Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

အစြန္းေရာက္မ်ားကုိ ေျမျပင္၊ ေ၀ဟင္ႏွင့္ အြန္လိုင္း ပါမက်န္ သုတ္သင္မည္ဟု ဟီလာရီကလင္တန္ ေျပာ

$
0
0
ကမၻာ့သတင္း
ေအအက္ပီ
၀ါရွင္တန္၊ ဒီဇင္ဘာ ၄ ။           ။ အစၥလမၼစ္ အစြန္းေရာက္၀ါဒီမ်ားကို "ေျမျပင္ တစ္ခြင္၊ ေ၀ဟင္တစ္လႊားႏွင့္ အင္တာနက္အြန္လုိင္း"ေပၚတြင္ပါ လိုက္လံတိုက္ခိုက္သြားရမည္ဟု ဟီလာရီကလင္တန္က ဒီဇင္ဘာ ၃ ရက္တြင္ ကတိျပဳေျပာၾကားလိုက္သည္။

ဒုတိယကမၻာစစ္အတြင္းက ၀င္စတန္ ခ်ာခ်ီ၏ စစ္ခ်ီ မိန္႔ခြန္းပါအတုိင္း ဟီလာရီက ေျပာၾကားလိုက္ျခင္းလည္း ျဖစ္သည္။ ႏိုင္ငံ၏ ကယ္လီဖုိးနီးယားျပည္နယ္ တြင္ အားလပ္ရက္ပါတီတစ္ခု၌ လူငယ္စုံတြဲ တစ္တြဲက လူေပါင္း ၁၄ ေယာက္ကို တစ္ရပ္ၾကမ္း ပစ္ခတ္သြားသည့္ျဖစ္စဥ္ ျဖစ္ပြားၿပီးေနာက္ပိုင္း ယခုကဲ့သို႔ေျပာၾကား လိုက္ျခင္းလည္းျဖစ္သည္။

ျဖစ္စဥ္တြင္ လူသတ္သမားမ်ား၏ ရည္ရြယ္ခ်က္ႏွင့္ ပတ္သက္၍ ေျပာဆိုရန္ ေစာလြန္းေနေသးေၾကာင္း အာဏာပိုင္မ်ားက ေျပာၾကားခဲ့ၿပီး တစ္ခ်ိန္တည္းတြင္ ယင္းလုပ္ရပ္မွာ အၾကမ္းဖက္မႈ ႏွင့္ ဆက္ႏြယ္ေနႏိုင္သည္ဟု သမၼတ အုိဘားမားက ေျပာဆုိခဲ့သည္။

အေမရိကန္သည္ အၾကမ္းဖက္ ဂ်ီဟတ္ အစြန္းေရာက္မ်ားကို တုိက္ခိုက္မႈတြင္ ဦးေဆာင္မည္ျဖစ္ေၾကာင္း ဒီမိုကရက္တစ္ပါတီ သမၼတေလာင္းစာရင္းတြင္ ထိပ္ဆံုးမွ ဦးေဆာင္ေနသူတစ္ဦးျဖစ္သည့္ ဟီလာရီက နယူးဟမ့္ရႈိင္းယား ရွိ အလုပ္ရံုတစ္ခုရွိ ၀န္ထမ္းမ်ားကို မဲဆြယ္ေဟာေျပာရာတြင္ ေျပာၾကားလိုက္သည္။

ဗုဒၵဟူးေန႔ပစ္ခတ္မႈျဖစ္စဥ္အေပၚ အၾကမ္းဖက္လုပ္ရပ္ဟု အမည္တပ္ေျပာဆိုခ့ဲျခင္းမရွိေသာ္လည္း ၁၉၄၀ ျပည့္ႏွစ္က ၿဗိတိန္ ၀န္ႀကီးခ်ဳပ္ ၀င္စတန္ခ်ာခ်ီ မိန္းခြန္း စကားအတုိင္း အၾကမ္းဖက္သမားမ်ား အထူးသျဖင့္ အုိင္အက္စ္တုိ႔ကို လိုက္လံေခ်မႈန္းသြားမည္ဟု ေျပာဆိုလိုက္ျခင္းျဖစ္သည္။

"သူတို႔ (အၾကမ္းဖက္သမားမ်ား) ကို ေလထဲမွာလည္း တုိက္ခိုက္ရပါမယ္၊ ေျမျပင္တစ္ခြင္မွာလည္း လိုက္လံ အမႈန္႔ေခ်ရပါလိမ့္မယ္၊ ေနာက္ၿပီး အြန္လိုင္းေပၚမွာလည္း ေခ်မႈန္းရပါလိမ့္မယ္"ဟု ၄င္းက ဆိုသည္။

"သူတို႔က အင္တာနက္ေပၚမွာ ေတာ္ေတာ္ေလး အသံုးက်ၾကပါတယ္၊ လူသစ္စုတဲ့ေနရာမွာေရာ၊ ၀ါဒျဖန္႔တဲ့ေနရာ ေနာက္ဆံုး အၾကမ္းဖက္လုပ္ရပ္ေတြ လုပ္ဖို႔ ေသြးထုိးတဲ့ေနရာမ်ဳိးေတြ မွာေတာင္ ေတာ္ေနၾကတာပါ"ဟု ၄င္းက ေျပာဆိုသြားသည္။

- See more at: http://mizzimaburmese.com/article/8123#sthash.FKvAzTzH.IufaBrDT.dpuf
....................
ကမ္ဘာ့သတင်း
အေအက်ပီ
၀ါရှင်တန်၊ ဒီဇင်ဘာ ၄ ။           ။ အစ္စလမ္မစ် အစွန်းရောက်ဝါဒီများကို "မြေပြင် တစ်ခွင်၊ ဝေဟင်တစ်လွှားနှင့် အင်တာနက်အွန်လိုင်း"ပေါ်တွင်ပါ လိုက်လံတိုက်ခိုက်သွားရမည်ဟု ဟီလာရီကလင်တန်က ဒီဇင်ဘာ ၃ ရက်တွင် ကတိပြုပြောကြားလိုက်သည်။

ဒုတိယကမ္ဘာစစ်အတွင်းက ၀င်စတန် ချာချီ၏ စစ်ချီ မိန့်ခွန်းပါအတိုင်း ဟီလာရီက ပြောကြားလိုက်ခြင်းလည်း ဖြစ်သည်။ နိုင်ငံ၏ ကယ်လီဖိုးနီးယားပြည်နယ် တွင် အားလပ်ရက်ပါတီတစ်ခု၌ လူငယ်စုံတွဲ တစ်တွဲက လူပေါင်း ၁၄ ယောက်ကို တစ်ရပ်ကြမ်း ပစ်ခတ်သွားသည့်ဖြစ်စဉ် ဖြစ်ပွားပြီးနောက်ပိုင်း ယခုကဲ့သို့ပြောကြား လိုက်ခြင်းလည်းဖြစ်သည်။

ဖြစ်စဉ်တွင် လူသတ်သမားများ၏ ရည်ရွယ်ချက်နှင့် ပတ်သက်၍ ပြောဆိုရန် စောလွန်းနေသေးကြောင်း အာဏာပိုင်များက ပြောကြားခဲ့ပြီး တစ်ချိန်တည်းတွင် ယင်းလုပ်ရပ်မှာ အကြမ်းဖက်မှု နှင့် ဆက်နွယ်နေနိုင်သည်ဟု သမ္မတ အိုဘားမားက ပြောဆိုခဲ့သည်။

အမေရိကန်သည် အကြမ်းဖက် ဂျီဟတ် အစွန်းရောက်များကို တိုက်ခိုက်မှုတွင် ဦးဆောင်မည်ဖြစ်ကြောင်း ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းစာရင်းတွင် ထိပ်ဆုံးမှ ဦးဆောင်နေသူတစ်ဦးဖြစ်သည့် ဟီလာရီက နယူးဟမ့်ရှိုင်းယား ရှိ အလုပ်ရုံတစ်ခုရှိ ၀န်ထမ်းများကို မဲဆွယ်ဟောပြောရာတွင် ပြောကြားလိုက်သည်။

ဗုဒ္ဒဟူးနေ့ပစ်ခတ်မှုဖြစ်စဉ်အပေါ် အကြမ်းဖက်လုပ်ရပ်ဟု အမည်တပ်ပြောဆိုခဲ့ခြင်းမရှိသော်လည်း ၁၉၄၀ ပြည့်နှစ်က ဗြိတိန် ၀န်ကြီးချုပ် ၀င်စတန်ချာချီ မိန်းခွန်း စကားအတိုင်း အကြမ်းဖက်သမားများ အထူးသဖြင့် အိုင်အက်စ်တို့ကို လိုက်လံချေမှုန်းသွားမည်ဟု ပြောဆိုလိုက်ခြင်းဖြစ်သည်။

"သူတို့ (အကြမ်းဖက်သမားများ) ကို လေထဲမှာလည်း တိုက်ခိုက်ရပါမယ်၊ မြေပြင်တစ်ခွင်မှာလည်း လိုက်လံ အမှုန့်ချေရပါလိမ့်မယ်၊ နောက်ပြီး အွန်လိုင်းပေါ်မှာလည်း ချေမှုန်းရပါလိမ့်မယ်"ဟု ၄င်းက ဆိုသည်။

"သူတို့က အင်တာနက်ပေါ်မှာ တော်တော်လေး အသုံးကျကြပါတယ်၊ လူသစ်စုတဲ့နေရာမှာရော၊ ၀ါဒဖြန့်တဲ့နေရာ နောက်ဆုံး အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဖို့ သွေးထိုးတဲ့နေရာမျိုးတွေ မှာတောင် တော်နေကြတာပါ"ဟု ၄င်းက ပြောဆိုသွားသည်။

- See more at: http://mizzimaburmese.com/article/8123#sthash.FKvAzTzH.IufaBrDT.dpuf

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>