အမ်ိဳးသားျပန္လည္သင့္ျမတ္ေရး သေဘာထားကို အေျခခံၿပီး တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္၊ သမၼတ နဲ႔ လႊတ္ေတာ္ နာယကတို႔နဲ႔ ေတြ႔ဆံုေဆြးေႏြးခြင့္ျပဳဖို႔ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ပန္ၾကားခ်က္ကို အားလံုးတို႔က လက္ခံလိုက္ၿပီ ျဖစ္ပါတယ္။ ေရြးေကာက္ပြဲ ရလဒ္ေတြ အရ အမ်ားစု အႏုိင္ရေနတဲ႔ အဓိက အတုိက္အခံ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ NLD ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေရြးေကာက္ပြဲ ရလဒ္ေတြ အၿပီးသတ္ ေၾကညာၿပီးခ်ိန္မွာ ေတြ႔ဆံုဖို႔ လက္ရွိ အစိုးရနဲ႔ တပ္မေတာ္၊ လႊတ္ေတာ္ အႀကီးအကဲတို႔ သေဘာတူလိုက္တာေၾကာင့္ မၾကာခင္မွာ ႏုိင္ငံေရး ထိပ္သီးေတြရဲ႕ ေဆြးေႏြးပြဲ ေပၚေပါက္လာဖို႔လည္း ရွိေနပါတယ္။ မသိဂၤ ီထုိက္ စုစည္းတင္ျပထားပါတယ္။
လက္ရွိ ေရြးေကာက္ပြဲ ရလဒ္ေတြ အရ အမ်ားစု အႏုိင္ရေနတဲ႔ အဓိက အတိုက္အခံ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ NLD ပါတီ ဥကၠဌ ေဒၚေအာင္ဆန္းစုၾကည္က တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ကို ေတြ႔ဆံုေဆြးေႏြးၾကဖို႔ ကမ္းလွမ္းခ်က္ကို ကာကြယ္ေရးဦးစီးခ်ဳပ္က လက္ခံလိုက္ပါတယ္။
အခု ေရြးေကာက္ပြဲမွာ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႔ခ်ဳပ္က အခုထြက္ေပၚလာတဲ႔ ရလဒ္ေတြမွာ အမ်ားစု အႏုိင္ရေနတဲ႔ အေပၚ ဂုဏ္ျပဳပါတယ္လို႔ ေျပာဆိုၿပီး ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္ဘက္က ေရြးေကာက္ပြဲ ဆိုင္ရာ လုပ္ငန္းေတြ အၿပီးမွာ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႔ဆံုႏုိင္ေရး ညွိႏိႈင္းေဆာင္ရြက္မယ္လို႔ ဒီညပိုင္းမွာ ေၾကညာခ်က္ထုတ္ၿပီး ျပန္ၾကားလို္ကတာ ျဖစ္ပါတယ္။ ႏုိင္ငံရဲ႕ ဂုဏ္သိကၡာနဲ႔ ျပည္သူေတြ စိတ္ခ်မ္းသာဖို႔ အတြက္ အခု ေရြးေကာက္ပြဲကေန ထြက္ေပၚလာတဲ႔ လူထု ဆႏၵ ရလဒ္ေတြကို တည္တည္ၿငိမ္ျငိမ္ ေအးေအးခ်မ္းခ်မ္း အေကာင္အထည္ေဖာ္ႏုိင္ေရး အေရးႀကီးတယ္လုိ႔ ေဒၚေအာင္ဆန္းစုၾကည္က ဒီကေန႔ သမၼတ၊ ကာကြယ္ေရး ဦးစီးခ်ဳပ္နဲ႔ လႊတ္ေတာ္ နာယက သူရဦးေရႊမန္းတို႔ထံကို စာေရးသားခဲ႔တာပါ။ အစိုးရ အဖြဲ႔ အႀကီးအကဲ သမၼတ ဦးသိန္းစိန္ကေတာ့ ျပန္ၾကားေရး ၀န္ႀကီး ဦးရဲထြဋ္ကေန တဆင့္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေတာင္းဆိုခ်က္ကို ျပန္ၾကားခဲ႔တာမွာေတာ့ ေရြးေကာက္ပြဲဆိုင္ရာ လုပ္ငန္းေတြ အၿပီးမွာ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႔ဆံုေရး ညွိႏိႈင္းေဆာင္ရြက္မယ္လို႔ အေၾကာင္းျပန္ခဲ႔ပါတယ္။ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ အမ်ားစု အႏုိင္ရေနတဲ႔ အေပၚ ဂုဏ္ျပဳပါေၾကာင္း၊ လက္ရွိ အစိုးရက အာဏာလႊဲေျပာင္းေရးကို ေအးေအးခ်မ္းခ်မ္း ျဖစ္ေစဖို႔ ေဆာင္ရြက္သြားမယ္လို႔ ကတိေပးခဲ႔သလို ေရြးေကာက္ပြဲလြန္ ကာလ တည္ၿငိမ္ေအးခ်မ္းေရးကို ပူးေပါင္းေဆာင္ရြက္သြားမယ္လို႔လည္း ေၾကညာခ်က္ထုတ္ခဲ႔ပါတယ္။ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ ပါတီရဲ႕ ေျပာခြင့္ရ ဦး၀င္းထိန္ကေတာ့ အစိုးရ အဖြဲ႔ရဲ႕ ျပန္ၾကားခ်က္ေပၚမွာ အခုလို ေျပာပါတယ္။
“သူတို႔စာထဲမွာေတာ့ အခ်က္ ၅ ခ်က္ပါတာေပါ့။ စာကို လက္ခံရရွိေၾကာင္းရယ္၊ ေနာက္ၿပီးေတာ့ ေရြးေကာက္ပြဲမွာ ေအာင္ႏုိင္မႈ ရတဲ႔ အတြက္ ခ်ီးက်ဴး ဂုဏ္ျပဳေၾကာင္းရယ္၊ ေနာက္ၿပီးေတာ့မွ အကူးအေျပာင္းကာလကို ေခ်ာေမြ႔စြာ ျဖစ္ေစခ်င္တဲ့ ဆႏၵရွိတယ္ဆိုတာရယ္၊ ေနာက္တခုက ဒီလို အေျပာင္းအလဲ ကာလေတြနဲ႔ ပတ္သက္လို႔ ပူးေပါင္းေဆာင္ရြက္မယ္ ဆိုတာရယ္၊နံပတ္ ၄ အခ်က္ကေတာ့ ေတြ႕ဆံုေဆြးေႏြးမယ့္ ကိစၥကို ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္ရဲ႕ လုပ္ငန္းေဆာင္တာေတြ ၿပီးမွ လုပ္ခ်င္တဲ့ သေဘာပါတဲ့ အေျဖေပါ့။ အဲလိုေျပာတဲ့အခါက်ေတာ့ သေဘာထားကေတာ့ အထိုက္အေလ်ာက္ ေျပျပစ္တယ္ေပါ့။
ေမး။ ။ အစိုးရ မဖြဲ႔ႏိုင္ခင္ အာဏာအလႊဲအေျပာင္း ကာလ ႏိုင္ငံတည္ၿငိမ္ေရး ေပၚမွာ ပါတီဘက္က စိုးရိမ္ခ်က္မ်ားရွိေနပါသလား။
ေျဖ။ ။ အာဏာလႊဲေျပာင္းေရးကိုမစိုးရိမ္ပါဘူး။ ဘာေၾကာင့္လဲဆိုရင္ ၁၉၉၀ ခုႏွစ္ ျပည္တြင္း အေျခအေနက အခု အေျခအေနနဲ႔ မတူေတာ့ဘူး ။ ျပည္သူလူထုက အရမ္းကို ႏိုးၾကားေနၿပီ။ ႏိုင္ငံေရးႏိုးၾကားေနၿပီ။ ေနာက္ ႏိုင္ငံတကာ အေနအထားကလည္း ၁၉၉၀ နဲ႕ အရမ္းကြာတာ။ သို႔ေသာ္လည္းပဲ ဒီေရြးေကာက္ပြဲ ႏိုင္တဲ့အတြက္ေၾကာင့္ မို႔လို႔ ဒီမလိုတဲ့ လူေတြကေနၿပီး ျပႆနာရွာႏိုင္တဲ့ အေနအထားေလးက ဒါေလးေတြကို သတိထားၿပီးေတာ့ ေရွာင္ရွားႏိုင္ေအာင္၊ ကာကြယ္ႏိုင္ေအာင္ ႀကီးတဲ့အမွႈငယ္ေအာင္ အဲဒီသေဘာေလးေတြနဲ႔ သိရွိဖို႔အတြက္ ႏိႈးေဆာ္ေနတာပါ။”
လက္ရွိ ျပည္ေထာင္စု လႊတ္ေတာ္ နာယက သူရ ဦးေရႊမန္းကေတာ့ ေရွ႕ သတင္းပတ္အတြင္း ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႔ဆံုေဆြးေႏြးဖို႔ စီစဥ္ေဆာင္ရြက္သြားမယ္လို႔ ျပန္ၾကားခဲ႔ပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေဆြးေႏြးတဲ႔ အခါမွာေတာ့ အမ်ိဳးသား သင့္ျမတ္ေရးကို အေျခခံၿပီး အျခားအေရးကိစၥမ်ားရွိပါကလည္း ေဆြးေႏြးႏုိင္ဖို႔ စီစဥ္မယ္လို႔လည္း လက္ရွိ ျပည္ေထာင္စု လႊတ္ေတာ္ နာယက သူရဦးေရႊမန္းက ေျပာဆိုပါတယ္။
ေဒၚေအာင္ဆန္းစုၾကည္က ႏုိင္ငံေရး ထိပ္သီး ေလးပြင့္ဆိုင္ ေတြ႔ဆံုဖို႔ အဆိုျပဳမထားသလို အခု ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္၊ သမၼတ ဦးသိန္းစိန္၊ လက္ရွိ ျပည္ေထာင္စု လႊတ္ေတာ္ နာယက သူရ ဦးေရႊမန္းတို႔ကလည္း သီးျခားစီ အေၾကာင္းျပန္ ေၾကညာခ်က္ထုတ္ျပန္ခဲ႔တာေၾကာင့္ ေခါင္းေဆာင္ တဦးခ်င္းစီနဲ႔ ေတြ႔ဆံုမယ့္ အလားအလာ ရွိေနပါတယ္။ ဒီကေန႔ လက္ရွိ အစိုးရနဲ႔ တပ္မေတာ္ ေခါင္းေဆာင္တို႔ရဲ႕ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေတာင္းဆိုခ်က္ကို အေၾကာင္းျပန္ၾကတဲ႔ အထဲမွာ ႏုိ၀င္ဘာလ ၈ ရက္ေန႔က တက္တက္ၾကြၾကြ မဲေပးခဲ႔ၾကတဲ႔ ျပည္သူလူထုနဲ႔ တပ္မေတာ္သား မိသားစုေတြ မဲေပးခဲ႔ၾကတဲ႔ အေပၚမွာလည္း ေက်းဇူးတင္ေၾကာင္း ေဖာ္ျပထားပါတယ္ရွင္။
http://burmese.voanews.com/content/aung-san-suu-kyi-request-letter-is-accepted-to-meet-with-president-myanmar-commander-in-chef-and-hluttaw-speaker/3053245.html
............................................
အမျိုးသားပြန်လည်သင့်မြတ်ရေး သဘောထားကို အခြေခံပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ သမ္မတ နဲ့ လွှတ်တော် နာယကတို့နဲ့ တွေ့ဆုံဆွေးနွေးခွင့်ပြုဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပန်ကြားချက်ကို အားလုံးတို့က လက်ခံလိုက်ပြီ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ရလဒ်တွေ အရ အများစု အနိုင်ရနေတဲ့ အဓိက အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ရွေးကောက်ပွဲ ရလဒ်တွေ အပြီးသတ် ကြေညာပြီးချိန်မှာ တွေ့ဆုံဖို့ လက်ရှိ အစိုးရနဲ့ တပ်မတော်၊ လွှတ်တော် အကြီးအကဲတို့ သဘောတူလိုက်တာကြောင့် မကြာခင်မှာ နိုင်ငံရေး ထိပ်သီးတွေရဲ့ ဆွေးနွေးပွဲ ပေါ်ပေါက်လာဖို့လည်း ရှိနေပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။
လက်ရှိ ရွေးကောက်ပွဲ ရလဒ်တွေ အရ အများစု အနိုင်ရနေတဲ့ အဓိက အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တွေ့ဆုံဆွေးနွေးကြဖို့ ကမ်းလှမ်းချက်ကို ကာကွယ်ရေးဦးစီးချုပ်က လက်ခံလိုက်ပါတယ်။
အခု ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အခုထွက်ပေါ်လာတဲ့ ရလဒ်တွေမှာ အများစု အနိုင်ရနေတဲ့ အပေါ် ဂုဏ်ပြုပါတယ်လို့ ပြောဆိုပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဘက်က ရွေးကောက်ပွဲ ဆိုင်ရာ လုပ်ငန်းတွေ အပြီးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံနိုင်ရေး ညှိနှိုင်းဆောင်ရွက်မယ်လို့ ဒီညပိုင်းမှာ ကြေညာချက်ထုတ်ပြီး ပြန်ကြားလို်ကတာ ဖြစ်ပါတယ်။ နိုင်ငံရဲ့ ဂုဏ်သိက္ခာနဲ့ ပြည်သူတွေ စိတ်ချမ်းသာဖို့ အတွက် အခု ရွေးကောက်ပွဲကနေ ထွက်ပေါ်လာတဲ့ လူထု ဆန္ဒ ရလဒ်တွေကို တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်း အကောင်အထည်ဖော်နိုင်ရေး အရေးကြီးတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်နဲ့ လွှတ်တော် နာယက သူရဦးရွှေမန်းတို့ထံကို စာရေးသားခဲ့တာပါ။ အစိုးရ အဖွဲ့ အကြီးအကဲ သမ္မတ ဦးသိန်းစိန်ကတော့ ပြန်ကြားရေး ၀န်ကြီး ဦးရဲထွဋ်ကနေ တဆင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တောင်းဆိုချက်ကို ပြန်ကြားခဲ့တာမှာတော့ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းတွေ အပြီးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရေး ညှိနှိုင်းဆောင်ရွက်မယ်လို့ အကြောင်းပြန်ခဲ့ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အများစု အနိုင်ရနေတဲ့ အပေါ် ဂုဏ်ပြုပါကြောင်း၊ လက်ရှိ အစိုးရက အာဏာလွှဲပြောင်းရေးကို အေးအေးချမ်းချမ်း ဖြစ်စေဖို့ ဆောင်ရွက်သွားမယ်လို့ ကတိပေးခဲ့သလို ရွေးကောက်ပွဲလွန် ကာလ တည်ငြိမ်အေးချမ်းရေးကို ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ကြေညာချက်ထုတ်ခဲ့ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီရဲ့ ပြောခွင့်ရ ဦးဝင်းထိန်ကတော့ အစိုးရ အဖွဲ့ရဲ့ ပြန်ကြားချက်ပေါ်မှာ အခုလို ပြောပါတယ်။
“သူတို့စာထဲမှာတော့ အချက် ၅ ချက်ပါတာပေါ့။ စာကို လက်ခံရရှိကြောင်းရယ်၊ နောက်ပြီးတော့ ရွေးကောက်ပွဲမှာ အောင်နိုင်မှု ရတဲ့ အတွက် ချီးကျူး ဂုဏ်ပြုကြောင်းရယ်၊ နောက်ပြီးတော့မှ အကူးအပြောင်းကာလကို ချောမွေ့စွာ ဖြစ်စေချင်တဲ့ ဆန္ဒရှိတယ်ဆိုတာရယ်၊ နောက်တခုက ဒီလို အပြောင်းအလဲ ကာလတွေနဲ့ ပတ်သက်လို့ ပူးပေါင်းဆောင်ရွက်မယ် ဆိုတာရယ်၊နံပတ် ၄ အချက်ကတော့ တွေ့ဆုံဆွေးနွေးမယ့် ကိစ္စကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ လုပ်ငန်းဆောင်တာတွေ ပြီးမှ လုပ်ချင်တဲ့ သဘောပါတဲ့ အဖြေပေါ့။ အဲလိုပြောတဲ့အခါကျတော့ သဘောထားကတော့ အထိုက်အလျောက် ပြေပြစ်တယ်ပေါ့။
မေး။ ။ အစိုးရ မဖွဲ့နိုင်ခင် အာဏာအလွှဲအပြောင်း ကာလ နိုင်ငံတည်ငြိမ်ရေး ပေါ်မှာ ပါတီဘက်က စိုးရိမ်ချက်များရှိနေပါသလား။
ဖြေ။ ။ အာဏာလွှဲပြောင်းရေးကိုမစိုးရိမ်ပါဘူး။ ဘာကြောင့်လဲဆိုရင် ၁၉၉၀ ခုနှစ် ပြည်တွင်း အခြေအနေက အခု အခြေအနေနဲ့ မတူတော့ဘူး ။ ပြည်သူလူထုက အရမ်းကို နိုးကြားနေပြီ။ နိုင်ငံရေးနိုးကြားနေပြီ။ နောက် နိုင်ငံတကာ အနေအထားကလည်း ၁၉၉၀ နဲ့ အရမ်းကွာတာ။ သို့သော်လည်းပဲ ဒီရွေးကောက်ပွဲ နိုင်တဲ့အတွက်ကြောင့် မို့လို့ ဒီမလိုတဲ့ လူတွေကနေပြီး ပြဿနာရှာနိုင်တဲ့ အနေအထားလေးက ဒါလေးတွေကို သတိထားပြီးတော့ ရှောင်ရှားနိုင်အောင်၊ ကာကွယ်နိုင်အောင် ကြီးတဲ့အမှှုငယ်အောင် အဲဒီသဘောလေးတွေနဲ့ သိရှိဖို့အတွက် နှိုးဆော်နေတာပါ။”
လက်ရှိ ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းကတော့ ရှေ့ သတင်းပတ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ဆောင်ရွက်သွားမယ်လို့ ပြန်ကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးတဲ့ အခါမှာတော့ အမျိုးသား သင့်မြတ်ရေးကို အခြေခံပြီး အခြားအရေးကိစ္စများရှိပါကလည်း ဆွေးနွေးနိုင်ဖို့ စီစဉ်မယ်လို့လည်း လက်ရှိ ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ပြောဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေး ထိပ်သီး လေးပွင့်ဆိုင် တွေ့ဆုံဖို့ အဆိုပြုမထားသလို အခု ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ သမ္မတ ဦးသိန်းစိန်၊ လက်ရှိ ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းတို့ကလည်း သီးခြားစီ အကြောင်းပြန် ကြေညာချက်ထုတ်ပြန်ခဲ့တာကြောင့် ခေါင်းဆောင် တဦးချင်းစီနဲ့ တွေ့ဆုံမယ့် အလားအလာ ရှိနေပါတယ်။ ဒီကနေ့ လက်ရှိ အစိုးရနဲ့ တပ်မတော် ခေါင်းဆောင်တို့ရဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တောင်းဆိုချက်ကို အကြောင်းပြန်ကြတဲ့ အထဲမှာ နို၀င်ဘာလ ၈ ရက်နေ့က တက်တက်ကြွကြွ မဲပေးခဲ့ကြတဲ့ ပြည်သူလူထုနဲ့ တပ်မတော်သား မိသားစုတွေ မဲပေးခဲ့ကြတဲ့ အပေါ်မှာလည်း ကျေးဇူးတင်ကြောင်း ဖော်ပြထားပါတယ်ရှင်။
http://burmese.voanews.com/content/aung-san-suu-kyi-request-letter-is-accepted-to-meet-with-president-myanmar-commander-in-chef-and-hluttaw-speaker/3053245.html