ပဲရစ္ ၊ ၂၄-၁၁-၂ဝ၁၅
ျပင္သစ္ႏိုင္ငံ ပဲရစ္ၿမိဳ႕ေတာ္၌ ႏိုဝင္ဘာ ၁၃ ရက္က ျဖစ္ပြားခဲ့ေသာ တုိက္ခုိက္မႈမ်ား အတြင္း အမ်ဳိးသား အားကစားကြင္း အျပင္ဘက္၌ ေဖာက္ခြဲခဲ့ေသာ အေသခံ ဗံုးခြဲသမား သံုးဦးအနက္ တတိယေျမာက္ အမ်ဳိးသား၏ ဓာတ္ပံုကို ရဲတပ္ဖြဲ႕က ႏုိဝင္ဘာ ၂၂ ရက္တြင္ ထုတ္ေဖာ္ျပသ ခဲ့ေၾကာင္း သိရသည္။
အဆိုပါ အေသခံ ဗံုးခြဲသမားကို အျခား တုိက္ခုိက္ေရး သမားတစ္ဦးႏွင့္ အတူ ဂရိႏိုင္ငံ လီ႐ို႕စ္ကြၽန္း ရွိ ဒုကၡသည္မ်ား ၾကားတြင္ ေတြ႕ရွိခဲ့ျခင္း ျဖစ္ေၾကာင္း စံုစမ္းစစ္ေဆးသူ မ်ားက ေျပာၾကားထားသည္။
၄င္းသည္ ဘယ္လ္ဂ်ီယံ ႏိုင္ငံတြင္ ေနထိုင္ေသာ အသက္ ၂ဝ အရြယ္ ဘီလယ္လ္ဟာဖီ အမည္ရွိ ျပင္သစ္ႏုိင္ငံသား တစ္ဦးျဖစ္ၿပီး ျပင္သစ္ၿမိဳ႕ေတာ္ ေျမာက္ဘက္ Stade de France အားကစားကြင္း၌ ေဖာက္ခြဲခဲ့ေသာ တုိက္ခိုက္ေရး သမားသံုးဦးတြင္ တတိယေျမာက္ တစ္ဦးျဖစ္ေၾကာင္း သိရသည္။
၄င္း အမ်ဳိးသားသည္ လက္ရွိတြင္ မိုဟာမတ္ အယ္လ္မာမြတ္ အမည္ျဖင့္ ဆီးရီးယား ႏိုင္ငံကူး လက္မွတ္ အသံုးျပဳကာ ေနထုိင္လ်က္ ရွိေၾကာင္း စံုစမ္း စစ္ေဆးသူ မ်ား၏ ေျပာၾကားခ်က္ အရ သိရသည္။
၄င္းႏွင့္အျခား တိုက္ခိုက္ေရး သမားတစ္ဦး တို႔သည္ လီ႐ို႕စ္ကြၽန္းမွ တစ္ဆင့္ ဂရိႏုိင္ငံ ပါရတ္စ္ဆိပ္ကမ္း ၿမိဳ႕သို႔ ကူးတို႔ယာဥ္ျဖင့္ လုိက္ပါ လာၿပီးေနာက္ ဆားဘီးယား ႏိုင္ငံသို႔ ထြက္ခြာလာသည့္ ဒုကၡသည္မ်ားႏွင့္ ပူးေပါင္း ခဲ့ေၾကာင္း သိရသည္။ ထို႔ေနာက္ ၄င္းတို႔ႏွစ္ဦး အပါအဝင္ အေသခံဗံုးခြဲ သမားမ်ားႏွင့္ ေသနတ္သမား ခုနစ္ဦးတို႔သည္ လူ ၁၆ဝ ဦးထက္မနည္း ေသဆံုးခဲ့သည့္ ပဲရစ္ၿမိဳ႕ေတာ္ တိုက္ခုိက္မႈ မ်ားတြင္ ပူးေပါင္း လုပ္ေဆာင္ ခဲ့ေၾကာင္း၊ စံုစမ္းစစ္ေဆးေရး အဖြဲ႕ဝင္ မ်ားသည္ အခင္း ျဖစ္ပြားရာေနရာမွ ဘယ္လ္ဂ်ီယံ ႏိုင္ငံအတြင္း သို႔ ထြက္ေျပး တိမ္းေရွာင္ ေနသည့္ ဆာလတ္ အတ္ဒီစလမ္ အမည္ရွိ သံသယရွိသူ တစ္ဦးကိုလည္း ဆက္လက္ ရွာေဖြလ်က္ ရွိေၾကာင္း တာဝန္ရွိသူ မ်ားက ေျပာၾကားသည္။
#PyiChitThar
.............................................
အားကစားကွင်း၌ အသေခံဗုံးခွဲ တိုက်ခိုက်ခဲ့သူ သုံးဦးအနက် တတိယမြောက် အမျိုးသား၏ပုံကို ထုတ်ဖော်ပြသ
ပဲရစ် ၊ ၂၄-၁၁-၂ဝ၁၅
ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်၌ နိုဝင်ဘာ ၁၃ ရက်က ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများ အတွင်း အမျိုးသား အားကစားကွင်း အပြင်ဘက်၌ ဖောက်ခွဲခဲ့သော အသေခံ ဗုံးခွဲသမား သုံးဦးအနက် တတိယမြောက် အမျိုးသား၏ ဓာတ်ပုံကို ရဲတပ်ဖွဲ့က နိုဝင်ဘာ ၂၂ ရက်တွင် ထုတ်ဖော်ပြသ ခဲ့ကြောင်း သိရသည်။
အဆိုပါ အသေခံ ဗုံးခွဲသမားကို အခြား တိုက်ခိုက်ရေး သမားတစ်ဦးနှင့် အတူ ဂရိနိုင်ငံ လီရို့စ်ကျွန်း ရှိ ဒုက္ခသည်များ ကြားတွင် တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း စုံစမ်းစစ်ဆေးသူ များက ပြောကြားထားသည်။
၄င်းသည် ဘယ်လ်ဂျီယံ နိုင်ငံတွင် နေထိုင်သော အသက် ၂ဝ အရွယ် ဘီလယ်လ်ဟာဖီ အမည်ရှိ ပြင်သစ်နိုင်ငံသား တစ်ဦးဖြစ်ပြီး ပြင်သစ်မြို့တော် မြောက်ဘက် Stade de France အားကစားကွင်း၌ ဖောက်ခွဲခဲ့သော တိုက်ခိုက်ရေး သမားသုံးဦးတွင် တတိယမြောက် တစ်ဦးဖြစ်ကြောင်း သိရသည်။
၄င်း အမျိုးသားသည် လက်ရှိတွင် မိုဟာမတ် အယ်လ်မာမွတ် အမည်ဖြင့် ဆီးရီးယား နိုင်ငံကူး လက်မှတ် အသုံးပြုကာ နေထိုင်လျက် ရှိကြောင်း စုံစမ်း စစ်ဆေးသူ များ၏ ပြောကြားချက် အရ သိရသည်။
၄င်းနှင့်အခြား တိုက်ခိုက်ရေး သမားတစ်ဦး တို့သည် လီရို့စ်ကျွန်းမှ တစ်ဆင့် ဂရိနိုင်ငံ ပါရတ်စ်ဆိပ်ကမ်း မြို့သို့ ကူးတို့ယာဉ်ဖြင့် လိုက်ပါ လာပြီးနောက် ဆားဘီးယား နိုင်ငံသို့ ထွက်ခွာလာသည့် ဒုက္ခသည်များနှင့် ပူးပေါင်း ခဲ့ကြောင်း သိရသည်။ ထို့နောက် ၄င်းတို့နှစ်ဦး အပါအဝင် အသေခံဗုံးခွဲ သမားများနှင့် သေနတ်သမား ခုနစ်ဦးတို့သည် လူ ၁၆ဝ ဦးထက်မနည်း သေဆုံးခဲ့သည့် ပဲရစ်မြို့တော် တိုက်ခိုက်မှု များတွင် ပူးပေါင်း လုပ်ဆောင် ခဲ့ကြောင်း၊ စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင် များသည် အခင်း ဖြစ်ပွားရာနေရာမှ ဘယ်လ်ဂျီယံ နိုင်ငံအတွင်း သို့ ထွက်ပြေး တိမ်းရှောင် နေသည့် ဆာလတ် အတ်ဒီစလမ် အမည်ရှိ သံသယရှိသူ တစ်ဦးကိုလည်း ဆက်လက် ရှာဖွေလျက် ရှိကြောင်း တာဝန်ရှိသူ များက ပြောကြားသည်။
#PyiChitThar