ပါရီတုိက္ခုိက္မႈ၏ အဓိက ညႊန္ၾကားသူ ခိုေအာင္းေနသည္ဟု ယူဆရသည့္ တိုက္ခန္းကို ရဲတပ္ဖဲြ႕စီးနင္း
ျပင္သစ္ႏုိင္ငံ၊ ပါရီၿမိဳ႕ေတာ္ ေျမာက္ပိုင္း ဆင္ေျခဖံုးရပ္ကြက္ တစ္ခုတြင္ ရဲတပ္ဖြဲ႕က အၾကမ္းဖက္သမားမ်ား ခိုေအာင္းေနသည္ဟု ယံုၾကည္ရသည့္ တိုက္ခန္းတစ္ခုကို ဝင္ေရာက္ စီးနင္းရာ အျပန္အလွန္ ပစ္ခတ္မႈမ်ား ျဖစ္ပြားခဲ့သည္။
ႏိုဝင္ဘာ ၁၃ ရက္က ပါရီၿမိဳ႕ေတာ္ အႏွံ႔တြင္ ျဖစ္ပြားခဲ့သည့္ တိုက္ခိုက္မႈမ်ားႏွင့္ ဆက္ႏႊယ္ေနၿပီး ထြက္ေျပးလြတ္ေျမာက္သြားသည္ဟု ယူဆရသူမ်ားကို ပါရီရဲတပ္ဖြဲ႕က ဝင္ေရာက္စီးနင္း ဖမ္းဆီးခဲ့ျခင္း ျဖစ္သည္။
ႏိုဝင္ဘာ ၁၇ ရက္ ညပိုင္းက စစ္ဆင္ေရးတြင္ သံသယ တရားခံ အမ်ိဳးသမီး တစ္ဦးမွာ အဖမ္းမခံဘဲ ဗံုးခါးပတ္ျဖင့္ အေသခံ ဗံုးခြဲသြားခဲ့သည္။ ျပင္သစ္ ေ႐ွ႕ေနခ်ဳပ္႐ံုးက အဆိုပါ ျဖစ္စဉ္တြင္ သံသယတရားခံ ႏွစ္ဦး ေသဆံုးၿပီး ငါးဦးကို ဖမ္းဆီးႏုိင္ခဲ့ေၾကာင္း ေၾကညာသည္။
ပါရီရဲတပ္ဖဲြ႕သည္ အက္ဘ္ဒယ္လ္ဟာမစ္ဒ္ အဘာရြတ္ဒ္ အမည္ရွိ အမ်ိဳးသား တစ္ဦးကို ဖမ္းဆီးႏုိင္ရန္ ဦးတည္ ႀကိဳးစားခဲ့ျခင္း ျဖစ္သည္။ ၎သည္ လူေပါင္း ၁၂၉ ဦးထက္မနည္း ေသဆံုးခဲ့သည့္ ပါရီ အၾကမ္းဖက္မႈႀကီးတြင္ အဓိက စီမံခန္႔ခြဲသူ အစၥလာမ္မစ္ ႏုိင္ငံေတာ္ (အိုင္အက္စ္) အဖြဲ႕ဝင္ တစ္ဦးဟု ယူဆရသည္။
စိန္႔ဒင္းနစ္ ရပ္ကြက္အတြင္းရွိ တိုက္ခန္းကို ရဲတပ္ဖဲြ႕က ဝင္ေရာက္စီးနင္းရန္ ႀကိဳးပမ္းစဉ္တြင္ အနီးအနား ဧရိယာမ်ားရွိ လမ္းမ်ားကို ပိတ္ဆို႔ထားလုိက္သည္။ စစ္ဆင္ေရးတြင္ စစ္သားမ်ားက ထရပ္ကားမ်ားျဖင့္ ေရာက္လာၿပီး လက္နက္ကိုင္ ရဲတပ္ဖဲြ႕ဝင္မ်ားကို အားျဖည့္ ကူညီခဲ့ၾကသည္။
“ပစ္သံခတ္သံေတြ ဆက္တိုက္ဆက္တိုက္ ၾကားေနခဲ့ရတယ္။ ေျဗာက္အိုးေဖာက္ေနသလိုပဲ။ ခဏေလာက္ အသံတိတ္သြားတာေလးေတာ့ ရွိတယ္။ ၿပီးရင္ ေသနတ္သံေတြ တေျဖာက္ေျဖာက္ ျပန္ၿပီး ထြက္လာတာပါပဲ”ဟု စိန္႔ဒင္းနစ္တြင္ ေနထိုင္သူ ဘန္ဆန္ဟြိဳင္းက ေျပာၾကားခဲ့သည္။
အျခား မ်က္ျမင္တစ္ဦးျဖစ္သည့္ ေအမိုင္ ဂီဇာနီက ေအာ္တိုမက္တစ္ ေမာင္းျပန္႐ိုင္ဖယ္ေသနတ္ ပစ္ခတ္သံမ်ားအျပင္ ဗံုးေပါက္ကြဲသည့္ အသံမ်ားကိုပါ ၾကားရေၾကာင္း ဆိုသည္။ “တစ္နာရီေလာက္ၾကာေအာင္ ပစ္ခတ္ေနၾကတာ။ လက္ပစ္ဗံုးေတြလည္း သံုးၾကတယ္။ AK ေသနတ္အသံေတြ ဆက္တိုက္ၾကားလိုက္၊ ခဏနားလုိက္နဲ႔ ေတာ္ေတာ္ႀကီး ၾကာတယ္”ဟု ၎က AFPသို႔ ေျပာဆိုခဲ့သည္။
စစ္ဆင္ေရးႏွင့္ ပတ္သက္၍ အေသအေပ်ာက္ စာရင္းေဖာ္ျပမႈမ်ားမွာ ကြဲျပားခ်က္မ်ား ရွိေနဆဲ ျဖစ္သည္။ အဆိုပါ စီးနင္းမႈတြင္ ရဲတပ္ဖြဲ႕ဝင္ အခ်ိဳ႕လည္း ထိခိုက္ဒဏ္ရာမ်ား ရရွိခဲ့သည္။
အသက္ ၂၇ ႏွစ္ အရြယ္ရွိၿပီး ဘယ္လ္ဂ်ီယံ ႏိုင္ငံသားအျဖစ္ ခံယူထားသည့္ ေမာ္႐ိုကို ႏြယ္ဖြား အဘာရြတ္ဒ္သည္ စိန္႔ဒင္းနစ္တြင္ ခိုေအာင္းေနသည္ဟု ပါရီရဲတပ္ဖဲြ႕က ယံုၾကည္ေနသည္။ ယခုဖမ္းဆီးမႈတြင္ ၎ကို ထိန္းသိမ္းႏုိင္ျခင္း ရွိမရွိ အတိအက် မသိရေသးဘဲ သတင္းအခ်ိဳ႕က အဘာရြတ္ဒ္သည္ တိုက္ခန္းထဲတြင္ ေခ်ာင္ပိတ္ ခုခံေနဆဲဟု ေဖာ္ျပခဲ့သည္။ ထို႔အျပင္ အေသခံ ဗံုးခြဲသြားသည့္ အမ်ိဳးသမီးသည္ ၎၏ ဇနီးဟုလည္း ဆိုသည္။ ဗီဒီယို မွတ္တမ္းမ်ားကို အေျခခံ ေလ့လာၿပီးေနာက္ ပါရီတိုက္ခုိက္မႈတြင္ အနည္းဆံုး အၾကမ္းဖက္သမား ၉ ဦးထိ ပါဝင္ခဲ့ေၾကာင္း ရဲမ်ားက ယူဆထားသည္။
တစ္ၿပိဳင္တည္းနီးပါး စတင္ခဲ့သည့္ ႏိုဝင္ဘာ ၁၃ ရက္ည ျဖန္႔က်က္ တိုက္ခုိက္မႈမ်ားအတြင္း လူေပါင္း ၁၂၉ ဦး ေသဆံုးကာ ၄၀၀ ေက်ာ္ ဒဏ္ရာရခဲ့သည္။ ၂၂၁ ဦးမွာ ေဆး႐ံုတြင္ ကုသမႈ ခံယူေနရဆဲျဖစ္ၿပီး ၅၇ ဦးသည္ အေျခအေန စိုးရိမ္ရသည့္ အေနအထားတြင္ ရွိေနသည္။ လံုၿခံဳေရး တပ္ဖြဲ႕မ်ား၏ တံု႔ျပန္မႈေၾကာင့္ အၾကမ္းဖက္သမား ၇ ဦးကို သုတ္သင္ႏုိင္ခဲ့ေသာ္လည္း အျခားေသာ ႀကံရာပါမ်ား လြတ္ေျမာက္ေနဆဲဟု ျပင္သစ္ အာဏာပိုင္မ်ားက ယံုၾကည္လ်က္ရွိသည္။
Ref: Daily Mail
..............................
ပါရီတိုက်ခိုက်မှု၏ အဓိက ညွှန်ကြားသူ ခိုအောင်းနေသည်ဟု ယူဆရသည့် တိုက်ခန်းကို ရဲတပ်ဖွဲ့စီးနင်း
Byဇွဲရဲဝင့်On Wed, 2015-11-18 16:30Issue No.No.921 Wednesday, November 18, 2015
ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော် မြောက်ပိုင်း ဆင်ခြေဖုံးရပ်ကွက် တစ်ခုတွင် ရဲတပ်ဖွဲ့က အကြမ်းဖက်သမားများ ခိုအောင်းနေသည်ဟု ယုံကြည်ရသည့် တိုက်ခန်းတစ်ခုကို ဝင်ရောက် စီးနင်းရာ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။
နိုဝင်ဘာ ၁၃ ရက်က ပါရီမြို့တော် အနှံ့တွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများနှင့် ဆက်နွှယ်နေပြီး ထွက်ပြေးလွတ်မြောက်သွားသည်ဟု ယူဆရသူများကို ပါရီရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
နိုဝင်ဘာ ၁၇ ရက် ညပိုင်းက စစ်ဆင်ရေးတွင် သံသယ တရားခံ အမျိုးသမီး တစ်ဦးမှာ အဖမ်းမခံဘဲ ဗုံးခါးပတ်ဖြင့် အသေခံ ဗုံးခွဲသွားခဲ့သည်။ ပြင်သစ် ရှေ့နေချုပ်ရုံးက အဆိုပါ ဖြစ်စဉ်တွင် သံသယတရားခံ နှစ်ဦး သေဆုံးပြီး ငါးဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ကြေညာသည်။
ပါရီရဲတပ်ဖွဲ့သည် အက်ဘ်ဒယ်လ်ဟာမစ်ဒ် အဘာရွတ်ဒ် အမည်ရှိ အမျိုးသား တစ်ဦးကို ဖမ်းဆီးနိုင်ရန် ဦးတည် ကြိုးစားခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် လူပေါင်း ၁၂၉ ဦးထက်မနည်း သေဆုံးခဲ့သည့် ပါရီ အကြမ်းဖက်မှုကြီးတွင် အဓိက စီမံခန့်ခွဲသူ အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) အဖွဲ့ဝင် တစ်ဦးဟု ယူဆရသည်။
စိန့်ဒင်းနစ် ရပ်ကွက်အတွင်းရှိ တိုက်ခန်းကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းရန် ကြိုးပမ်းစဉ်တွင် အနီးအနား ဧရိယာများရှိ လမ်းများကို ပိတ်ဆို့ထားလိုက်သည်။ စစ်ဆင်ရေးတွင် စစ်သားများက ထရပ်ကားများဖြင့် ရောက်လာပြီး လက်နက်ကိုင် ရဲတပ်ဖွဲ့ဝင်များကို အားဖြည့် ကူညီခဲ့ကြသည်။
“ပစ်သံခတ်သံတွေ ဆက်တိုက်ဆက်တိုက် ကြားနေခဲ့ရတယ်။ ဗြောက်အိုးဖောက်နေသလိုပဲ။ ခဏလောက် အသံတိတ်သွားတာလေးတော့ ရှိတယ်။ ပြီးရင် သေနတ်သံတွေ တဖြောက်ဖြောက် ပြန်ပြီး ထွက်လာတာပါပဲ”ဟု စိန့်ဒင်းနစ်တွင် နေထိုင်သူ ဘန်ဆန်ဟွိုင်းက ပြောကြားခဲ့သည်။
အခြား မျက်မြင်တစ်ဦးဖြစ်သည့် အေမိုင် ဂီဇာနီက အော်တိုမက်တစ် မောင်းပြန်ရိုင်ဖယ်သေနတ် ပစ်ခတ်သံများအပြင် ဗုံးပေါက်ကွဲသည့် အသံများကိုပါ ကြားရကြောင်း ဆိုသည်။ “တစ်နာရီလောက်ကြာအောင် ပစ်ခတ်နေကြတာ။ လက်ပစ်ဗုံးတွေလည်း သုံးကြတယ်။ AK သေနတ်အသံတွေ ဆက်တိုက်ကြားလိုက်၊ ခဏနားလိုက်နဲ့ တော်တော်ကြီး ကြာတယ်”ဟု ၎င်းက AFPသို့ ပြောဆိုခဲ့သည်။
စစ်ဆင်ရေးနှင့် ပတ်သက်၍ အသေအပျောက် စာရင်းဖော်ပြမှုများမှာ ကွဲပြားချက်များ ရှိနေဆဲ ဖြစ်သည်။ အဆိုပါ စီးနင်းမှုတွင် ရဲတပ်ဖွဲ့ဝင် အချို့လည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။
အသက် ၂၇ နှစ် အရွယ်ရှိပြီး ဘယ်လ်ဂျီယံ နိုင်ငံသားအဖြစ် ခံယူထားသည့် မော်ရိုကို နွယ်ဖွား အဘာရွတ်ဒ်သည် စိန့်ဒင်းနစ်တွင် ခိုအောင်းနေသည်ဟု ပါရီရဲတပ်ဖွဲ့က ယုံကြည်နေသည်။ ယခုဖမ်းဆီးမှုတွင် ၎င်းကို ထိန်းသိမ်းနိုင်ခြင်း ရှိမရှိ အတိအကျ မသိရသေးဘဲ သတင်းအချို့က အဘာရွတ်ဒ်သည် တိုက်ခန်းထဲတွင် ချောင်ပိတ် ခုခံနေဆဲဟု ဖော်ပြခဲ့သည်။ ထို့အပြင် အသေခံ ဗုံးခွဲသွားသည့် အမျိုးသမီးသည် ၎င်း၏ ဇနီးဟုလည်း ဆိုသည်။ ဗီဒီယို မှတ်တမ်းများကို အခြေခံ လေ့လာပြီးနောက် ပါရီတိုက်ခိုက်မှုတွင် အနည်းဆုံး အကြမ်းဖက်သမား ၉ ဦးထိ ပါဝင်ခဲ့ကြောင်း ရဲများက ယူဆထားသည်။
တစ်ပြိုင်တည်းနီးပါး စတင်ခဲ့သည့် နိုဝင်ဘာ ၁၃ ရက်ည ဖြန့်ကျက် တိုက်ခိုက်မှုများအတွင်း လူပေါင်း ၁၂၉ ဦး သေဆုံးကာ ၄၀၀ ကျော် ဒဏ်ရာရခဲ့သည်။ ၂၂၁ ဦးမှာ ဆေးရုံတွင် ကုသမှု ခံယူနေရဆဲဖြစ်ပြီး ၅၇ ဦးသည် အခြေအနေ စိုးရိမ်ရသည့် အနေအထားတွင် ရှိနေသည်။ လုံခြုံရေး တပ်ဖွဲ့များ၏ တုံ့ပြန်မှုကြောင့် အကြမ်းဖက်သမား ရ ဦးကို သုတ်သင်နိုင်ခဲ့သော်လည်း အခြားသော ကြံရာပါများ လွတ်မြောက်နေဆဲဟု ပြင်သစ် အာဏာပိုင်များက ယုံကြည်လျက်ရှိသည်။
Ref: Daily Mail
http://www.7daydaily.com/story/51240