Quantcast
Channel: MP4 YoU
Viewing all articles
$
0
0
On  Sat, 2015-12-05 06:30Issue No.938 Saturday, December 5, 2015
7Daydaily
.................
ဗီဒီယို အကြိုခံစားခြင်း
မျက်ရည်တစ်စက်
On  Sat, 2015-12-05 06:30Issue No.No.938 Saturday, December 5, 2015
- ဒီနေ့ရဲ့ ဗီဒီယိုအညွှန်းကဏ္ဍမှာတော့ မိသားစု ဒရာမာဇာတ်ကားလေးတစ်ကားကို ညွှန်းပေးလိုက်ပါတယ်။
နေသွေးက နိုင်ငံခြားကနေ အလုပ်လုပ်ပြီး မြန်မာနိုင်ငံကို အပြီးပြန်လာပါတယ်။ နေသွေးမှာ အမေပဲရှိပါတယ်။ နောက်ပြီး နေသွေးအမေကလည်း နေသွေး အလုပ်လုပ်မယ်ဆိုရင် အရင်းအနှီးထုတ်ပေးနိုင်တဲ့ အခြေအနေရှိ ပါတယ်။ နေသွေးရဲ့ ချစ်သူက ဘရဏီပါ။
ဘရဏီက ပထွေးနဲ့နေရတာ ပါ။ ဘရဏီတို့သားအမိ နှစ် ယောက်တည်း စီးပွားရေး အဆင်မပြေတာကြောင့် ဘရဏီ့ အမေက နောက်အိမ်ထောင်ပြုလိုက်ရတာပါ။ ဒါပေမဲ့ ဘရဏီကံ ကောင်းတယ်လို့တော့ ပြောလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘရဏီပထွေးက ဘရဏီ့ကို အလိုလိုက် အကြိုက်ဆောင်လို့ပါ။ ဘရဏီ စျေးဝယ်ထွက်မယ်ဆိုတိုင်းလည်း မုန့်ဖိုးအမြဲပေးလေ့ရှိပါတယ်။
ဘရဏီနဲ့ နေသွေးတို့ချစ်သူဖြစ်နေတာကို နှစ်ဖက်မိဘတွေက မသိသေးပါဘူး။ အဲဒီလိုနဲ့ တစ်ရက်မှာ စျေးဝယ်ထွက်နေတဲ့ ဘရဏီတို့သားအမိနဲ့ နေသွေးတို့ ဆုံခဲ့ပါတယ်။ အဲဒီအချိန် နေသွေးက ဘရဏီ့အမေနဲ့သိတဲ့ သူငယ်ချင်းတစ်ယောက်နဲ့အတူလာတာ ဖြစ်တာကြောင့် နှုတ်ဆက်ရင်း တွေ့တာပါ။ အဲဒီသူငယ်ချင်းက ဘရဏီ့အမေကို မုန့်ဆိုင်ကိုခေါ်ခဲ့တာကြောင့် နေသွေးနဲ့မိတ်ဆက်ပေးခဲ့ပါတယ်။ နောက်ပြီး အဲဒီ သူငယ်ချင်းက နေသွေးနဲ့ ဘရဏီကိုတော့ မိတ်ဆက်ပေးစရာမလို တော့ဘူးလို့ ပြောခဲ့တာကြောင့် ဘရဏီ့အမေ ရိပ်မိသွားပါတယ်။
အဲဒါကြောင့် နေသွေးကို ဘာလုပ်နေလဲဆိုတာကအစ မေး ခဲ့ပါတယ်။ နေသွေးက သူ့မိသား စုအကြောင်းကို ပြောမပြဖြစ်ဘဲ လောလောဆယ် အလုပ်ရှာနေ တယ်လို့ပဲ ပြောခဲ့ပါတယ်။ အိမ် ရောက်တဲ့အချိန်မှာတော့ ဘရဏီ့ ကို နေသွေးနဲ့ သဘောမတူနိုင်ဘူး လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ ဘရဏီရဲ့ ပထွေးကတော့ ဘရဏီ့ဘက် က ရပ်တည်ပေးခဲ့ပါတယ်။ နေ သွေးဘက်ကတော့ သူ့အမေက ကန့်ကွက်စရာ မရှိဘူးဆိုပြီး သဘောတူခဲ့ပါတယ်။
 အဲဒါကြောင့်  နေသွေး ဘရဏီ့ကို သွားတောင်းရင်း စေ့ စပ်ဖို့ကိုပါ ညှိနှိုင်းခဲ့ကြပါတယ်။ ဘရဏီ့ရဲ့ ပထွေးက စေ့စပ်ပွဲလုပ် မယ့်နေ့မှာ ထိုင်စောင့်နေပေမယ့် နေသွေးတို့ မရောက်လာခင်မှာပဲ အလုပ်ကိစ္စရှိလို့ဆိုပြီး အပြင်ကို ထွက်သွားခဲ့ပါတယ်။ အဲဒီနေ့ စေ့ စပ်ပွဲလေး အထမြောက်ခဲ့ပေမယ့် နောက်တစ်ရက်မှာတော့ ဘရဏီ က နေသွေးကို သူတို့စေ့စပ်ပွဲဖျက်လိုက်ပြီလို့ အကြောင်းကြားခဲ့ပါ တယ်။ နေသွေးနဲ့ ဘရဏီရဲ့ စေ့စပ်ပွဲ ဘာကြောင့် ပျက်သွားတာ လဲ။ ဘရဏီရဲ့ ပထွေးကရော တကယ်ပဲ ရိုးသား တာလားဆိုတာကိုတော့ အောင်သီရိထုတ်လုပ် ရေးကနေ ဖြန့်ချိပေးထားတဲ့ မျက်ရည်တစ်စက်ဆိုတဲ့ ဇာတ်ကား လေးမှာ ဆက်လက်ရှုစားပေးပါ။
ဒီဇာတ်ကားမှာ နေသွေးအ ဖြစ် လူမင်းနဲ့ ဘရဏီအဖြစ် ခိုင် သင်းကြည်တို့က သရုပ်ဆောင် ထားပါတယ်။ ပန်းချီရွှေအေးကို ရဲ့ ဇာတ်လမ်းကို ဆုသြချယ်ဇာတ် ညွှန်းရေးပေးပြီး ဒါရိုက်တာ ပန်း ချီရွှေအေးကိုက ရိုက်ကူးပုံဖော် ထားပါတယ်။
7Daydaily
Viewing all articles
Browse latest Browse all 13796
Trending Articles
တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )
ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...
စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link
၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ
ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း
ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ
ဆားပုလင်းနှင်းမောင်၏ နိဂုံး
ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ
ကရဝေး စိုက်ပျိုးနည်း
စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ
<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>