ကေမၺာဒီးယား ဝန္ႀကီးခ်ဳပ္ ဟြန္ဆင္ |
မစၥတာ ဟြန္ဆန္ က လူထုကို မိန္႔ခြန္းေျပာဆိုရာမွာေကာ အင္တာနက္ လူမႈကြန္ယက္မွာပါ ကေမာၻဒီယား အမ်ိဳးသား ကယ္တင္ေရး ပါတီေခါင္းေဆာင္ Sam Rainsy ကို မၾကာခဏ ဆိုသလို ကမာၻ႕ရာဇ၀င္ကို အခြင့္ေကာင္းၿပီးေတာ့ အာဏာရ ကေမာၻဒီယား ျပည္သူ႔ပါတီကို တိုက္ခိုက္ေနတဲ့ သစၥာေဖါက္ရဲ႕ သား ဆိုၿပီးေတာ့ ေျပာၾကားလိုက္ပါတယ္။
ဘုရင္ သီဟာႏု ကိုယ္တိုင္ ၀န္ႀကီးခ်ဳပ္အျဖစ္ တာ၀န္ထမ္းေဆာင္ခဲ့တဲ့ ၁၉၆၀ ခုႏွစ္ေတြအတြင္း Sam Rainsy ရဲ႕ဖခင္ျဖစ္သူ Sam Sary ဟာ ပုန္ကန္ဖို႔ ႀကံစည္ ခဲ့သူျဖစ္တယ္လို႔ Mr. Hun Sen ကေျပာပါတယ္။
အခုလို ပုဂၢိဳလ္ေရး ေ၀ဖန္တိုက္ခိုက္မႈက အာဏာရနဲ႔ အတိုက္ခံ ပါတီႀကီး ၂ ခုၾကားမွာ ပိုမိုတင္းမာမႈကို ျဖစ္ေစပါတယ္။ ကေမာၻဒီးယားႏိုင္ငံေရးပါတီေတြဟာ ၂၀၁၇ နဲ႔ ၂၀၁၈ အတြင္း က်င္းပမယ့္ ေရြးေကာက္ပြဲ အတြက္ ျပင္ဆင္ေနၾကတာျဖစ္ပါတယ္။
ကေမာၻဒီးယားနဲ႔ ျမန္မာႏိုင္ငံကို မႏိႈင္းယွဥ္သင့္ပါဘူး၊ မတူကြဲျပားတဲ့ အခ်က္ေတြ အမ်ားႀကီးရွိေနပါတယ္လို႔ Mr. Hun Sen က သူ႔ရဲ႕ facebook စာမ်က္ႏွာမွာ ၾကာသပေတးေန႔က ေရးသားထားပါတယ္။
ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com
.......................
ကမ္ဗောဒီးယား ဝန်ကြီးချုပ် ဟွန်ဆင်
Cambodia နိုင်ငံက အတိုက်ခံပါတီက Cambodia နိုင်ငံရဲ့ ဒီမိုကရေစီ နဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနှိုင်းယှဉ်ပြောဆိုမှုအပေါ် ဝန်ကြီးချုပ် Hun Sen က ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်လိုက်ပါတယ်။
မစ္စတာ ဟွန်ဆန် က လူထုကို မိန့်ခွန်းပြောဆိုရာမှာကော အင်တာနက် လူမှုကွန်ယက်မှာပါ ကမ္ဘောဒီယား အမျိုးသား ကယ်တင်ရေး ပါတီခေါင်းဆောင် Sam Rainsy ကို မကြာခဏ ဆိုသလို ကမ္ဘာ့ရာဇဝင်ကို အခွင့်ကောင်းပြီးတော့ အာဏာရ ကမ္ဘောဒီယား ပြည်သူ့ပါတီကို တိုက်ခိုက်နေတဲ့ သစ္စာဖေါက်ရဲ့ သား ဆိုပြီးတော့ ပြောကြားလိုက်ပါတယ်။
ဘုရင် သီဟာနု ကိုယ်တိုင် ၀န်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ၁၉၆၀ ခုနှစ်တွေအတွင်း Sam Rainsy ရဲ့ဖခင်ဖြစ်သူ Sam Sary ဟာ ပုန်ကန်ဖို့ ကြံစည် ခဲ့သူဖြစ်တယ်လို့ Mr. Hun Sen ကပြောပါတယ်။
အခုလို ပုဂ္ဂိုလ်ရေး ဝေဖန်တိုက်ခိုက်မှုက အာဏာရနဲ့ အတိုက်ခံ ပါတီကြီး ၂ ခုကြားမှာ ပိုမိုတင်းမာမှုကို ဖြစ်စေပါတယ်။ ကမ္ဘောဒီးယားနိုင်ငံရေးပါတီတွေဟာ ၂၀၁၇ နဲ့ ၂၀၁၈ အတွင်း ကျင်းပမယ့် ရွေးကောက်ပွဲ အတွက် ပြင်ဆင်နေကြတာဖြစ်ပါတယ်။
ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံကို မနှိုင်းယှဉ်သင့်ပါဘူး၊ မတူကွဲပြားတဲ့ အချက်တွေ အများကြီးရှိနေပါတယ်လို့ Mr. Hun Sen က သူ့ရဲ့ facebook စာမျက်နှာမှာ ကြာသပတေးနေ့က ရေးသားထားပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com