Breaking News
“အမေရိကန်သမ္မတအိုဘားမား ဦးသိန်းစိန်ကို ဖုန်းဆက်ကာချီးကျူးဂုဏ်ပြု”
အမေရိကန်သမ္မတ အိုဘားမားက နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ထံသို့ ယနေ့ နံနက် မြန်မာစံတော်ချိန် ၈နာရီခွဲက တယ်လီဖုန်းဆက်ပြီးမြန်မာနိုင်ငံ တွင်သမိုင်းတွင်မည့် လွတ်လပ်ပြီး တရားမျှတသော အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်း ပနိုင်သည့်အတွက် နိုင်ငံတော်သမ္မတနှင့် အစိုးရအဖွဲ့ကို ချီးကျူး ဂုဏ်ပြု ခဲ့ကြောင်း သတင်းရရှိသည်။
ရွေးကောက်ပွဲ အောင်မြင်မှုသည် သမ္မတကြီးအနေဖြင့် ဂုဏ်ယူရမည်ဖြစ်ပြီး သမိုင်းမှတ်တိုင် တစ်ရပ်ဖြစ်ကြောင်း၊ သမ္မတကြီး ရဲဝံ့စွာ ဖော်ဆောင်ခဲ့သည့် ပြုပြင်ပြောင်းလဲရေး ဆောင် ရွက်ချက်များသည် မြန်မာနိုင်ငံအတွက် ထူးခြားပြောင်မြောက်သော အနာဂတ်ကို ဖော်ဆောင်နိုင်ခဲ့ပြီဖြစ်ကြောင်းအမေရိကန်နိုင်ငံအနေဖြင့် မြန်မာအစိုးရနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွား မည် ဖြစ် ကြောင်း ပြောကြားခဲ့သည်ဟု သတင်းရရှိသည်။
ပုံတွင် သမ္မတအိုဘားမား၏ဖုန်းကို လက်ခံစကားပြောနေသော သမ္မတဦးသိန်းစိန်
ဓာတ်ပုံ - UYe Htut
7Day News Journal