလိတ္၌ အမ်ဳိးသားတစ္ဦး မိမိကိုယ္ကိုယ္ ေသနတ္ျဖင့္ ပစ္၍ ေသဆံုး ( ရုပ္သံ )


သီဟသူရဘြဲ႔ရရွိခဲ့မ်ား (အပိုင္း ၃ )


အျမင့္မင္းသားရန္က လြတ္ေသာ္လည္း ကံတရားကို မလြန္ဆန္ႏုိင္ေသာ သာလြန္မင္း


ခင္၀င့္၀ါ၏ ေဖာ္ခၽြတ္ျပထားေသာ အလွတရားမ်ား


ဆားပုလင္းႏွင္းေမာင္၏ နိဂံုး


ခ်ံဴျမင္တိုင္းတိုးခ်င္ေနၾကတဲ႔ ခ်စ္သူစံုတြဲမ်ား နားေထာင္ေပးပါ


ပင္လံုေက်ာက္တိုင္မွသည္ ၿငိမ္းခ်မ္းေရးေက်ာက္တိုင္ဆီသို႔ (ေက်ာ္သူ)


ေဒၚေအာင္ဆန္းစုၾကည္ မဟုတ္တဲ့ ျမန္မာႏုိ္င္ငံရဲ႕ ပထမဆံုး အမ်ဳိးသမီး သမၼတ...


စာအုပ္​​ေပါင္​း ၆၀၀ ​ေက်ာ္​ပါတဲ႔ Link



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>