စစ်မှန်သည့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန်အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ဖွဲ့စည်းမည့် အစိုးရနှင့်အတူ လက်တွဲပူးပေါင်း ဖြေရှင်းရန် အဆင်သင့်ဖြစ်ကြောင်း အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်ရပ် သဘောတူစာချုပ် NCA လက်မှတ် မရေးထိုးရသေးသည့် အဖွဲ့တစ်ခုဖြစ်သော တအာင်းလွတ်မြောက်ရေး တပ်မတော် PSLF/TNLA က သဘောထားကြေညာချက် ထုတ်ပြန်ခဲ့သည်။
နိုဝင်ဘာ ၁၁ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် PSLF/TNLA ၏ သဘောထား ထုတ်ပြန်ချက်တွင် “၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အစိုးရ ဖွဲ့စည်းနိုင်သည်အထိ အနိုင်ရရှိသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ၏ ပြည်သူ့အတွက် အောင်ပွဲကို လှိုက်လှဲစွာ ကြိုဆိုပါသည်” ဟု ခေါင်းစဉ်တပ်ကာ အချက်သုံးချက် ဖော်ပြခဲ့သည်။
သဘောထား ထုတ်ပြန်ချက်၌ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် အစိုးရ ဖွဲ့စည်းနိုင်သည်အထိ တိုင်းရင်းသား ပြည်သူလူထုတို့၏ ဆန္ဒမဲကို သိမ်းကျုံးရယူနိုင်ခဲ့သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ၏ သမိုင်းဝင် ပြည်သူ့အောင်ပွဲကြီးအား ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA က လှိုက်လှဲစွာ ကြိုဆိုပါကြောင်း၊ တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံး ငြိမ်းချမ်း တိုးတက်စွာ အတူယှဉ်တွဲ နေထိုင်မည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံကို လက်တွေ့ဦးဆောင် တည်ဆောက်နိုင်မည့် NLD ၏ အောင်မြင်မှု ခြေလှမ်းအဖြစ် ကြိုဆိုမျှော်လင့်ပါကြောင်းဟု ဖော်ပြသည်။
ထို့ပြင် NLD ၏ ၂၀၁၅ ရွေးကောက်ပွဲ ကြေညာစာတမ်းတွင် ကတိပြုထားသည့် “တိုင်းရင်းသား အရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး အေးချမ်းလုံခြုံစွာ လက်တွဲနေထိုင်ရေးကို အာမခံချက်ပေးနိုင်မည့် ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ် ပေါ်ထွန်းရေး၊ ပြည်သူလူထုအား တရားမျှတစွာ အကာအကွယ်ပေးမည့် အုပ်ချုပ်မှု စနစ်တစ်ရပ် ပေါ်ပေါက်လာရေးနှင့် လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေး” ဟူသော ပြည်ထောင်စု မြန်မာနိုင်ငံအတွက် မွန်မြတ်သည့် ရည်ရွယ်ချက် ကတိက၀တ်များအတိုင်း အစိုးရတစ်ရပ် ဖွဲ့စည်းကာ အောင်မြင်စွာ အကောင်အထည် ဖော်နိုင်လိမ့်မည်ဟု အထူးယုံကြည် မျှော်လင့်ပါကြောင်း PSLF/TNLA ၏ သဘောထား ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
မြန်မာ့နိုင်ငံရေး ဖြေရှင်းရာတွင် အဓိကကျသည့် မြန်မာနိုင်ငံ၏ နှစ်ပေါင်း ၆၀ ကျော်ကြာ ပြည်တွင်းစစ်မီးကို အပြီးသတ် ငြှိမ်းသတ်ပြီး စစ်မှန်သည့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန်အတွက် နိုင်ငံရေး တွေ့ဆုံပွဲ စကားဝိုင်းတွင် NLD ၏ ဖွဲ့စည်းမည့် အစိုးရနှင့်အတူ လက်တွဲပူးပေါင်း ဖြေရှင်းရန် အဆင်သင့်ဖြစ်ကြောင်း၊ မိမိတို့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ သဘောထားကို ထုတ်ပြန်ကြေညာလိုက်ပါကြောင်း အဆိုပါ သဘောထား ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာန ပြန်ကြားရေး တာဝန်ခံ ဗိုလ်ကြီးမိုင်းအိုက်ကျော်က “ဟုတ်ပါတယ်။ ကျွန်တော်တို့ဆီက ဗဟိုအလုပ်အမှုဆောင် ကော်မတီအဖွဲ့ဝင်တွေ အစည်းအဝေးလုပ်ပြီး ဒီကြေညာချက်ကို ထုတ်တာပါ။ ပြည်သူ့ပါတီ တစ်ခုဖြစ်တဲ့ NLD အနေနဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ ပါတဲ့ အချက်တွေကို ဖော်ဆောင်လိမ့်မယ်လို့ ယုံကြည်တဲ့အတွက် အခုလို ကြေညာချက် ထုတ်ရတာပါ” ဟု ပြောကြားသည်။
တအာင်းလွတ်မြောက်ရေး တပ်မတော်သည် အောက်တိုဘာ ၁၅ ရက်က အစိုးရနှင့် NCA လက်မှတ် ရေးထိုးခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် ရှစ်ဖွဲ့တွင် မပါဝင်ခဲ့သော အဖွဲ့တစ်ခုဖြစ်ပြီး လက်ရှိ အချိန်တွင်လည်း အစိုးရ တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။
Writer: ငြိမ်းကို
http://www.news-eleven.com/politics
.....................................................................
စစ္မွန်သည့် ငြိမ်းခ်မ်းရေး တည်ဆောက်နိုင်ရန်အတြက် အမိုးသားဒီမိုကေရစီ အဖြဲ့ခ်ုပ် NLD ဖြဲ့စည်းမည့် အစိုးရနွင့်အတူ လက္တြဲပူးပေါင်းျေဖရွင်းရန် အဆင်သင့်ျဖစ်ကြောင်း အစိုးရနွင့် တစ်နိုင်ငံလုံး အပစ်ရပ် သေဘာတူစာခ်ုပ် NCA လက္မွတ် မေရးထိုးရေသးသည့် အဖြဲ့တစ္ချုဖစ်သော တအာင်းလြတ်ျေမာက်ရေး တပ္မေတာ် PSLF/TNLA က သေဘာထားကြေညာခ်က် ထုတ်ျပန္ခဲ့သည်။
နိုဝင္ဘာ ၁၁ ရက္စျြဲဖင့် ထုတ်ျပန္ခဲ့သည့် PSLF/TNLA ၏ သေဘာထား ထုတ်ျပန္ခ်က္တြင် “၂၀၁၅ အေထြေထြေရြးကောက္ပြဲတြင် အစိုးရ ဖြဲ့စည်းနိုင်သည်အထိ အနိုင်ရရွိသော အမိုးသားဒီမိုကေရစီ အဖြဲ့ခ်ုပ် NLD ၏ျပည်သူ့အတြက် အောင္ပြဲကို လှိုက္လွဲစြာ ကြိုဆိုပါသည်” ဟု ခေါင်းစဥ္တပ္ကာ အခ်က်သုံးခ်က် ဖော်ျပခဲ့သည်။
သေဘာထား ထုတ်ျပန္ခ်က်၌ ၂၀၁၅ အေထြေထြ ရြေးကောက္ပြဲတြင် အစိုးရ ဖြဲ့စည်းနိုင်သည်အထိ တိုင်းရင်းသာျးပည်သူလူထုတို့၏ ဆန္ဒမဲကို သိမ်းက်ုံးရယူနိုင္ခဲ့သော အမိုးသားဒီမိုကေရစီ အဖြဲ့ခ်ုပ် NLD ၏ သမိုင်းဝင်ျပည်သူ့အောင္ပြဲကြီးအား ပေလာင်ျပည္နယ် လြတ်ျေမာက်ရေးတပ်ဦး PSLF/TNLA က လှိုက္လွဲစြာ ကြိုဆိုပါကြောင်း၊ တိုင်းရင်းသာျးပည်သူလူထု တစ်ရပ္လုံး ငြိမ်းခ်မ်း တိုးတက္စြာ အတူယွဉ်တြဲ နေထိုင္မည့် ဖက္ဒရယ္ဒီမိုကေရဈီပည်ထောင္စုနိုင်ငံကို လက်တြေ့ဦးဆောင် တည်ဆောက်နိုင္မည့် NLD ၏ အောင်ျမင္မှုျေခလွမ်းအျဖစ် ကြိုဆိုမွေ်္လာင့်ပါကြောင်းဟု ဖော်ျပသည်။
ထိျု့ပင် NLD ၏ ၂၀၁၅ ရြေးကောက္ပြဲ ကြေညာစာတမ်းတြင် ကတျိပုထားသည့် “တိုင်းရင်းသား အေရးနွင့်ျပည္တြင်းငြိမ်းခ်မ်းရေး၊ တိုင်းရင်းသာျးပည်သူ တစ်ရပ္လုံး အေးခ်မ်းလျုံခုံစြာ လက္တြဲနေထိုင်ရေးကို အာမခံခ်က်ပေးနိုင္မည့် ဖြဲ့စည်းပုံ အျေခခံဥပေဒတစ်ရပ် ပေါ်ထြန်းရေး၊ျပည်သူလူထုအား တရားမ်ွတစြာ အကာအကြယ်ပေးမည့် အုပ္ခ်ုပ္မှု စနစ္တစ်ရပ် ပေါ်ပေါက္လာရေးနွင့် လြတ္လပ္လျုံခုံစြာ ဖြံ့ဖြိုးတိုးတက်ရေး” ဟူသျောပည်ထောင္ဈုမန္မာနိုင်ငံအတြက် မြန်ျမတ်သည့် ရည်ြရယ္ခ်က် ကတိက၀တ္မ်ားအတိုင်း အစိုးရတစ်ရပ် ဖြဲ့စည်းကာ အောင်ျမင္စြာ အေကာင်အထည် ဖော်နိုင္လိမ့်မည်ဟု အထူးယုံကြည် မွေ်္လာင့်ပါကြောင်း PSLF/TNLA ၏ သေဘာထား ထုတ်ျပန္ခ်က္တြင် ဖော်ျပသည်။
ျမန္မာ့နိုင်ငံရေးျေဖရွင်းရာတြင် အဓိကက်သည့်ျမန္မာနိုင်ငံ၏ နွစ်ပေါင်း ၆၀ ကော််ကျြာပည္တြင်းစစ္မီးကို အပြီးသတ် ငြှိမ်းသတ်ပြီး စစ္မွန်သည့် ငြိမ်းခ်မ်းရေး တည်ဆောက်နိုင်ရန်အတြက် နိုင်ငံရေး တြေ့ဆုံပြဲ စကားဝိုင်းတြင် NLD ၏ ဖြဲ့စည်းမည့် အစိုးရနွင့်အတူ လက္တြဲပူးပေါင်းျေဖရွင်းရန် အဆင်သင့်ျဖစ်ကြောင်း၊ မိမိတို့ ပေလာင်ျပည္နယ် လြတ်ျေမာက်ရေးတပ်ဦး PSLF/TNLA ၏ သေဘာထားကို ထုတ်ျပန်ကြေညာလိုက္ပါကြောင်း အဆိုပါ သေဘာထား ထုတ်ျပန္ခ်က္တြင် ဖော်ျပသည်။
အဆိုပါ ထုတ်ျပန္ခ်က်နွင့် ပတ်သက်ပြီး PSLF/TNLA သတင်းနွင့်ျပန်ကြားရေးဌာနျပန်ကြားရေး တာဝန္ခံ ဗိုလ်ကြီးမိုင်းအိုက်ကေ်္ကာ “ဟုတ္ပါတယ်။ ကျြန်တ္တောို့ဆီက ဗဟိုအလုပ်အမှုဆောင် က္မောတီအဖြဲ့ဝင်တြေ အစည်းအေ၀းလုပ်ပြီး ဒီကြေညာခ်က္ကို ထုတ္တာပါ။ျပည်သူ့ပါတီ တစ္ချုဖစ္တဲ့ NLD အေနနဲ့ ရြေးကောက္ပြဲ ကြေညာစာတမ်းမွာ ပါတဲ့ အခ်က်တြေကို ဖော်ဆောင္လိမ့်မယ္လို့ ယုံကြည္တဲ့အတြက် အခုလို ကြေညာခ်က် ထုတ်ရတာပါ” ဟုျေပာကြားသည်။
တအာင်းလြတ်ျေမာက်ရေး တပ္မေတ်ာသည် အောက္တိုဘာ ၁၅ ရက္က အစိုးရနွင့် NCA လက္မွတ် ရေးထိုးခဲ့သည့် တိုင်းရင်းသား လက္နက္ကိုင် ရွစ္ဖြဲ့တြင် မပါဝင္ခဲ့သော အဖြဲ့တစ္ချုဖစ်ပြီး လက်ရွိ အခိန္တြင္လည်း အစိုးရ တပ္မေတ်ာနွင့် တိုက္ပြဲမ်ာျးဖစ္ပြားနေဆျဲဖစ်ကြောင်း သိရသည်။
Writer: ငြိမ်းကို
http://www.news-eleven.com/politics