အမ်ိဳးသား ဒီမိုကေရစီအဖဲြ႔ခ်ဳပ္ ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ယခင္ စစ္အစိုးရ ေခါင္းေဆာင္ေဟာင္း ဗိုလ္ခ်ဳပ္မွဴးႀကီး သန္းေရႊတို႔ ေတြ႔ဆံုခဲ့တယ္လို႔ NLD ပါတီက ဗီြအိုေအကို အတည္ျပဳပါတယ္။ NLD ဘက္ကေတာ့ အခုအခ်ိန္ဟာ အကဲဆတ္တဲ့ အသြင္ကူးေျပာင္းေရး အေျခအေနျဖစ္တာမို႕၊ သူတို႔အေနနဲ႕ ထိန္းထိန္းသိမ္းသိမ္း ေျပာဆိုေနရပါတယ္လို႔လည္း ဆိုပါတယ္။ ဒီအေျခအေနေတြကို စံုစမ္းေမးျမန္းထားတဲ့ ကိုသားညြန္႔ဦးက တင္ျပေပးမွာပါ။
ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ယခင္ စစ္အစိုးရအႀကီးအကဲ ဗိုလ္ခ်ဳပ္မႈးႀကီး သန္းေရႊတို႔ ေတြ႔ဆံုတယ္ ဆိုတဲ့ သတင္းအေပၚမွာ NLD ဘက္က အတည္ျပဳ လိုက္ပါၿပီ။ ဗိုလ္ခ်ဳပ္မႈးႀကီးသန္းေရႊနဲ႔ ေဒၚေအာင္ဆန္းစုၾကည္တို႔ဟာ မေန႔ ေနလည္ပိုင္းက ေတြ႔ဆံုခဲ့ၾကတယ္လို႔ NLD ေျပာခြင့္ရသူ ဦး၀င္းျမင့္က ဗီြအိုေအကို အတည္ျပဳပါတယ္။
"က်ေနာ္တို႔လည္း ဒါကေတာ့ ေတြ႔တာေတာ့ အတည္ျပဳလုိ႔ရတယ္ဗ်။ "
ေမး။ ။ တျခား ထူးထူးျခားျခားေဆြးေႏြးတာ ဘာမ်ားရွိတယ္လို႔ သိရပါလဲခင္ဗ်။
"အဲ့တာေတာ့ က်ေနာ္တို႔က ေတြ႔တဲ့အထဲ ပါမသြားေတာ့ မသိဘူး။ ေတြ႔တာေတာ့ အတည္ျပဳလို႔ရတယ္။"
ေနာက္ အမ်ိဳးသားဒီမိုကေရစီအဖဲြ႔ခ်ဳပ္ ေျပာခြင့္ရသူတဦးျဖစ္တဲ့ ဦး၀င္းထိန္ကေတာ့ သူတို႔အေနနဲ႔ တုိင္းျပည္အက်ိဳး အတြက္ ေတြ႔ဆံုသင့္သူေတြ နဲ႔ ေတြ႔ဆံု သြားမွာျဖစ္ေပမယ့္၊ တစံုတရာ အေသးစိတ္ေျပာဖို႔ ျငင္းခဲ့ပါတယ္။
"အန္ကယ္လ္တို႔က ဒီအေျခအေနေရာက္ေအာင္ ႏွစ္ေပါင္း ၂၇ ႀကိဳးစားခဲ့တဲ့ အခါက်ေတာ့ စကားေတြကို အရမ္းမေျပာခ်င္ဘူး။ တုိင္းျပည္အတြက္ေရာ အနာဂတ္အတြက္ေရာ ေတြ႔သင့္သူနဲ႔ေတြ႔တယ္။ လုပ္သင့္တဲ့သူနဲ႔လုပ္တယ္။ အဲ့တာေတာ့ လုပ္ေနမွာပဲ။ ဒါေပမဲ့ ေလာေလာဆယ္ျဖစ္ေနတဲ့ဟာေတြကေတာ့ အန္ကယ္လ္တို႔ မေျပာေကာင္းတယ္။"
ျမန္မာႏိုင္ငံတြင္းမွာေတာ့ ဒီသတင္းအေပၚ လူအမ်ားစိတ္၀င္စားမႈရိွေနၿပီး၊ လက္ရိွ အာဏာအလဲႊအေျပာင္းမွာ အေရးႀကီးတဲ့ အေျခအေနတရပ္ျဖစ္မယ္လို႔ ယူဆၾက ပါတယ္။ ျမန္မာ့အေရးေလ့လာသူ ေဒါက္တာရန္မ်ိဳးသိမ္းကေတာ့ ဒီအေျခအေန မွာ ေရြးေကာက္ပဲြ အႏိုင္ရ NLD ဖက္က ပြင့္လင္းျမင္သာမႈရိွဖို႔ လိုမယ္လို႔ ယူဆပါတယ္။
"ေရြးေကာက္ပြဲအလြန္ႏုိင္ငံေရးမွာ ဗ်ဴဟာသစ္တခုကို စၿပီးေတာ့ ခင္းက်င္းဖို႔ျပင္ဆင္ၿပီလားလို႔ေတာ့ က်ေနာ္က ထင္မိပါတယ္ဗ်။"
ေဒၚေအာင္ဆန္းစုၾကည္နဲ႔ အၿငိမ္းစား ဗိုလ္ခ်ဳပ္မွဴးႀကီးရဲ႕ ေျမးျဖစ္ သူ ေနေရႊေသြးေအာင္ တို႔ ၿပီးခဲ့တဲ့လ အတြင္း ေတြ႔ဆံုခဲ့တဲ့ေနာက္၊ အခုလို ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ဦးသန္းေရႊတို႔ ေတြ႔ဆံုမႈျဖစ္လာတာပါ။
အခု ေတြ႔ဆံုမႈကို လႊတ္ေတာ္ဥကၠ႒ျဖစ္တဲ့ သူရဦးေရႊမန္းက စီစဥ္ေပးတယ္လို႔ ၾကား သိရေပမယ့္ သီးျခား အတည္ျပဳလို႔မရေသးပါဘူး။ အၿငိမ္းစား ဗိုလ္ခ်ဳပ္မွဴးႀကီး သန္းေရႊနဲ႕ေဒၚေအာင္ဆန္းစုၾကည္တို႔ဟာ ယခင္စစ္အစိုးရ လက္ထက္ မွာ ႏွစ္ႀကိမ္ ထက္ မနည္း တရား၀င္ ေတြ႕ဆံုမႈေတြရိွခဲ့ေပမယ့္၊ ဦးသန္းေရႊ အၿငိမ္းစား ယူၿပီးေနာက္ပိုင္း အကူးအေျပာင္းကာလမွာ တရား၀င္ေတြ႔ဆံုမႈေတြ မရိွခဲ့ပါဘူး။
VOA
....................
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ယခင် စစ်အစိုးရ ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ တွေ့ဆုံခဲ့တယ်လို့ NLD ပါတီက ဗွီအိုအေကို အတည်ပြုပါတယ်။ NLD ဘက်ကတော့ အခုအချိန်ဟာ အကဲဆတ်တဲ့ အသွင်ကူးပြောင်းရေး အခြေအနေဖြစ်တာမို့၊ သူတို့အနေနဲ့ ထိန်းထိန်းသိမ်းသိမ်း ပြောဆိုနေရပါတယ်လို့လည်း ဆိုပါတယ်။ ဒီအခြေအနေတွေကို စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးမှာပါ။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ယခင် စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှုးကြီး သန်းရွှေတို့ တွေ့ဆုံတယ် ဆိုတဲ့ သတင်းအပေါ်မှာ NLD ဘက်က အတည်ပြု လိုက်ပါပြီ။ ဗိုလ်ချုပ်မှုးကြီးသန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ မနေ့ နေလည်ပိုင်းက တွေ့ဆုံခဲ့ကြတယ်လို့ NLD ပြောခွင့်ရသူ ဦးဝင်းမြင့်က ဗွီအိုအေကို အတည်ပြုပါတယ်။
"ကျနော်တို့လည်း ဒါကတော့ တွေ့တာတော့ အတည်ပြုလို့ရတယ်ဗျ။ "
မေး။ ။ တခြား ထူးထူးခြားခြားဆွေးနွေးတာ ဘာများရှိတယ်လို့ သိရပါလဲခင်ဗျ။
"အဲ့တာတော့ ကျနော်တို့က တွေ့တဲ့အထဲ ပါမသွားတော့ မသိဘူး။ တွေ့တာတော့ အတည်ပြုလို့ရတယ်။"
နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူတဦးဖြစ်တဲ့ ဦးဝင်းထိန်ကတော့ သူတို့အနေနဲ့ တိုင်းပြည်အကျိုး အတွက် တွေ့ဆုံသင့်သူတွေ နဲ့ တွေ့ဆုံ သွားမှာဖြစ်ပေမယ့်၊ တစုံတရာ အသေးစိတ်ပြောဖို့ ငြင်းခဲ့ပါတယ်။
"အန်ကယ်လ်တို့က ဒီအခြေအနေရောက်အောင် နှစ်ပေါင်း ၂၇ ကြိုးစားခဲ့တဲ့ အခါကျတော့ စကားတွေကို အရမ်းမပြောချင်ဘူး။ တိုင်းပြည်အတွက်ရော အနာဂတ်အတွက်ရော တွေ့သင့်သူနဲ့တွေ့တယ်။ လုပ်သင့်တဲ့သူနဲ့လုပ်တယ်။ အဲ့တာတော့ လုပ်နေမှာပဲ။ ဒါပေမဲ့ လောလောဆယ်ဖြစ်နေတဲ့ဟာတွေကတော့ အန်ကယ်လ်တို့ မပြောကောင်းတယ်။"
မြန်မာနိုင်ငံတွင်းမှာတော့ ဒီသတင်းအပေါ် လူအများစိတ်ဝင်စားမှုရှိနေပြီး၊ လက်ရှိ အာဏာအလွှဲအပြောင်းမှာ အရေးကြီးတဲ့ အခြေအနေတရပ်ဖြစ်မယ်လို့ ယူဆကြ ပါတယ်။ မြန်မာ့အရေးလေ့လာသူ ဒေါက်တာရန်မျိုးသိမ်းကတော့ ဒီအခြေအနေ မှာ ရွေးကောက်ပွဲ အနိုင်ရ NLD ဖက်က ပွင့်လင်းမြင်သာမှုရှိဖို့ လိုမယ်လို့ ယူဆပါတယ်။
"ရွေးကောက်ပွဲအလွန်နိုင်ငံရေးမှာ ဗျူဟာသစ်တခုကို စပြီးတော့ ခင်းကျင်းဖို့ပြင်ဆင်ပြီလားလို့တော့ ကျနော်က ထင်မိပါတယ်ဗျ။"
ဒေါ်အောင်ဆန်းစုကြည်နဲ့ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးရဲ့ မြေးဖြစ် သူ နေရွှေသွေးအောင် တို့ ပြီးခဲ့တဲ့လ အတွင်း တွေ့ဆုံခဲ့တဲ့နောက်၊ အခုလို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသန်းရွှေတို့ တွေ့ဆုံမှုဖြစ်လာတာပါ။
အခု တွေ့ဆုံမှုကို လွှတ်တော်ဥက္ကဋ္ဌဖြစ်တဲ့ သူရဦးရွှေမန်းက စီစဉ်ပေးတယ်လို့ ကြား သိရပေမယ့် သီးခြား အတည်ပြုလို့မရသေးပါဘူး။ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ယခင်စစ်အစိုးရ လက်ထက် မှာ နှစ်ကြိမ် ထက် မနည်း တရားဝင် တွေ့ဆုံမှုတွေရှိခဲ့ပေမယ့်၊ ဦးသန်းရွှေ အငြိမ်းစား ယူပြီးနောက်ပိုင်း အကူးအပြောင်းကာလမှာ တရားဝင်တွေ့ဆုံမှုတွေ မရှိခဲ့ပါဘူး။