Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ျပင္သစ္က ေလယာဥ္တင္သေဘၤာမွေန၍ အိုင္အက္စ္အဖဲြ ့အေပၚ ေလေၾကာင္းတိုက္ခိုက္မႈမ်ား စတင္ျပဳလုပ္

$
0
0


ပဲရစ္ ၊ ၂၄-၁၁-၂ဝ၁၅

ျပင္သစ္စစ္ဘက္ သည္ ေျမထဲပင္လယ္ အေရွ႕ပိုင္း၌ တပ္ျဖန္႔မႈ အသစ္ ျပဳလုပ္ထားေသာ Charles de Gaulle ေလယာဥ္တင္ သေဘၤာေပၚမွ တုိက္ေလယာဥ္ မ်ားျဖင့္ အီရတ္ ႏွင့္ ဆီးရီးယား ႏုိင္ငံအတြင္းရွိ ISIS အစၥလာမ္မစ္ စစ္ေသြးၾကြ မ်ား ထိန္းခ်ဳပ္ထားရာ နယ္ေျမမ်ား အေပၚ ႏုိဝင္ဘာ ၂၃ ရက္တြင္ ေလေၾကာင္း စစ္ဆင္ေရးမ်ားကို စတင္ျပဳလုပ္ ခဲ့ေၾကာင္း စစ္ဘက္သတင္း အရင္းအျမစ္ မ်ားက ေျပာၾကား ထားေၾကာင္း ဘန္ေကာက္ပုိ႔စ္ သတင္းတစ္ရပ္ အရ သိရသည္။

အဆိုပါ ေလယာဥ္တင္ သေဘၤာေပၚမွ ေန၍ ျပင္သစ္ႏုိင္ငံထုတ္ ရာေဖး တိုက္ေလယာဥ္ မ်ားသည္ ဗံုးမ်ားကို တင္ေဆာင္ကာ အရွိန္ျပင္းျပင္းျဖင့္ ပ်ံတက္ သြားသည္ကို AFP သတင္းေထာက္ တစ္ဦးက ေတြ႕ျမင္ ခဲ့ေၾကာင္း သိရသည္။ သို႔ေသာ္ ပဲရစ္ၿမိဳ႕၌ ျဖစ္ပြားခဲ့ေသာ အၾကမ္းဖက္ တိုက္ခိုက္မႈတြင္ ျပည္သူ ၁၆ဝ ခန္႔ ေသဆံုးၿပီးေနာက္ ၁ဝ ရက္အၾကာတြင္ ျပဳလုပ္ေသာ အဆုိပါ စစ္ဆင္ေရး အမ်ဳိးအစား ကိုမူ ယင္းစစ္ဘက္ သတင္း အရင္းအျမစ္က ထုတ္ေဖာ္ေျပာၾကား ခဲ့ျခင္း မရွိေၾကာင္း AFP သတင္းဌာနက ေဖာ္ျပထားသည္။

''ISIS အစၥလာမ္မစ္ စစ္ေသြးၾကြ ေတြ အထိနာေစမယ့္ ပစ္မွတ္ေတြကိုသာ ေရြးခ်ယ္ၿပီး ကြၽန္ေတာ္တို႔က တိုက္ခိုက္မႈေတြ တိုးျမႇင့္ လုပ္ေဆာင္သြား မွာပါ''ဟု ျပင္သစ္ သမၼတ ဖရန္ဆြာေဟာ္လန္ဒ္ က ေျပာၾကား ထားသည္။

အဆိုပါ ေလယာဥ္တင္ သေဘၤာတြင္ တိုက္ေလယာဥ္ ၂၆ စင္း တင္ေဆာင္ထားၿပီး ယင္း အင္အားသည္ ISIS အစၥလာမ္မစ္ စစ္ေသြးၾကြ အဖဲြ႕အေပၚ အေမရိကန္ ႏွင့္အတူ လက္ရွိ တိုက္ခုိက္မႈမ်ား ျပဳလုပ္ေနေသာ ျပင္သစ္တပ္ဖဲြ႕၏ တိုက္စြမ္းအားထက္ ႏွစ္ဆပိုမုိ သာလြန္ေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ ရက္သတၱပတ္က ျပင္သစ္ႏွင့္ ႐ုရွားေရတပ္ ေခါင္းေဆာင္မ်ားသည္ ISIS အစၥလာမ္မစ္ စစ္ေသြးၾကြ အဖဲြ႕အေပၚ တိုက္ခိုက္ေရး အတြက္ သတင္း အခ်က္အလက္မ်ား မွ်ေဝသြားေရး သေဘာတူညီ ခဲ့ၿပီး ႐ုရွားသမၼတ ပူတင္က လည္း ျပင္သစ္ တပ္ဖဲြ႕မ်ားႏွင့္ အတူ ပူးေပါင္း၍ ယင္း ISIS အစၥလာမ္မစ္ စစ္ေသြးၾကြ မ်ားအေပၚ တိုက္ခိုက္မႈမ်ား လုပ္ေဆာင္သြားရန္ ၫႊန္ၾကား ထားေၾကာင္း သိရသည္။

French Airstrikes on Islamic State Originate From Charles de Gaulle Carrier

#PyiChitThar

.........................................................

ပြင်သစ်က လေယာဉ်တင်သင်္ဘောမှနေ၍ အိုင်အက်စ်အဖွဲ ့အပေါ် လေကြောင်းတိုက်ခိုက်မှုများ စတင်ပြုလုပ်



ပဲရစ် ၊ ၂၄-၁၁-၂ဝ၁၅

ပြင်သစ်စစ်ဘက် သည် မြေထဲပင်လယ် အရှေ့ပိုင်း၌ တပ်ဖြန့်မှု အသစ် ပြုလုပ်ထားသော Charles de Gaulle လေယာဉ်တင် သင်္ဘောပေါ်မှ တိုက်လေယာဉ် များဖြင့် အီရတ် နှင့် ဆီးရီးယား နိုင်ငံအတွင်းရှိ ISIS အစ္စလာမ်မစ် စစ်သွေးကြွ များ ထိန်းချုပ်ထားရာ နယ်မြေများ အပေါ် နိုဝင်ဘာ ၂၃ ရက်တွင် လေကြောင်း စစ်ဆင်ရေးများကို စတင်ပြုလုပ် ခဲ့ကြောင်း စစ်ဘက်သတင်း အရင်းအမြစ် များက ပြောကြား ထားကြောင်း ဘန်ကောက်ပို့စ် သတင်းတစ်ရပ် အရ သိရသည်။

အဆိုပါ လေယာဉ်တင် သင်္ဘောပေါ်မှ နေ၍ ပြင်သစ်နိုင်ငံထုတ် ရာဖေး တိုက်လေယာဉ် များသည် ဗုံးများကို တင်ဆောင်ကာ အရှိန်ပြင်းပြင်းဖြင့် ပျံတက် သွားသည်ကို AFP သတင်းထောက် တစ်ဦးက တွေ့မြင် ခဲ့ကြောင်း သိရသည်။ သို့သော် ပဲရစ်မြို့၌ ဖြစ်ပွားခဲ့သော အကြမ်းဖက် တိုက်ခိုက်မှုတွင် ပြည်သူ ၁၆ဝ ခန့် သေဆုံးပြီးနောက် ၁ဝ ရက်အကြာတွင် ပြုလုပ်သော အဆိုပါ စစ်ဆင်ရေး အမျိုးအစား ကိုမူ ယင်းစစ်ဘက် သတင်း အရင်းအမြစ်က ထုတ်ဖော်ပြောကြား ခဲ့ခြင်း မရှိကြောင်း AFP သတင်းဌာနက ဖော်ပြထားသည်။

''ISIS အစ္စလာမ်မစ် စစ်သွေးကြွ တွေ အထိနာစေမယ့် ပစ်မှတ်တွေကိုသာ ရွေးချယ်ပြီး ကျွန်တော်တို့က တိုက်ခိုက်မှုတွေ တိုးမြှင့် လုပ်ဆောင်သွား မှာပါ''ဟု ပြင်သစ် သမ္မတ ဖရန်ဆွာဟော်လန်ဒ် က ပြောကြား ထားသည်။

အဆိုပါ လေယာဉ်တင် သင်္ဘောတွင် တိုက်လေယာဉ် ၂၆ စင်း တင်ဆောင်ထားပြီး ယင်း အင်အားသည် ISIS အစ္စလာမ်မစ် စစ်သွေးကြွ အဖွဲ့အပေါ် အမေရိကန် နှင့်အတူ လက်ရှိ တိုက်ခိုက်မှုများ ပြုလုပ်နေသော ပြင်သစ်တပ်ဖွဲ့၏ တိုက်စွမ်းအားထက် နှစ်ဆပိုမို သာလွန်ကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်က ပြင်သစ်နှင့် ရုရှားရေတပ် ခေါင်းဆောင်များသည် ISIS အစ္စလာမ်မစ် စစ်သွေးကြွ အဖွဲ့အပေါ် တိုက်ခိုက်ရေး အတွက် သတင်း အချက်အလက်များ မျှဝေသွားရေး သဘောတူညီ ခဲ့ပြီး ရုရှားသမ္မတ ပူတင်က လည်း ပြင်သစ် တပ်ဖွဲ့များနှင့် အတူ ပူးပေါင်း၍ ယင်း ISIS အစ္စလာမ်မစ် စစ်သွေးကြွ များအပေါ် တိုက်ခိုက်မှုများ လုပ်ဆောင်သွားရန် ညွှန်ကြား ထားကြောင်း သိရသည်။

French Airstrikes on Islamic State Originate From Charles de Gaulle Carrier

#PyiChitThar

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...