“ထုိင္းဆရာေတာ္ ႏွစ္ပါး ေရႊေမာ္ေဓာဘုရားမွာ ဘုရားဖူးဖို႔ ဘုရားေစာင္းတန္းမွာရွိတဲ့ ႏိုင္ငံျခားသား ေငြေကာက္ခံေရး ဌာနက တစ္ပါး တစ္ေသာင္းစီနဲ႔ ေငြႏွစ္ေသာင္း ယူလိုက္တယ္ ဆိုတာ ဟုတ္လား ဒကာႀကီး”
“တင္ပ ဟုတ္ပါတယ္ဘုရား”
မိမိမွ ဖုန္းဆက္ေမးရာ ထိုင္းဆရာေတာ္ ႏွစ္ပါးကို ဘုရားဖူး လိုက္ပို႔တဲ့ ဒကာႀကီးက ျပန္ေျဖတယ္။
“ဒါဆိုရင္ ဘုန္းဘုန္း အခုပဲ ပဲခူးကို ႂကြလာခဲ့မယ္။
ဘုရားေစာင္းတန္းက ေငြယူတဲ့ ဒကာေတြနဲ႔ အဲဒီကိစၥကို ေျဖရွင္းမယ္”
ျမန္မာႏုိင္ငံက ဗုဒၶဘာသာႏိုင္ငံ ျဖစ္ၿပီး ဗုဒၶဘာသာ ရဟန္္းေတာ္ေတြ ဘုရားဖူးႂကြလာတာ ေငြေပးၿပီးမွ ဘုရားေပၚ တက္ခြင့္ရတယ္ ဆိုတာ လူၾကားလို႔မွ မေကာင္း။
ထိုင္းဆရာေတာ္ ႏွစ္ပါးကို ဘုရားဖူး လိုက္ပို႔တဲ့ ဆရာေတာ္ တစ္ပါးနဲ႔ ဒကာႀကီးတို႔က ကန္ထ႐ိုက္ဌာနက ေငြေတာင္းတဲ့ ဒကာတို႔ စကားအအေျခအတင္ ေျပာၾကေပမဲ့ ေငြအတင္း ေတာင္းခံလို႔ ေပးလိုက္တယ္ လို႔ သိလိုက္ရတယ္။
မိမိလည္း ေဒါသထြက္တယ္ ဆိုတာထက္ ကိုယ့္ႏိုင္ငံရဲ႕ အရွက္သိကၡာအတြက္ စိတ္မေကာင္းျဖစ္ရင္း ရွက္လည္း ရွက္မိတယ္။
ေရႊေမာ္ေဓာဘုရားကို ေရာက္ေတာ့ အေၾကာင္းအက်ဳိး ေမးၾကည့္ေရာ ေငြေတာင္းတဲ့ အဖြဲ႕က ေရွးေဟာင္းယဥ္ေက်းမႈ ေနရာေတြကို ႏိုင္ငံျခားသားေတြအတြက္ ေငြေကာက္ခံႏိုင္ဖို႔ ယဥ္ေက်းမႈ ဝန္ႀကီးဌာနမွာ ကန္ထ႐ိုက္ ဆြဲထားတယ္ လို႔ သိရတယ္။
ပဲခူးက ေရႊေမာ္ေဓာ ဘုရား အပါအဝင္ ပဲခူးေလးမ်က္ႏွာ ဘုရားမွာလည္း ေငြေကာက္ခံတာ ေတြ႕ရတယ္။
ေရႊေမာ္ေဓာမွာ ကန္ထ႐ိုက္ဆြဲထားတဲ့ အဖြဲ႕ရဲ႕ မန္ေနဂ်ာ ဦးေဇာ္ဝင္း နဲ႔ ေတြ႕ေတာ့ ေမးၾကည့္တာ ကန္ထ႐ိုက္ဆြဲတဲ့ ပိုင္ရွင္က ေဒၚႏွင္းရီ တဲ့။
ေငြေတာင္းတဲ့ အခ်ိန္တုန္းက ေငြေတာင္းသူက မန္ေနဂ်ာ ေအာက္က ဦးေမာင္ေမာင္သန္း ဆိုသူက စကားေျပာ ၾကမ္းတမ္းတယ္ လို႔ သိရတယ္။
“ဒကာႀကီးတို႔က ဗုဒၶဘာသာေတြ ျဖစ္ၿပီး ဘုန္းႀကီးက ဘုရားဖူးတာ ဒကာႀကီးတို႔ ကန္ထ႐ိုက္ကို ေငြေပးၿပီးမွ ဖူးရတယ္ ဆိုတာ မျဖစ္သင့္ဘူး။
အဲဒါေတာ့ ဘုန္းဘုန္း လံုးဝ သေဘာမက်ဘူး”
“ဒီလိုပါ ဘုရား… ယဥ္ေက်းမႈ ဝန္ႀကီးဌာနမွာ ကန္ထ႐ိုက္ဆြဲေတာ့ စည္းမ်ဥ္းထဲမွာ ႏိုင္ငံျခားသား မည္သူမဆိုကို ေငြေကာက္ခံရမယ္ ဆိုတဲ့ စည္းမ်ဥ္းနဲ႔ အညီ ေကာက္ခံတာပါ ဘုရား”
“ေအး… ဒကာႀကီးလည္း ေသေသခ်ာခ်ာ စဥ္းစားၾကည့္ပါဦး။
ဘုရားမွာ ေငြေကာက္ခံတာကို ဘုန္းဘုန္းတို႔က သိပ္မေျပာလိုေပမဲ့ အေျခအေနေလးေတာ့ နည္းနည္း ၾကည့္သင့္တယ္။
အခုက ႏိုင္ငံျခားသား ဆိုေပမဲ့ ထိုင္းႏိုင္ငံက ဗုဒၶဘာသာ ဘုန္းႀကီးေတြ ျဖစ္ေနတာေလ။
ဘုရား ဆီလာတာ ဘုန္းႀကီးက ေငြေပးၿပီးမွ ဘုရားဖူးရမွာတဲ့လား?
ထိုင္းႏိုင္ငံမွာ ဆိုရင္ ရဟန္းသံဃာေတြအတြက္ ဘုရားဖူးတာ ေငြေပးစရာ မလိုဘူး။
ဘုရား ဆိုတာ ရဟန္းေတာ္ေတြရဲ႕ ဖခင္ ဆိုရင္လည္း မမွားဘူး။
အေဖ့ဆီ လာတာကို ေငြးေပးၿပီးမွ အေဖနဲ႔ ေတြရမယ္ ဆိုေတာ့ မလြန္လြန္းဘူးလား?”
“ကန္ထ႐ိုက္ စည္းမ်ဥ္းအရ ေငြယူရတာပါဘုရား”
“ဒကာႀကီး ေျပာသလို စည္းမ်ဥ္း အတိုင္းခ်ည္းသာ လုပ္ရမယ္ ဆိုရင္ ဘုန္းဘုန္းတို႔လည္း ဝိနည္းစည္းကမ္း အတိုင္း ရွဴရွဴေပါက္တာေတာင္ ခက္ရခ်ည္ရဲ႕။
အခ်ိန္အခါ ေနရာေဒသကို ၾကည့္ၿပီး စီစဥ္ေနထိုင္တတ္မွ ေကာင္းတယ္။
နီနီျမင္တိုင္း စားဖို႔ အသားတစ္ လို႔ ျမင္ၿပီး ေလာဘႀကီးလြန္းေနရင္ မေကာင္းဘူး ဒကာႀကီး။
ရဟန္းသံဃာကို ျမင္ရင္ စီးပြားေရးမ်က္စိနဲ႔ခ်ည္း မျမင္ဘဲ ၾကည္ညိဳသဒၶါစိတ္ေလးနဲ႔လည္း ၾကည့္ေပးပါဦး။
ဗုဒၶဘာသာ ဘုန္းႀကီး ဆိုရင္ ဘယ္ႏိုင္ငံကပဲ ျဖစ္ျဖစ္ ေငြေၾကးမယူဘဲ ဘုရားဖူးခြင့္ေပးတာက သင့္ေတာ္တာေပါ့။
ကန္ထ႐ိုက္ စည္းမ်ဥ္းထဲမွာ မပါဘဲ ဒကာႀကီးတို႔က ခြင့္ျပဳရင္ ၿပီးေနတာပဲေလ။
အက်ႌလက္ရွည္ ေဘာင္းဘီေျခရွည္ေတြ ဝတ္ၾကတဲ့ မဟာယာန ဘုန္းႀကီးေတြဆီက ေငြယူတယ္ ဆိုရင္ေတာ့ မေျပာလိုပါဘူး။
ႏိုင္ငံျခားသား လူပုဂၢိဳလ္ေတြကိုလည္း စည္းမ်ဥ္းအတိုင္း လုပ္တာ လက္ခံပါတယ္”
မိမိက အဲဒီလို ေျပာျပေတာ့ မန္ေနဂ်ာ ဒကာႀကီးက
“အဲဒါဆိုရင္ ဝန္ႀကီးဌာနကို စာတင္ၿပီး ဝိုင္းေတာင္းဆိုရင္ ျဖစ္ႏိုင္ေလာက္ပါတယ္ဘုရား”
“ေၾသာ္ ဒကာႀကီးရယ္… ဘုန္းႀကီးေတြ ေငြေပးစရာ မလိုဘဲ ဘုရားဖူးခြင့္ရေအာင္ ဝန္ႀကီး ဌာနကို စာတင္သင့္တယ္ ဆိုတာလည္း လြဲေနေသးသလားလို႔။
ရဟန္းေတြနဲ႔ သီလရွင္ေတြက အခမဲ့ ဘုရားဖူးဖို႔ရာ ေငြေပးစရာ မလိုဘူး ဆိုတာ သာမာန္ အေတြးအေခၚေလာက္နဲ႔တင္ ျပည့္စံုပါတယ္။
အေျခအေနကို ၾကည့္ၿပီး ေလာဘရွိတာပဲ ေတာ္ေသးတယ္။
ဘုရားကို မီွၿပီး စီးပြားေရး လုပ္စားတာ သင့္တင့္မွ်တမွ ေကာင္းတယ္။
ေလာဘႀကီးလြန္းရင္ ဒကာႀကီးတို႔ အပါယ္ဘံုသားဘဝကို ျပန္သြားရမွာ အေႏွးနဲ႔ အျမန္ပဲ။
ကိုယ့္ႏိုင္ငံရဲ႕ ဗုဒၶဘာသာ သိကၡာကို က်ေအာင္ လုပ္တာေတာ့ မျဖစ္သင့္ဘူး။
ဘုန္းဘုန္းတို႔ ပင့္ဖိတ္ထားတဲ့ ထိုင္းဆရာေတာ္ေတြ အဲဒီလို ျဖစ္ေတာ့ ျမန္မာျပည္အတြက္လည္း ရွက္ဖို႔ေကာင္းတယ္”
မိမိက အဲဒီလို ေျပာဆိုတဲ့အခါ မန္ေနဂ်ာ ဒကာႀကီးမွ ဘာမွ ဆက္မေျပာေတာ့ဘဲ ေတာင္းပန္ေလေတာ့တယ္။
“အခုလို လာေျပာရတာ ဘုန္းဘုန္းက ေဒါသထြက္တာထက္ စိတ္မေကာင္း ျဖစ္မိတာက ပိုမ်ားပါတယ္။
ဘုန္းဘုန္းကိုေတာ့ စိတ္မဆိုးနဲ႔ေနာ။
တရားပြဲေတြက်ရင္လည္း မျဖစ္သင့္တဲ့ ဒီလို အျဖစ္အပ်က္မ်ဳိးကို ထည့္ေဟာရပါဦးမယ္။
တိုင္းနဲ႔ ၿမိဳ႕နယ္ သံဃနာယက ဆရာေတာ္ေတြကိုလည္း ႏႈတ္နဲ႔ေရာ စာနဲ႔ပါ ေလွ်ာက္ထားပါဦးမယ္။
အင္တာနက္မွာလည္း အမ်ားသိေအာင္ ေျပာျပရဦးမယ္”
ျမန္မာျပည္အႏွံ႔မွာ အဲဒီလိုမ်ဳိး ျဖစ္ရပ္ေတြ ဘယ္ေလာက္မ်ား ရွိခဲ့ၿပီလဲ မသိဘူး။
ဝန္ႀကီးဌာနမွာ တိုက္႐ုိက္ ေလလံ ဆြဲထားတာ ဆိုေတာ့ ဘုရား ေဂါပကလည္း ဘာမွ မေျပာသာ။
သက္ဆိုင္ရာ အစိုးရ ဝန္ႀကီးမင္းမ်ားကလည္း ဘုရား၊ တရား၊ သံဃာ ရတနာသံုးပါး ကို ၾကည္ညိဳတဲ့ သဒၶါတရားထက္ ေလာဘေဇာတိုက္ၿပီး ေငြေၾကး အသျပာကိုပဲ ၾကည့္ေနၾကကုန္ၿပီလား?
ဘုရားကို အမွီျပဳၿပီး စီးပြားရွာၾကရင္း ျမန္မာဗုဒၶဘာသာေတြ ေလာဘႀကီးတာကေတာ့ ဘုန္းႀကီးကိုပါ မခ်န္ ေငြေတာင္းတတ္တဲ့ ဘုရားကန္ထ႐ိုက္ေတြရဲ႕ လုပ္ရပ္ဟာ ေတာ္ေတာ္ေလးကို အ႐ုပ္ဆိုး အက်ည္းတန္လွပါတယ္။
အဲဒါေတြကို ဗုဒၶဘာသာဝင္ အားလံုးက ဝိုင္းဝန္းတားဆီးၿပီး ကမာၻမွာ ျမန္မာျပည္ ဗုဒၶဘာသာ သိကၡာရွိေစဖို႔ ႀကိဳးစားၾကေစခ်င္ပါေတာ့တယ္…..
အရွင္ဉာဏဒီပ
ေဒလီတကၠသိုလ္၊ အိႏိၵယ
...................
“ထိုင်းဆရာတော် နှစ်ပါး ရွှေမော်ဓောဘုရားမှာ ဘုရားဖူးဖို့ ဘုရားစောင်းတန်းမှာရှိတဲ့ နိုင်ငံခြားသား ငွေကောက်ခံရေး ဌာနက တစ်ပါး တစ်သောင်းစီနဲ့ ငွေနှစ်သောင်း ယူလိုက်တယ် ဆိုတာ ဟုတ်လား ဒကာကြီး”
“တင်ပ ဟုတ်ပါတယ်ဘုရား”
မိမိမှ ဖုန်းဆက်မေးရာ ထိုင်းဆရာတော် နှစ်ပါးကို ဘုရားဖူး လိုက်ပို့တဲ့ ဒကာကြီးက ပြန်ဖြေတယ်။
“ဒါဆိုရင် ဘုန်းဘုန်း အခုပဲ ပဲခူးကို ကြွလာခဲ့မယ်။
ဘုရားစောင်းတန်းက ငွေယူတဲ့ ဒကာတွေနဲ့ အဲဒီကိစ္စကို ဖြေရှင်းမယ်”
မြန်မာနိုင်ငံက ဗုဒ္ဓဘာသာနိုင်ငံ ဖြစ်ပြီး ဗုဒ္ဓဘာသာ ရဟန််းတော်တွေ ဘုရားဖူးကြွလာတာ ငွေပေးပြီးမှ ဘုရားပေါ် တက်ခွင့်ရတယ် ဆိုတာ လူကြားလို့မှ မကောင်း။
ထိုင်းဆရာတော် နှစ်ပါးကို ဘုရားဖူး လိုက်ပို့တဲ့ ဆရာတော် တစ်ပါးနဲ့ ဒကာကြီးတို့က ကန်ထရိုက်ဌာနက ငွေတောင်းတဲ့ ဒကာတို့ စကားအအခြေအတင် ပြောကြပေမဲ့ ငွေအတင်း တောင်းခံလို့ ပေးလိုက်တယ် လို့ သိလိုက်ရတယ်။
မိမိလည်း ဒေါသထွက်တယ် ဆိုတာထက် ကိုယ့်နိုင်ငံရဲ့ အရှက်သိက္ခာအတွက် စိတ်မကောင်းဖြစ်ရင်း ရှက်လည်း ရှက်မိတယ်။
ရွှေမော်ဓောဘုရားကို ရောက်တော့ အကြောင်းအကျိုး မေးကြည့်ရော ငွေတောင်းတဲ့ အဖွဲ့က ရှေးဟောင်းယဉ်ကျေးမှု နေရာတွေကို နိုင်ငံခြားသားတွေအတွက် ငွေကောက်ခံနိုင်ဖို့ ယဉ်ကျေးမှု ဝန်ကြီးဌာနမှာ ကန်ထရိုက် ဆွဲထားတယ် လို့ သိရတယ်။
ပဲခူးက ရွှေမော်ဓော ဘုရား အပါအဝင် ပဲခူးလေးမျက်နှာ ဘုရားမှာလည်း ငွေကောက်ခံတာ တွေ့ရတယ်။
ရွှေမော်ဓောမှာ ကန်ထရိုက်ဆွဲထားတဲ့ အဖွဲ့ရဲ့ မန်နေဂျာ ဦးဇော်ဝင်း နဲ့ တွေ့တော့ မေးကြည့်တာ ကန်ထရိုက်ဆွဲတဲ့ ပိုင်ရှင်က ဒေါ်နှင်းရီ တဲ့။
ငွေတောင်းတဲ့ အချိန်တုန်းက ငွေတောင်းသူက မန်နေဂျာ အောက်က ဦးမောင်မောင်သန်း ဆိုသူက စကားပြော ကြမ်းတမ်းတယ် လို့ သိရတယ်။
“ဒကာကြီးတို့က ဗုဒ္ဓဘာသာတွေ ဖြစ်ပြီး ဘုန်းကြီးက ဘုရားဖူးတာ ဒကာကြီးတို့ ကန်ထရိုက်ကို ငွေပေးပြီးမှ ဖူးရတယ် ဆိုတာ မဖြစ်သင့်ဘူး။
အဲဒါတော့ ဘုန်းဘုန်း လုံးဝ သဘောမကျဘူး”
“ဒီလိုပါ ဘုရား… ယဉ်ကျေးမှု ဝန်ကြီးဌာနမှာ ကန်ထရိုက်ဆွဲတော့ စည်းမျဉ်းထဲမှာ နိုင်ငံခြားသား မည်သူမဆိုကို ငွေကောက်ခံရမယ် ဆိုတဲ့ စည်းမျဉ်းနဲ့ အညီ ကောက်ခံတာပါ ဘုရား”
“အေး… ဒကာကြီးလည်း သေသေချာချာ စဉ်းစားကြည့်ပါဦး။
ဘုရားမှာ ငွေကောက်ခံတာကို ဘုန်းဘုန်းတို့က သိပ်မပြောလိုပေမဲ့ အခြေအနေလေးတော့ နည်းနည်း ကြည့်သင့်တယ်။
အခုက နိုင်ငံခြားသား ဆိုပေမဲ့ ထိုင်းနိုင်ငံက ဗုဒ္ဓဘာသာ ဘုန်းကြီးတွေ ဖြစ်နေတာလေ။
ဘုရား ဆီလာတာ ဘုန်းကြီးက ငွေပေးပြီးမှ ဘုရားဖူးရမှာတဲ့လား?
ထိုင်းနိုင်ငံမှာ ဆိုရင် ရဟန်းသံဃာတွေအတွက် ဘုရားဖူးတာ ငွေပေးစရာ မလိုဘူး။
ဘုရား ဆိုတာ ရဟန်းတော်တွေရဲ့ ဖခင် ဆိုရင်လည်း မမှားဘူး။
အဖေ့ဆီ လာတာကို ငွေးပေးပြီးမှ အဖေနဲ့ တွေရမယ် ဆိုတော့ မလွန်လွန်းဘူးလား?”
“ကန်ထရိုက် စည်းမျဉ်းအရ ငွေယူရတာပါဘုရား”
“ဒကာကြီး ပြောသလို စည်းမျဉ်း အတိုင်းချည်းသာ လုပ်ရမယ် ဆိုရင် ဘုန်းဘုန်းတို့လည်း ဝိနည်းစည်းကမ်း အတိုင်း ရှူရှူပေါက်တာတောင် ခက်ရချည်ရဲ့။
အချိန်အခါ နေရာဒေသကို ကြည့်ပြီး စီစဉ်နေထိုင်တတ်မှ ကောင်းတယ်။
နီနီမြင်တိုင်း စားဖို့ အသားတစ် လို့ မြင်ပြီး လောဘကြီးလွန်းနေရင် မကောင်းဘူး ဒကာကြီး။
ရဟန်းသံဃာကို မြင်ရင် စီးပွားရေးမျက်စိနဲ့ချည်း မမြင်ဘဲ ကြည်ညိုသဒ္ဓါစိတ်လေးနဲ့လည်း ကြည့်ပေးပါဦး။
ဗုဒ္ဓဘာသာ ဘုန်းကြီး ဆိုရင် ဘယ်နိုင်ငံကပဲ ဖြစ်ဖြစ် ငွေကြေးမယူဘဲ ဘုရားဖူးခွင့်ပေးတာက သင့်တော်တာပေါ့။
ကန်ထရိုက် စည်းမျဉ်းထဲမှာ မပါဘဲ ဒကာကြီးတို့က ခွင့်ပြုရင် ပြီးနေတာပဲလေ။
အကျႌလက်ရှည် ဘောင်းဘီခြေရှည်တွေ ဝတ်ကြတဲ့ မဟာယာန ဘုန်းကြီးတွေဆီက ငွေယူတယ် ဆိုရင်တော့ မပြောလိုပါဘူး။
နိုင်ငံခြားသား လူပုဂ္ဂိုလ်တွေကိုလည်း စည်းမျဉ်းအတိုင်း လုပ်တာ လက်ခံပါတယ်”
မိမိက အဲဒီလို ပြောပြတော့ မန်နေဂျာ ဒကာကြီးက
“အဲဒါဆိုရင် ဝန်ကြီးဌာနကို စာတင်ပြီး ဝိုင်းတောင်းဆိုရင် ဖြစ်နိုင်လောက်ပါတယ်ဘုရား”
“သြော် ဒကာကြီးရယ်… ဘုန်းကြီးတွေ ငွေပေးစရာ မလိုဘဲ ဘုရားဖူးခွင့်ရအောင် ဝန်ကြီး ဌာနကို စာတင်သင့်တယ် ဆိုတာလည်း လွဲနေသေးသလားလို့။
ရဟန်းတွေနဲ့ သီလရှင်တွေက အခမဲ့ ဘုရားဖူးဖို့ရာ ငွေပေးစရာ မလိုဘူး ဆိုတာ သာမာန် အတွေးအခေါ်လောက်နဲ့တင် ပြည့်စုံပါတယ်။
အခြေအနေကို ကြည့်ပြီး လောဘရှိတာပဲ တော်သေးတယ်။
ဘုရားကို မှီပြီး စီးပွားရေး လုပ်စားတာ သင့်တင့်မျှတမှ ကောင်းတယ်။
လောဘကြီးလွန်းရင် ဒကာကြီးတို့ အပါယ်ဘုံသားဘဝကို ပြန်သွားရမှာ အနှေးနဲ့ အမြန်ပဲ။
ကိုယ့်နိုင်ငံရဲ့ ဗုဒ္ဓဘာသာ သိက္ခာကို ကျအောင် လုပ်တာတော့ မဖြစ်သင့်ဘူး။
ဘုန်းဘုန်းတို့ ပင့်ဖိတ်ထားတဲ့ ထိုင်းဆရာတော်တွေ အဲဒီလို ဖြစ်တော့ မြန်မာပြည်အတွက်လည်း ရှက်ဖို့ကောင်းတယ်”
မိမိက အဲဒီလို ပြောဆိုတဲ့အခါ မန်နေဂျာ ဒကာကြီးမှ ဘာမှ ဆက်မပြောတော့ဘဲ တောင်းပန်လေတော့တယ်။
“အခုလို လာပြောရတာ ဘုန်းဘုန်းက ဒေါသထွက်တာထက် စိတ်မကောင်း ဖြစ်မိတာက ပိုများပါတယ်။
ဘုန်းဘုန်းကိုတော့ စိတ်မဆိုးနဲ့နော။
တရားပွဲတွေကျရင်လည်း မဖြစ်သင့်တဲ့ ဒီလို အဖြစ်အပျက်မျိုးကို ထည့်ဟောရပါဦးမယ်။
တိုင်းနဲ့ မြို့နယ် သံဃနာယက ဆရာတော်တွေကိုလည်း နှုတ်နဲ့ရော စာနဲ့ပါ လျှောက်ထားပါဦးမယ်။
အင်တာနက်မှာလည်း အများသိအောင် ပြောပြရဦးမယ်”
မြန်မာပြည်အနှံ့မှာ အဲဒီလိုမျိုး ဖြစ်ရပ်တွေ ဘယ်လောက်များ ရှိခဲ့ပြီလဲ မသိဘူး။
ဝန်ကြီးဌာနမှာ တိုက်ရိုက် လေလံ ဆွဲထားတာ ဆိုတော့ ဘုရား ဂေါပကလည်း ဘာမှ မပြောသာ။
သက်ဆိုင်ရာ အစိုးရ ဝန်ကြီးမင်းများကလည်း ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါး ကို ကြည်ညိုတဲ့ သဒ္ဓါတရားထက် လောဘဇောတိုက်ပြီး ငွေကြေး အသပြာကိုပဲ ကြည့်နေကြကုန်ပြီလား?
ဘုရားကို အမှီပြုပြီး စီးပွားရှာကြရင်း မြန်မာဗုဒ္ဓဘာသာတွေ လောဘကြီးတာကတော့ ဘုန်းကြီးကိုပါ မချန် ငွေတောင်းတတ်တဲ့ ဘုရားကန်ထရိုက်တွေရဲ့ လုပ်ရပ်ဟာ တော်တော်လေးကို အရုပ်ဆိုး အကျည်းတန်လှပါတယ်။
အဲဒါတွေကို ဗုဒ္ဓဘာသာဝင် အားလုံးက ဝိုင်းဝန်းတားဆီးပြီး ကမ္ဘာမှာ မြန်မာပြည် ဗုဒ္ဓဘာသာ သိက္ခာရှိစေဖို့ ကြိုးစားကြစေချင်ပါတော့တယ်…..
အရှင်ဉာဏဒီပ
ဒေလီတက္ကသိုလ်၊ အိန္ဒိယ