ေနေရႊေသြးေအာင္ေရးတဲ့စာ
ခ်စ္ခင္ေလးစားရပါေသာ ျမန္မာႏိုင္ငံတစ္ဝန္းမွီတင္းေနထိုင္လ်က္ရွိေသာ တိုင္းရင္းသားညီအကိုေမာင္ႏွမမ်ားခင္ဗ်ာ..
ကၽြန္ေတာ္တို႔၏အမိျမန္မာျပည္သမိုင္းကို ျပန္လည္ေလ့လာၾကည့္မည္ဆိုလွ်င္ ၁၉၄၈ ခုႏွစ္လြတ္လပ္ေရးရရွိၿပီးခ်ိန္တြင္ တိုင္းျပည္၏စီးပြားေရး၊လူမႈေရး၊ပညာေရးအေျခအေနသည္ အေရွ႕ေတာင္အာရွတြင္အေကာင္းဆံုးအေနအထားတြင္ရွိခဲ့ၿပီး ဒီမိုကေရစီအႏွစ္သာရအျပည့္အဝရရွိေသာ အုပ္ခ်ဳပ္ေရးစနစ္ကိုလည္း လိုက္နာက်င့္သံုးခဲ့သည္ကိုေတြ႕ရမည္ျဖစ္ပါသည္။
သို႔ေသာ္နယ္ခ်ဲ႕မ်ား၏ေသြးခဲြအုပ္ခ်ဳပ္ခဲ့မႈႏွင့္ အေၾကာင္းအမ်ိဳးမ်ိဳးေသာပေယာဂမ်ားေၾကာင့္ တိုင္းရင္းသားစည္းလံုးညီၫြတ္မႈတစ္စတစ္စပ်က္စီးယိုယြင္းလာၿပီး တိုင္းျပည္ၿပိဳကဲြပ်က္သုန္းမည့္အႏၲရာယ္က်ေရာက္လာေသာအခါ ၁၉၆၂ ခုႏွစ္တြင္ပါလီမန္ဒီမိုကေရစီအုပ္ခ်ဳပ္ေရးစနစ္မွ ေတာ္လွန္ေရးေကာင္စီဦးေဆာင္ေသာ အစိုးရယႏၲရားျဖင့္အစားထိုးအုပ္ခ်ဳပ္ခဲ့ရသည္ကိုအားလံုးအသိပင္ျဖစ္ပါသည္။
မူလအစကေတာ္လွန္ေရးေကာင္စီကို အေမရိကန္ကဲ့သို႔ေသာ ကမ႓ာ့အင္အားႀကီးႏိုင္ငံမ်ားအပါအဝင္ ႏိုင္ငံတကာ အသိုင္းအဝိုင္းက ယံုၾကည္ေလးစားစြာဆက္ဆံခဲ့ၾကေသာ္လည္း ေခတ္ႏွင့္မေလ်ာ္ညီေတာ့ေသာစီးပြားေရးစနစ္မ်ားကိုအခ်ိန္မီေျပာင္းလည္းျပဳျပင္ႏိုင္ျခင္းမရွိခဲ့၍ ျပည္သူလူထု၏အျပင္းအထန္ဆန္႔က်င္ေတာ္လွန္ျခင္းကိုခံခဲ့ရၿပီး ၁၉၈၈ ခုႏွစ္တြင္ တပ္မေတာ္မွအုပ္ခ်ဳပ္ေရးအာဏာကိုတစ္ဖန္လဲႊေျပာင္းရယူခဲ့ျပန္ပါသည္။
၁၉၉၀ ခုႏွစ္ေရြးေကာက္ပဲြတြင္ အမ်ိဳးသားဒီမိုကေရစီအဖဲြ႕ခ်ဳပ္ေနရာအႏွံ႔အျပားတြင္ အႏိုင္ရခဲ့ၿပီးေနာက္ တပ္မေတာ္ႏွင့္အႏိုင္ရပါတီေခါင္းေဆာင္မ်ားၾကား ယံုၾကည္မႈမတည္ေဆာက္ႏိုင္ခဲ့၍ တပ္မေတာ္ဘက္ကလည္း ျပည္သူလူထုအျမင္ေစာင္းမႈခံရ၊ အႏိုင္ရပါတီဝင္မ်ားလည္းအေရးယူခံခဲ့ရၿပီး တိုင္းျပည္သည္လည္းႏိုင္ငံတကာပိတ္ဆို႔မႈမ်ားႏွင့္ ၾကံဳႀကိဳက္ခဲ့ရကာ ႏွစ္ေပါင္းအစိတ္ခန္႔ထပ္မံ၍ တိုင္းျပည္အေနျဖင့္ထိခိုက္နစ္နာခဲ့ရျပန္ပါသည္။
၂၀၁၅ ခုႏွစ္တြင္က်င္းပၿပီးစီးၿပီျဖစ္ေသာ ေရြးေကာက္ပဲြႀကီးတြင္ အမ်ိဳးသားဒီမိုကေရစီအဖဲြ႕ခ်ဳပ္ကပင္ အစိုးရဖဲြ႕ႏိုင္ေသာအေနအထားအထိထပ္မံအႏိုင္ရခဲ့ျပန္ပါသည္။ ဒီတစ္ႀကိမ္တြင္ႏွစ္ဘက္ေခါင္းေဆာင္မ်ားအေနျဖင့္ မသင့္မျမတ္ျဖစ္ေနျခင္းထက္မာန္မာနမ်ားဖယ္ရွားၿပီး ေတြ႕ဆံုတိုင္ပင္ေဆြးေႏြးျခင္းကသာ တိုင္းျပည္အတြက္အမွန္တကယ္အက်ိဳးရွိေစမည္ကို ႏွစ္ေပါင္းမ်ားစြာရရွိခဲ့ေသာသင္ခန္းစာမ်ားႏွင့္ယွဥ္ကာေကာင္းစြာနားလည္သေဘာေပါက္ခဲ့သလို လက္ေတြ႕တြင္လည္း တိုင္းျပည္ႏွင့္လူမ်ိဳးအတြက္အမွန္တကယ္အသံုးခ် အက်ိဳးရွိေစခဲ့ၿပီျဖစ္ပါသည္။
ဒီေနရာတြင္ ကၽြန္ေတာ့္အဖိုးဦးသန္းေရႊႏွင့္ေဒၚေအာင္ဆန္းစုၾကည္တို႔အေပၚ ကၽြန္ေတာ့္၏အျမင္ကိုပြင့္ပြင့္လင္းလင္းခ်ျပေဆြးေႏြးလိုပါသည္။ ေဒၚေအာင္ဆန္းစုၾကည္သည္ လူထုအမ်ားစုခ်စ္ခင္ေလးစားေသာေခါင္းေဆာင္တစ္ဦးျဖစ္၍ သူ၏ၾသဇာအာဏာသက္ေရာက္မႈသည္ ျပည္သူလူထုအေပၚအၿမဲပင္လႊမ္းမိုးသက္ေရာက္မႈရွိမည္ျဖစ္သကဲ့သို႔ အဖိုးသည္လည္းပဲႏွစ္ေပါင္းႏွစ္ဆယ္ခန္႔ တိုင္းျပည္အုပ္ခ်ဳပ္လာေသာ တပ္မေတာ္ေခါင္းေဆာင္ျဖစ္၍ လက္ရွိအစိုးရေခါင္းေဆာင္မ်ားသည္လည္း သူ႔အေပၚဂါရဝတရားႏွင့္ေလးစားမႈကေတာ့ အၿမဲပင္ရွိေနမည္ျဖစ္ပါသည္။
သူ႔အေနျဖင့္ ၂၀၁၁ ခုႏွစ္ကတည္းက တိုင္းျပည္ကိုဒီမိုကေရစီလမ္းေၾကာင္းေပၚေရာက္ေအာင္ ၿငိမ္းခ်မ္းသိမ္ေမြ႕စြာတြန္းတင္ပို႔ေဆာင္ေပးခဲ့ၿပီျဖစ္သလို အနားယူစဥ္အခ်ိန္ကတည္းကလည္းယခုအခ်ိန္အထိ ႏိုင္ငံေရးအုပ္ခ်ဳပ္မႈမ်ားတြင္ လံုးဝပါဝင္ပတ္သက္ျခင္းမရွိသည္ကိုလည္း ကၽြန္ေတာ့္အေနျဖင့္အခိုင္အမာေျပာႏိုင္သကဲ့သို႔ နီးစပ္ရာအစိုးရလူႀကီးမ်ားကိုလည္း စံုစမ္းေမးျမန္းႏိုင္ပါသည္။ ထို႔အျပင္ သူတိုင္းျပည္အုပ္ခ်ဳပ္စဥ္အခ်ိန္က တပ္မေတာ္ေခါင္းေဆာင္မ်ားအေပၚ လူအထင္လဲြေစရန္ ထုတ္လႊင့္ခဲ့ေသာေကာလဟလသတင္းမ်ားသည္လည္း ဟုတ္မွန္ျခင္းမရွိေၾကာင္း ေအာက္ပါလင့္တြင္ထပ္မံျဖည့္စြက္တင္ျပထားပါသည္။
http://www.themeltingpot4u.com/2015/03/blog-post_263.html
ျပည္သူလူထုေထာက္ခံမႈရေသာေခါင္းေဆာင္ႏွင့္ လက္ရွိအစိုးရေခါင္းေဆာင္မ်ား၏ ဆရာသမားကဲ့သို႔ျဖစ္ေနသူတို႔၏ ေတြ႕ဆံုမႈသည္အမွန္တကယ္ပင္အေရးႀကီးေၾကာင္း လူတိုင္းသိပါသည္။ ကံေကာင္းခဲ့လွေသာကၽြန္ေတာ့္အေနျဖင့္ႏွစ္ရက္အတြင္း ထိပ္သီးေခါင္းေဆာင္ႏွစ္ဦးႏွင့္ေတြ႕ဆံုမႈကို စာဖတ္သူမ်ားဗဟုသုတရရွိေစႏိုင္ရန္အလို႔ငွာ အက်ဥ္းခ်ံဳးတင္ျပလိုပါသည္။
ထိုေန႔က ဒီဇင္ဘာလ ၁၉ ရက္ေန႔ျဖစ္ပါသည္။ ၁၈ ရက္ေန႔ညကကၽြန္ေတာ္မနက္ ၄ နာရီမွအိပ္ေပ်ာ္ခဲ့ပါသည္။ ေနာက္တစ္ေန႔တြင္ တစ္ကမ႓ာလံုး၏ေထာက္ခံအားေပးမႈကိုရရွိၿပီး ေရြးေကာက္ပဲြတြင္လည္းအႏိုင္ရရွိထားသည့္ပါတီေခါင္းေဆာင္ႏွင့္ေတြ႕သည့္အခါ မည္သည့္စကားကိုစေျပာရမည္လည္းကို အဖန္ဖန္ျပန္လည္စဥ္းစားေနေသာေၾကာင့္ျဖစ္ပါသည္။ ေနျပည္ေတာ္ေလဆိပ္သို႔ေရာက္ရွိၿပီး ေလဆိပ္မွသူမေနအိမ္သြားေနေသာလမ္းတစ္ေလ်ာက္သည္ ကၽြန္ေတာ့္အတြက္ေတာ့ဘဝတြင္ရင္အခုန္ဆံုးအခ်ိန္ေတြထဲကတစ္ခုဆိုတာ စာဖတ္သူမ်ားလည္းမွန္းဆႏိုင္ပါသည္။
ေကာင္းမြန္စြာလက္ခံေတြ႕ဆံုမည္ကိုသိေသာ္လည္း ဘယ္သူ႔ကိုမွမတိုင္ပင္ဘဲ မိမိတစ္ေယာက္တည္းဆံုးျဖတ္ခ်က္ျဖင့္ သြားေရာက္ခဲ့ျခင္းေၾကာင့္ အန္တီႏွင့္ေတြ႕လွ်င္စကားေျပာအဆင္ေခ်ာပါ့မလားဟူေသာအေတြးသည္ ကၽြန္ေတာ့္အားမ်ားစြာပင္ပူပန္ေစခဲ့ပါသည္။ ကားေပၚတြင္စီးနင္းလာရေသာလမ္းတစ္ေလ်ာက္သည္လည္း အိမ္မက္လိုလိုတကယ္လိုလိုျဖင့္ စိတ္လႈပ္ရွားစြာလိုက္ပါခဲ့ရပါသည္။ ဒီလိုႏွင့္အန္တီ့အိမ္ေရာက္ခဲ့ပါသည္။ ငါးေယာက္ခန္႔ရွိေသာလူမ်ားအနက္ အဆိုေတာ္လင္းလင္းႏွင့္ အန္တီ့ေဘးနားအၿမဲပါေနေသာ ေပါင္ခ်ိန္အေသးစားကဲ့သို႔ေသာဦးႀကီးကိုမွတ္မိလိုက္ပါသည္။ အန္တီကဧည့္ခန္းတြင္ရွိေနပါသည္။ အိမ္ေရွ႕တံခါးဖြင့္ၿပီး႐ုတ္တရက္သူမကိုေတြ႕လိုက္ရေသာအခါ ကၽြန္ေတာ္တစ္ကိုယ္လံုးရွိန္းတိန္းဖိန္းတိန္းျဖစ္ၿပီး ထူပူသြားပါသည္။
"ေတြ႕ရတာဝမ္းသာပါတယ္အန္တီခင္ဗ်ာ... သားဖိုးလျပည့္ပါ"ဟုအန္တီ၏မ်က္ႏွာကိုေသခ်ာၾကည့္ေျပာကာ လက္ဆဲြနႈတ္ဆက္လိုက္ပါသည္။ အန္တီကလည္းေတြ႕ရတာဝမ္းသာေၾကာင္းျပန္ေျပာကာ ကၽြန္ေတာ့္ကိုထမင္းစားစားပဲြတြင္မ်က္ႏွာခ်င္းဆိုင္ထိုင္ေစၿပီး အျခားလူမ်ားမရွိေစဘဲစကားဝိုင္းစတင္ခဲ့ပါသည္။ ထူပူစိတ္လႈပ္ရွားေနေသာကၽြန္ေတာ့္၏ ပထမ ၁၀ မိနစ္ခန္႔ကစကားမ်ားသည္ 'ေတြ႕ရတာဝမ္းသာေၾကာင္း'မ်ားျဖင့္သာဖန္တရာထပ္ေနၿပီး ဒါကိုရိပ္မိေသာအန္တီကလည္း ကၽြန္ေတာ့္ကိုဖိအားေလ်ာ့သြားေစရန္ ရင္းႏွီးပြင့္လင္းစြာဆက္ဆံေျပာဆိုေပးခဲ့ပါသည္။
အန္တီႏွင့္တစ္နာရီခဲြခန္႔ေတြ႕ဆံုခဲ့ၿပီး ထင္တာထက္အမ်ားႀကီးအဆင္ေျပခဲ့၍ ၾကည္ႏူးစြာပင္အိမ္ျပန္ခဲ့ပါသည္။ ေနာက္တစ္ေန႔ေန႔လည္တြင္ အဖိုးကိုလည္း အန္တီ၏သေဘာထားမ်ားကိုလည္းတင္ျပခဲ့ၿပီးေနာက္လူႀကီးက 'တိုင္းျပည္အတြက္သားေရႊအိုးထမ္းကိန္းၾကံဳေလၿပီ'ဟုေျပာၾကားခဲ့ေလရာ ကၽြန္ေတာ္လည္းေခါင္းေဆာင္ႏွစ္ဦး အဆင္ေျပေတာ့မည္ဟု အလြန္ပင္ေတြးေတာဝမ္းေျမာက္ၿပီးထိုေနရာတြင္ပင္ အဖိုးကိုဦးသံုးႀကိမ္ခ်ရွိခိုးကန္ေတာ့ခဲ့ပါသည္။
ဤစာ၌ပထမတစ္ခ်က္အေနျဖင့္ အန္တီႏွင့္ကၽြန္ေတာ္ေျပာခဲ့ေသာ အေၾကာင္းအရာမ်ားအနက္ 'ေထာက္ခံအားေပးသူႏွင့္ ေနာက္လိုက္မ်ား' (Supporters & Followers) အေၾကာင္းထပ္မံတင္ျပလိုပါသည္။
အားလံုးသိၾကသည့္အတိုင္း ၿပီးခဲ့သည့္ေရြးေကာက္ပဲြက်င္းပစဥ္ကာလအတြင္း အနီအစိမ္းေထာက္ခံသူမ်ားအခ်င္းခ်င္း အႀကီးအက်ယ္တိုက္ခိုက္မႈမ်ားျပဳလုပ္ခဲ့ၾကပါသည္။ ရင္းႏွီးသူမ်ားလည္းစိတ္ဝမ္းကဲြရ၊ မိတ္ေဆြမ်ားလည္းအယံုၾကည္ပ်က္ရျဖင့္ ဘာေကာင္းက်ိဳးမွမရွိေသာရလဒ္မ်ားျဖင့္ ျပည္သူျပည္သားအခ်င္းခ်င္းစိတ္ဝမ္းကဲြမုန္းတီးမမ်ားျဖင့္သာအဖတ္တင္ခဲ့ရပါသည္။ ဒီကိစၥသည္ ျမန္မာျပည္တြင္ျဖစ္ခဲ့ေသာ ပဋိပကၡေပါင္းမ်ားစြာမ်ားထဲမွသာဓကတစ္ခုသာျဖစ္ပါသည္။ တိုင္းျပည္တစ္ခုတည္ေထာင္ရာတြင္ ေခါင္းေဆာင္ခ်ည္းဦးေဆာင္ေန၍မရပါ။ တိုင္းျပည္ဦးေဆာင္သူမ်ားဘယ္ေလာက္ေကာင္းသည္ျဖစ္ေစ ျပည္သူမ်ားကမညီမၫြတ္စိတ္ဝမ္းကဲြၿပီး အခ်င္းခ်င္းတိုက္ခိုက္ေနပါက ဘယ္လိုမွေရွ႕သို႔သြားႏိုင္မည္မဟုတ္ဘဲ ဟသၤာကိုးေသာင္းဇာတ္ပ်က္သည့္အျဖစ္အပ်က္မ်ိဳးႏွင့္သာၾကံဳေတြ႕ႏိုင္သည္ကို သတိမူရမည္ျဖစ္ပါသည္။
ဒါေၾကာင့္ယခုကဲ့သို႔ႏွစ္ဘက္ေခါင္းေဆာင္မ်ားက တိုင္းသူျပည္သားမ်ား၏ေနာင္အနာဂတ္အက်ိဳးစီးပြားအတြက္ စံျပအတုယူဖြယ္ရာျပန္လည္စည္းလံုးခ်စ္ၾကည္ေနစဥ္တြင္ ကၽြန္ေတာ္တို႔ေနာက္လိုက္မ်ားအားလံုးက မရွိခဲ့ေသာအၿငိဳးအေတးမ်ားကိုဖယ္ရွား ေသြးထိုးခဲ့ေသာေကာလဟလမ်ားကိုနားမေယာင္ဘဲ ေခါင္းေဆာင္မ်ား၏ဦးေဆာင္မႈေနာက္သို႔ ခ်စ္ၾကည္စည္းလံုးစြာလိုက္ပါရန္လိုအပ္ပါေၾကာင္း ဤေနရာမွေန၍ျပည္သူမ်ားအားလံုးသို႔႐ိုက်ိဳးစြာတိုက္တြန္းေျပာၾကားလိုပါသည္။
ဒုတိယတစ္ခ်က္က သတင္းမီဒီယာမ်ား၏အခန္းက႑ျဖစ္ပါသည္။မီဒီယာမ်ားသည္ျပည္သူလူထု၏ အေတြးအေခၚကိုတိုးတက္ေျပာင္းလဲေပးႏိုင္စြမ္းရွိသည့္အေလ်ာက္ ယခုကဲ့သို႔ႏွစ္ဘက္လူႀကီးမ်ားျပန္လည္ေပါင္းစည္းသင့္ျမတ္ေနခ်ိန္တြင္ ကၽြန္ေတာ့္ထံလာေရာက္ဆက္သြယ္ၾကသည့္ ျပည္တြင္းျပည္ပမီဒီယာမ်ားျဖစ္ၾကသည့္ BBC, VOA, RFA, DVB, China Xinhua, Reuters, 7 Days, Mizzima, The Voice, Popular, Messenger, သံေတာ္ဆင့္, ျပည္ျမန္မာ အပါအဝင္မီဒီယာအားလံုးကိုလည္း အျပဳသေဘာေဆာင္သည့္သတင္းမ်ားေရးျခင္းျဖင့္ အမ်ိဳးသားရင္ၾကားေစ့ေရးကို တစ္တပ္တစ္အားကူညီေဆာင္ရြက္ပါရန္ ခင္မင္စြာေမတၱာရပ္ခံအပ္ပါသည္။ လူႀကီးႏွစ္ေယာက္ေတြ႕ဆံုမႈကို မွတ္တမ္းတင္ဓာတ္ပံု႐ိုက္လိုေသာ္လည္း အခြင့္အေရးမရခဲ့၍ ေခါင္းေဆာင္သံုးဦးအမွတ္တရလက္မွတ္ထိုးထားေသာ ေငြစကၠဴေလးကိုအမွတ္တရေဖာ္ျပလိုက္ပါသည္။ ထိုေငြစကၠဴေလး၏ထူးျခားခ်က္မွာ လက္မွတ္ထိုးထားေသာလူႀကီးမ်ားအားလံုးသည္ တိုင္းျပည္ေခါင္းေဆာင္ေနရာတြင္ေရာက္ရွိေနခ်ိန္ (သို႔) အႀကီးအကဲျဖစ္ေတာ့မည့္အခ်ိန္တြင္သာ လက္မွတ္ေရးထိုးခဲ့ျခင္းျဖစ္ပါသည္။
မိသားစုတစ္စုတြင္ဖခင္သဖြယ္ကဲ့သို႔ေသာႏိုင္ငံေတာ္ကာကြယ္ေရးႏွင့္လံုျခံဳေရးတာဝန္ကိုယူရသည့္တပ္မေတာ္ေခါင္းေဆာင္ႏွင့္ မိခင္ကဲ့သို႔ေသာျပည္သူကိုျပဳစုပ်ိဳးေထာင္ရမည့္ လူထုေခါင္းေဆာင္တို႔က မိမိတို႔သည္တစ္ေျမတည္းေန၊ တစ္ေရတည္းေသာက္၊ တစ္အူတံုတည္းဆင္းသည့္သားခ်င္းမ်ားျဖစ္သည္ကိုေမ့ေလ်ာ့ကာ အခ်င္းခ်င္းအျပင္းအထန္ရန္လိုတိုက္ခိုက္ခဲ့ၾကသည့္အတြက္ သားသမီးမ်ားသဖြယ္ျဖစ္ေသာ တိုင္းသူျပည္သားမ်ားမွာ ညိႈးငယ္ေသာမ်က္ႏွာ၊သိမ္ငယ္ေသာစိတ္ထားတို႔ျဖင့္ ဝမ္းနည္းေၾကကဲြစြာႏွစ္ေပါင္းမ်ားစြာေနလာခဲ့ရပါသည္။ အမ်ိဳးမ်ားသဖြယ္ျဖစ္ေသာ တိုင္းရင္းသားလက္နက္ကိုင္အဖဲြ႕တို႔ကလည္းညီၫြတ္မႈမရွိခဲ့ၾကသည့္အျပင္ အိမ္နီးခ်င္းသဖြယ္ျဖစ္ေသာ ပတ္ဝန္းက်င္ႏိုင္ငံမ်ားကလည္း အေခ်ာင္ရဖို႔ေလာက္သာေစာင့္ၾကည့္ေနၿပီး ရပ္ကြက္လူႀကီးမ်ားသဖြယ္ျဖစ္ေသာ အေနာက္ႏိုင္ငံမ်ားကလည္း ဖိအားေပးဖို႔ေလာက္သာေခ်ာင္းေနသည့္အတြက္ မိဘသဖြယ္ပုဂၢိဳလ္မ်ားမညီမၫြတ္ထပ္ျဖစ္ေနပါက ျမန္မာႏိုင္ငံဟူေသာမိသားစုႀကီးသည္ ဆင္းရဲတြင္းနက္သထက္နက္ဖို႔သာရွိပါေတာ့သည္။ ဒီအေျခအေနဆိုးေရာက္မလာေအာင္ ကာကြယ္ရန္ျပည္သူမ်ားအားလံုးကတာဝန္ယူေဆာင္ရြက္ရမည့္အျပင္ ႏွစ္ေပါင္းမ်ားစြာတစ္မ်ိဳးၿပီးတစ္မ်ိဳးဆိုးလာေသာ တိုင္းျပည္ကံဇာတာသည္လည္း အေကာင္းဘက္သို႔ဦးတည္လာၿပီျဖစ္သည္။
စာဖတ္ပရိသတ္အေပါင္းတို႔... ယခုအခါတိုင္းျပည္အႀကီးအကဲမ်ားသည္ႏိုင္ငံသူႏိုင္ငံသားတို႔၏ေရရွည္အက်ိဳးစီးပြားကိုေရွးရႈလ်က္ မာန္မာနမ်ားေဘးခ်၍ ရင္းရင္းႏွီးႏွီးတိုင္ပင္ေဆြးေႏြးကာ ေကာင္းရာေကာင္းက်ိဳးသယ္ပိုးထမ္းရြက္ခဲ့သည္ကို အားလံုးမ်က္ျမင္ကိုယ္ေတြ႕ပင္ျဖစ္ပါသည္။ ထိုေခါင္းေဆာင္မ်ားအားလံုး ကိုယ္စိတ္ႏွစ္ပါးၾကည္ႏူးခ်မ္းေျမ႕စြာျဖင့္ တိုင္းျပည္အက်ိဳးတာဝန္မ်ား ဆထက္တိုး၍ဆက္လက္ထမ္းေဆာင္ႏိုင္ေရးအတြက္ကၽြန္ေတာ္တို႔တိုင္းသူျပည္သားမ်ားကလည္း စည္းစည္းလံုးလံုးခ်စ္ခ်စ္ခင္ခင္ပူးေပါင္းႀကိဳးစားၾကပါလွ်င္ ကၽြန္ေတာ္တို႔အားလံုေမွ်ာ္လင့္ေနရသည့္ ေခတ္မီဖံြ႕ၿဖိဳးတိုးတက္ေသာ ဒီမိုကေရစီႏိုင္ငံေတာ္သစ္ၾကီးသည္ မေဝးကြာလွေသာလက္တစ္ကမ္းအလိုတြင္ပင္ေရာက္ရွိေနပါၿပီဟုတိုက္တြန္းေျပာၾကားရင္း ကၽြန္ေတာ္၏စာကိုလည္းဤေနရာတြင္ပင္ အဆံုးသတ္နိဂံုးခ်ဳပ္အပ္ပါသည္။
.................
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှု ၊ ဒါ်အောင်ဆန်းစုကြည်နှင့် ဦးသန်းရွှေ တွေ့ဆုံမှု အပေါ် နေရွှေသွေးအောင်၏ ရေးသားဖော်ပြမှု
ချစ်ခင်လေးစားရပါသော မြန်မာနိုင်ငံတစ်ဝန်းမှီတင်းနေထိုင်လျက်ရှိသော တိုင်းရင်းသားညီအကိုမောင်နှမများခင်ဗျာ..
ကျွန်တော်တို့၏အမိမြန်မာပြည်သမိုင်းကို ပြန်လည်လေ့လာကြည့်မည်ဆိုလျှင် ၁၉၄၈ ခုနှစ်လွတ်လပ်ရေးရရှိပြီးချိန်တွင် တိုင်းပြည်၏စီးပွားရေး၊လူမှုရေး၊ပညာရေးအခြေအနေသည် အရှေ့တောင်အာရှတွင်အကောင်းဆုံးအနေအထားတွင်ရှိခဲ့ပြီး ဒီမိုကရေစီအနှစ်သာရအပြည့်အဝရရှိသော အုပ်ချုပ်ရေးစနစ်ကိုလည်း လိုက်နာကျင့်သုံးခဲ့သည်ကိုတွေ့ရမည်ဖြစ်ပါသည်။
သို့သော်နယ်ချဲ့များ၏သွေးခွဲအုပ်ချုပ်ခဲ့မှုနှင့် အကြောင်းအမျိုးမျိုးသောပယောဂများကြောင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုတစ်စတစ်စပျက်စီးယိုယွင်းလာပြီး တိုင်းပြည်ပြိုကွဲပျက်သုန်းမည့်အန္တရာယ်ကျရောက်လာသောအခါ ၁၉၆၂ ခုနှစ်တွင်ပါလီမန်ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်မှ တော်လှန်ရေးကောင်စီဦးဆောင်သော အစိုးရယန္တရားဖြင့်အစားထိုးအုပ်ချုပ်ခဲ့ရသည်ကိုအားလုံးအသိပင်ဖြစ်ပါသည်။
မူလအစကတော်လှန်ရေးကောင်စီကို အမေရိကန်ကဲ့သို့သော ကမ႓ာ့အင်အားကြီးနိုင်ငံများအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက ယုံကြည်လေးစားစွာဆက်ဆံခဲ့ကြသော်လည်း ခေတ်နှင့်မလျော်ညီတော့သောစီးပွားရေးစနစ်များကိုအချိန်မီပြောင်းလည်းပြုပြင်နိုင်ခြင်းမရှိခဲ့၍ ပြည်သူလူထု၏အပြင်းအထန်ဆန့်ကျင်တော်လှန်ခြင်းကိုခံခဲ့ရပြီး ၁၉၈၈ ခုနှစ်တွင် တပ်မတော်မှအုပ်ချုပ်ရေးအာဏာကိုတစ်ဖန်လွှဲပြောင်းရယူခဲ့ပြန်ပါသည်။
၁၉၉၀ ခုနှစ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နေရာအနှံ့အပြားတွင် အနိုင်ရခဲ့ပြီးနောက် တပ်မတော်နှင့်အနိုင်ရပါတီခေါင်းဆောင်များကြား ယုံကြည်မှုမတည်ဆောက်နိုင်ခဲ့၍ တပ်မတော်ဘက်ကလည်း ပြည်သူလူထုအမြင်စောင်းမှုခံရ၊ အနိုင်ရပါတီဝင်များလည်းအရေးယူခံခဲ့ရပြီး တိုင်းပြည်သည်လည်းနိုင်ငံတကာပိတ်ဆို့မှုများနှင့် ကြုံကြိုက်ခဲ့ရကာ နှစ်ပေါင်းအစိတ်ခန့်ထပ်မံ၍ တိုင်းပြည်အနေဖြင့်ထိခိုက်နစ်နာခဲ့ရပြန်ပါသည်။
၂၀၁၅ ခုနှစ်တွင်ကျင်းပပြီးစီးပြီဖြစ်သော ရွေးကောက်ပွဲကြီးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကပင် အစိုးရဖွဲ့နိုင်သောအနေအထားအထိထပ်မံအနိုင်ရခဲ့ပြန်ပါသည်။ ဒီတစ်ကြိမ်တွင်နှစ်ဘက်ခေါင်းဆောင်များအနေဖြင့် မသင့်မမြတ်ဖြစ်နေခြင်းထက်မာန်မာနများဖယ်ရှားပြီး တွေ့ဆုံတိုင်ပင်ဆွေးနွေးခြင်းကသာ တိုင်းပြည်အတွက်အမှန်တကယ်အကျိုးရှိစေမည်ကို နှစ်ပေါင်းများစွာရရှိခဲ့သောသင်ခန်းစာများနှင့်ယှဉ်ကာကောင်းစွာနားလည်သဘောပေါက်ခဲ့သလို လက်တွေ့တွင်လည်း တိုင်းပြည်နှင့်လူမျိုးအတွက်အမှန်တကယ်အသုံးချ အကျိုးရှိစေခဲ့ပြီဖြစ်ပါသည်။
ဒီနေရာတွင် ကျွန်တော့်အဖိုးဦးသန်းရွှေနှင့်ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် ကျွန်တော့်၏အမြင်ကိုပွင့်ပွင့်လင်းလင်းချပြဆွေးနွေးလိုပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် လူထုအများစုချစ်ခင်လေးစားသောခေါင်းဆောင်တစ်ဦးဖြစ်၍ သူ၏သြဇာအာဏာသက်ရောက်မှုသည် ပြည်သူလူထုအပေါ်အမြဲပင်လွှမ်းမိုးသက်ရောက်မှုရှိမည်ဖြစ်သကဲ့သို့ အဖိုးသည်လည်းပဲနှစ်ပေါင်းနှစ်ဆယ်ခန့် တိုင်းပြည်အုပ်ချုပ်လာသော တပ်မတော်ခေါင်းဆောင်ဖြစ်၍ လက်ရှိအစိုးရခေါင်းဆောင်များသည်လည်း သူ့အပေါ်ဂါရဝတရားနှင့်လေးစားမှုကတော့ အမြဲပင်ရှိနေမည်ဖြစ်ပါသည်။
သူ့အနေဖြင့် ၂၀၁၁ ခုနှစ်ကတည်းက တိုင်းပြည်ကိုဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်အောင် ငြိမ်းချမ်းသိမ်မွေ့စွာတွန်းတင်ပို့ဆောင်ပေးခဲ့ပြီဖြစ်သလို အနားယူစဉ်အချိန်ကတည်းကလည်းယခုအချိန်အထိ နိုင်ငံရေးအုပ်ချုပ်မှုများတွင် လုံးဝပါဝင်ပတ်သက်ခြင်းမရှိသည်ကိုလည်း ကျွန်တော့်အနေဖြင့်အခိုင်အမာပြောနိုင်သကဲ့သို့ နီးစပ်ရာအစိုးရလူကြီးများကိုလည်း စုံစမ်းမေးမြန်းနိုင်ပါသည်။ ထို့အပြင် သူတိုင်းပြည်အုပ်ချုပ်စဉ်အချိန်က တပ်မတော်ခေါင်းဆောင်များအပေါ် လူအထင်လွဲစေရန် ထုတ်လွှင့်ခဲ့သောကောလဟလသတင်းများသည်လည်း ဟုတ်မှန်ခြင်းမရှိကြောင်း အောက်ပါလင့်တွင်ထပ်မံဖြည့်စွက်တင်ပြထားပါသည်။
ပြည်သူလူထုထောက်ခံမှုရသောခေါင်းဆောင်နှင့် လက်ရှိအစိုးရခေါင်းဆောင်များ၏ ဆရာသမားကဲ့သို့ဖြစ်နေသူတို့၏ တွေ့ဆုံမှုသည်အမှန်တကယ်ပင်အရေးကြီးကြောင်း လူတိုင်းသိပါသည်။ ကံကောင်းခဲ့လှသောကျွန်တော့်အနေဖြင့်နှစ်ရက်အတွင်း ထိပ်သီးခေါင်းဆောင်နှစ်ဦးနှင့်တွေ့ဆုံမှုကို စာဖတ်သူများဗဟုသုတရရှိစေနိုင်ရန်အလို့ငှာ အကျဉ်းချံုးတင်ပြလိုပါသည်။
ထိုနေ့က ဒီဇင်ဘာလ ၁၉ ရက်နေ့ဖြစ်ပါသည်။ ၁၈ ရက်နေ့ညကကျွန်တော်မနက် ၄ နာရီမှအိပ်ပျော်ခဲ့ပါသည်။ နောက်တစ်နေ့တွင် တစ်ကမ႓ာလုံး၏ထောက်ခံအားပေးမှုကိုရရှိပြီး ရွေးကောက်ပွဲတွင်လည်းအနိုင်ရရှိထားသည့်ပါတီခေါင်းဆောင်နှင့်တွေ့သည့်အခါ မည်သည့်စကားကိုစပြောရမည်လည်းကို အဖန်ဖန်ပြန်လည်စဉ်းစားနေသောကြောင့်ဖြစ်ပါသည်။ နေပြည်တော်လေဆိပ်သို့ရောက်ရှိပြီး လေဆိပ်မှသူမနေအိမ်သွားနေသောလမ်းတစ်လျောက်သည် ကျွန်တော့်အတွက်တော့ဘဝတွင်ရင်အခုန်ဆုံးအချိန်တွေထဲကတစ်ခုဆိုတာ စာဖတ်သူများလည်းမှန်းဆနိုင်ပါသည်။
ကောင်းမွန်စွာလက်ခံတွေ့ဆုံမည်ကိုသိသော်လည်း ဘယ်သူ့ကိုမှမတိုင်ပင်ဘဲ မိမိတစ်ယောက်တည်းဆုံးဖြတ်ချက်ဖြင့် သွားရောက်ခဲ့ခြင်းကြောင့် အန်တီနှင့်တွေ့လျှင်စကားပြောအဆင်ချောပါ့မလားဟူသောအတွေးသည် ကျွန်တော့်အားများစွာပင်ပူပန်စေခဲ့ပါသည်။ ကားပေါ်တွင်စီးနင်းလာရသောလမ်းတစ်လျောက်သည်လည်း အိမ်မက်လိုလိုတကယ်လိုလိုဖြင့် စိတ်လှုပ်ရှားစွာလိုက်ပါခဲ့ရပါသည်။ ဒီလိုနှင့်အန်တီ့အိမ်ရောက်ခဲ့ပါသည်။ ငါးယောက်ခန့်ရှိသောလူများအနက် အဆိုတော်လင်းလင်းနှင့် အန်တီ့ဘေးနားအမြဲပါနေသော ပေါင်ချိန်အသေးစားကဲ့သို့သောဦးကြီးကိုမှတ်မိလိုက်ပါသည်။ အန်တီကဧည့်ခန်းတွင်ရှိနေပါသည်။ အိမ်ရှေ့တံခါးဖွင့်ပြီးရုတ်တရက်သူမကိုတွေ့လိုက်ရသောအခါ ကျွန်တော်တစ်ကိုယ်လုံးရှိန်းတိန်းဖိန်းတိန်းဖြစ်ပြီး ထူပူသွားပါသည်။
"တွေ့ရတာဝမ်းသာပါတယ်အန်တီခင်ဗျာ... သားဖိုးလပြည့်ပါ"ဟုအန်တီ၏မျက်နှာကိုသေချာကြည့်ပြောကာ လက်ဆွဲနှုတ်ဆက်လိုက်ပါသည်။ အန်တီကလည်းတွေ့ရတာဝမ်းသာကြောင်းပြန်ပြောကာ ကျွန်တော့်ကိုထမင်းစားစားပွဲတွင်မျက်နှာချင်းဆိုင်ထိုင်စေပြီး အခြားလူများမရှိစေဘဲစကားဝိုင်းစတင်ခဲ့ပါသည်။ ထူပူစိတ်လှုပ်ရှားနေသောကျွန်တော့်၏ ပထမ ၁၀ မိနစ်ခန့်ကစကားများသည် 'တွေ့ရတာဝမ်းသာကြောင်း'များဖြင့်သာဖန်တရာထပ်နေပြီး ဒါကိုရိပ်မိသောအန်တီကလည်း ကျွန်တော့်ကိုဖိအားလျော့သွားစေရန် ရင်းနှီးပွင့်လင်းစွာဆက်ဆံပြောဆိုပေးခဲ့ပါသည်။
အန်တီနှင့်တစ်နာရီခွဲခန့်တွေ့ဆုံခဲ့ပြီး ထင်တာထက်အများကြီးအဆင်ပြေခဲ့၍ ကြည်နူးစွာပင်အိမ်ပြန်ခဲ့ပါသည်။ နောက်တစ်နေ့နေ့လည်တွင် အဖိုးကိုလည်း အန်တီ၏သဘောထားများကိုလည်းတင်ပြခဲ့ပြီးနောက်လူကြီးက 'တိုင်းပြည်အတွက်သားရွှေအိုးထမ်းကိန်းကြံုလေပြီ'ဟုပြောကြားခဲ့လေရာ ကျွန်တော်လည်းခေါင်းဆောင်နှစ်ဦး အဆင်ပြေတော့မည်ဟု အလွန်ပင်တွေးတောဝမ်းမြောက်ပြီးထိုနေရာတွင်ပင် အဖိုးကိုဦးသုံးကြိမ်ချရှိခိုးကန်တော့ခဲ့ပါသည်။
ဤစာ၌ပထမတစ်ချက်အနေဖြင့် အန်တီနှင့်ကျွန်တော်ပြောခဲ့သော အကြောင်းအရာများအနက် 'ထောက်ခံအားပေးသူနှင့် နောက်လိုက်များ' (Supporters & Followers) အကြောင်းထပ်မံတင်ပြလိုပါသည်။
အားလုံးသိကြသည့်အတိုင်း ပြီးခဲ့သည့်ရွေးကောက်ပွဲကျင်းပစဉ်ကာလအတွင်း အနီအစိမ်းထောက်ခံသူများအချင်းချင်း အကြီးအကျယ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြပါသည်။ ရင်းနှီးသူများလည်းစိတ်ဝမ်းကွဲရ၊ မိတ်ဆွေများလည်းအယုံကြည်ပျက်ရဖြင့် ဘာကောင်းကျိုးမှမရှိသောရလဒ်များဖြင့် ပြည်သူပြည်သားအချင်းချင်းစိတ်ဝမ်းကွဲမုန်းတီးမများဖြင့်သာအဖတ်တင်ခဲ့ရပါသည်။ ဒီကိစ္စသည် မြန်မာပြည်တွင်ဖြစ်ခဲ့သော ပဋိပက္ခပေါင်းများစွာများထဲမှသာဓကတစ်ခုသာဖြစ်ပါသည်။ တိုင်းပြည်တစ်ခုတည်ထောင်ရာတွင် ခေါင်းဆောင်ချည်းဦးဆောင်နေ၍မရပါ။ တိုင်းပြည်ဦးဆောင်သူများဘယ်လောက်ကောင်းသည်ဖြစ်စေ ပြည်သူများကမညီမညွတ်စိတ်ဝမ်းကွဲပြီး အချင်းချင်းတိုက်ခိုက်နေပါက ဘယ်လိုမှရှေ့သို့သွားနိုင်မည်မဟုတ်ဘဲ ဟင်္သာကိုးသောင်းဇာတ်ပျက်သည့်အဖြစ်အပျက်မျိုးနှင့်သာကြံုတွေ့နိုင်သည်ကို သတိမူရမည်ဖြစ်ပါသည်။
ဒါကြောင့်ယခုကဲ့သို့နှစ်ဘက်ခေါင်းဆောင်များက တိုင်းသူပြည်သားများ၏နောင်အနာဂတ်အကျိုးစီးပွားအတွက် စံပြအတုယူဖွယ်ရာပြန်လည်စည်းလုံးချစ်ကြည်နေစဉ်တွင် ကျွန်တော်တို့နောက်လိုက်များအားလုံးက မရှိခဲ့သောအငြိုးအတေးများကိုဖယ်ရှား သွေးထိုးခဲ့သောကောလဟလများကိုနားမယောင်ဘဲ ခေါင်းဆောင်များ၏ဦးဆောင်မှုနောက်သို့ ချစ်ကြည်စည်းလုံးစွာလိုက်ပါရန်လိုအပ်ပါကြောင်း ဤနေရာမှနေ၍ပြည်သူများအားလုံးသို့ရိုကျိုးစွာတိုက်တွန်းပြောကြားလိုပါသည်။
ဒုတိယတစ်ချက်က သတင်းမီဒီယာများ၏အခန်းကဏ္ဍဖြစ်ပါသည်။မီဒီယာများသည်ပြည်သူလူထု၏ အတွေးအခေါ်ကိုတိုးတက်ပြောင်းလဲပေးနိုင်စွမ်းရှိသည့်အလျောက် ယခုကဲ့သို့နှစ်ဘက်လူကြီးများပြန်လည်ပေါင်းစည်းသင့်မြတ်နေချိန်တွင် ကျွန်တော့်ထံလာရောက်ဆက်သွယ်ကြသည့် ပြည်တွင်းပြည်ပမီဒီယာများဖြစ်ကြသည့် BBC, VOA, RFA, DVB, China Xinhua, Reuters, 7 Days, Mizzima, The Voice, Popular, Messenger, သံတော်ဆင့်, ပြည်မြန်မာ အပါအဝင်မီဒီယာအားလုံးကိုလည်း အပြုသဘောဆောင်သည့်သတင်းများရေးခြင်းဖြင့် အမျိုးသားရင်ကြားစေ့ရေးကို တစ်တပ်တစ်အားကူညီဆောင်ရွက်ပါရန် ခင်မင်စွာမေတ္တာရပ်ခံအပ်ပါသည်။ လူကြီးနှစ်ယောက်တွေ့ဆုံမှုကို မှတ်တမ်းတင်ဓာတ်ပုံရိုက်လိုသော်လည်း အခွင့်အရေးမရခဲ့၍ ခေါင်းဆောင်သုံးဦးအမှတ်တရလက်မှတ်ထိုးထားသော ငွေစက္ကူလေးကိုအမှတ်တရဖော်ပြလိုက်ပါသည်။ ထိုငွေစက္ကူလေး၏ထူးခြားချက်မှာ လက်မှတ်ထိုးထားသောလူကြီးများအားလုံးသည် တိုင်းပြည်ခေါင်းဆောင်နေရာတွင်ရောက်ရှိနေချိန် (သို့) အကြီးအကဲဖြစ်တော့မည့်အချိန်တွင်သာ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပါသည်။
မိသားစုတစ်စုတွင်ဖခင်သဖွယ်ကဲ့သို့သောနိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြံုရေးတာဝန်ကိုယူရသည့်တပ်မတော်ခေါင်းဆောင်နှင့် မိခင်ကဲ့သို့သောပြည်သူကိုပြုစုပျိုးထောင်ရမည့် လူထုခေါင်းဆောင်တို့က မိမိတို့သည်တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်၊ တစ်အူတုံတည်းဆင်းသည့်သားချင်းများဖြစ်သည်ကိုမေ့လျော့ကာ အချင်းချင်းအပြင်းအထန်ရန်လိုတိုက်ခိုက်ခဲ့ကြသည့်အတွက် သားသမီးများသဖွယ်ဖြစ်သော တိုင်းသူပြည်သားများမှာ ညှိုးငယ်သောမျက်နှာ၊သိမ်ငယ်သောစိတ်ထားတို့ဖြင့် ဝမ်းနည်းကြေကွဲစွာနှစ်ပေါင်းများစွာနေလာခဲ့ရပါသည်။ အမျိုးများသဖွယ်ဖြစ်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ကလည်းညီညွတ်မှုမရှိခဲ့ကြသည့်အပြင် အိမ်နီးချင်းသဖွယ်ဖြစ်သော ပတ်ဝန်းကျင်နိုင်ငံများကလည်း အချောင်ရဖို့လောက်သာစောင့်ကြည့်နေပြီး ရပ်ကွက်လူကြီးများသဖွယ်ဖြစ်သော အနောက်နိုင်ငံများကလည်း ဖိအားပေးဖို့လောက်သာချောင်းနေသည့်အတွက် မိဘသဖွယ်ပုဂ္ဂိုလ်များမညီမညွတ်ထပ်ဖြစ်နေပါက မြန်မာနိုင်ငံဟူသောမိသားစုကြီးသည် ဆင်းရဲတွင်းနက်သထက်နက်ဖို့သာရှိပါတော့သည်။ ဒီအခြေအနေဆိုးရောက်မလာအောင် ကာကွယ်ရန်ပြည်သူများအားလုံးကတာဝန်ယူဆောင်ရွက်ရမည့်အပြင် နှစ်ပေါင်းများစွာတစ်မျိုးပြီးတစ်မျိုးဆိုးလာသော တိုင်းပြည်ကံဇာတာသည်လည်း အကောင်းဘက်သို့ဦးတည်လာပြီဖြစ်သည်။
စာဖတ်ပရိသတ်အပေါင်းတို့... ယခုအခါတိုင်းပြည်အကြီးအကဲများသည်နိုင်ငံသူနိုင်ငံသားတို့၏ရေရှည်အကျိုးစီးပွားကိုရှေးရှုလျက် မာန်မာနများဘေးချ၍ ရင်းရင်းနှီးနှီးတိုင်ပင်ဆွေးနွေးကာ ကောင်းရာကောင်းကျိုးသယ်ပိုးထမ်းရွက်ခဲ့သည်ကို အားလုံးမျက်မြင်ကိုယ်တွေ့ပင်ဖြစ်ပါသည်။ ထိုခေါင်းဆောင်များအားလုံး ကိုယ်စိတ်နှစ်ပါးကြည်နူးချမ်းမြေ့စွာဖြင့် တိုင်းပြည်အကျိုးတာဝန်များ ဆထက်တိုး၍ဆက်လက်ထမ်းဆောင်နိုင်ရေးအတွက်ကျွန်တော်တို့တိုင်းသူပြည်သားများကလည်း စည်းစည်းလုံးလုံးချစ်ချစ်ခင်ခင်ပူးပေါင်းကြိုးစားကြပါလျှင် ကျွန်တော်တို့အားလုံမျှော်လင့်နေရသည့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးသည် မဝေးကွာလှသောလက်တစ်ကမ်းအလိုတွင်ပင်ရောက်ရှိနေပါပြီဟုတိုက်တွန်းပြောကြားရင်း ကျွန်တော်၏စာကိုလည်းဤနေရာတွင်ပင် အဆုံးသတ်နိဂုံးချုပ်အပ်ပါသည်။