Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

တရုတ် အွန်လိုင်း စျေးဝယ်ကုမ္ပဏီ အရောင်းစံချိန်တင်

$
0
0

Image copyrightReuters
Image caption၁၄ နာရီ အကြာမှာ ရောင်းအား တန်ဖိုး ဒေါ်လာ ၁၀ ဘီလျံအထိ ရှိခဲ့။
ဒီကနေ့ နိုဝင်ဘာ ၁၁ ရက်မှာ ကျရောက်တဲ့ လူပျိုအပျိုများနေ့မှာ တရုတ် အွန်လိုင်း စျေးဝယ် ကုမ္ပဏီကြီး ဖြစ်တဲ့ အလီဘာဘာက သူ့ရဲ့ အရောင်းအား စံချိန်ဟောင်းကို ချိုးလိုက်ပါတယ်။
မနှစ်က ဒီနေ့မှာပဲ အလီဘာဘာက စံချိန်တင်ထားတဲ့ ဒေါ်လာ ၈.၉၆ ဘီလျံဖိုး အရောင်းအား စံချိန်ကို ဒီကနေ့မှာတော့ ပထမ ၁၂ နာရီအတွင်း ချိုးလိုက်တာ ဖြစ်ပါတယ်။
လူပျိုအပျိုများနေ့ အွန်လိုင်း အထူးစျေးရောင်း ကာလကို အလီဘာဘာက မနေ့က ၁၀ရက်နေ့ည သန်းခေါင်ယံက စတင် ခဲ့တာ ဖြစ်ပြီး၊ စစချင်း ၈ မိနစ် အတွင်းမှာ ၁ ဘီလျံ ဒေါ်လာကျော်ဖိုး ရောင်းခဲ့ရတယ်လို့ အလီဘာဘာက ပြောပါတယ်။
အွန်လိုင်း စျေးရောင်းကာလ စတင်ပြီး ၁၄ နာရီ အကြာမှာတော့ စုစုပေါင်း အရောင်းအားက ဒေါ်လာ ၁၀ ဘီလျံ အထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။
နှိုင်းယှဉ်ချက် အနေနဲ့ အမေရိကန်က အရောင်းရဆုံး အွန်လိုင်း စျေးရောင်းကာလ ဖြစ်တဲ့ Cyber Monday နေ့တုန်းက အမြင့်ဆုံး ရောင်းအားက ၁.၃၅ ဘီလျံ ဒေါ်လာဖိုးသာ ရှိခဲ့ပါတယ်။
http://www.bbc.com/burmese/world/2015/11/151111_china_alibaba?ocid=socialflow_facebook
..................................................................................


http://www.bbc.com/burmese/world/2015/11/151111_china_alibaba?ocid=socialflow_facebook

Viewing all articles
Browse latest Browse all 13796

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


''ပါဂျောင်မြေမှ အရိုးတွန်သံ'


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


ပင်လုံကျောက်တိုင်မှသည် ငြိမ်းချမ်းရေးကျောက်တိုင်ဆီသို့ (ကျော်သူ)