ေဟာင္ေကာင္မွာ ေမာ္ဒယ္တစ္ေယာက္ဟာ တီရွပ္၊ ေရႊေရာင္ေက်ာပိုးအိတ္နဲ႔ ဖိနပ္တစ္စံုသာ ဆင္ျမန္းၿပီး ေလွ်ာက္သြားခဲ့ေပမယ့္ လမ္းေပၚကလူေတြကေတာ့ သူ႔ကို တစ္စက္ကေလးမွ သာမန္ထက္ပိုတဲ့ သတိထားမႈမ်ိဳး မရွိခဲ့ပါဘူး။
ဆံပင္ေရႊေရာင္နဲ႔ေမာ္ဒယ္မိန္းကေလးဟာ ခါးေအာက္ပိုင္းဗလာက်င္းျဖစ္ေပမယ့္ ကိုယ္က်ပ္ဂ်င္းေဘာင္းဘီ ၀တ္ဆင္ထားသလို ေဆးေရာင္ျခယ္ထားခဲ့ပါတယ္။
ေရွာပင္းစင္တာေတြ၊ စက္ေလွကားေတြ၊ လူ႐ႈပ္တဲ့လမ္းမႀကီးေတြမွာ သူသြားေနတာကို ဗီဒီယို႐ိုက္မွတ္တမ္းတင္ခဲ့ၿပီး သူ႔တီရွပ္မွာလည္း "No pants are the best pants"ဆိုတဲ့ စာသားပါေပမယ့္ ေက်ာပိုးအိတ္နဲ႔ေတာ့ ကြယ္ေနခဲ့ပါတယ္။
သူ႔ကိုယ္ေပၚမွာ ဂ်င္းေဘာင္းဘီပံုစံ ေဆးျခယ္ေပးခဲ့တာကေတာ့ ဆန္ဒရာဘက္ကာဆိုတဲ့ ပညာရွင္တစ္ဦးျဖစ္ၿပီး ေဘာင္းဘီတကယ္၀တ္ထားသလို ပီျပင္ေအာင္ ဖန္တီးေပးႏိုင္ခဲ့ပါတယ္။
ျခြင္းခ်က္တစ္ခုကေတာ့ ရထားလက္မွတ္ ၀ယ္တဲ့အခ်ိန္မွာ အမ်ိဳးသားတစ္ဦးက ၂ ခါျပန္ၾကည့္ၿပီး ေဘာင္းဘီတကယ္ပါရဲ႕လားဆိုတာ အေတြး၀င္သြားတာေတာ့ ရွိပါတယ္။
Unicode Version
ဟောင်ကောင်မှာ ဘောင်းဘီမပါဘဲ လျှောက်သွားခဲ့ပေမယ့် ဘယ်သူမှ သတိမထားမိခဲ့တဲ့ မော်ဒယ်တစ်ယောက်
ဟောင်ကောင်မှာ ဘောင်းဘီမပါဘဲ လျှောက်သွားခဲ့ပေမယ့် ဘယ်သူမှ သတိမထားမိခဲ့တဲ့ မော်ဒယ်တစ်ယောက်
ဟောင်ကောင်မှာ မော်ဒယ်တစ်ယောက်ဟာ တီရှပ်၊ ရွှေရောင်ကျောပိုးအိတ်နဲ့ ဖိနပ်တစ်စုံသာ ဆင်မြန်းပြီး လျှောက်သွားခဲ့ပေမယ့် လမ်းပေါ်ကလူတွေကတော့ သူ့ကို တစ်စက်ကလေးမှ သာမန်ထက်ပိုတဲ့ သတိထားမှုမျိုး မရှိခဲ့ပါဘူး။
ဆံပင်ရွှေရောင်နဲ့မော်ဒယ်မိန်းကလေးဟာ ခါးအောက်ပိုင်းဗလာကျင်းဖြစ်ပေမယ့် ကိုယ်ကျပ်ဂျင်းဘောင်းဘီ ဝတ်ဆင်ထားသလို ဆေးရောင်ခြယ်ထားခဲ့ပါတယ်။
ရှောပင်းစင်တာတွေ၊ စက်လှေကားတွေ၊ လူရှုပ်တဲ့လမ်းမကြီးတွေမှာ သူသွားနေတာကို ဗီဒီယိုရိုက်မှတ်တမ်းတင်ခဲ့ပြီး သူ့တီရှပ်မှာလည်း "No pants are the best pants"ဆိုတဲ့ စာသားပါပေမယ့် ကျောပိုးအိတ်နဲ့တော့ ကွယ်နေခဲ့ပါတယ်။
သူ့ကိုယ်ပေါ်မှာ ဂျင်းဘောင်းဘီပုံစံ ဆေးခြယ်ပေးခဲ့တာကတော့ ဆန်ဒရာဘက်ကာဆိုတဲ့ ပညာရှင်တစ်ဦးဖြစ်ပြီး ဘောင်းဘီတကယ်ဝတ်ထားသလို ပီပြင်အောင် ဖန်တီးပေးနိုင်ခဲ့ပါတယ်။
ခြွင်းချက်တစ်ခုကတော့ ရထားလက်မှတ် ဝယ်တဲ့အချိန်မှာ အမျိုးသားတစ်ဦးက ၂ ခါပြန်ကြည့်ပြီး ဘောင်းဘီတကယ်ပါရဲ့လားဆိုတာ အတွေးဝင်သွားတာတော့ ရှိပါတယ်။