နန်းလွင်နှင်းပွင့်| November 24, 2015 |
မိုးညှင်းဒေသပြ မြေပုံ
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်အတွင်း မြို့နယ် အုပ်ချုပ်ရေးမှူးက လုံခြုံရေးအတွက် စိတ်ချ ရပြီဟု ပြောဆိုပြီး ထောက်ခံစာ ထုတ်ပေးသဖြင့် စစ်ဘေးရှောင် ၅၀၀ ကျော်မှာ နေရပ်သို့ ပြန်သွားကြပြီဟု သတင်းရရှိသည်။
မိုးညှင်းမြို့နယ်၊ အောင်သပြေရပ်ကွက် အုပ်ချုပ်ရေးမှူးက “နိုဝင်ဘာလ ၂၂ ရက်က မြို့နယ် အုပ်ချုပ်ရေးမှူးက စိတ်ချရပြီ၊ ပြန်လို့ရပြီ ရှင်းပြတယ်၊ လုံခြုံရေးအတွက် လိုချင်တဲ့သူကို ထောက်ခံစာ လုပ်ပေး လိုက်တယ်၊ အသက်ကြီးတဲ့ သူတချို့နဲ့ ကလေးတွေ ၃၀ ဦး ဝန်းကျင်လောက်ပဲ ကျန်နေခဲ့တယ်၊ အားလုံး နီးပါးပြန်ပြီ” ဟု ဧရာဝတီကို ပြောသည်။
ပြန်သွားသည့် စစ်ရှာင် ၅၀၀ ကျော်တွင် ထောက်ခံစာ တောင်းယူသွားသည်မှာ ၄၀ ဦးခန့်သာ ရှိသည်ဟုလည်း ဦးနော်လာက ပြောသည်။ ဦးနော်လာက ၎င်းတို့မှာ တိုက်ပွဲဖြစ်ပွားရာ နေရာ၊ ရှေ့တန်းစခန်းများရှိ တပ်မတော်၏ တပ်ရင်းများနှင့်လည်း ညှိနှိုင်းထားသဖြင့် ထောက်ခံစာကို ပြလိုက်ပါက စစ်ဆေး မေးမြန်းခြင်းများ ပြုလုပ်ခံရခြင်း၊ ဖမ်းဆီးခံရခြင်းများ ရှိမည် မဟုတ်ဟုလည်း ပြောသည်။
ထောက်ခံစာတွင် ထောက်ခံစာ ကိုင်ဆောင်လာသူ၏ အမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်နှင့် မိုးညှင်း မြို့နယ်မှ ဒေသခံ ဖြစ်ကြောင်း၊ တိုက်ပွဲ ဖြစ်ပွားရာ ရှေ့တန်းစခန်းများနှင့် နီးကပ်သည့် နေရာများသို့ လာရသည်မှာ နေအိမ်သို့ ပြန်လာခြင်းနှင့် တောင်ယာစပါးများ၊ အသီးအနှံခင်းများသို့ ပြန်လာခြင်း ဖြစ်ကြောင်း၊ မိုးညှင်းမြို့နယ် အုပ်ချုပ်ရေးမှူးက ဟုတ်မှန်ကြောင်း ရေးသားပေးထားကြောင်း သိရသည်။
မိုးညှင်းမြို့ပေါ်တွင် စစ်ရှောင်နေသည့် ဒုက္ခသည် ၅၅၆ ဦး ရှိပြီး ၎င်းတို့မှာ တပ်မတော်က မိုးညှင်းမြို့ အရှေ့ဘက် အခြမ်း၊ ၂ မိုင်အကွာတွင် ရှိသည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ ရှေ့တန်း တပ်စခန်းများနှင့် တပ်မဟာ (၈) ဌာနချုပ် သို့ နိုဝင်ဘာ ၁၄ ရက်တွင် စတင် ထိုးစစ်ဆင် တိုက်ခိုက် နေချိန်တွင် တိုက်ပွဲဖြစ်ပွားရာ နေရာနှင့် နီးသဖြင့် ထွက်ပြေးလာခဲ့ရသူများ ဖြစ်သည်။
စစ်ရှောင် ၅၅၆ ဦးမှာ အိမ်ထောင်စု ၁၇၇ စု တို့မှ ဖြစ်ပြီး မိုးညှင်းမြို့ပေါ်ရှိ အရှေ့ရိပ်သာကျောင်းတွင် ၁၆၀ ဦး၊ ကချင်နှစ်ခြင်း ဘုရားကျောင်း (KBC) တွင် ၁၈၉ ဦး၊ စိန့်ပက်ထရစ် ကျောင်းတွင် ၈၀ ဦး၊ ဧမာနွေလ ဘုရားကျောင်း တွင် ၃၉ ဦးနှင့် ဆရာအောင်ကိုလတ် အိမ်တွင် ၈၈ ဦး စသဖြင့် နေထိုင်နေကြသည်ဟု သိရသည်။
စစ်ရှောင်ဒုက္ခသည် ၅၅၆ ဦး၏ နေ့စဉ် စားသောက်ရေးကို မိုးညှင်းမြို့ရှိ ဘာသာရေး ဘုရားကျောင်းများမှ ထောက်ပံ့ပေး ထားသည်ဟု သိရသည်။
ပြန်သွားကြသည့် စစ်ရှောင်ဒုက္ခသည်များမှာ ၎င်းတို့၏ အိမ်တွင် ကျန်ရှိခဲ့သည့် ပစ္စည်းများ၊ ကျွဲ၊ နွား၊ ၀က် များ နှင့် တောင်ယာစပါးများ ရိတ်သိမ်းရန် ပြန်သွားကြခြင်းဖြစ်သည်ဟု ကချင်နှစ်ခြင်းအသင်းတော် (KBC) ၊မိုးညှင်းမြို့နယ် ၊တာဝန်ခံ ဦးဂန်အောင်က ပြောသည်။
ဦးဂန်အောင်က “ ကျနော်တို့ကတော့ မှာလိုက်တယ်၊ မလုံခြုံဘူးဆိုရင် ကြောက်ရင် ချက်ခြင်းပြန်လာခဲ့ကြဖို့ ပြောလိုက်တယ်၊ အခုက အခြေအနေ စောင့်ကြည့်ရမှာပဲ ၊ဘာမှန်းမသိသေးဘူး၊ စိတ်မချရဲသေးဘူး” ဟု ပြောသည်။
တိုက်ပွဲမှာ မိုးညှင်းမြို့ပေါ်နှင့် ၂ မိုင်ကျော်သာ ကွာဝေးသဖြင့် သေနတ်ပစ်ခတ်သံများ၊ လက်နက်ကြီး ကျသံများကို မြို့မှ ကြားနေရပြီး နိုဝင်ဘာလ ၂၂ ရက်ထိ သေနတ်ပစ်သံများ ကြားနေရသည်ဟု မိုးညှင်း ဒေသခံများက ပြောသည်။
Irrawaddy
.....................
မိုးညှင်းမြို့ပေါ်တြင် စစ်ဘေးရွောင်နေသည့် ဒုက္ခသည် ၅၀၀ ကော်် နေရပ်ျပန်ပြီ
နန်းလြင်နွင်းပြင့်| November 24, 2015 |
မိုးညှင်းဒေသျပျေမပုံ
ကခ်င်ျပည္နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်အတြင်း မြို့နယ် အုပ္ခ်ုပ်ရေးမှူးက လုံခြုံရေးအတြက် စိတ္ခ် ရပြီဟုျေပာဆိုပြီး ထောက္ခံစာ ထုတ်ပေးသျဖင့် စစ်ဘေးရွောင် ၅၀၀ ကေ်္မွာာ နေရပ်သိျု့ပန်ြသားကြပြီဟု သတင်းရရွိသည်။
မိုးညှင်းမြို့နယ်၊ အောင်ေသျပရပ္ကြက် အုပ္ခ်ုပ်ရေးမှူးက “နိုဝင္ဘာလ ၂၂ ရက္က မြို့နယ် အုပ္ခ်ုပ်ရေးမှူးက စိတ္ခ်ရပြီ၊ျပန္လို့ရပြီ ရွင်ျးပတယ်၊ လုံခြုံရေးအတြက် လိုခ်င္တဲ့သူကို ထောက္ခံစာ လုပ်ပေး လိုက္တယ်၊ အသက်ကြီးတဲ့ သူတခို့နဲ့ ကေလးတြေ ၃၀ ဦး ဝန်းက်င်လောက္ပဲ က်န်နေခဲ့တယ်၊ အားလုံး နီးပါျးပန်ပြီ” ဟု ဧရာဝတီကိုျေပာသည်။
ျပန်ြသားသည့် စစ်ရွာင် ၅၀၀ ကော််တြင် ထောက္ခံစာ တောင်းယူသြားသည္မွာ ၄၀ ဦးခန့်သာ ရွိသည်ဟုလည်း ဦးန္လောာကျေပာသည်။ ဦးန္လောာက ၎င်းတို့မွာ တိုက္ပျြဲဖစ္ပြားရာ နေရာ၊ ရွေ့တန်းစခန်းမ်ားရွိ တပ္မေတာ်၏ တပ်ရင်းမ်ားနွင့္လည်း ညှိနှိုင်းထားသျဖင့် ထောက္ခံစာကျိုပလိုက္ပါက စစ်ဆေး မေျးမန်ျးခင်းမ်ာျးပုလုပ္ခံရျခင်း၊ ဖမ်းဆီးခံရျခင်းမ်ား ရွိမည် မဟုတ်ဟုလည်းျေပာသည်။
ထောက္ခံစာတြင် ထောက္ခံစာ ကိုင်ဆောင္လာသူ၏ အမည်၊ မွတ္ပုံတင်အမွတ်၊ အလုပ်အကိုင်နွင့် မိုးညှင်း မြို့နယ္မွ ဒေသချံဖစ်ကြောင်း၊ တိုက္ပြျြဲဖစ္ပြားရာ ရွေ့တန်းစခန်းမ်ားနွင့် နီးကပ်သည့် နေရာမ်ားသို့ လာရသည္မွာ နေအိမ်သိျု့ပန္လျာခင်းနွင့် တောင်ယာစပါးမ်ား၊ အသီးအနွံခင်းမ်ားသိျု့ပန္လျာခင်ျးဖစ်ကြောင်း၊ မိုးညှင်းမြို့နယ် အုပ္ခ်ုပ်ရေးမှူးက ဟုတ္မွန်ကြောင်း ရေးသားပေးထားကြောင်း သိရသည်။
မိုးညှင်းမြို့ပေါ်တြင် စစ်ရွောင်နေသည့် ဒုက္ခသည် ၅၅၆ ဦး ရွိပြီး ၎င်းတို့မွာ တပ္မေတ္ကာ မိုးညှင်းမြို့ အေရွ့ဘက် အျခမ်း၊ ၂ မိုင်အကြာတြင် ရွိသည့် ကခ်င္လြတ္လပ်ရေးတပ္မေတာ် (KIA) ၏ ရွေ့တန်း တပ္စခန်းမ်ားနွင့် တပ္မဟာ (၈) ဌာနခ်ုပ် သို့ နိုဝင္ဘာ ၁၄ ရက္တြင် စတင် ထိုးစစ္ဆင် တိုက္ခိုက် နေခိန္တြင် တိုက္ပျြဲဖစ္ပြားရာ နေရာနွင့် နီးသျဖင့် ထြက်ျေပးလာခဲ့ရသူမ်ာျးဖစ်သည်။
စစ်ရွောင် ၅၅၆ ဦးမွာ အိမ်ထောင္စု ၁၇၇ စု တို့မျွဖစ်ပြီး မိုးညှင်းမြို့ပေါ်ရွိ အေရွ့ရိပ်သာကော်င်းတြင် ၁၆၀ ဦး၊ ကခ်င်နွစ်ျခင်း ဘုရားကော်င်း (KBC) တြင် ၁၈၉ ဦး၊ စိန့်ပက္ထရစ် ကော်င်းတြင် ၈၀ ဦး၊ ဧမာနေလြ ဘုရားကော်င်း တြင် ၃၉ ဦးနွင့် ဆရာအောင္ကိုလတ် အိမ္တြင် ၈၈ ဦး စသျဖင့် နေထိုင်နေကြသည်ဟု သိရသည်။
စစ်ရွောင္ဒုက္ခသည် ၅၅၆ ဦး၏ နေ့စဉ် စားသောက်ရေးကို မိုးညှင်းမြို့ရွိ ဘာသာရေး ဘုရားကော်င်းမ်ားမွ ထောက္ပံ့ပေး ထားသည်ဟု သိရသည်။
ျပန်ြသားကြသည့် စစ်ရွောင္ဒုက္ခသည္မ်ားမွာ ၎င်းတို့၏ အိမ္တြင် က်န်ရွိခဲ့သည့် ပစ္စည်းမ်ား၊ ကျြဲ၊ နြား၊ ၀က် မ်ား နွင့် တောင်ယာစပါးမ်ား ရိတ်သိမ်းရန်ျပန်ြသားကျြခင်ျးဖစ်သည်ဟု ကခ်င်နွစ်ျခင်းအသင်းတော် (KBC) ၊မိုးညွင်းမြို့နယ် ၊တာဝန္ခံ ဦးဂန်အောင္ကျေပာသည်။
ဦးဂန်အောင္က “ က်န္တောို့ကေတာ့ မွာလိုက္တယ်၊ မလျုံခုံဘူးဆိုရင် ကြောက်ရင် ခ်က်ျခင်ျးပန္လာခဲ့ကြဖို့ျေပာလိုက္တယ်၊ အခုက အျေခအေန စောင့်ကြည့်ရမွာပဲ ၊ဘာမွန်းမသိသေးဘူး၊ စိတ္မခ်ရဲသေးဘူး” ဟုျေပာသည်။
တိုက္ပြဲမွာ မိုးညွင်းမြို့ပေါ်နွင့် ၂ မိုင်ကော််သာ ကြာဝေးသျဖင့် သေနတ္ပစ္ခတ်သံမ်ား၊ လက္နက်ကြီး က်သံမ်ားကို မြို့မွ ကြားနေရပြီး နိုဝင္ဘာလ ၂၂ ရက္ထိ သေနတ္ပစ်သံမ်ား ကြားနေရသည်ဟု မိုးညွင်း ဒေသခံမ်ားကျေပာသည်။