Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

မဲေပးမည့္သူမ်ားအား မဲ႐ုံသုိ႔ ဆုိင္ကယ္ျဖင့္ အခမဲ့ပုိ႔ေဆာင္ခဲ့သူႏွစ္ဦး တရားစြဲခံရ

$
0
0
Byမိုးေက်ာ္On  Sun, 2015-11-29 06:30LocationမေကြးIssue No.No.932 Sunday, November 29, 2015
မေကြးၿမိဳ႕ ေအးျမသာ ယာရပ္ကြက္တြင္ ၿပီးခဲ့သည့္ႏုိ၀င္ ဘာ ၈ရက္ မဲေပးသည့္ေန႔က ရပ္ကြက္အတြင္းရွိ သက္ႀကီးရြယ္အုိမ်ားႏွင့္ က်န္းမာေရးမေကာင္း သူမ်ားအား မဲ႐ုံသို႔ သုံးဘီးဆုိင္ကယ္ျဖင့္အခမဲ့ပုိ႔ေဆာင္ခဲ့သူႏွစ္ဦး တရားစြဲဆုိျခင္းခံရေၾကာင္း သတင္းရရွိသည္။


သက္ႀကီးရြယ္အုိမ်ားႏွင့္ က်န္းမာေရး မေကာင္းသူမ်ားအား မဲ႐ုံသို႔ အခမဲ့ ပုိ႔ေဆာင္ႏုိင္ရန္စီစဥ္ခဲ့သူသည္ ဦးတင္၀င္းျဖစ္ၿပီး သုံးဘီးဆိုင္ကယ္ျဖင့္ လုိက္လံပုိ႔ေဆာင္ခဲ့သူသည္ ကိုဖုိးသားျဖစ္သည္။

‘‘ရဲစခန္းက ကၽြန္ေတာ့္ကို ႏုိ ၀င္ဘာလ ၂၂ရက္က ေခၚတယ္။ မဲေပးတဲ့ေန႔မွာ ရပ္ကြက္ဓမၼာ႐ုံ က အသံခ်ဲ႕စက္နဲ႔ မဲဆြယ္ခဲ့တဲ့ပုံစံ မ်ဳိးနဲ႔ စစ္ေဆးတယ္။ အမွန္က ကၽြန္ေတာ္ေၾကညာခဲ့တာက ရပ္ ကြက္ထဲက သက္ႀကီးရြယ္အုိေတြ၊ က်န္းမာေရးမေကာင္းသူေတြ ဘယ္ပါတီကို မဲေပးေပး မဲ႐ုံကို အ ခမဲ့လုိက္လံပုိ႔ေဆာင္ေပးပါမယ္ လုိ႔ ေၾကညာခဲ့တာ။ ရပ္ကြက္ပုိင္ ဓမၼာ႐ုံက အသံခ်ဲ႕စက္သုံးခြင့္ကို လည္း ရပ္ကြက္ခြဲတာ၀န္ခံကိုခင္ ေက်ာ္ဆီမွာ ခြင့္ျပဳခ်က္ယူခဲ့တယ္။ ဓမၼာ႐ုံနဲ႔ မဲ႐ုံနဲ႔ကလည္း အနည္း ဆုံးကုိက္ ၁,၅၀၀ေက်ာ္ေလာက္ ေ၀းပါတယ္’’ဟု အခမဲ့ပုိ႔ေဆာင္ ႏုိင္ရန္စီစဥ္ခဲ့သူ ဦးတင္၀င္းက ေျပာသည္။

၎သည္မဲ႐ုံသုိ႔ အခမဲ့ပုိ႔ေဆာင္ႏုိင္ရန္ သုံးဘီးေမာင္းသူ ကိုဖုိးသားအား အကူအညီေတာင္းခဲ့ၿပီး သက္ႀကီးရြယ္အုိႏွင့္ က်န္းမာေရးမေကာင္းသူမ်ားအား အခမဲ့ မဲ႐ုံသို႔ ပုိ႔ေဆာင္ေပးမည္ျဖစ္ေၾကာင္း ရပ္ကြက္ဓမၼာ႐ုံရွိ အသံခ်ဲ႕စက္ျဖင့္ေၾကညာခဲ့ေၾကာင္း၊ ၎တုိ႔ရပ္ကြက္မွ မဲ႐ုံသုိ႔ သြားရာ လမ္းတြင္ ကုိက္တစ္ရာေက်ာ္ရွည္ ေသာေခ်ာင္း႐ုိးကို ျဖတ္ရမည္ျဖစ္ သကဲ့သုိ႔ ကားလမ္းမွပတ္သြားလွ်င္ ေ၀းေသာေၾကာင့္ ယင္းကဲ့သုိ႔ ကူညီရန္စီစဥ္ခဲ့ျခင္းျဖစ္ေၾကာင္း ဦးတင္၀င္းက ေျပာသည္။

‘‘သူေၾကညာတဲ့အထဲမွာ ဘာမွ ေထြေထြထူးထူးမပါဘူး။ သက္ႀကီးရြယ္အုိေတြ၊ နာမက်န္း ျဖစ္သူေတြ မဲ႐ုံကို အခမဲ့လိုက္ပို႔ ေပးမယ္ဆုိတာပဲ။ ဘယ္ပါတီကို မဲေပးမွ လိုက္ရမယ္တုိ႔ဘာတုိ႔မပါ ဘူး’’ဟု ေအးျမသာယာရပ္ကြက္ မွ ေဒၚ၀င္းေမကေျပာသည္။

အဆုိပါကိစၥႏွင့္ပတ္သက္၍ မေကြးၿမိဳ႕မရဲစခန္းတာ၀န္ရွိသူက ဦးတင္၀င္းႏွင့္ကိုဖုိးသားတုိ႔အား တုိင္းေဒသႀကီး လႊတ္ေတာ္(သုိ႔မဟုတ္) ျပည္သူ႔လႊတ္ေတာ္ေရြး ေကာက္ပြဲဥပေဒ ပုဒ္မ၆၁(က)၊ ပုဒ္မ ၆၁(ဂ)တုိ႔ျဖင့္ အမႈဖြင့္ထားေၾကာင္းေျပာၾကားသည္။ ယင္းကိစၥတြင္ သုံးဘီးျဖင့္ အခမဲ့ပုိ႔ေဆာင္ခဲ့သူကိုဖုိးသားမွာ ၎ကိစၥႏွင့္ပတ္သက္၍ မိမိအေနျဖင့္  မေျပာလုိ ေသးေၾကာင္းေျပာသည္။
7Daydaily
....................
မဲပေးမည့်သူများအား မဲရုံသို့ ဆိုင်ကယ်ဖြင့် အခမဲ့ပို့ဆောင်ခဲ့သူနှစ်ဦး တရားစွဲခံရ

Byမိုးကျော်On  Sun, 2015-11-29 06:30LocationမကွေးIssue No.No.932 Sunday, November 29, 2015
မကွေးမြို့ အေးမြသာ ယာရပ်ကွက်တွင် ပြီးခဲ့သည့်နို၀င် ဘာ ၈ရက် မဲပေးသည့်နေ့က ရပ်ကွက်အတွင်းရှိ သက်ကြီးရွယ်အိုများနှင့် ကျန်းမာရေးမကောင်း သူများအား မဲရုံသို့ သုံးဘီးဆိုင်ကယ်ဖြင့်အခမဲ့ပို့ဆောင်ခဲ့သူနှစ်ဦး တရားစွဲဆိုခြင်းခံရကြောင်း သတင်းရရှိသည်။


သက်ကြီးရွယ်အိုများနှင့် ကျန်းမာရေး မကောင်းသူများအား မဲရုံသို့ အခမဲ့ ပို့ဆောင်နိုင်ရန်စီစဉ်ခဲ့သူသည် ဦးတင်ဝင်းဖြစ်ပြီး သုံးဘီးဆိုင်ကယ်ဖြင့် လိုက်လံပို့ဆောင်ခဲ့သူသည် ကိုဖိုးသားဖြစ်သည်။

‘‘ရဲစခန်းက ကျွန်တော့်ကို နို ၀င်ဘာလ ၂၂ရက်က ခေါ်တယ်။ မဲပေးတဲ့နေ့မှာ ရပ်ကွက်ဓမ္မာရုံ က အသံချဲ့စက်နဲ့ မဲဆွယ်ခဲ့တဲ့ပုံစံ မျိုးနဲ့ စစ်ဆေးတယ်။ အမှန်က ကျွန်တော်ကြေညာခဲ့တာက ရပ် ကွက်ထဲက သက်ကြီးရွယ်အိုတွေ၊ ကျန်းမာရေးမကောင်းသူတွေ ဘယ်ပါတီကို မဲပေးပေး မဲရုံကို အ ခမဲ့လိုက်လံပို့ဆောင်ပေးပါမယ် လို့ ကြေညာခဲ့တာ။ ရပ်ကွက်ပိုင် ဓမ္မာရုံက အသံချဲ့စက်သုံးခွင့်ကို လည်း ရပ်ကွက်ခွဲတာဝန်ခံကိုခင် ကျော်ဆီမှာ ခွင့်ပြုချက်ယူခဲ့တယ်။ ဓမ္မာရုံနဲ့ မဲရုံနဲ့ကလည်း အနည်း ဆုံးကိုက် ၁,၅၀၀ကျော်လောက် ဝေးပါတယ်’’ဟု အခမဲ့ပို့ဆောင် နိုင်ရန်စီစဉ်ခဲ့သူ ဦးတင်ဝင်းက ပြောသည်။

၎င်းသည်မဲရုံသို့ အခမဲ့ပို့ဆောင်နိုင်ရန် သုံးဘီးမောင်းသူ ကိုဖိုးသားအား အကူအညီတောင်းခဲ့ပြီး သက်ကြီးရွယ်အိုနှင့် ကျန်းမာရေးမကောင်းသူများအား အခမဲ့ မဲရုံသို့ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ရပ်ကွက်ဓမ္မာရုံရှိ အသံချဲ့စက်ဖြင့်ကြေညာခဲ့ကြောင်း၊ ၎င်းတို့ရပ်ကွက်မှ မဲရုံသို့ သွားရာ လမ်းတွင် ကိုက်တစ်ရာကျော်ရှည် သောချောင်းရိုးကို ဖြတ်ရမည်ဖြစ် သကဲ့သို့ ကားလမ်းမှပတ်သွားလျှင် ဝေးသောကြောင့် ယင်းကဲ့သို့ ကူညီရန်စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း ဦးတင်ဝင်းက ပြောသည်။

‘‘သူကြေညာတဲ့အထဲမှာ ဘာမှ ထွေထွေထူးထူးမပါဘူး။ သက်ကြီးရွယ်အိုတွေ၊ နာမကျန်း ဖြစ်သူတွေ မဲရုံကို အခမဲ့လိုက်ပို့ ပေးမယ်ဆိုတာပဲ။ ဘယ်ပါတီကို မဲပေးမှ လိုက်ရမယ်တို့ဘာတို့မပါ ဘူး’’ဟု အေးမြသာယာရပ်ကွက် မှ ဒေါ်ဝင်းမေကပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မကွေးမြို့မရဲစခန်းတာဝန်ရှိသူက ဦးတင်ဝင်းနှင့်ကိုဖိုးသားတို့အား တိုင်းဒေသကြီး လွှတ်တော်(သို့မဟုတ်) ပြည်သူ့လွှတ်တော်ရွေး ကောက်ပွဲဥပဒေ ပုဒ်မ၆၁(က)၊ ပုဒ်မ ၆၁(ဂ)တို့ဖြင့် အမှုဖွင့်ထားကြောင်းပြောကြားသည်။ ယင်းကိစ္စတွင် သုံးဘီးဖြင့် အခမဲ့ပို့ဆောင်ခဲ့သူကိုဖိုးသားမှာ ၎င်းကိစ္စနှင့်ပတ်သက်၍ မိမိအနေဖြင့်  မပြောလို သေးကြောင်းပြောသည်။
7Daydaily

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...