Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ဘုတလင္ႏွင့္ ကနီတြင္ ငလ်င္ေၾကာင့္ ေစတီပုထုိး အမ်ားစုပ်က္စီးခဲ့

$
0
0

Byမ်ဳိးမင္းဦးOn  Sun, 2015-11-29 15:39LocationမုံရြာIssue No.No.932 Sunday, November 29, 2015

ဘုတလင္ၿမိဳ႕နယ္ ၀က္လူးအိုင္ေက်းရြာ ငလ်င္ဒဏ္ေၾကာင့္ အက္ကြဲပ်က္စီးသြားေသာ ေစတီေတာ္တစ္ဆူ (ဓာတ္ပုံ- မ်ဳိးမင္းဦး)
စစ္ကိုင္းတုိင္းေဒသႀကီးအ တြင္း လႈပ္ခတ္ခဲ့သည့္ ငလ်င္ ေၾကာင့္ မံုရြာခ႐ိုင္ ဘုတလင္ၿမိဳ႕ႏွင့္ ယင္းမာပင္ခ႐ိုင္ ကနီၿမိဳ႕တို႔တြင္ ေစတီပုထိုးမ်ားႏွင့္ လူေနအ ေဆာက္အအံုအခ်ိဳ႕ ပ်က္စီးဆံုး႐ႈံး ခဲ့ေၾကာင္း စစ္ကိုင္းတုိင္းေဒသ ႀကီး ရဲတပ္ဖြဲ႕႐ံုးမွ သတင္းရရွိ သည္။

မႏၲေလးၿမိဳ႕ ေျမငလ်င္တုိင္း တာေရးစခန္း၏ အေနာက္ေျမာက္ ဘက္ မိုင္ ၉၀ ခန္႔အကြာ၊ မံုရြာၿမိဳ႕ ၏ အေနာက္ေျမာက္ဘက္ ၃၅ မိုင္ခန္႔အကြာ ျပည္တြင္းကို ဗဟို ျပဳ၍ ႏိုဝင္ဘာ ၂၇ ရက္က ရစ္ခ်္တာစေကး ၅ ဒသမ ၄ အဆင့္ရွ္ငလ်င္လႈပ္ခတ္သြားေၾကာင္း စစ္ကိုင္းတုိင္းေဒသႀကီး မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈ ဦးစီးဌာန႐ံုးမွ သိရသည္။

‘‘ကနီနဲ႔ ဘုတလင္ၿမိဳ႕နယ္အ တြင္းက ေစတီေတြ အပ်က္အစီး မ်ားတယ္။ ကနီၿမိဳ႕နယ္အတြင္းက စာသင္ေက်ာင္း၊ လူေနအေဆာက္ အအံုတခ်ိဳ႕ အက္ေၾကာင္းေတြ ျဖစ္တာေတာ့ ရွိပါတယ္’’ဟု စစ္ ကိုင္းတုိင္းေဒသႀကီး ရဲတပ္ဖြဲ႕႐ံုးမွ ရဲအရာရွိတစ္ဦးက ေျပာသည္။

ငလ်င္လႈပ္ခတ္မႈေၾကာင့္ မံုရြာခ႐ိုင္ ဘုတလင္ၿမိဳ႕နယ္ ေမာင္းေထာင္ေက်းရြာ မာန္ ေအာင္ျမင္ဘုရားအတြင္း ေစတီ ေတာ္တစ္ဆူမွာ ထီးေတာ္က်ိဳးက် ၍ စိန္ဖူးေတာ္ေျမခသြားၿပီး က်န္ ေစတီတစ္ဆူမွာလည္း ထီးေတာ္ ယိုင္သြားခဲ့သည္။ ေမာင္းေထာင္ ေက်းရြာရွိ ကံစံုေစတီမွာလည္းထက္ဝက္ခန္႔ၿပိဳက်၍ထီးေတာ္ ေျမခခဲ့သည္။

ယင္းမာပင္ခ႐ိုင္ ကနီၿမိဳ႕ နယ္ အမွတ္ (၁)ရပ္ကြက္ရွိ သီတာဦးေစတီမွာလည္း ထက္ဝက္ခန္႔ပ်က္က်၍ ထီးေတာ္ေျမခၿပီး အမွတ္ (၂)ရပ္ကြက္ ေရႊျမင္းျဖဴဘုရား အရံေစတီတစ္ဆူ ထီးေတာ္မွ ေအာက္ေျခအထိ အက္ကြဲခဲ့ သည္။

ကနီၿမိဳ႕နယ္ရွိ ေက်းရြာအုပ္ စုမ်ားမွ ေစတီေတာ္မ်ားစြာမွာ စိန္ဖူးေတာ္ေျမချခင္း၊ ၾကာလန္ ၾကာေမွာက္မ်ား အက္ကြဲပ်က္စီး ျခင္း၊ ေစတီအတြင္းရွိ အေဆာက္အအံုအခ်ိဳ႕ နံရံမ်ား အက္ကြဲပ်က္ စီးျခင္း၊ ေစတီအနီးရွိ ဘုန္းေတာ္ႀကီးေက်ာင္း အခ်ိဳ႕နံရံမ်ားအက္ ကြဲပ်က္စီးျခင္းတုိ႔ ျဖစ္ပြားခဲ့သည္။

ကနီၿမိဳ႕နယ္အတြင္းရွိ စာ သင္ေက်ာင္းႏွင့္ လူေနအိမ္အခ်ိဳ႕ အပါအဝင္ စီးပြားေရးလုပ္ငန္း ဆုိင္ရာ အေဆာက္အအံုအခ်ိဳ႕ လည္း ထိခိုက္ပ်က္စီးမႈႏွင့္ ၿပိဳက် မႈမ်ား ျဖစ္ပြားခဲ့ၿပီး လူႏွင့္တိရစၧာန္ မ်ား ေသေက် ထိခိုက္ဒဏ္ရာရရွိ ျခင္းမရွိေၾကာင္း စစ္ကိုင္းတုိင္း ေဒသႀကီး ရဲတပ္ဖြဲ႕႐ံုးမွ သိရွိရ သည္။

‘‘ဝက္လူးအိုင္ရြာက ေက်ာက္ မဲေက်ာင္းတုိက္အတြင္းက ေရွး ေဟာင္းကုန္းေပၚဘုရား၊ ျမင္သာ ေက်ာင္းက ဘုရားႏွစ္ဆူ၊ ဝါးႀကီး ေတာရေက်ာင္းက ဘုရားတစ္ဆူ စိန္ဖူးေတာ္ေျမခၿပီး ပ်က္စီးခဲ့့ တယ္။ ေက်ာက္မဲေက်ာင္းတိုက္ အတြင္းက ေအာင္စည္းခံုေစတီနဲ႔ ေရႊစည္းခံုေစတီ၊ ဝါးႀကီးေတာရ ေက်ာင္းက ေစတီတစ္ဆူ အက္ ကြဲပ်က္စီးတာရွိပါတယ္’’ဟု ၀က္လူးအိုင္ေက်းရြာ ေက်ာက္မဲေက်ာင္းတိုက္ နာယကဆရာေတာ္ ဦးဝါယမိႏၵက မိန္႔ၾကားသည္။
7Daydaily
.....................
ဘုတလင်နှင့် ကနီတွင် ငလျင်ကြောင့် စေတီပုထိုး အများစုပျက်စီးခဲ့

Byမျိုးမင်းဦးOn  Sun, 2015-11-29 15:39LocationမုံရွာIssue No.No.932 Sunday, November 29, 2015

ဘုတလင်မြို့နယ် ၀က်လူးအိုင်ကျေးရွာ ငလျင်ဒဏ်ကြောင့် အက်ကွဲပျက်စီးသွားသော စေတီတော်တစ်ဆူ (ဓာတ်ပုံ- မျိုးမင်းဦး)
စစ်ကိုင်းတိုင်းဒေသကြီးအ တွင်း လှုပ်ခတ်ခဲ့သည့် ငလျင် ကြောင့် မုံရွာခရိုင် ဘုတလင်မြို့နှင့် ယင်းမာပင်ခရိုင် ကနီမြို့တို့တွင် စေတီပုထိုးများနှင့် လူနေအ ဆောက်အအုံအချို့ ပျက်စီးဆုံးရှုံး ခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသ ကြီး ရဲတပ်ဖွဲ့ရုံးမှ သတင်းရရှိ သည်။

မန္တလေးမြို့ မြေငလျင်တိုင်း တာရေးစခန်း၏ အနောက်မြောက် ဘက် မိုင် ၉၀ ခန့်အကွာ၊ မုံရွာမြို့ ၏ အနောက်မြောက်ဘက် ၃၅ မိုင်ခန့်အကွာ ပြည်တွင်းကို ဗဟို ပြု၍ နိုဝင်ဘာ ၂၇ ရက်က ရစ်ချ်တာစကေး ၅ ဒသမ ၄ အဆင့်ရှ်ငလျင်လှုပ်ခတ်သွားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရုံးမှ သိရသည်။

‘‘ကနီနဲ့ ဘုတလင်မြို့နယ်အ တွင်းက စေတီတွေ အပျက်အစီး များတယ်။ ကနီမြို့နယ်အတွင်းက စာသင်ကျောင်း၊ လူနေအဆောက် အအုံတချို့ အက်ကြောင်းတွေ ဖြစ်တာတော့ ရှိပါတယ်’’ဟု စစ် ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ ရဲအရာရှိတစ်ဦးက ပြောသည်။

ငလျင်လှုပ်ခတ်မှုကြောင့် မုံရွာခရိုင် ဘုတလင်မြို့နယ် မောင်းထောင်ကျေးရွာ မာန် အောင်မြင်ဘုရားအတွင်း စေတီ တော်တစ်ဆူမှာ ထီးတော်ကျိုးကျ ၍ စိန်ဖူးတော်မြေခသွားပြီး ကျန် စေတီတစ်ဆူမှာလည်း ထီးတော် ယိုင်သွားခဲ့သည်။ မောင်းထောင် ကျေးရွာရှိ ကံစုံစေတီမှာလည်းထက်ဝက်ခန့်ပြိုကျ၍ထီးတော် မြေခခဲ့သည်။

ယင်းမာပင်ခရိုင် ကနီမြို့ နယ် အမှတ် (၁)ရပ်ကွက်ရှိ သီတာဦးစေတီမှာလည်း ထက်ဝက်ခန့်ပျက်ကျ၍ ထီးတော်မြေခပြီး အမှတ် (၂)ရပ်ကွက် ရွှေမြင်းဖြူဘုရား အရံစေတီတစ်ဆူ ထီးတော်မှ အောက်ခြေအထိ အက်ကွဲခဲ့ သည်။

ကနီမြို့နယ်ရှိ ကျေးရွာအုပ် စုများမှ စေတီတော်များစွာမှာ စိန်ဖူးတော်မြေခခြင်း၊ ကြာလန် ကြာမှောက်များ အက်ကွဲပျက်စီး ခြင်း၊ စေတီအတွင်းရှိ အဆောက်အအုံအချို့ နံရံများ အက်ကွဲပျက် စီးခြင်း၊ စေတီအနီးရှိ ဘုန်းတော်ကြီးကျောင်း အချို့နံရံများအက် ကွဲပျက်စီးခြင်းတို့ ဖြစ်ပွားခဲ့သည်။

ကနီမြို့နယ်အတွင်းရှိ စာ သင်ကျောင်းနှင့် လူနေအိမ်အချို့ အပါအဝင် စီးပွားရေးလုပ်ငန်း ဆိုင်ရာ အဆောက်အအုံအချို့ လည်း ထိခိုက်ပျက်စီးမှုနှင့် ပြိုကျ မှုများ ဖြစ်ပွားခဲ့ပြီး လူနှင့်တိရစ္ဆာန် များ သေကျေ ထိခိုက်ဒဏ်ရာရရှိ ခြင်းမရှိကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ သိရှိရ သည်။

‘‘ဝက်လူးအိုင်ရွာက ကျောက် မဲကျောင်းတိုက်အတွင်းက ရှေး ဟောင်းကုန်းပေါ်ဘုရား၊ မြင်သာ ကျောင်းက ဘုရားနှစ်ဆူ၊ ဝါးကြီး တောရကျောင်းက ဘုရားတစ်ဆူ စိန်ဖူးတော်မြေခပြီး ပျက်စီးခဲ့့ တယ်။ ကျောက်မဲကျောင်းတိုက် အတွင်းက အောင်စည်းခုံစေတီနဲ့ ရွှေစည်းခုံစေတီ၊ ဝါးကြီးတောရ ကျောင်းက စေတီတစ်ဆူ အက် ကွဲပျက်စီးတာရှိပါတယ်’’ဟု ၀က်လူးအိုင်ကျေးရွာ ကျောက်မဲကျောင်းတိုက် နာယကဆရာတော် ဦးဝါယမိန္ဒက မိန့်ကြားသည်။
7Daydaily

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>