သီပေါ၊ဇူလိုင် ၂၅။
ရှမ်းပြည်နယ်မြောက်ပိုင်း ၊ သီပေါမြို့  ရှိ နမ့် ပေါချောင်းတံတား ကျိုး၍ လူ ၁၅ ခန့် ရေထဲမျှော ပါသွားကြောင်း သီပေါမြို့ ခံများက ဇူလိုင်လ ၂၅ ၇က် နေ့လယ်ပိုင်းတွင် Oriental News သို့ဆက်သွယ်ပြောကြားသည်။
`` တံတားကျိုး တယ် ဆိုတာမှန်ပါတယ်။ တံတား ပေါ် မှာ လူတွေ ဖြတ်သန်းနေတုန်း တံတားကျိုးကျတာ မဟုတ်ပါဘူး။ မိုးသည်းပြီးရေကြီးနေတာ ကို လူတွေက တံတားပေါ်မှာရပ်ကြည့် နေတုန်းတံတားကျိုး ;ကျတာပါ။ ပြီးခဲ့တဲ့ မိနစ် ၃၀ လောက် ( နေ့လယ် ၁ နာရီခန့်) က တံတားကျိုးတာပါ။တံတားပေါ်ကနေရေကြီးတာကိုရပ်ကြည့်နေတဲ့ လူ ၁၅ ယောက် လောက်ရေထဲမျှောပါသွားပါတယ်။ ၅ ယောက်လောက်ကိုတော့ ကယ်ပြီး ဆေးရုံ ပို့ထားပါတယ်။ ကျန်တဲ့သူတွေကိုတော့ ရှာနေတုန်းပါပဲ ´´ ဟု သီပေါရဲစခန်းမှ တာဝန်ကျရဲဝန်ထမ်းတစ်ဦးက ဇူလိုင်လ ၂၅ ၇က် နေ့လယ် ၁း၃၀ တွင် Oriental News သို့ အတည်ပြုပြောသည်။
သီပေါမြို့ ရှိ နမ့်ပေါချောင်းတံတားကျိုးသည်မှာ မှန်ကန်ပါကြောင်း ၊ လူများရေထဲမျှောပါသွားကြောင်း၊ ယင်းတံတားမှာ သီပေါမြို့ ဇာတ်စုရပ်တွင်တည်ရှိသောတံတားဖြစ်ကြောင်း၊ သီပေါ- နမ္မတူ ကားလမ်းပေါ်တွင်တည်ရှိသောတံတားဖြစ်ကြောင်း၊ နမ့်ပေါ့ ဟု အမည်ရသည့်ချောင်းကိုဖြတ်ကျေ်တည်ဆောက်ထားသည့်တံတားဖြစ်ကြောင်း၊နမ့်ပေါချောင်းမှာ၎င်း၏ အရှေ့ဘက် ကိုက် ၁၀၀၀ ခန့်အကွာတွင်တည်ရှိသည့်ဒုဌ၀တီမြစ်အတွင်းသို့စီးဝင်ကြောင်း၊ တံတားကျိုးကျရာတွင်ပါဝင်သူများ မှာ ရေစီးဖြင့်မျှော ပါပြီး ဒုဌ၀တီမြစ်အတွင်းရောက်ရှိသွားနိုင်ကြောင်း သီပေါမြို့ မှ ကိုသားငယ်ကပြောသည်။
နမ့်ပေါချောင်းတံတားကျိုးသည်မှာ မှန်ကန်ပါကြောင်း ၊ ယင်းတံတားမှာ လွန်ခဲ့သော နှစ် ၁၀၀ ခန့် ကဆောက်လုပ်ထားသောတံတားဖြစ်ကြောင်း၊ အသစ်တည်ဆောက်ရန်စီစဉ်နေသောတံတားဖြစ်ကြောင်း၊ ရေကြီး၍ တံတားကြံ့ခိုင်ရေးအခြေအနေကိုတံတားပေါ်တက်၍စစ်ဆေးစဉ်တံတားကျိုးကျသည်ဟုသိရကြောင်း၊ ကျိုးကျသည့် တံတားအနီးတွင် နေထိုင်သူ စာရေးဆရာသီပေါကိုလတ်က ပြောသည်။
အောင်ခန့်မော် ( Oriental News)
PHOTO BY -Zawungwin (HPW)