By
ရွားေတာဆိုသည့္အမည္က ၿပီးခဲ့သည့္ လပိုင္း မတုိင္မီထိ ကြၽန္ေတာ့္အတြက္ ရင္းရင္းႏွီးႏွီး သိပ္မရွိလွ။ ၾသဂုတ္အေစာပိုင္းတုန္းက သမၼတ႐ံုးဝန္ႀကီး ဦးေအာင္မင္းတစ္ေယာက္ ရွားေတာတြင္ေရြးေကာက္ပြဲဝင္မည္ဟု ေၾကညာခဲ့ရာမွ ရွားေတာကို စ၍ စိတ္ဝင္စားခဲ့သည္။
အင္တာနက္ေပၚလွန္ေလွာ ရွာျပန္ေတာ့လည္း သတင္းအ ခ်က္အလက္မ်ားမ်ား မရခဲ့။ အြန္လုိင္းစြယ္စံုက်မ္းဝီကီပီးဒီးယားတြင္မူ ‘‘ရွားေတာၿမိဳ႕သည္ ကယားျပည္နယ္အတြင္းမွ ၿမိဳ႕ျဖစ္ၿပီးျမန္မာျပည္အေရွ႕ပိုင္းတြင္ တည္ရွိ သည္’’ဟု ခပ္တိုတို ေရးထား သည့္ စာတစ္ေၾကာင္းသာ ေတြ႕ရ သည္။
သို႔ျဖင့္ ေရြးေကာက္ပြဲအၿပီး ႏွစ္ရက္အၾကာ ႏိုဝင္ဘာ ၁၀ ရက္တြင္ မိတ္ေဆြအခ်ိဳ႕၏အကူ အညီျဖင့္ အျခားသတင္းသမား မ်ားႏွင့္အတူ ရွားေတာသို႔ သြားရန္ အခြင့္အေရးတစ္ခုရခဲ့သည္။
ခရီးလမ္းက ႏုိင္ငံအေရွ႕ပိုင္း ကယားျပည္နယ္၏ၿမိဳ႕ေတာ္လိြဳင္ ေကာ္မွ အေရွ႔တည့္တည့္သို႔ ကားျဖင့္ သံုးနာရီသာသာ သြားရမည္။
လမ္းက ရွမ္းကုန္းျပင္ျမင့္ႏွင့္ ဆက္ေနသည့္ အေရွ႕ဘက္ ေတာင္တန္းႀကီးေပၚတြင္ ေဖာက္ လုပ္ထားၿပီး အခ်ိဳ႕ေတာင္ကုန္း မ်ားက ပုပၸားေတာင္ထက္ပင္ ျမင့္ မား သည္။ ေတာင္မ်ား၏အျမင့္က ပင္လယ္ေရ မ်က္ႏွာျပင္ထက္ အျမင့္ေပ ၃,၀၀၀ မွ ၆,၀၀၀ ေလာက္အထိ ျမင့္ၿပီး မုိးေပၚထုိး ထြက္ေနသည္။
အေကြ႕အေကာက္ေပါင္း မ်ားစြာကို ေက်ာ္ျဖတ္ၿပီး ေနာက္ ဆံုးတြင္ ေတာင္တန္းမ်ားအၾကားရွိ ေျမျပန္႔လြင္ျပင္ေပၚ ၿမိဳ႕တည္ထားသည့္ ရွားေတာသို႔ေရာက္ရွိခဲ့ၿပီျဖစ္သည္။
ၿမိဳ႕ထဲတြင္ေတာ့ ဒူးခါင္း၌ ႀကိဳးမ်ားပတ္ထားၿပီး ေရာင္စံုဆြဲ ပုတီးမ်ားဆြဲထားသည့္ ဒူးႀကီး အမ်ိဳးသမီးမ်ား၊ ကယား၊ ကယန္း လူမ်ိဳးမ်ား၊ ရွမ္းႏွင့္ ကရင္ႏြယ္ဖြားမ်ားက ၿမိဳ႕တြင္းလမ္းမမ်ားေပၚ ဥဒဟို သြားလာေနၾကသည္။
မ်ိဳးႏြယ္စုမ်ား၊ အသားအ ေရာင္မ်ားႏွင့္ ဘာသာစကားကြဲ ျပားမႈမ်ားျဖင့္ ျပည့္ေနသည့္ရွား ေတာတြင္ တူညီသည့္ အရာတစ္ခု ေတာ့ရွိသည္။ ထိုသည္က ၿမိဳ႕အ ဝင္လမ္းမေပၚတြင္ ဖြင့္လွစ္ထား သည့္ ပရဟိတေဆးခန္းအေပၚ သေဘာထားပင္ျဖစ္သည္။
အျဖဴေရာင္အဝုိင္းေပၚတြင္ ၾကက္ေျခနီတံဆိပ္တစ္ခု႐ိုက္ႏွိပ္ ထားၿပီး ‘ပရဟိတ’ဟုအမည္ေပး ထားသည့္ ေဆးခန္းက ေဒသခံမ်ားအၾကားတြင္ နာမည္ေကာင္းျဖင့္ ေက်ာ္ၾကားသည့္ ေဆးခန္းတစ္ခု ျဖစ္သည္။
ဆိုင္းဘုတ္၏ ေအာက္နား တြင္ ေရးထားသည္က ‘‘အခမဲ့ ေဆးကုခန္း’’၊ ‘‘မည္သူမဆို အခ မဲ့ကုသႏိုင္သည္’’။ ေဒသခံေတြ နဲ႔ စကားစျမည္ေျပာၾကည့္ေတာ့ ေဆးခန္း၏မူဝါဒမ်ားက လူၾကား ေကာင္း႐ံုဟန္ျပ သက္သက္မ ဟုတ္ေၾကာင္း ေပၚလြင္လာသည္။
သည္ေဆးခန္းေပၚလာပံုက လည္း ပေဟဠိဆန္လွသည္။ မိုးဦး ကာလမွာ ႐ုတ္တရက္ ထြက္ေပၚ လာသည့္ မိႈပြင့္မ်ားလို ၿပီးခဲ့သည့္ ဇြန္လအတြင္းက ရွားေတာၿမိဳ႕ လယ္လမ္းမေပၚ ႐ုတ္တရက္ ေရာက္လာျခင္းျဖစ္သည္။
ရွားေတာမေရာက္ခင္တုန္း ကၿပီးခဲ့သည့္ ရက္ပိုင္းအတြင္း ၿပီး ဆံုးသြားသည့္ေရြးေကာက္ပြဲ၊ ေရွး ေခတ္႐ိုးရာအဝတ္အစားမ်ား ဆင္ ျမန္းေနဆဲျဖစ္သည့္ဌာေနတုိင္း ရင္းသားမ်ားႏွင့္ ျပည္တြင္းၿငိမ္း ခ်မ္းေရးအေၾကာင္းေရးဖို႔ ေတးထားခဲ့သည့္ ကြၽန္ေတာ့္စိတ္ကူး မ်ားကိုဖံုးလႊမ္းသြားသည္က ပရ ဟိတေဆးခန္း။
၂၀၁၄ သန္းေခါင္စာရင္း အရ လူဦးေရ ၇,၀၀၀ ေက်ာ္ရွိ ေသာ္လည္း ေလးပံုသံုးပံုမွာ ေက်း လက္ေဒသမ်ားတြင္ အေျခခ်ေနထုိင္သည့္ ရွားေတာကဲ့သို႔ နယ္ ၿမိဳ႕ေလးတြင္ အားအကိုးရဆံုး ေဆးခန္းေလးအေၾကာင္း စနည္း နာဖို႔ ႀကိဳးစားေတာ့သည္။
ပထမဆံုး ေျခလွမ္းအျဖစ္ ေဆးခန္း၏ေဘးတြင္ ဖြင့္ထား ေသာ စားေသာက္ဆုိင္၌ ေဆးခန္း အေၾကာင္း တီးေခါက္ၾကည့္သည္။ နယ္ၿမိဳ႕မ်ားတြင္ သတင္းစကားအစံုလင္ဆံုးက ေစ်းဆုိင္မ်ားပင္ မဟုတ္ပါေလာ။
ေစ်းဆုိင္ပိုင္ရွင္က ရွားေတာ ၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္အ မတ္အျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ သူ။ ဆုိင္ပိုင္ရွင္ ဦးစိုင္းအုန္းျမင့္ႏွင့္ မိနစ္အေတာ္ၾကာ စကားေျပာ ၾကည့္ေတာ့ သူကလည္း ေဆးခန္း အေပၚ ေပးသည့္အမွတ္က ရာႏႈန္း ျပည့္နီးပါးအေကာင္းခ်ည္း။
သူကိုယ္တိုင္ ေဆးဝါးကုသ မႈ မခံယူဖူးေသာ္လည္း ႀကံဳဖူးသမွ်ထဲတြင္ ဝန္ေဆာင္မႈအေကာင္း ဆံုး ေဆးကုခန္းဟု ခ်ီးက်ဴးသည္။
‘‘ေဆးဖိုး၊ ဆရာဝန္အားလံုး အလကားကို ကုေပးတာ။ ၂၄ နာရီပတ္လံုးႀကိဳက္တဲ့အခ်ိန္ လာကုရ တယ္။ အနီးအနားရြာေတြက လာ ပင့္ရင္လည္း အခ်ိန္မေရြးလိုက္ ေပးတယ္’’
ေဆးကုသစရိတ္၊ ေဆးဖိုး ဝါးခ ဘာတစ္ခုမွ် မကုန္။ ရာႏႈန္း ျပည့္အခမဲ့ျဖစ္ေသာေၾကာင့္ အခ်ိန္တိုအတြင္း လူသိမ်ားလာ သည့္အေၾကာင္းလည္း ‘ပရဟိတ’ ေဆးခန္းႏွင့္ ၿခံစည္း႐ိုးတစ္ခုသာ ျခားသည့္ အိမ္၌ ေနထုိင္သည့္ ဦးစိုင္းအုန္းျမင့္က ေျပာသည္။
‘ပရဟိတ’ေဆးခန္းမွာ ကု သ၍ ခဲယဥ္းၿပီး ပိုမို႐ႈပ္ေထြးေသာ ေရာဂါခံစားေနရသူမ်ားအတြက္ ေတာ့ လိြဳင္ေကာ္ေဆး႐ံုကို လႊဲေပး သည္။ လူနာကို ဆရာဝန္ကိုယ္ တုိင္ ရွားေတာႏွင့္ မုိင္ ၄၀ ေက်ာ္ ေဝးသည့္ လိြဳင္ေကာ္ေဆး႐ံုကို ပို႔ ေပးသည္။ သည့္အတြက္ ေငြေၾကးတစ္ျပားတစ္ခ်ပ္မွ မကုန္ေၾကာင္းေဒသခံေတြက ဆိုသည္။
သည္လိုႏွင့္ လူနာဒါဇင္ ေပါင္းမ်ားစြာကို အသက္ဆက္ ေအာင္ ေဆးခန္းက ကူညီေပးခဲ့ သည္။ ေဆးခန္းထိုင္သည့္ဆရာ ဝန္ကလည္း ရန္ကုန္က အထူးကု ေဆးခန္းေတြမွာ ေတြ႕ရေလ့ရွိ သည့္ အၿမဲတမ္း အလုပ္မ်ားေန ေသာဆရာဝန္မ်ားကဲ့သို႔ လူနာကို ငါးမိနစ္ေလာက္သာ အခ်ိန္ေပးသူ မဟုတ္။ ရည္မြန္ယဥ္ေက်းၿပီး စိတ္ရွည္သူ။
တစ္သက္ႏွင့္ တစ္ကိုယ္မ ႀကံဳဖူးသည့္ အခမဲ့က်န္းမာေရးဝန္ ေဆာင္မႈေၾကာင့္ ‘ပရဟိတ’ေဆး ခန္းနာမည္ႀကီးသြားပံုက ၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ံုသို႔ သြားျပေလ့ရွိ သည့္ လူနာမ်ားကိုယ္တုိင္ ေဆး႐ံုေရွ႕ေက်ာ္သြားၾကၿပီးေနာက္ တစ္လမ္းဆီဆက္ေလွ်ာက္ကာ ‘ပရ ဟိတ’ဆီ လာခဲ့ၾကသည္။
၂×၁ လက္မ တိုင္ႏွစ္တုိင္အၾကားစိုက္ထားသည့္ ဗီႏိုင္းဆုိင္းဘုတ္ေပၚတြင္ ေရးထားသည္က ‘‘ဦးေအာင္မင္း’’‘‘တစ္သီးပုဂၢလ’’။ အဲဒီစာႏွစ္ေၾကာင္းေဘးတြင္ စပါး ႏွံကိုက္ခ်ီၿပီး ပ်ံသန္းေနသည့္ခ်ိဳး ငွက္တစ္ေကာင္။
ဆုိင္းဘုတ္အေပၚပိုင္းတြင္ ေတာ့ တိုင္းရင္းသားလက္နက္ ကိုင္အဖြဲ႕ေခါင္းေဆာင္မ်ားႏွင့္ ဦး ေအာင္မင္းတို႔ တြဲ႐ိုက္ထားသည့္ ဓာတ္ပံုကို ဗီႏိုင္းစေပၚ၌ ႐ိုက္ႏွိပ္ ထားသည္။
ေဒသခံမ်ားအၾကားတြင္ ေတာ့ ထုိေဆးခန္းေလးသည္ ဦးေအာင္မင္းအကူအညီျဖင့္ ဖြင့္ထားေသာေဆးခန္းအျဖစ္ လူသိ မ်ားသည္။
သမၼတ႐ုံး၀န္ႀကီး ဦးေအာင္ မင္းက ရွားေတာတြင္ အမ်ဳိးသား လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ ၂၀၁၅ ေရြးေကာက္ပဲြ၌ တစ္သီးပုဂၢလ၀င္ေရာက္ယွဥ္ၿပိဳင္ရန္ စာ ရင္းေပးထားသူ ျဖစ္သည္။
ေဒသခံမ်ား သေဘာေပါက္ ထားသည့္ ကပရဟိတေဆးခန္း မွာ ေရြးေကာက္ပဲြႏွင့္မသက္ဆုိင္။ ႏုိ၀င္ဘာ ၈ ရက္တြင္ ရလဒ္မည္သို႔ ထြက္ေစကာမူ နာမက်န္းျဖစ္တုိင္း ေဆးခန္းေလးကေတာ့ ပုံမွန္ေဆး ၀ါးကုသမႈေပးမည္ဟု ယူဆထား ၾကသည္။
ဦးေအာင္မင္းစည္း႐ုံးေရး စဆင္းရန္ ရွားေတာသို႔ေရာက္လာ ခ်ိန္တြင္ေတာ့ ပရဟိတေဆးခန္း ေလးဖြင့္ထားသည့္ အိမ္မွာစ တည္းခ်သည္။
ဦးေအာင္မင္း မဲဆြယ္ရန္ ရွားေတာသို႔ ေရာက္ရွိခ်ိန္တြင္ ပရဟိတေဆးခန္းေလးသည္ ေနာက္တစ္ေနရာ ေျပာင္းျပန္သည္။ ပိုမိုက်ယ္၀န္းၿပီး လူနာမ်ားအတြက္ သက္ေသာင့္သက္သာရွိလွေသာ ေနရာသစ္ဆီသို႔။ ေနရာသစ္ကဦးေအာင္မင္း စတည္းခ်သည့္ အိမ္ႏွင့္ကပ္လ်က္။
ေနရာအေျပာင္းအလဲ ျဖစ္ ခဲ့ေသာ္လည္း ေဆးခန္းေလးအ ေပၚ လူေတြအားကိုးယုံၾကည္မႈက ေတာ့ မေျပာင္းလဲခဲ့ဟု ပတ္၀န္း က်င္ရွိ ေဒသခံမ်ားက ေျပာသည္။ လူနာရွင္အခ်ဳိ႕ အထင္လဲြမႈအခ်ဳိ႕ ရွိခဲ့သည့္တုိင္ ေဆးခန္းေလးအ ေပၚ လူထု၏အားကိုးမႈက ေလ်ာ့ မသြားခဲ့။
သည္လိုႏွင့္ ေန႔ေတြ၊ ရက္ ေတြၾကာလာၿပီး ႏုိ၀င္ဘာ ၈ ရက္ ဆီ ေရာက္လာခဲ့သည္။ သမုိင္း ၀င္ေရြးေကာက္ပဲြ မဲထည့္မည့္ သူ မ်ားကလည္း ပရဟိတေဆးခန္း ေလး ေရွ႕က ျဖတ္သန္းၿပီး မဲ႐ုံဆီ သြားခဲ့ၾကသည္။
မဲ႐ုံတြင္ အနီကို ေထာက္ခံသူမ်ားရွိသကဲ့သို႔ အစိမ္းကို ေထာက္ခံသူမ်ားလည္း ရွိသည္။ ၿငိမ္းခ်မ္းေရး၀န္ႀကီးဟု ေဒသခံမ်ား ၾကားနာမည္ႀကီးသည့္ ဦးေအာင္မင္း၏ အမည္ေဘးတြင္ ေထာက္ခံမဲ႐ုိက္ႏွိပ္သူမ်ားရွိသလို လူမ်ဳိးစုပါတီမ်ားမွ အမတ္ေလာင္းမ်ားကို အားေပးသူမ်ားလည္း ရွိခဲ့သည္။
မဲေပးသည့္ေန႔က ရွားေတာ သည္လည္း ျမန္မာႏုိင္ငံတြင္းရွိ အျခားၿမိဳ႕မ်ားလုိပင္။ လုပ္ငန္းခြင္ ကိုယ္စီ၀င္ၾကသူမ်ားလည္း ရွိ သလို ေရြးေကာက္ပဲြအေၾကာင္း ေစာင့္ၾကည့္ေဟာကိန္းထုတ္သူ မ်ားလည္း ရွိခဲ့သည္။
ေဒသခံမ်ားၾကားတြင္ေတာ့ အႏုိင္၊ အ႐ႈံးက ခန္႔မွန္းရခက္ ေနဆဲ။ ဦးေအာင္မင္းသည္ အစိုးရအဖဲြ႕အတြင္းမွ ထိပ္တန္း၀န္ႀကီး တစ္ဦးျဖစ္ၿပီး ျပည္ေထာင္စုၾကံ႕ ခုိင္ေရးႏွင့္ ဖံြ႕ၿဖိဳးေရးပါတီထိပ္ ပိုင္း ေခါင္းေဆာင္မ်ားက သေဘာမတူသည့္တုိင္ ေရြးေကာက္ပဲြ၀င္ ရန္ ရွားေတာသုိ႔ အေရာက္လာခဲ့ သူျဖစ္ေသာေၾကာင့္ အႏုိင္ရႏုိင္ သည့္ စာရင္းတြင္ ထိပ္ဆုံးက ေျပးခဲ့သည္။
ထို႔အျပင္ ၂၀၁၀ ေရြး ေကာက္ပဲြတြင္ အႏုိင္ရခဲ့ေသာ ျပည္ေထာင္စုၾကံ႕ခိုင္ေရးႏွင့္ ဖံြ႕ ၿဖိဳးေရးပါတီမွ ဦးေဌးရယ္သည္ လည္း အဆုိပါေဒသတြင္ အရွိန္ အ၀ါႀကီးသူတစ္ဦး ျဖစ္ခဲ့သည္။
ထို႔အျပင္ ၂၀၁၀ ေရြး ေကာက္ပဲြတြင္ အႏုိင္ရခဲ့ေသာ ျပည္ေထာင္စုၾကံ႕ခိုင္ေရးႏွင့္ ဖံြ႕ ၿဖိဳးေရးပါတီမွ ဦးေဌးရယ္သည္ လည္း အဆုိပါေဒသတြင္ အရွိန္ အ၀ါႀကီးသူတစ္ဦး ျဖစ္ခဲ့သည္။
အျခား ၿပိဳင္ဘက္မ်ားျဖစ္ ေသာ ကယားလူမ်ဳိးစုဒီမုိကေရစီ ပါတီႏွင့္ လူမ်ဳိးေပါင္းစုံဒီမုိကေရစီ ပါတီ(ကယားျပည္နယ္)မွ ကိုယ္ စားလွယ္မ်ားသည္လည္း ၎တုိ႔ ႏွစ္ဦးကို စိန္ေခၚႏိုင္သည့္စြမ္းရည္ ကိုယ္စီရွိၾကသည္။
အျခားတစ္ဦးက အမ်ဳိးသားဒီမုိကေရစီအဖဲြ႕ခ်ဳပ္မွ ဦးေအာင္ ေက်ာ္စုိး။
ရွားေတာရွိ မဲ႐ုံမ်ားမွ မဲမ်ား ကို ကနဦးေရတြက္ေနခ်ိန္အထိ အျဖဴ၊ အမည္း မသဲကြဲေသး။ သုိ႔ေသာ္လည္း အေျခအေနအ ေကာင္းဆုံးက ဦးေအာင္မင္းႏွင့္ အမ်ဳိး သားဒီမုိကေရစီအဖဲြ႕ခ်ဳပ္မွ ဦးေအာင္ေက်ာ္စိုးတုိ႔ ျဖစ္သည္။
သည္လုိျဖင့္ ေရြးေကာက္ပဲြအၿပီး ေနာက္ႏွစ္ရက္အၾကာ ႏုိ၀င္ဘာ ၁၀ ရက္တြင္ေတာ့ အႏုိင္၊ အ႐ႈံးရလဒ္ကို ျပည္နယ္ေရြးေကာက္ပဲြေကာ္မရွင္က အတည္ျပဳေပးခဲ့ သည္။ အႏုိင္ရသူက ေဒသခံမ်ား အၾကား ‘‘ဆယ္ဘူးထူး ဖေရး’’ပါ တီမွဟု လူသိမ်ားသည့္ ဦးေအာင္ ေက်ာ္စိုးပင္ ျဖစ္သည္။
ရွားေတာတြင္ အမ်ဳိးသားဒီ မုိကေရစီအဖဲြ႕ခ်ဳပ္ကို ကယန္းတုိင္း ရင္းသားမ်ားက ‘‘ဆယ္ဘူးထူးဖေရး’’ ဟု သိၾကသည္။ အဓိပၸာယ္က ‘‘ၾကယ္ျဖဴႏွင့္ ခြပ္ေဒါင္း’’။
ႏုိင္ငံေရး အက်ဥ္းသား ေဟာင္းႏွင့္ ေက်ာင္းသားေတာ္ လွန္ေရးအဖဲြ႕၀င္ေဟာင္း ဦး ေအာင္ေက်ာ္စုိးသည္ ဦးေအာင္ မင္းကို မဲႏွစ္ဆနီးပါး အသာရကာ အႏုိင္ရခဲ့ျခင္း ျဖစ္သည္။
ထိုေန႔တြင္ ရွားေတာကုိ ေရာက္ေတာ့ ဦးေအာင္မင္းတည္း ခိုခဲ့သည့္ အိမ္ကတံခါးပိတ္လ်က္ သားၿခံထဲတြင္ တပ္ထားသည့္ စ ကိုင္းနက္႐ုပ္သံဖမ္းစက္ႏွင့္ အင္ တာနက္အသုံးျပဳႏုိင္သည့္ ဖုန္း လိုင္းတစ္ခုကို လူငယ္အခ်ဳိ႕က ျဖဳတ္သိမ္းလ်က္ ရွိသည္။
ဦးေအာင္မင္း စတည္းခ် ခဲ့သည့္ အိမ္ေဘးသို႔ ေျပာင္းလဲဖြင့္ လွစ္ထားသည့္ ေဆးခန္းသည္လည္း ေရြးေကာက္ပဲြ ရလဒ္ထြက္ လာၿပီးသည့္ေနာက္ ကုသမႈမ်ား႐ုတ္တရက္ ရပ္ဆုိင္းသြားခဲ့သည္။ ေဆးခန္းမွ ဆရာ၀န္သည္လည္း ဦးေအာင္မင္းႏွင့္ မေရွးမေႏွာင္း ရွားေတာမွ ထြက္သြားခဲ့သည္။
ရွားေတာမွ ပရဟိတေဆး ခန္းအေၾကာင္းကို ၀န္ႀကီး ဦးေအာင္မင္းႏွင့္ ႏို၀င္ဘာ ၁၇ ရက္က ေန ျပည္ေတာ္တြင္ ေတြ႕ဆံုခိုက္ေမး ျမန္းရန္ ႀကိဳးပမ္းခဲ့ေသာ္လည္း ေမးျမန္းခြင့္မရခဲ့ပါ။ ရွားေတာတြင္ ထုိေဆးခန္း၏သက္တမ္း မွာ ငါးလေက်ာ္သာ ၾကာျမင့္ခဲ့ပါ သည္။
‘‘ကြၽန္ေတာ္တို႔ သေဘာ ေပါက္ထားတာက ေရြးေကာက္ ပဲြ ရလဒ္ဘယ္လိုျဖစ္ျဖစ္ ေဆးခန္း က ေနာက္ေျခာက္လအထိ ရွိေန မယ္လို႔ပဲ’’ဟု ရွားေတာေဒသခံ တစ္ဦးက ေျပာသည္။
ေရြးေကာက္ပဲြ ရလဒ္အတည္ျဖစ္ခဲ့သည့္ ႏုိ၀င္ဘာ ၁၀ ရက္ ညေနတြင္ ဖ်ားနာေနေသာ ကေလးငယ္ကို ရင္၀ယ္ပိုက္ထားၿပီး ေဆးခန္းမဖြင့္ေတာ့ေသာေၾကာင့္ စိတ္ပ်က္လက္ပ်က္ျပန္လာသည့္ အမ်ဳိးသမီးတစ္ဦးႏွင့္ ဆုံခဲ့ရသည္။
‘‘ေဆးခန္းက ေနာက္ႏွစ္ ပတ္ေလာက္မွ ျပန္ဖြင့္မယ္ေျပာ တယ္’’ဟု အဆုိပါ အမ်ဳိးသမီးက ေျပာသည္။
ယခုေတာ့ ရွားေတာတြင္ နာမည္ေကာင္းျဖင့္ ေက်ာ္ၾကား သည့္ ‘ပရဟိတက’ေဆးခန္း ေလးသည္ ပါးစပ္ရာဇ၀င္အျဖစ္ သာ ရွိေတာ့သည္။
ေဆးခန္းႏွင့္ပတ္သက္၍ က်န္ရစ္ခဲ့သည္ တစ္ခုတည္းေသာ အရာ၀တၳဳပစၥည္းက လူနာခုတင္ ကို ကာထားသည့္ လုိက္ကာေလး တစ္ခ်ပ္သာ။
...............................
ရွေးကောက်ပွဲအပြီး ပျောက်ကွယ်သွားသော ရှားတော ‘ပရဟိတ’ဆေးခန်း
Byထွန်းခိုင်On Wed, 2015-11-18 11:05Issue No.No.921 Wednesday, November 18, 2015
ရွေးကောက်ပွဲမတိုင်ခင်က မြင်တွေ့ရသည့် ရှားတောပရဟိတဆေးခန်း
ရှားတောဆိုသည့်အမည်က ပြီးခဲ့သည့် လပိုင်း မတိုင်မီထိ ကျွန်တော့်အတွက် ရင်းရင်းနှီးနှီး သိပ်မရှိလှ။ သြဂုတ်အစောပိုင်းတုန်းက သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတစ်ယောက် ရှားတောတွင်ရွေးကောက်ပွဲဝင်မည်ဟု ကြေညာခဲ့ရာမှ ရှားတောကို စ၍ စိတ်ဝင်စားခဲ့သည်။
အင်တာနက်ပေါ်လှန်လှော ရှာပြန်တော့လည်း သတင်းအ ချက်အလက်များများ မရခဲ့။ အွန်လိုင်းစွယ်စုံကျမ်းဝီကီပီးဒီးယားတွင်မူ ‘‘ရှားတောမြို့သည် ကယားပြည်နယ်အတွင်းမှ မြို့ဖြစ်ပြီးမြန်မာပြည်အရှေ့ပိုင်းတွင် တည်ရှိ သည်’’ဟု ခပ်တိုတို ရေးထား သည့် စာတစ်ကြောင်းသာ တွေ့ရ သည်။
သို့ဖြင့် ရွေးကောက်ပွဲအပြီး နှစ်ရက်အကြာ နိုဝင်ဘာ ၁၀ ရက်တွင် မိတ်ဆွေအချို့၏အကူ အညီဖြင့် အခြားသတင်းသမား များနှင့်အတူ ရှားတောသို့ သွားရန် အခွင့်အရေးတစ်ခုရခဲ့သည်။
ခရီးလမ်းက နိုင်ငံအရှေ့ပိုင်း ကယားပြည်နယ်၏မြို့တော်လွိုင် ကော်မှ အရှေ့တည့်တည့်သို့ ကားဖြင့် သုံးနာရီသာသာ သွားရမည်။
လမ်းက ရှမ်းကုန်းပြင်မြင့်နှင့် ဆက်နေသည့် အရှေ့ဘက် တောင်တန်းကြီးပေါ်တွင် ဖောက် လုပ်ထားပြီး အချို့တောင်ကုန်း များက ပုပ္ပားတောင်ထက်ပင် မြင့် မား သည်။ တောင်များ၏အမြင့်က ပင်လယ်ရေ မျက်နှာပြင်ထက် အမြင့်ပေ ၃,၀၀၀ မှ ၆,၀၀၀ လောက်အထိ မြင့်ပြီး မိုးပေါ်ထိုး ထွက်နေသည်။
အကွေ့အကောက်ပေါင်း များစွာကို ကျော်ဖြတ်ပြီး နောက် ဆုံးတွင် တောင်တန်းများအကြားရှိ မြေပြန့်လွင်ပြင်ပေါ် မြို့တည်ထားသည့် ရှားတောသို့ရောက်ရှိခဲ့ပြီဖြစ်သည်။
မြို့ထဲတွင်တော့ ဒူးခါင်း၌ ကြိုးများပတ်ထားပြီး ရောင်စုံဆွဲ ပုတီးများဆွဲထားသည့် ဒူးကြီး အမျိုးသမီးများ၊ ကယား၊ ကယန်း လူမျိုးများ၊ ရှမ်းနှင့် ကရင်နွယ်ဖွားများက မြို့တွင်းလမ်းမများပေါ် ဥဒဟို သွားလာနေကြသည်။
မျိုးနွယ်စုများ၊ အသားအ ရောင်များနှင့် ဘာသာစကားကွဲ ပြားမှုများဖြင့် ပြည့်နေသည့်ရှား တောတွင် တူညီသည့် အရာတစ်ခု တော့ရှိသည်။ ထိုသည်က မြို့အ ဝင်လမ်းမပေါ်တွင် ဖွင့်လှစ်ထား သည့် ပရဟိတဆေးခန်းအပေါ် သဘောထားပင်ဖြစ်သည်။
အဖြူရောင်အဝိုင်းပေါ်တွင် ကြက်ခြေနီတံဆိပ်တစ်ခုရိုက်နှိပ် ထားပြီး ‘ပရဟိတ’ဟုအမည်ပေး ထားသည့် ဆေးခန်းက ဒေသခံများအကြားတွင် နာမည်ကောင်းဖြင့် ကျော်ကြားသည့် ဆေးခန်းတစ်ခု ဖြစ်သည်။
ဆိုင်းဘုတ်၏ အောက်နား တွင် ရေးထားသည်က ‘‘အခမဲ့ ဆေးကုခန်း’’၊ ‘‘မည်သူမဆို အခ မဲ့ကုသနိုင်သည်’’။ ဒေသခံတွေ နဲ့ စကားစမြည်ပြောကြည့်တော့ ဆေးခန်း၏မူဝါဒများက လူကြား ကောင်းရုံဟန်ပြ သက်သက်မ ဟုတ်ကြောင်း ပေါ်လွင်လာသည်။
သည်ဆေးခန်းပေါ်လာပုံက လည်း ပဟေဠိဆန်လှသည်။ မိုးဦး ကာလမှာ ရုတ်တရက် ထွက်ပေါ် လာသည့် မှိုပွင့်များလို ပြီးခဲ့သည့် ဇွန်လအတွင်းက ရှားတောမြို့ လယ်လမ်းမပေါ် ရုတ်တရက် ရောက်လာခြင်းဖြစ်သည်။
ရှားတောမရောက်ခင်တုန်း ကပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပြီး ဆုံးသွားသည့်ရွေးကောက်ပွဲ၊ ရှေး ခေတ်ရိုးရာအဝတ်အစားများ ဆင် မြန်းနေဆဲဖြစ်သည့်ဌာနေတိုင်း ရင်းသားများနှင့် ပြည်တွင်းငြိမ်း ချမ်းရေးအကြောင်းရေးဖို့ တေးထားခဲ့သည့် ကျွန်တော့်စိတ်ကူး များကိုဖုံးလွှမ်းသွားသည်က ပရ ဟိတဆေးခန်း။
၂၀၁၄ သန်းခေါင်စာရင်း အရ လူဦးရေ ရ,၀၀၀ ကျော်ရှိ သော်လည်း လေးပုံသုံးပုံမှာ ကျေး လက်ဒေသများတွင် အခြေချနေထိုင်သည့် ရှားတောကဲ့သို့ နယ် မြို့လေးတွင် အားအကိုးရဆုံး ဆေးခန်းလေးအကြောင်း စနည်း နာဖို့ ကြိုးစားတော့သည်။
ပထမဆုံး ခြေလှမ်းအဖြစ် ဆေးခန်း၏ဘေးတွင် ဖွင့်ထား သော စားသောက်ဆိုင်၌ ဆေးခန်း အကြောင်း တီးခေါက်ကြည့်သည်။ နယ်မြို့များတွင် သတင်းစကားအစုံလင်ဆုံးက စျေးဆိုင်များပင် မဟုတ်ပါလော။
စျေးဆိုင်ပိုင်ရှင်က ရှားတော မြို့နယ် ပြည်နယ်လွှတ်တော်အ မတ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ သူ။ ဆိုင်ပိုင်ရှင် ဦးစိုင်းအုန်းမြင့်နှင့် မိနစ်အတော်ကြာ စကားပြော ကြည့်တော့ သူကလည်း ဆေးခန်း အပေါ် ပေးသည့်အမှတ်က ရာနှုန်း ပြည့်နီးပါးအကောင်းချည်း။
သူကိုယ်တိုင် ဆေးဝါးကုသ မှု မခံယူဖူးသော်လည်း ကြုံဖူးသမျှထဲတွင် ဝန်ဆောင်မှုအကောင်း ဆုံး ဆေးကုခန်းဟု ချီးကျူးသည်။
‘‘ဆေးဖိုး၊ ဆရာဝန်အားလုံး အလကားကို ကုပေးတာ။ ၂၄ နာရီပတ်လုံးကြိုက်တဲ့အချိန် လာကုရ တယ်။ အနီးအနားရွာတွေက လာ ပင့်ရင်လည်း အချိန်မရွေးလိုက် ပေးတယ်’’
ဆေးကုသစရိတ်၊ ဆေးဖိုး ဝါးခ ဘာတစ်ခုမျှ မကုန်။ ရာနှုန်း ပြည့်အခမဲ့ဖြစ်သောကြောင့် အချိန်တိုအတွင်း လူသိများလာ သည့်အကြောင်းလည်း ‘ပရဟိတ’ ဆေးခန်းနှင့် ခြံစည်းရိုးတစ်ခုသာ ခြားသည့် အိမ်၌ နေထိုင်သည့် ဦးစိုင်းအုန်းမြင့်က ပြောသည်။
‘ပရဟိတ’ဆေးခန်းမှာ ကု သ၍ ခဲယဉ်းပြီး ပိုမိုရှုပ်ထွေးသော ရောဂါခံစားနေရသူများအတွက် တော့ လွိုင်ကော်ဆေးရုံကို လွှဲပေး သည်။ လူနာကို ဆရာဝန်ကိုယ် တိုင် ရှားတောနှင့် မိုင် ၄၀ ကျော် ဝေးသည့် လွိုင်ကော်ဆေးရုံကို ပို့ ပေးသည်။ သည့်အတွက် ငွေကြေးတစ်ပြားတစ်ချပ်မှ မကုန်ကြောင်းဒေသခံတွေက ဆိုသည်။
သည်လိုနှင့် လူနာဒါဇင် ပေါင်းများစွာကို အသက်ဆက် အောင် ဆေးခန်းက ကူညီပေးခဲ့ သည်။ ဆေးခန်းထိုင်သည့်ဆရာ ဝန်ကလည်း ရန်ကုန်က အထူးကု ဆေးခန်းတွေမှာ တွေ့ရလေ့ရှိ သည့် အမြဲတမ်း အလုပ်များနေ သောဆရာဝန်များကဲ့သို့ လူနာကို ငါးမိနစ်လောက်သာ အချိန်ပေးသူ မဟုတ်။ ရည်မွန်ယဉ်ကျေးပြီး စိတ်ရှည်သူ။
တစ်သက်နှင့် တစ်ကိုယ်မ ကြံုဖူးသည့် အခမဲ့ကျန်းမာရေးဝန် ဆောင်မှုကြောင့် ‘ပရဟိတ’ဆေး ခန်းနာမည်ကြီးသွားပုံက မြို့နယ် ပြည်သူ့ဆေးရုံသို့ သွားပြလေ့ရှိ သည့် လူနာများကိုယ်တိုင် ဆေးရုံရှေ့ကျော်သွားကြပြီးနောက် တစ်လမ်းဆီဆက်လျှောက်ကာ ‘ပရ ဟိတ’ဆီ လာခဲ့ကြသည်။
ဆေးခန်းဆိုင်းဘုတ်၏ရှေ့ ပေအနည်းငယ်အကွာမှာ နောက် ထပ်ဆိုင်းဘုတ်တစ်ခုထပ်ရှိသေး သည်။
၂×၁ လက်မ တိုင်နှစ်တိုင်အကြားစိုက်ထားသည့် ဗီနိုင်းဆိုင်းဘုတ်ပေါ်တွင် ရေးထားသည်က ‘‘ဦးအောင်မင်း’’‘‘တစ်သီးပုဂ္ဂလ’’။ အဲဒီစာနှစ်ကြောင်းဘေးတွင် စပါး နှံကိုက်ချီပြီး ပျံသန်းနေသည့်ချိုး ငှက်တစ်ကောင်။
ဆိုင်းဘုတ်အပေါ်ပိုင်းတွင် တော့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ခေါင်းဆောင်များနှင့် ဦး အောင်မင်းတို့ တွဲရိုက်ထားသည့် ဓာတ်ပုံကို ဗီနိုင်းစပေါ်၌ ရိုက်နှိပ် ထားသည်။
ဒေသခံများအကြားတွင် တော့ ထိုဆေးခန်းလေးသည် ဦးအောင်မင်းအကူအညီဖြင့် ဖွင့်ထားသောဆေးခန်းအဖြစ် လူသိ များသည်။
သမ္မတရုံးဝန်ကြီး ဦးအောင် မင်းက ရှားတောတွင် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၂၀၁၅ ရွေးကောက်ပွဲ၌ တစ်သီးပုဂ္ဂလဝင်ရောက်ယှဉ်ပြိုင်ရန် စာ ရင်းပေးထားသူ ဖြစ်သည်။
ဒေသခံများ သဘောပေါက် ထားသည့် ကပရဟိတဆေးခန်း မှာ ရွေးကောက်ပွဲနှင့်မသက်ဆိုင်။ နို၀င်ဘာ ၈ ရက်တွင် ရလဒ်မည်သို့ ထွက်စေကာမူ နာမကျန်းဖြစ်တိုင်း ဆေးခန်းလေးကတော့ ပုံမှန်ဆေး ၀ါးကုသမှုပေးမည်ဟု ယူဆထား ကြသည်။
ဦးအောင်မင်းစည်းရုံးရေး စဆင်းရန် ရှားတောသို့ရောက်လာ ချိန်တွင်တော့ ပရဟိတဆေးခန်း လေးဖွင့်ထားသည့် အိမ်မှာစ တည်းချသည်။
ဦးအောင်မင်း မဲဆွယ်ရန် ရှားတောသို့ ရောက်ရှိချိန်တွင် ပရဟိတဆေးခန်းလေးသည် နောက်တစ်နေရာ ပြောင်းပြန်သည်။ ပိုမိုကျယ်ဝန်းပြီး လူနာများအတွက် သက်သောင့်သက်သာရှိလှသော နေရာသစ်ဆီသို့။ နေရာသစ်ကဦးအောင်မင်း စတည်းချသည့် အိမ်နှင့်ကပ်လျက်။
နေရာအပြောင်းအလဲ ဖြစ် ခဲ့သော်လည်း ဆေးခန်းလေးအ ပေါ် လူတွေအားကိုးယုံကြည်မှုက တော့ မပြောင်းလဲခဲ့ဟု ပတ်ဝန်း ကျင်ရှိ ဒေသခံများက ပြောသည်။ လူနာရှင်အချို့ အထင်လွဲမှုအချို့ ရှိခဲ့သည့်တိုင် ဆေးခန်းလေးအ ပေါ် လူထု၏အားကိုးမှုက လျော့ မသွားခဲ့။
သည်လိုနှင့် နေ့တွေ၊ ရက် တွေကြာလာပြီး နို၀င်ဘာ ၈ ရက် ဆီ ရောက်လာခဲ့သည်။ သမိုင်း ၀င်ရွေးကောက်ပွဲ မဲထည့်မည့် သူ များကလည်း ပရဟိတဆေးခန်း လေး ရှေ့က ဖြတ်သန်းပြီး မဲရုံဆီ သွားခဲ့ကြသည်။
မဲရုံတွင် အနီကို ထောက်ခံသူများရှိသကဲ့သို့ အစိမ်းကို ထောက်ခံသူများလည်း ရှိသည်။ ငြိမ်းချမ်းရေးဝန်ကြီးဟု ဒေသခံများ ကြားနာမည်ကြီးသည့် ဦးအောင်မင်း၏ အမည်ဘေးတွင် ထောက်ခံမဲရိုက်နှိပ်သူများရှိသလို လူမျိုးစုပါတီများမှ အမတ်လောင်းများကို အားပေးသူများလည်း ရှိခဲ့သည်။
မဲပေးသည့်နေ့က ရှားတော သည်လည်း မြန်မာနိုင်ငံတွင်းရှိ အခြားမြို့များလိုပင်။ လုပ်ငန်းခွင် ကိုယ်စီဝင်ကြသူများလည်း ရှိ သလို ရွေးကောက်ပွဲအကြောင်း စောင့်ကြည့်ဟောကိန်းထုတ်သူ များလည်း ရှိခဲ့သည်။
ဒေသခံများကြားတွင်တော့ အနိုင်၊ အရှုံးက ခန့်မှန်းရခက် နေဆဲ။ ဦးအောင်မင်းသည် အစိုးရအဖွဲ့အတွင်းမှ ထိပ်တန်းဝန်ကြီး တစ်ဦးဖြစ်ပြီး ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီထိပ် ပိုင်း ခေါင်းဆောင်များက သဘောမတူသည့်တိုင် ရွေးကောက်ပွဲဝင် ရန် ရှားတောသို့ အရောက်လာခဲ့ သူဖြစ်သောကြောင့် အနိုင်ရနိုင် သည့် စာရင်းတွင် ထိပ်ဆုံးက ပြေးခဲ့သည်။
ထို့အပြင် ၂၀၁၀ ရွေး ကောက်ပွဲတွင် အနိုင်ရခဲ့သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီမှ ဦးဌေးရယ်သည် လည်း အဆိုပါဒေသတွင် အရှိန် အဝါကြီးသူတစ်ဦး ဖြစ်ခဲ့သည်။
အခြား ပြိုင်ဘက်များဖြစ် သော ကယားလူမျိုးစုဒီမိုကရေစီ ပါတီနှင့် လူမျိုးပေါင်းစုံဒီမိုကရေစီ ပါတီ(ကယားပြည်နယ်)မှ ကိုယ် စားလှယ်များသည်လည်း ၎င်းတို့ နှစ်ဦးကို စိန်ခေါ်နိုင်သည့်စွမ်းရည် ကိုယ်စီရှိကြသည်။
အခြားတစ်ဦးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးအောင် ကျော်စိုး။
ရှားတောရှိ မဲရုံများမှ မဲများ ကို ကနဦးရေတွက်နေချိန်အထိ အဖြူ၊ အမည်း မသဲကွဲသေး။ သို့သော်လည်း အခြေအနေအ ကောင်းဆုံးက ဦးအောင်မင်းနှင့် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးအောင်ကျော်စိုးတို့ ဖြစ်သည်။
သည်လိုဖြင့် ရွေးကောက်ပွဲအပြီး နောက်နှစ်ရက်အကြာ နို၀င်ဘာ ၁၀ ရက်တွင်တော့ အနိုင်၊ အရှုံးရလဒ်ကို ပြည်နယ်ရွေးကောက်ပွဲကော်မရှင်က အတည်ပြုပေးခဲ့ သည်။ အနိုင်ရသူက ဒေသခံများ အကြား ‘‘ဆယ်ဘူးထူး ဖရေး’’ပါ တီမှဟု လူသိများသည့် ဦးအောင် ကျော်စိုးပင် ဖြစ်သည်။
ရှားတောတွင် အမျိုးသားဒီ မိုကရေစီအဖွဲ့ချုပ်ကို ကယန်းတိုင်း ရင်းသားများက ‘‘ဆယ်ဘူးထူးဖရေး’’ ဟု သိကြသည်။ အဓိပ္ပာယ်က ‘‘ကြယ်ဖြူနှင့် ခွပ်ဒေါင်း’’။
နိုင်ငံရေး အကျဉ်းသား ဟောင်းနှင့် ကျောင်းသားတော် လှန်ရေးအဖွဲ့ဝင်ဟောင်း ဦး အောင်ကျော်စိုးသည် ဦးအောင် မင်းကို မဲနှစ်ဆနီးပါး အသာရကာ အနိုင်ရခဲ့ခြင်း ဖြစ်သည်။
ထိုနေ့တွင် ရှားတောကို ရောက်တော့ ဦးအောင်မင်းတည်း ခိုခဲ့သည့် အိမ်ကတံခါးပိတ်လျက် သားခြံထဲတွင် တပ်ထားသည့် စ ကိုင်းနက်ရုပ်သံဖမ်းစက်နှင့် အင် တာနက်အသုံးပြုနိုင်သည့် ဖုန်း လိုင်းတစ်ခုကို လူငယ်အချို့က ဖြုတ်သိမ်းလျက် ရှိသည်။
ဦးအောင်မင်း စတည်းချ ခဲ့သည့် အိမ်ဘေးသို့ ပြောင်းလဲဖွင့် လှစ်ထားသည့် ဆေးခန်းသည်လည်း ရွေးကောက်ပွဲ ရလဒ်ထွက် လာပြီးသည့်နောက် ကုသမှုများရုတ်တရက် ရပ်ဆိုင်းသွားခဲ့သည်။ ဆေးခန်းမှ ဆရာဝန်သည်လည်း ဦးအောင်မင်းနှင့် မရှေးမနှောင်း ရှားတောမှ ထွက်သွားခဲ့သည်။
ရှားတောမှ ပရဟိတဆေး ခန်းအကြောင်းကို ၀န်ကြီး ဦးအောင်မင်းနှင့် နိုဝင်ဘာ ၁၇ ရက်က နေ ပြည်တော်တွင် တွေ့ဆုံခိုက်မေး မြန်းရန် ကြိုးပမ်းခဲ့သော်လည်း မေးမြန်းခွင့်မရခဲ့ပါ။ ရှားတောတွင် ထိုဆေးခန်း၏သက်တမ်း မှာ ငါးလကျော်သာ ကြာမြင့်ခဲ့ပါ သည်။
‘‘ကျွန်တော်တို့ သဘော ပေါက်ထားတာက ရွေးကောက် ပွဲ ရလဒ်ဘယ်လိုဖြစ်ဖြစ် ဆေးခန်း က နောက်ခြောက်လအထိ ရှိနေ မယ်လို့ပဲ’’ဟု ရှားတောဒေသခံ တစ်ဦးက ပြောသည်။
ရွေးကောက်ပွဲ ရလဒ်အတည်ဖြစ်ခဲ့သည့် နို၀င်ဘာ ၁၀ ရက် ညနေတွင် ဖျားနာနေသော ကလေးငယ်ကို ရင်ဝယ်ပိုက်ထားပြီး ဆေးခန်းမဖွင့်တော့သောကြောင့် စိတ်ပျက်လက်ပျက်ပြန်လာသည့် အမျိုးသမီးတစ်ဦးနှင့် ဆုံခဲ့ရသည်။
‘‘ဆေးခန်းက နောက်နှစ် ပတ်လောက်မှ ပြန်ဖွင့်မယ်ပြော တယ်’’ဟု အဆိုပါ အမျိုးသမီးက ပြောသည်။
ယခုတော့ ရှားတောတွင် နာမည်ကောင်းဖြင့် ကျော်ကြား သည့် ‘ပရဟိတက’ဆေးခန်း လေးသည် ပါးစပ်ရာဇဝင်အဖြစ် သာ ရှိတော့သည်။
ဆေးခန်းနှင့်ပတ်သက်၍ ကျန်ရစ်ခဲ့သည် တစ်ခုတည်းသော အရာဝတ္ထုပစ္စည်းက လူနာခုတင် ကို ကာထားသည့် လိုက်ကာလေး တစ်ချပ်သာ။
http://www.7daydaily.com/story/51190