Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

သမၼတ အိုဘားမား သမၼတ ဦးသိန္းစိန္နဲ႔ ေတြ႔မည္

$
0
0

  

အေမရိကန္ သမၼတ အိုဘားမား ဟာ လာမယ့္ ရက္သတၱပတ္ အတြင္း မေလးရွားႏုိင္ငံ မွာ ျမန္မာသမၼတ ဦးသိန္းစိန္နဲ႔ ေတြ႔ဆံုမွာ ျဖစ္ပါတယ္။ တခ်ိန္တည္းမွာပဲ မေလးရွားမွာ ရွိေနတဲ့ ဒုကၡသည္စခန္းကိုလည္း သြားေရာက္မယ္လုိ႔ အိမ္ျဖဴေတာ္ အမ်ိဳးသား လံုၿခံဳေရး အရာရွိေတြက မေန႔က ျပဳလုပ္ခဲ့တဲ့ သတင္းစာ ရွင္းလင္းပြဲ မွာ ေျပာဆိုသြားခဲ့ပါတယ္။ အေသးစိတ္ကို ဦးေက်ာ္ဇံသာ အျပည့္အစံု တင္ျပေပးထားပါတယ္။

တကယ္တမ္း အတည္မျပဳႏိုင္ပဲ ပ်ံ႔ႏွံ႔ေနတဲ့ သတင္းတခ်ိဳ႕ အရဆိုရင္ေတာ့ သမၼတ အိုဘားမားဟာ မၾကာခင္ သြားေရာက္မယ့္ အေရွ႕အာရွ ခရီးစဥ္ အတြင္း မွာ ျမန္မာႏုိင္ငံ ကို ရုတ္တရက္ ဝင္ေရာက္ လည္ပတ္မယ္။ ေဒၚေအာင္ဆန္းစုၾကည္ ကို ေတြ႔ဆံု ဂုဏ္ျပဳစကားေျပာမယ္ဆိုတဲ့ အခ်က္ျဖစ္ပါတယ္။

ဒါေပမဲ့လည္း ဒီသတင္းနဲ႔ ပတ္သက္လို႔ေတာ့ မေန႔က ျပဳလုပ္သြားတဲ့ အိမ္ျဖဴေတာ္ သတင္းစာ ရွင္းလင္းပြဲမွာ တစြန္းတစေျပာၾကားျခင္း မရွိပဲ မေလးရွားမွာ အာဆီယံ အစည္းအေဝးပြဲ နဲ႔ ဆက္တုိက္ က်င္းပမယ့္ အေရွ႕အာရွ ထိပ္သီးစည္းေဝးပြဲ က်င္းပ ၿပီးဆံုးတဲ့ ႏိုဝင္ဘာလ ၂၂ရက္ေန႔မွာ သမၼတ အိုဘားမားဟာ ျမန္မာသမၼတ ဦးသိန္းစိ္န္နဲ႔ သီးျခားေတြ႔ဆံုဖြယ္ ရွိတယ္လို႔ အိမ္ျဖဴဳေတာ္ အမ်ိဳးသားအၾကံေပးပုဂၢိဳလ္ Ben Rhodes က အခုလိုေျပာၾကားသြားပါတယ္။

"အာဆီယံ ထိိပ္သီးေဆြးေႏြးပြဲမွာ သမၼတ အိုဘားမားဟာ တျခား အာဆီယံ ေခါင္းေဆာင္ေတြ နဲ႔အတူ ျမန္မာသမၼတနဲ႔ ေတြ႔ဖို႔လည္း အခြင့္အလမ္း ရရွိမွာျဖစ္ပါတယ္။ "

ဒီမေလးရွား ခရီးစဥ္အတြင္းမွာပဲ သမၼတ ဦးသိန္းစိန္နဲ႔ မေတြ႔ဆံုခင္ ႏိုဝင္ဘာလ ၂၁ရက္ေန႔မွာေတာ့ သမၼတ အိုဘားမားဟာ ဒုကၡသည္စခန္းကို သြားေရာက္မယ္ လို႔အိမ္ျဖဴဳေတာ္ အမ်ိဳးသား လံုျခံဳေရး အၾကံေပးပုဂၢိဳလ္ Susan Rice က ေျပာပါတယ္။ ဒါဟာ အာရွအပါအဝင္ ကမာၻတလႊားမွာ ႀကီးထြားလာေနတဲ့ ေရႊ႕ေျပာင္း ဒုကၡသည္ေတြရဲ႕ အေရးကို အေမရိကန္အေနနဲ႔ အေလးအနက္ ထားတယ္ ဆိုတာကို ျပသတဲ့သေဘာျဖစ္တယ္လို႔ ေျပာၾကားသြားပါတယ္။

"ကမာၻတဝွမ္း ဒုကၡသည္ ပဋိပကၡနဲ႔ ပတ္သက္လို႔ အေမရိကန္ရဲ႕ စိုးရိမ္မကင္းျဖစ္မႈ ကို မီးေမာင္းထိုးျပသြားမွာျဖစ္ပါတယ္။ သမၼတအေနနဲ႔ မေလးရွားႏုိင္ငံမွာ ဒုကၡသည္ စခန္းကို သြားေရာက္မွာျဖစ္ပါတယ္။ အခုလိုသြားေရာက္ျခင္းအားျဖင့္ ဒုကၡသည္ အေရး အေမရိကန္ရဲ႕ အေလးထားမႈကို ျပသရာ ေရာက္ဖို႔ ရည္ရြယ္ပါတယ္။ အကာအကြယ္မဲ့သူေတြကို ေစာင့္ေရွာက္ႏိုင္ဖို႔ မေလးရွားနဲ႔ အေမရိကန္ျပည္ေထာင္စုတို႔က ၿပီးခဲ့တဲ့ ႏွစ္ေတြ အတြင္း သိပ္ကို အေရးပါတဲ့ အကူအညီေတြကို ေပးခဲ့တာလည္းျဖစ္ပါတယ္။ "

ဒါ့အျပင္ ျမန္မာႏုိင္ငံ ေရြးေကာက္ပြဲဟာ ျမန္မာျပည္သူေတြအဖို႔ အရွိန္အဟုန္ႀကီးမား လွတဲ့ အခြင့္အေရးတရပ္ျဖစ္တယ္လို႔လည္း ဆိုပါတယ္။ သမၼတဦးသိန္းစိ္န္နဲ႔ ကာကြယ္ေရး ဦးစီးခ်ဳပ္တို႔ရဲ႕ ထုတ္ျပန္ခ်က္ေတြလည္းပဲ အျပဳသေဘာေဆာင္ၿပီး အားတက္ စရာေကာင္းတယ္လို႔ Ben Rhodes က ေျပာပါတယ္။

"သမၼတ ဦးသိန္းစိန္နဲ႔ စစ္တပ္ အႀကီးအကဲတို႔ရဲ႕ အျပဳသေဘာေဆာင္တဲ့ ေၾကညာ ခ်က္ေတြ ကိုလည္း ေတြ႔ရပါတယ္။ သူတို႔က ေရြးေကာက္ပြဲရဲ႕ ရလဒ္ကို ေလးစား လိုက္နာဖို႔ ကတိျပဳၾကပါတယ္။ NLD ရဲ႕ေအာင္ပြဲကို ခ်ီးက်ဴးဂုဏ္ျပဳၾကပါတယ္။ ဒါေတြဟာ အင္မတန္ အျပဳသေဘာေဆာင္တဲ့ အခ်က္ျပမႈေတြလို႔ ယူဆရ ပါတယ္။ ျမန္မာျပည္ ရဲ႕ အဓိက ေခါင္းေဆာင္ေတြနဲ႔ အတူတကြ ညိႇႏိႈင္းၿပီးေတာ့ ဒီစိတ္ဓာတ္ကို ဆက္လက္ၿပီးေတာ့ ေမြးျမဴသြားၾက မယ္ဆိုရင္ ျမန္မာႏုိင္ငံရဲ႕ အနာဂတ္အေရးအတြက္  ႀကီးမားတဲ့ အလားအလာေကာင္း တရပ္ျဖစ္တယ္လို႔ သမၼတ အိုဘားမားရဲ႕ သဝဏ္လႊာမွာလည္း ေဖာ္ျပထားပါတယ္။"

သို႔ေသာ္လည္းပဲ ျမန္မာႏုိင္ငံ အဖို႔ စိန္ေခၚမႈေတြ ႀကီးႀကီးမားမား ရွိေနေသးတယ္ ဆိုတာကိုလည္း အခုလို ေထာက္ျပပါတယ္။

"ျမန္မာႏုိင္ငံအတြက္ စိန္ေခၚမႈေတြလည္း အမ်ားႀကီးရွိေနပါေသးတယ္။ တိုင္းရင္းသား အင္အားစုေတြနဲ႔ ျပန္လည္သင့္ျမတ္ေရးနဲ႔ ရခုိင္ျပည္နယ္က စာနာမႈ လိုအပ္ေနတဲ့ အေျခအေနေတြကို ေျပလည္ေအာင္ ေျဖရွင္းေရး စတာေတြျဖစ္ပါတယ္။"

အခုလို ေရြးေကာက္ပြဲၿပီးေျမာက္သြားျခင္းဟာ အင္မတန္ေကာင္းမြန္တဲ့ အားတက္ဖြယ္ရာ ကိစၥတရပ္ျဖစ္ေပမဲ့ ဆယ္စုႏွစ္နဲ႔ခ်ီၿပီး ရွိလာခဲ့တဲ့ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အားသြန္ခြန္စိုက္ ႀကိဴးပမ္းမႈေတြ ျမန္မာ အစိုးရရဲ႕ ဒီမိုကေရစီေဖာ္ေဆာင္ေရး ကတိကဝတ္ေတြ ကို အျပည့္အဝ ေဖာ္ေဆာင္ႏိုင္ဖို႔ ကေတာ့ အၾကာၾကီး ႀကိဳးပမ္းၾကရလိမ့္ဦးမယ္လို႔လည္း ဆိုပါတယ္။

သမၼတ အိုဘားမားဟာ ႏိုဝင္ဘာလ ၂၀ရက္ေန႔ကစၿပီး ႏိုဝင္ဘာလ ၂၂ရက္ေန႔အထိ မေလးရွားႏုိင္ငံမွာ အာဆီယံ ထိပ္သီးအစည္းအေဝးနဲ႔ East Asia Forum လို႔ေခၚတဲ့ အေရွ႕အာရွထိပ္သီးေဆြးေႏြးပြဲတို႔ကို တက္ေရာက္မွာျဖစ္ပါတယ္။

ဦးေက်ာ္ဇံသာ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
...........................
  သမ္မတ အိုဘားမား သမ္မတ ဦးသိန်းစိန်နဲ့ တွေ့မည်

 အမေရိကန် သမ္မတ အိုဘားမား ဟာ လာမယ့် ရက်သတ္တပတ် အတွင်း မလေးရှားနိုင်ငံ မှာ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ မလေးရှားမှာ ရှိနေတဲ့ ဒုက္ခသည်စခန်းကိုလည်း သွားရောက်မယ်လို့ အိမ်ဖြူတော် အမျိုးသား လုံခြုံရေး အရာရှိတွေက မနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲ မှာ ပြောဆိုသွားခဲ့ပါတယ်။ အသေးစိတ်ကို ဦးကျော်ဇံသာ အပြည့်အစုံ တင်ပြပေးထားပါတယ်။

တကယ်တမ်း အတည်မပြုနိုင်ပဲ ပျံ့နှံ့နေတဲ့ သတင်းတချို့ အရဆိုရင်တော့ သမ္မတ အိုဘားမားဟာ မကြာခင် သွားရောက်မယ့် အရှေ့အာရှ ခရီးစဉ် အတွင်း မှာ မြန်မာနိုင်ငံ ကို ရုတ်တရက် ဝင်ရောက် လည်ပတ်မယ်။ ဒေါ်အောင်ဆန်းစုကြည် ကို တွေ့ဆုံ ဂုဏ်ပြုစကားပြောမယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ဒီသတင်းနဲ့ ပတ်သက်လို့တော့ မနေ့က ပြုလုပ်သွားတဲ့ အိမ်ဖြူတော် သတင်းစာ ရှင်းလင်းပွဲမှာ တစွန်းတစပြောကြားခြင်း မရှိပဲ မလေးရှားမှာ အာဆီယံ အစည်းအဝေးပွဲ နဲ့ ဆက်တိုက် ကျင်းပမယ့် အရှေ့အာရှ ထိပ်သီးစည်းဝေးပွဲ ကျင်းပ ပြီးဆုံးတဲ့ နိုဝင်ဘာလ ၂၂ရက်နေ့မှာ သမ္မတ အိုဘားမားဟာ မြန်မာသမ္မတ ဦးသိန်းစိ်န်နဲ့ သီးခြားတွေ့ဆုံဖွယ် ရှိတယ်လို့ အိမ်ဖြူုတော် အမျိုးသားအကြံပေးပုဂ္ဂိုလ် Ben Rhodes က အခုလိုပြောကြားသွားပါတယ်။

"အာဆီယံ ထိိပ်သီးဆွေးနွေးပွဲမှာ သမ္မတ အိုဘားမားဟာ တခြား အာဆီယံ ခေါင်းဆောင်တွေ နဲ့အတူ မြန်မာသမ္မတနဲ့ တွေ့ဖို့လည်း အခွင့်အလမ်း ရရှိမှာဖြစ်ပါတယ်။ "

ဒီမလေးရှား ခရီးစဉ်အတွင်းမှာပဲ သမ္မတ ဦးသိန်းစိန်နဲ့ မတွေ့ဆုံခင် နိုဝင်ဘာလ ၂၁ရက်နေ့မှာတော့ သမ္မတ အိုဘားမားဟာ ဒုက္ခသည်စခန်းကို သွားရောက်မယ် လို့အိမ်ဖြူုတော် အမျိုးသား လုံခြံုရေး အကြံပေးပုဂ္ဂိုလ် Susan Rice က ပြောပါတယ်။ ဒါဟာ အာရှအပါအဝင် ကမ္ဘာတလွှားမှာ ကြီးထွားလာနေတဲ့ ရွှေ့ပြောင်း ဒုက္ခသည်တွေရဲ့ အရေးကို အမေရိကန်အနေနဲ့ အလေးအနက် ထားတယ် ဆိုတာကို ပြသတဲ့သဘောဖြစ်တယ်လို့ ပြောကြားသွားပါတယ်။

"ကမ္ဘာတဝှမ်း ဒုက္ခသည် ပဋိပက္ခနဲ့ ပတ်သက်လို့ အမေရိကန်ရဲ့ စိုးရိမ်မကင်းဖြစ်မှု ကို မီးမောင်းထိုးပြသွားမှာဖြစ်ပါတယ်။ သမ္မတအနေနဲ့ မလေးရှားနိုင်ငံမှာ ဒုက္ခသည် စခန်းကို သွားရောက်မှာဖြစ်ပါတယ်။ အခုလိုသွားရောက်ခြင်းအားဖြင့် ဒုက္ခသည် အရေး အမေရိကန်ရဲ့ အလေးထားမှုကို ပြသရာ ရောက်ဖို့ ရည်ရွယ်ပါတယ်။ အကာအကွယ်မဲ့သူတွေကို စောင့်ရှောက်နိုင်ဖို့ မလေးရှားနဲ့ အမေရိကန်ပြည်ထောင်စုတို့က ပြီးခဲ့တဲ့ နှစ်တွေ အတွင်း သိပ်ကို အရေးပါတဲ့ အကူအညီတွေကို ပေးခဲ့တာလည်းဖြစ်ပါတယ်။ "

ဒါ့အပြင် မြန်မာနိုင်ငံ ရွေးကောက်ပွဲဟာ မြန်မာပြည်သူတွေအဖို့ အရှိန်အဟုန်ကြီးမား လှတဲ့ အခွင့်အရေးတရပ်ဖြစ်တယ်လို့လည်း ဆိုပါတယ်။ သမ္မတဦးသိန်းစိ်န်နဲ့ ကာကွယ်ရေး ဦးစီးချုပ်တို့ရဲ့ ထုတ်ပြန်ချက်တွေလည်းပဲ အပြုသဘောဆောင်ပြီး အားတက် စရာကောင်းတယ်လို့ Ben Rhodes က ပြောပါတယ်။

"သမ္မတ ဦးသိန်းစိန်နဲ့ စစ်တပ် အကြီးအကဲတို့ရဲ့ အပြုသဘောဆောင်တဲ့ ကြေညာ ချက်တွေ ကိုလည်း တွေ့ရပါတယ်။ သူတို့က ရွေးကောက်ပွဲရဲ့ ရလဒ်ကို လေးစား လိုက်နာဖို့ ကတိပြုကြပါတယ်။ NLD ရဲ့အောင်ပွဲကို ချီးကျူးဂုဏ်ပြုကြပါတယ်။ ဒါတွေဟာ အင်မတန် အပြုသဘောဆောင်တဲ့ အချက်ပြမှုတွေလို့ ယူဆရ ပါတယ်။ မြန်မာပြည် ရဲ့ အဓိက ခေါင်းဆောင်တွေနဲ့ အတူတကွ ညှိနှိုင်းပြီးတော့ ဒီစိတ်ဓာတ်ကို ဆက်လက်ပြီးတော့ မွေးမြူသွားကြ မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ အနာဂတ်အရေးအတွက်  ကြီးမားတဲ့ အလားအလာကောင်း တရပ်ဖြစ်တယ်လို့ သမ္မတ အိုဘားမားရဲ့ သဝဏ်လွှာမှာလည်း ဖော်ပြထားပါတယ်။"

သို့သော်လည်းပဲ မြန်မာနိုင်ငံ အဖို့ စိန်ခေါ်မှုတွေ ကြီးကြီးမားမား ရှိနေသေးတယ် ဆိုတာကိုလည်း အခုလို ထောက်ပြပါတယ်။

"မြန်မာနိုင်ငံအတွက် စိန်ခေါ်မှုတွေလည်း အများကြီးရှိနေပါသေးတယ်။ တိုင်းရင်းသား အင်အားစုတွေနဲ့ ပြန်လည်သင့်မြတ်ရေးနဲ့ ရခိုင်ပြည်နယ်က စာနာမှု လိုအပ်နေတဲ့ အခြေအနေတွေကို ပြေလည်အောင် ဖြေရှင်းရေး စတာတွေဖြစ်ပါတယ်။"

အခုလို ရွေးကောက်ပွဲပြီးမြောက်သွားခြင်းဟာ အင်မတန်ကောင်းမွန်တဲ့ အားတက်ဖွယ်ရာ ကိစ္စတရပ်ဖြစ်ပေမဲ့ ဆယ်စုနှစ်နဲ့ချီပြီး ရှိလာခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အားသွန်ခွန်စိုက် ကြိူးပမ်းမှုတွေ မြန်မာ အစိုးရရဲ့ ဒီမိုကရေစီဖော်ဆောင်ရေး ကတိကဝတ်တွေ ကို အပြည့်အဝ ဖော်ဆောင်နိုင်ဖို့ ကတော့ အကြာကြီး ကြိုးပမ်းကြရလိမ့်ဦးမယ်လို့လည်း ဆိုပါတယ်။

သမ္မတ အိုဘားမားဟာ နိုဝင်ဘာလ ၂၀ရက်နေ့ကစပြီး နိုဝင်ဘာလ ၂၂ရက်နေ့အထိ မလေးရှားနိုင်ငံမှာ အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ East Asia Forum လို့ခေါ်တဲ့ အရှေ့အာရှထိပ်သီးဆွေးနွေးပွဲတို့ကို တက်ရောက်မှာဖြစ်ပါတယ်။

ဦးကျော်ဇံသာ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>