Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

စစ္သူႀကီးနဲ႔တင္ အကယ္ဒမီရတယ္လို႔ သေဘာထားၿပီး ေက်နပ္ေနပါၿပီ လို႔ ေျပာတဲ့ ေဗလု၀နဲ႔ အင္တာဗ်ဴး

$
0
0
ဧရာ၀တီ| December 7, 2015 |
 ေဗလု၀ (ဓာတ္ပံု – ယုမြန္ေက်ာ္/ဧရာ၀တီ)
သ႐ုပ္ေဆာင္ေလာကမွာ ႏွစ္ေပါင္း ႏွစ္ဆယ္ေက်ာ္ က်င္လည္ခဲ့ၿပီး သဘာက်တဲ့ ဟာသ သ႐ုပ္ေဆာင္မႈေတြေၾကာင့္ ပရိသတ္မ်ားအၾကား နာမည္ေက်ာ္ခဲ့တဲ့ ဟာသသ႐ုပ္ေဆာင္ ေဗလုဝဟာ ဘီလူးဆုိတဲ့ ဇာတ္ေကာင္ ကာ႐ိုက္တာနဲ႔ ပရိသတ္ၾကား စတင္ ေပါက္ခဲ့တာျဖစ္ၿပီး ၾကားထဲမွာလည္း ႐ုပ္ရွင္ ဇာတ္ကားေပါင္းမ်ားစြာ၊ ဗီဒီယိုဇာတ္ကားေပါင္း မ်ားစြာကို ႐ိုက္ကူးခဲ့သူ တဦးပါ။ စာဖတ္ရတာ ဝါသနာပါၿပီး စိတ္ဝင္စားတဲ့ စာေပမ်ားကို ေလ့လာခဲ့သူ၊ စာလည္းေရးၿပီး စာေပ ေဟာေျပာပဲြေတြမွာလည္း အလ်ဥ္းသင့္သလို လုိက္လံ ေဟာေျပာေနသူ တဦးလည္း ျဖစ္ပါတယ္။

မၾကာေသးခင္က ျပဳလုပ္ၿပီးခဲ့တဲ့ ေရြးေကာက္ပဲြ မတိုင္ခင္မွာလည္း ယံုၾကည္ရာ ပါတီျဖစ္တဲ့ NLD ပါတီ ေအာင္ႏိုင္ေရး လႈပ္ရွားမႈမ်ားမွာ ေဗလုဝရဲ႕ ၿမိဳ႕ရြာေနရာ ေဒသအႏွံ႔ ေဟာေျပာမႈမ်ားက ထိေရာက္ေအာင္ျမင္ခဲ့တဲ့ အတြက္ ေဒၚေအာင္ဆန္းစုၾကည္က စစ္သူႀကီးတေယာက္ အျဖစ္နဲ႔ေတာင္ ခုိင္းႏႈိင္း တင္စားခံခဲ့ရသူတဦးပါ။ အႏုပညာဘက္မွာ လည္း က်ရာဇာတ္႐ုပ္ကို ပီျပင္စြာ သ႐ုပ္ေဆာင္ ႏိုင္ခဲ့သလုိ ႏိုင္ငံေရးမွာလည္း က်ရာေနရာက တာဝန္ေက်ခဲ့တဲ့ သ႐ုပ္ေဆာင္ ေဗလုဝကုိ  ဧရာ၀တီ သတင္းေထာက္ ယုမြန္္ေက်ာ္က ေတြ႔ဆံု ေမးျမန္းထားပါတယ္။

ေမး။    ။ အခုလတ္တေလာ ဦးေဗလုဝ ဘာေတြ လုပ္ျဖစ္ေနတယ္ ဆုိတာ သိခ်င္ပါတယ္။
ေျဖ။    ။ လတ္တေလာကေတာ့ ဦးေဗ ႐ုပ္ရွင္ကားႀကီးတကား ႐ိုက္ေနတယ္။ အဲဒါက ေခ်ာင္းသာမွာ သြား႐ိုက္ရတာ အဲဒီကေန ျပန္လာတယ္။ ကားနာမည္က ပင္လယ္ႀကီးက ဘာေျပာလဲ လုိ႔ ေပးထားပါတယ္။ ဒီကားက အခု ေရြးေကာက္ပဲြ အၿပီး ပထမဆံုး ျပန္ၿပီး  ႐ိုက္ျဖစ္တဲ့ ကားႀကီးေပါ့။

ေမး။    ။ ေရြးေကာက္ပဲြ မတုိင္ခင္ကေရာ ဘယ္အခ်ိန္က စၿပီး ကား႐ိုက္ေတြ နားထားတာလဲ။ ဒီဘက္ကုိ လႈပ္ရွားမႈေတြ စလုပ္ေနျဖစ္ခဲ့တဲ့ အခ်ိန္ကေရာ ဘယ္ေလာက္ၾကာလဲ။
ေျဖ။    ။ ေရြးေကာက္ပဲြနီးလာၿပီ ဆုိကတည္းက ေဟာေျပာပဲြေတြမွာ လုိက္ေျပာတာေပါ့။ ေဟာေျပာပဲြေတြ လုိက္ေျပာ ေနတယ္ ဆုိတာကလည္း ေနာက္ဆံုးေတာ့ ဒီဘူတာပဲ ဆုိက္တာပါပဲ။ အစကတည္းက ေျပာေနတာေလ ေရြးေကာက္ပဲြ နီးလာေတာ့ ပိုၿပီးေတာ့ အရွိန္ျပင္းသြားတာ ေပါ့။

ေမး။    ။ ေဟာေျပာပဲြေတြက ဘယ္ေနရာေတြကို သြားခဲ့တာလဲ။ အဲဒီတုန္းက အေတြ႔အႀကံဳေတြလည္း  ျပန္ၿပီး ေျပာျပေပးပါ။
ေျဖ။    ။ သြားတာကေတာ့ ေနရာအစံုပဲေလ။ တရားဝင္ မဲဆြယ္ခြင့္ရ ကတည္းက ေနရာအႏွံ႔ပါပဲ။ တနသၤာရီလဲ ေရာက္တာပဲ၊ ရခုိင္လည္း ေရာက္တာပဲ၊ စစ္ကိုင္းတုိင္း၊ မေကြး အကုန္ ေရာက္ပါတယ္။ သြားတဲ့ အခါမွာလည္း က်ေနာ္တုိ႔က မဲဆြယ္တဲ့ အခါမွာ ညင္ညင္သာသာ ပါပဲ။ ညင္ညင္သာသာ ဆုိတာကလည္း က်ေနာ္တုိ႔ရဲ႕ ဖတ္ထားတဲ့ စာဖတ္ အားေလးေတြနဲ႔ မဲဆြယ္တဲ့ ကာလမွာ NLD ပါတီ ကို ႏိုင္ေစခ်င္တယ္။ ဘာျဖစ္လုိ႔လဲ ဆုိေတာ့ တုိင္းျပည္လည္း အေျပာင္းအလဲေလး ျဖစ္သြားေအာင္၊ ေကာင္းသြားေအာင္ ေလ။ ၿပီးေတာ့ လူထုကလည္း အရမ္းပင္ပန္း ေနၾကၿပီေလ။ ဆင္းရဲ ဒုကၡထဲကုိ ေရာက္ေနၾကတယ္။

ဒါေၾကာင့္ က်ေနာ္တုိ႔က ယဥ္ယဥ္ေက်းေက်းပဲ ေျပာၿပီး စည္း႐ုံုးတယ္။ က်ေနာ္တို႔က ဉာဏ္ရည္နိမ့္ၿပီး သူမ်ားကို ပုတ္ခတ္ၿပီး မေျပာဘူးေလ။ က်ေနာ္တုိ႔ ႐ိုက္ထားတဲ့ အေခြေတြလည္း အမ်ားႀကီးပဲ၊ က်ေနာ္က လက္ညိႇဳး ၂ ေခ်ာင္း ေထာင္ၿပီး ေျပာေနတာကို ခ်ိဳ (ဂ်ဳိ) ဆုိၿပီးေတာ့ သူတို႔ အျမင္နဲ႔ ေျပာၾကတာေပါ့။ အဲဒီတုန္းက က်ေနာ္ေျပာခဲ့တာက ေဘာလံုး ၂ သင္းကို ေျပာခဲ့တာ။ လက္ညိႇဳး ၂ ေခ်ာင္းေထာင္ၿပီး ေဘာလံုး ၂ သင္း ရိွိတယ္ ဆုိၿပီးေတာ့ ယွဥ္ေျပာျပ ေနတာ၊ အဲဒါကို ခ်ဳိ ဆိုၿပီးေတာ့ ႏြားပါဆုိၿပီး ေျပာၾကတယ္။ က်ေနာ္တုိ႔ ဘယ္ေတာ့မွ မေျပာဘူး အဲဒါမ်ဳိး။ က်ေနာ့္မွာ အသံဖုိင္ေတြလည္း ရွိတယ္။ အဲဒီလုိမ်ဳိးေျပာဖို႔ စိတ္ကူးေတာင္ မရွိပါဘူး။

ေဘာလံုးႏွစ္သင္း အေၾကာင္းေျပာဖို႔ လက္ႏွစ္ေခ်ာင္းေထာင္တာ။ ေနာက္တခါ ဖရဲသီး ဘာညာ ဆုိတာကလည္း က်ေနာ္လည္း မေျပာပါဘူးဗ်ာ။ ဘယ္ၿမိဳ႕မွာမွလည္း မေျပာပါဘူး။ အဲဒါေတြကလည္း ကုိယ္ေျပာတယ္ ျဖစ္ျပန္ေရာ ေလ။ မဟုတ္ပါဘူး ေျပာလဲ ရွင္းမရ လင္းမရ ျဖစ္တာေလ။

ေမး။    ။ ဦးေဗလုဝတုိ႔ဘက္က ဘယ္လုိမ်ဳိးေတြပဲ ေျပာျပၿပီး မဲဆြယ္စည္း႐ံုးခဲ့ၾကတာလဲ။ ကိုယ္ မေျပာဘဲ အဲဒီလုိ အေျပာခံရေတာ့ ဘာလို႔ မေျဖရွင္းခဲ့တာလဲ။
ေျဖ။    ။ က်ေနာ္တို႔ ေျပာတာက ဒီပါတီက ၂၇ ႏွစ္လံုးလံုး ျပည္သူေတြနဲ႔ အတူတူ ႐ုန္းလာရတယ္။ ဘာပဲ ေျပာေျပာ ဒီပါတီက အစိုးရတရပ္ကို ဖြဲ႔စည္းႏိုင္တယ္။ ပညာတတ္ လူငယ္ေလးေတြနဲ႔ ဝန္းရံထားတယ္။ ဘာပဲ ျဖစ္ျဖစ္ က်ေနာ္တုိ႔ အားကိုးပါတယ္။ ဒါေၾကာင့္ ဒီပါတီကုိ မဲရ ေစခ်င္တယ္။ ဒါေၾကာင့္ မဲထည့္ၾကပါ။ ဒါပဲေျပာခဲ့တာ။ ေနာက္ၿပီး ဗိုလ္ခ်ဳပ္ အေၾကာင္း နည္းနည္းေျပာတယ္၊ ေဒၚခင္ၾကည္အေၾကာင္း ေျပာတယ္။ သူမ်ားကို မပုတ္ခတ္ဘဲ ကိုယ္ႏိုင္ သေလာက္၊ ကုိယ္တတ္ သေလာက္ေျပာတယ္။ မေျဖရွင္းခဲ့ဘူး ဆုိတာက ေျဖေတာ့ေျဖရွင္းပါတယ္။ Facebook ေပၚကေန ေျဖရွင္းပါတယ္။ ဘယ္ကေန ဘယ္လုိ ထြက္တယ္ ဆုိတာကို ကုိယ္လည္း မသိဘူး ဆုိတဲ့ အေၾကာင္းေပါ့။

ကုိယ္ ေဟာေျပာခဲ့တဲ့ ေနရာေတြ၊ ေဒသေတြက လူေတြက အကုန္သိပါတယ္၊ အဲဒီလို မေျပာဘူး၊ မပါဘူး ဆုိတာကို။ ေနာက္ၿပီး က်ေနာ္က အဲဒီလို မေျပာခဲ့တဲ့ အတြက္ လိပ္ျပာလံုတယ္။ အဲဒီလုိ ေပါေတာေတာ ေတြလည္း မေျပာတတ္ ပါဘူး။ ဒါက တေယာက္နဲ႔ တေယာက္ ရန္ျဖစ္တာလည္း မဟုတ္ဘူးေလ။ ပါတီေတြ မဲဆြယ္ၾကတယ္ ဆုိတာက ႐ိုး႐ိုးသားသားပဲ ေလ။ ႐ိုး႐ိုးသားသားပဲ မဲဆြယ္တယ္။ ဒီကေန ျပည္သူေတြကို နားလည္ေအာင္ ရွင္းျပတယ္။ သေဘာတရားက ဒီလုိရွိတယ္။ ဒီပါတီႏိုင္မွ တုိင္းျပည္က ဒီလုိေရြ႕မွာ။ ေနာက္ရထားကို မေစာင့္နဲ႔ ႏွစ္ေပါင္း ငါးဆယ္ ေက်ာ္ၿပီ၊ က်ေနာ္တို႔ အမီလုိက္ရမွာပဲ။ ေဟာေျပာခ်က္ေတြက ယဥ္ယဥ္ေလးပါ။

ဗိုလ္ခ်ဳပ္တုိ႔၊ ေဒၚခင္ၾကည္တို႔က အာဂတိတရား ကင္းတယ္၊ ဒါေၾကာင့္ ဒီမ်ဳိးဆက္ကို မေထာက္ခံရင္ ခင္ဗ်ားတုိ႔ ဘယ္သူကုိ ေထာက္ခံမလဲ ဒါမ်ဳိးေလးေတြ ပါ။ ဒီေလာက္ပါပဲ။ အႏုပညာသမား ဆုိတာ ျပည္သူေတြနဲ႔ ေပါင္းသင္းရ တာ၊ ဒီလုိ ႐ိုင္း႐ိုင္းေတြ ေျပာလို႔ ဘယ္ရမလဲ။ တဘက္မွာလည္း ကိုယ့္ကို မုန္းမွာလည္း စိုးတယ္ေလ။ ဒီလုိ စကားမ်ဳိး မေျပာဘဲ၊ ယဥ္ယဥ္ေက်းေက်းနဲ႔ ၿပိဳင္ၾကတာေလ။ က်ေနာ္တို႔ ကလည္း အဲဒီလုိ ယဥ္ယဥ္ေက်းေက်းနဲ႔ ၿပိဳင္တာကိုပဲ ႀကိဳက္တယ္။ တဖက္နဲ႔ တဖက္ စကားႏိုင္လုေနစရာ အခ်ိန္လည္း မဟုတ္ဘူးေလ။ စကားႏိုင္လုရေအာင္ လင္လုဘက္ လည္း မဟုတ္ဘူး၊ မယားလု ဘက္လည္း မဟုတ္ဘူး။ သူတပါးကုိ အဲဒီလို ႏႈိက္ႏႈိက္ခၽြတ္ခၽြတ္ေျပာၿပီး မဲရဖို႔ ဆုိတာက ဘယ္လုိမွ မျဖစ္ႏိုင္ဘူး။

ေမး။    ။ ဦးေဗလုဝ အဲဒီလို သြားတဲ့ ေနရာေတြက ေဒၚေအာင္ဆန္းစုၾကည္က လႊတ္တာလား၊ ဦးေဗလုဝက ကုိယ့္ အစီအစဥ္နဲ႔ကို္ယ္ သြားခဲ့တာလား။
ေျဖ။    ။ တခ်ဳိ႕ေနရာေတြက ကုိယ့္အစီအစဥ္နဲ႔ကိုယ္ သြားခဲ့တာပါ။ တခ်ဳိ႕ေနရာေတြက်ေတာ့ အန္တီလည္း လႊတ္ပါတယ္။

ေမး။    ။ အခု ဦးေဗလုဝကို ေဒၚေအာင္ဆန္းစုၾကည္က စစ္သူႀကီးတေယာက္နဲ႔ ႏိႈင္းယွဥ္ၿပီး ေျပာခဲ့တဲ့ စကား အေပၚမွာေရာ ဘယ္လုိမ်ား ခံစားရပါလဲ။
ေျဖ။    ။ ဒါကေတာ့ လူထုေခါင္းေဆာင္ တေယာက္က အဲလုိေျပာတယ္ ဆုိေတာ့ ဘယ္လူသား မဆုိ ရင္ခုန္ ၾကည္ႏူး တာေပါ့။ အဲဒီလုိ ေျပာမယ္ လုိ႔လည္း မေမွ်ာ္လင့္ပါဘူး။ ကိုယ့္တာဝန္ ေက်ခဲ့ၿပီးၿပီေလ။

ေမး။    ။ အခုၿပီးသြားတဲ့ ေရြးေကာက္ပဲြ ထြက္လာတဲ့ ရလဒ္ေတြ အေပၚမွာေရာ ဦးေဗလုဝရဲ႕ အျမင္က ဘယ္လုိမ်ား ရွိပါလဲ။
ေျဖ။    ။ ၁၉၉၀ ေရြးေကာက္ပြဲတုန္းက ရလဒ္က ၈၀ ရာခုိင္ႏႈန္းေလာက္ ရခဲ့တယ္။ အခုက ၈၅ ရာခုိင္ႏႈန္းေလာက္ ျဖစ္ေနၿပီ။ ဘာျဖစ္လို႔လဲ ဆုိေတာ့ လူထုက ေသာင္ၿပိဳ ကမ္းၿပိဳ ဆုိတဲ့ စကားလံုးကိုပဲ သံုးရေတာ့မွာ ေပါ့။ ေသာင္ၿပိဳ ကမ္းၿပိဳ အားေပး လုိက္တယ္ ေပါ့။ မဲထည့္လုိက္တယ္။ ဒီလုိအေပၚကုိ လူႀကီးေတြ ကလည္း အားလံုး ညိႇညိႇႏိႈင္းႏႈိင္းနဲ႔ သြားမယ္ လို႔ ထင္ပါတယ္။ ဟုတ္တယ္ေလ အစိုးရအသစ္ကို ဖြဲ႔စည္းတယ္ ဆုိတာ အစိုးရအသစ္ကုိ လဲႊေျပာင္း ေပးတယ္ ဆိုတာက လူႀကီးေတြရဲ႕ သေဘာထားက အဲဒီေလာက္ မတင္းမာပါဘူး။ အားလံုး ၿငိမ္းခ်မ္းစြာ ျဖစ္မယ္လုိ႔ ယံုၾကည္ပါတယ္။

က်ေနာ့္အျမင္ ဆုိတာကလည္း ျပည္သူ႔အျမင္ ပါပဲ။ လူေတြအားလံုက ၿငိမ္းခ်မ္းခ်င္ၿပီ ဗ်။ ရွင္းရွင္း ေျပာရရင္ စီးပြားေရး ေတြကို သူ႔ဘာသာ သပ္သပ္ရပ္ရပ္ ရွာခ်င္ၾကၿပီ။ ေနာက္ၿပီး က်ေနာ္တုိ႔မွာ မ်ဳိးဆက္ေတြ ရွိတယ္ေလ။ အဲဒီ မ်ဳိးဆက္ေတြ လည္း စိတ္ေအးရေအာင္ အေကာင္းဆံုးေတာ့ ျမင္ခ်င္တာပဲ။ အေကာင္းဆံုးပဲ ျဖစ္ေစခ်င္တာပဲ။ အေကာင္းဆံုးလည္း ျဖစ္လာလိမ့္မယ္လုိ႔ ေမွ်ာ္လင့္ပါတယ္။

ေမး။    ။ လက္ရွိအစိုးရအေပၚ အျမင္က ဘယ္လုိရွိပါသလဲ။
ေျဖ။    ။ သူတို႔ ေျပာင္းလဲေနပါတယ္။ သမၼတႀကီးေရာ၊ ကာခ်ဳပ္ႀကီးေရာ သူတုိ႔ သေဘာကလည္း ႏူးညံေပ်ာ့ေပ်ာင္း ပါတယ္။ အားလံုး ေျပာင္းလဲသြားမွာပါ။

ေမး။    ။ ဦးေဗလုဝက စာေပေဟာေျပာပဲြ ေတြမွာလည္း လုိက္လံေဟာေျပာ ေပးေနေတာ့ အဲဒီအပိုင္းက ဘယ္လို အခ်ိန္ ေပးထားတာလဲ၊ ဘယ္လုိ အေၾကာင္းအရာကို အဓိက ေဟာေျပာပါလဲ။
ေျဖ။    ။ အဲဒါက ဖိတ္ထားတာေတြက မ်ားတယ္။ ကုိယ္သြားႏိုင္ျခင္း၊ မသြားႏိုင္ျခင္း အေပၚမွာလည္း မူတည္တာေပါ့။ ကုိယ္ကလည္း ဒီအလုပ္နဲ႔ ဆုိေတာ့ ကုိယ္အဆင္ေျပတဲ့ အခ်ိန္၊ လစ္ဟာေနတဲ့ အခ်ိန္ေလးေတြ ေျပာျဖစ္တယ္။ ေျပာတာ ကလည္း အခုအခ်ိန္မွာ တုိင္းျပည္ကလည္း ေကာင္းေနၿပီ၊ ေအးသြားၿပီ ဆုိေတာ့ ပရိသတ္ ဗဟုသုတေတြ ရေစခ်င္တာေတြ၊ ရီရီေမာေမာေလး ျဖစ္ေစခ်င္တာရယ္ အတြက္ အဲဒီဘက္ကုိပဲ ဦးတည္ၿပီး ေဟာရေတာ့မွာေပါ့။ စိတ္ေတြနဲ႔ ပတ္သတ္ၿပီး သန္႔ရွင္းၾကဖို႔ အတြက္ေပါ့။

ေမး။    ။ ဦးေဗလုဝနဲ႔ ဦးလွေဆြတို႔ အရင္က Facebook မွာ အျပန္အလွန္ ေရးတာေတြလည္း ရွိခဲ့တယ္ေနာ္။ အဲဒီအေကာင့္ ကေရာ ဦးေဗလုဝသံုးတဲ့ အေကာင့္လား။ ဦးေဗလုဝ ကုိယ္တိုင္ေရးခဲ့တာလား။
ေျဖ။    ။ အဲဒီတုန္းက က်ေနာ္ Facebook ေတာင္ မသံုးေသးပါဘူး။ ဦးေဗအေကာင့္တုေတြ ရွိမွာေပါ့ ေလ။ အဲဒီကေန ေျပာၾကတာေပါ့။ တံု႔ျပန္ၾကတာေပါ့ ဘာေတြမွန္းကို မသိပါဘူး။ က်ေနာ္လည္း ဦးလွေဆြဆုိတာကို အဲဒီ ေနာက္ပုိင္း က်မွ သတိထားမိတာ။ အဲဒီတုန္းက Facebook မသံုးေသးဘူး။ အဲဒီေနာက္ပုိင္းက်မွ Facebook သံုးျဖစ္တာပါ။ သံုးေတာ့လည္း ေအးေဆးပါ၊ သူကလည္း ဦးေဗဘက္ကုိ မလွည့္ေတာ့ဘူး ေလ။ ဘယ္ဘက္ လွည့္သြားလဲ မသိပါဘူး။ တေယာက္ေယာက္ဘက္ လွည့္သြားတယ္ ထင္တယ္။

ေမး။    ။ အဲဒီလုိ အေကာင့္တုကေန ေျပာခဲ့တဲ့ အတြက္ လူပုဂၢိဳလ္ခ်င္း အထင္အျမင္လဲြ ခံရမွာ မစုိးရိမ္မိခဲ့ဘူးလား။
ေျဖ။    ။ အဲဒါက တေယာက္နဲ႔ တေယာက္ ရန္သူေတြမွ မဟုတ္တာဘဲ။ နာနာက်ည္းက်ည္းလည္း တေယာက္နဲ႔ တေယာက္ ဘာမွ မရွိၾကဘူး ေလ။ ဒါေၾကာင့္ ဒါကေတာ့ ျဖစ္ေလ့ျဖစ္ထ ရွိတဲ့ သေဘာလုိ႔ပဲ သေဘာထားလုိက္ တာေပါ့။ ဘယ္လုိပဲ တုိက္ခုိက္ တုိက္ခုိက္ ေပါ့။ ျပည္သူေတြ ဆံုးျဖတ္သြားမွာ ပါ။

ေမး။    ။ အႏုပညာရွင္ေတြ ေတာ္ေတာ္မ်ားမ်ားလည္း ႏိုင္ငံေရးဘက္မွာ ပါဝင္လာၾကတယ္။ ေဒၚေအာင္ဆန္းစုၾကည္ နဲ႔ ေတြ႔ဆံုပဲြမွာလည္း အကုန္နီးပါး တက္ေရာက္ၾကတယ္။ အဲဒီအေပၚ အႏုပညာသမား တေယာက္အေနနဲ႔ အျမင္ကုိလည္း သိခ်င္ပါတယ္။
ေျဖ။    ။ ဒါကေတာ့ ေခတ္အဆက္ဆက္ ေလ။ ဘယ္သူပဲ ျဖစ္ျဖစ္၊ ဝန္းရံၾကတာ ေကာင္းပါတယ္။ အႏုပညာသမား ဆုိတာကလည္း ျပည္သူပဲေလ၊ ႏိုင္ငံ ေကာင္းေအာင္ လုပ္တဲ့ ေနရာမွာ သူတို႔ကလည္း အုတ္တခ်ပ္ သဲတပြင့္ပဲ ေလ။ အႏုပညာ သမားေတြ ဝန္းရံမွ ျဖစ္မွာပါ။ အႏုပညာသမားေတြက ဖာသိဖာသာ ေနမယ္ ဆုိရင္ေတာ့ တမ်ဳိးေပါ့ေလ။ ဘာသိဘာသာ ေနစရာ အေၾကာင္းလည္း မဟုတ္ဘူးေလ။ ဒါက ႏိုင္ငံရဲ႕ အေျပာင္း အေရြ႕၊ ေခတ္တေခတ္ရဲ႕ အေျပာင္း အေရြ႕ဆုိတာ အင္မတန္မွ အေရးႀကီးပါတယ္။ ႀကံဳေတာင့္ႀကံဳခဲပါ။
တခ်ဳိ႕ဆုိရင္ မဲမေပးဘူး ဆုိရင္ နစ္နာပါတယ္။ ဘဝတခု ဆံုးသြားသလိုပါပဲ။ ဘဝတခုကို ကိုယ္လည္း စီးေမ်ာေနတာ ပါပဲ။ ဒါေၾကာင့္ တုိင္းျပည္အေရး အေျပာင္းအလဲမွာ ဘယ္ပါတီကုိ ႀကိဳက္ႀကိဳက္၊ ႀကိဳက္တဲ့ ပါတီကုိ မဲထည့္ဖို႔၊ လူသား တေယာက္အေနနဲ႔ တာဝန္ေက်ဖို႔ လိုတယ္။ ဝန္းရံတာကေတာ့ ဘယ္ဘက္က ဝန္းရံဝန္းရံ ဝန္းရံတာကေတာ့ ေကာင္းပါ တယ္။ ဘာျဖစ္လုိ႔လဲ ဆုိေတာ့ ေလာကႀကီးက အၿပိဳင္အဆုိင္ရွိမွ ေကာင္းမွာ ကိုး။ အၿပိဳင္အဆုိင္ေလး ရွိတာ ေကာင္းတယ္၊ ႀကိဳက္တယ္။

ေမး။    ။ ဦးေဗလု၀က စာေတြလည္း ေရးတယ္။ စာအုပ္ေတြလည္း ထြက္ထားတယ္။ အဲဒီစာေရးတာနဲ႔ ပတ္သက္ၿပီး ဘာေတြ ဆက္လုပ္ဖို႔ရွိလဲ။
ေျဖ။    ။ အင္း ဟုတ္တယ္။ အခုလည္း ျပည္သူနဲ႔ အႏုပညာရွင္ၾကားက ေကာက္ေၾကာင္း ဆုိတာေလး ေရးေနတယ္။ နန္းေတာ္ေရွ႕ ဆရာတင္တုိ႔ ေခတ္ကလည္း သူတို႔ အဂၤလိပ္ကို တုိက္ၾကတာပဲ။ သူတို႔ အဂၤလိပ္ကုိ ႏွဲ႔ၾကတာပဲ။ မေက်နပ္ ၾကဘူးေလ။ စနစ္တခုကုိ ျပန္ၾကည့္၊ ဒါကလည္း အနုပညာသမားေတြ စီးေမ်ာတာေပါ့။

ေမး။    ။ ဦးေဗလုဝ အရင္က ဇာတ္ကားေတြမွာ ကိုယ့္ဇာတ္လမ္းကို ဒါ႐ိုက္တာ လုပ္ၿပီး ႐ိုက္ခဲ့ဖူးတာေတြလည္း ရွိတယ္ ေနာ္။ အဲဒီအပိုင္းေရာ လုပ္ျဖစ္ဦးမလား။
ေျဖ။    ။ ဒါ႐ိုက္တာေတာ့ မလုပ္ေတာ့ပါဘူး။ စိတ္ပင္ပန္းလည္း မခံႏိုင္ေတာ့ဘူး ကိုယ့္အသက္အရြယ္န႔ဲေလ။ ကုိယ္က အခု သ႐ုပ္ေဆာင္လည္း လုပ္တယ္၊ ေဟာေျပာပဲြေလး ေဟာတယ္။ ဒီေလာက္ပါပဲ။ ေနာက္ၿပီး ထမင္းဆုိင္ ေလး ဖြင့္ဖို႔ ႀကိဳးစားေနတယ္။ ကမာရြတ္ဘက္မွာေလ က်ေနာ္က အဲဒီအပိုင္းကို ဝါသနာပါတယ္။ လယ္သူမ ဆုိတဲ့ နာမည္နဲ႔ ဖြင့္ဖို႔လုပ္ေနတယ္။ ကုိယ္က အခ်က္အျပဳတ္လည္း ဝါသနာပါတယ္ ေလ။ အခုက အ႐ုပ္ေတြ၊ ပန္းပုေတြေတာင္ လုပ္ၿပီးၿပီ၊ အထူးအဆန္းေတြပဲ ခ်က္ျပမွာ။ ဥပမာ ငါး င႐ုတ္သီးစိမ္းခ်က္တုိ႔၊ ငါးရွဥ့္ စပ္စလူးခ်က္တုိ႔၊ ဖားေမာ္ဒယ္လ္ ဟင္းတို႔လုိေပါ့။ စားေနက် ၾကက္၊ ဝက္ဟင္းေတြ မဟုတ္ဘူး။ စားပဲြကလည္း ဒီလုိ စားပဲြေတြနဲ႔ မဟုတ္ဘူး။ မိသားစု စားတဲ့ စားပဲြမ်ဳိးေတြနဲ႔။ စတုိင္သစ္ေတြ ေပါ့။ အဲဒါမ်ဳိးေတြလာမွာ။

ေမး။    ။ အႏုပညာဘက္ကေရာ အခု ကားႀကီး႐ိုက္ၿပီးသြားၿပီ၊ ေနာက္ထပ္ ဘာေတြဆက္လုပ္ဖို႔ ရွိဦးမလဲ။
ေျဖ။    ။ ေနာက္ထပ္ ကားႀကီးႏွစ္ကားကုိ ဒါ႐ိုက္တာ ထြန္းေအာင္ေက်ာ္နဲ႔ ႐ိုက္ဖို႔ ရွိတယ္။ ဒါက ဒီဇင္ဘာ ၂ ရက္ေန႔ စ႐ိုက္ၿပီ။

ေမး။    ။ အခု တုိင္းျပည္ အေျပာင္းအလဲမွ  ႐ုပ္ရွင္ဘက္ကုိေရာ ေျပာင္းလဲဖုိ႔ ဘာေတြ ေမွ်ာ္လင့္မိလဲ။
ေျဖ။    ။ အသစ္အစိုးရ တရပ္ကေတာ့ … သူကေတာ့ လုပ္ျပမွာပဲ။ ဘယ္သူမဆုိဗ်ာ လုပ္ျပၾကမွာပဲ။ အခုက ေဒၚစုက ေျပာတယ္ လႊတ္ေတာ္ထဲမွာ ဝန္ႀကီး႐ူးမ႐ူးၾကနဲ႔ ဆိုတာေလ။ က်ေနာ္ကေတာ့ထင္တယ္ အာဂတိ လုိက္စားတာ ကေတာ့ နည္းသြားလိမ့္မယ္။ ပညာေရး အရမ္းေကာင္းသြား လိမ့္မယ္။ အဲဒီႏွစ္ခုနဲ႔တင္ တုိင္းျပည္က စေကာင္းေနၿပီ။ တိုင္းျပည္ တျပည္ရဲ႕ အေကာင္းဆံုးကေတာ့ အဂတိ နည္းရင္ ခ်မ္းသာၾကတာပဲ။ စနစ္ေကာင္းမယ္၊ ပညာေရး ေကာင္းမယ္ ဆုိရင္ က်ေနာ္တုိ႔ တတုိင္းျပည္နဲ႔ တတုိင္းျပည္က ေခါင္းေတြနဲ႔ ယွဥ္ၾကရတာကိုး။ ခြန္အားေတြနဲ႔ ယွဥ္တာမွ မဟုတ္တာကုိ။ အဲဒီေတာ့ ပညာတတ္ မ်ားမ်ားေပၚထြက္ လာေလေလ၊ ပညာေရးစနစ္ႀကီး ေကာင္းလာ ေလေလ တိုင္းျပည္ေကာင္းေလပဲ။ က်ေနာ္ကေတာ့ အဲဒီလုိပဲ ျမင္တယ္။ အဓိက အသက္က အဲဒါပဲ။

႐ုပ္ရွင္နယ္ပယ္ကေတာ့ အဓိက စိတ္ဓာတ္ေလးေတြ ျပင္မွ တုိးတက္မွာ။ မဟုတ္ရင္ေတာ့ မတုိးတက္ႏိုင္ဘူး။ စိတ္ဓာတ္ ဆုိတာကဗ်ာ ဒါ႐ိုက္တာနဲ႔ အႏုပညာရွင္က အျပန္အလွန္ ေလးစားမႈေလးေတြ ရွိရမယ္။ စက္အဖြဲ႔ကလည္း စက္အဖြဲ႔ အေလ်ာက္ အျပန္အလွန္ ေလးစားမႈေလးေတြ ရွိရမယ္။ ေနရာတကာမွာ အခြင့္ထူးခံေတြက အရမ္းမ်ား ေနတယ္။ အသက္အရြယ္ အရ ၇၀ ေက်ာ္ႀကီးေတြက ငုတ္တုတ္ ထုိင္ေစာင့္ေနရၿပီးေတာ့ အသက္အရြယ္ ဘာမွ မရွိေသးတဲ့ မင္းသားဆုိတဲ့ ပုဂၢိဳလ္ေတြက ေန႔ခင္း ဆယ့္ႏွစ္နာရီ တခ်က္ေလာက္မွ ႐ိုက္ကြင္းကုိ ေရာက္တယ္။ ေစာ္ကားသလုိ ျဖစ္သြားတာေပါ့။ အားလံုးက ပိုက္ဆံရွာၾကတာပဲ ေလ။ အကုန္လံုး အလုပ္ခ်ိန္ကို တိက်ဖို႔ လိုတယ္။ အျပန္အလွန္ ေလးစားမႈေလး ရွိရင္ ၿပီးတာပဲေလ။

ေမး။    ။ အရင္တုန္းက ႐ိုက္ကြင္းတခုမွာ ဒါ႐ိုက္တာ ဘုရင္ဆုိတဲ့ ေခတ္ကို ျပန္ေရာက္ႏိုင္မလား။
ေျဖ။    ။ အဲဒါေၾကာင့္ အဲဒီ ေစာေစာကေျပာတဲ့ မင္းသားမင္းသမီး ကိစၥတခုကို တေၾကာ ရွင္းရဦးမယ္။ ႏိုင္ငံတကာကို ျဖန္႔တယ္ ဆုိတာက ႏိုင္ငံတကာကို ျဖန္႔ႏိုင္တဲ့ စနစ္၊ စည္းကမ္းေတြ ရွိရမယ္။ သူတုိ႔ ထုတ္လုပ္သူ၊ သူတို႔ သ႐ုပ္ေဆာင္ ေတြရဲ႕ အေျခအေနကို ၾကည့္ရမယ္။ ဟုိဟာေတြက အလုပ္ကို တန္ဖိုးထား ေလးစားၾကတာပဲေလ။ အဲဒါေၾကာင့္လည္း သူတို႔ ကားေတြ ေကာင္းတာပဲေလ။ အခုဟာက က်ေနာ္တို႔က ႏြားေျခရာခြက္ထဲက ဖားလုိပဲ။ အဲဒါေလးကို ျပႆနာျဖစ္ေနတာ။ ဒီေသးေသးေလးက အျပင္ထြက္သြားရင္ ယိုးဒယားေလာက္ ေရာက္ရင္ သူတို႔ကို သိကို မသိေတာ့တာ။ ဟိုမွာက ဖူးခက္လုိေနရာမွာ ႏိုင္ငံတကာက ေမာ္ဒယ္လ္လာရင္ကို အုန္းအုန္းဒိုင္းဒိုင္း ျဖစ္ေနတာ။ က်ေနာ္္တုိ႔ အမ်ားႀကီး လုပ္ရဦးမယ္။ အင္တာေနရွင္နယ္ကို ထုိးေဖာက္မယ္ ဆုိၿပီး ဆုိင္းဘုတ္နဲ႔ မထုိးေဖာက္နဲ႔ ဆုိင္းဘုတ္နဲ႔ ထိုးေဖာက္ေနတာ ႏွစ္ေပါင္းမ်ားစြာ ၾကာေနၿပီ။ တကယ္လက္ေတြ႔ ထိုးေဖာက္ဖို႔လုိတယ္။

ေမး။    ။ ဒီႏွစ္ အကယ္ဒမီမွာ ဦးေဗလုဝ အဓိက ဇာတ္ေဆာင္အျဖစ္ ပါဝင္ထားတဲ့ ဤအရာကို အခ်စ္ဟုေခၚသလား ႐ုပ္ရွင္ကားနဲ႔ အကယ္ဒမီ ရႏိုင္တယ္လို႔ ေျပာၾကတဲ့အေပၚ ရင္ခုန္မႈ ရွိပါသလား။
ေျဖ။    ။ အကယ္ဒမီကေတာ့ မေမွ်ာ္လင့္ပါဘူး။ ရွင္းရွင္းေျပာရရင္ စစ္သူႀကီးနဲ႔တင္ ေက်နပ္ေနပါၿပီ။ စစ္သူႀကီးနဲ႔တင္ အကယ္ဒမီ ရတယ္လုိ႔ သေဘာထားၿပီး ေက်နပ္ေနပါၿပီ။ ဒါက အကယ္ဒမီပဲေလ။
Irrawaddy
........................
စစ်သူကြီးနဲ့တင် အကယ်ဒမီရတယ်လို့ သဘောထားပြီး ကျေနပ်နေပါပြီ လို့ ပြောတဲ့ ဗေလုဝနဲ့ အင်တာဗျူး
ဧရာဝတီ| December 7, 2015 |
 ဗေလုဝ (ဓာတ်ပုံ – ယုမွန်ကျော်/ဧရာဝတီ)
သရုပ်ဆောင်လောကမှာ နှစ်ပေါင်း နှစ်ဆယ်ကျော် ကျင်လည်ခဲ့ပြီး သဘာကျတဲ့ ဟာသ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်များအကြား နာမည်ကျော်ခဲ့တဲ့ ဟာသသရုပ်ဆောင် ဗေလုဝဟာ ဘီလူးဆိုတဲ့ ဇာတ်ကောင် ကာရိုက်တာနဲ့ ပရိသတ်ကြား စတင် ပေါက်ခဲ့တာဖြစ်ပြီး ကြားထဲမှာလည်း ရုပ်ရှင် ဇာတ်ကားပေါင်းများစွာ၊ ဗီဒီယိုဇာတ်ကားပေါင်း များစွာကို ရိုက်ကူးခဲ့သူ တဦးပါ။ စာဖတ်ရတာ ဝါသနာပါပြီး စိတ်ဝင်စားတဲ့ စာပေများကို လေ့လာခဲ့သူ၊ စာလည်းရေးပြီး စာပေ ဟောပြောပွဲတွေမှာလည်း အလျဉ်းသင့်သလို လိုက်လံ ဟောပြောနေသူ တဦးလည်း ဖြစ်ပါတယ်။

မကြာသေးခင်က ပြုလုပ်ပြီးခဲ့တဲ့ ရွေးကောက်ပွဲ မတိုင်ခင်မှာလည်း ယုံကြည်ရာ ပါတီဖြစ်တဲ့ NLD ပါတီ အောင်နိုင်ရေး လှုပ်ရှားမှုများမှာ ဗေလုဝရဲ့ မြို့ရွာနေရာ ဒေသအနှံ့ ဟောပြောမှုများက ထိရောက်အောင်မြင်ခဲ့တဲ့ အတွက် ဒေါ်အောင်ဆန်းစုကြည်က စစ်သူကြီးတယောက် အဖြစ်နဲ့တောင် ခိုင်းနှိုင်း တင်စားခံခဲ့ရသူတဦးပါ။ အနုပညာဘက်မှာ လည်း ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင် နိုင်ခဲ့သလို နိုင်ငံရေးမှာလည်း ကျရာနေရာက တာဝန်ကျေခဲ့တဲ့ သရုပ်ဆောင် ဗေလုဝကို  ဧရာဝတီ သတင်းထောက် ယုမွန််ကျော်က တွေ့ဆုံ မေးမြန်းထားပါတယ်။

မေး။    ။ အခုလတ်တလော ဦးဗေလုဝ ဘာတွေ လုပ်ဖြစ်နေတယ် ဆိုတာ သိချင်ပါတယ်။
ဖြေ။    ။ လတ်တလောကတော့ ဦးဗေ ရုပ်ရှင်ကားကြီးတကား ရိုက်နေတယ်။ အဲဒါက ချောင်းသာမှာ သွားရိုက်ရတာ အဲဒီကနေ ပြန်လာတယ်။ ကားနာမည်က ပင်လယ်ကြီးက ဘာပြောလဲ လို့ ပေးထားပါတယ်။ ဒီကားက အခု ရွေးကောက်ပွဲ အပြီး ပထမဆုံး ပြန်ပြီး  ရိုက်ဖြစ်တဲ့ ကားကြီးပေါ့။

မေး။    ။ ရွေးကောက်ပွဲ မတိုင်ခင်ကရော ဘယ်အချိန်က စပြီး ကားရိုက်တွေ နားထားတာလဲ။ ဒီဘက်ကို လှုပ်ရှားမှုတွေ စလုပ်နေဖြစ်ခဲ့တဲ့ အချိန်ကရော ဘယ်လောက်ကြာလဲ။
ဖြေ။    ။ ရွေးကောက်ပွဲနီးလာပြီ ဆိုကတည်းက ဟောပြောပွဲတွေမှာ လိုက်ပြောတာပေါ့။ ဟောပြောပွဲတွေ လိုက်ပြော နေတယ် ဆိုတာကလည်း နောက်ဆုံးတော့ ဒီဘူတာပဲ ဆိုက်တာပါပဲ။ အစကတည်းက ပြောနေတာလေ ရွေးကောက်ပွဲ နီးလာတော့ ပိုပြီးတော့ အရှိန်ပြင်းသွားတာ ပေါ့။

မေး။    ။ ဟောပြောပွဲတွေက ဘယ်နေရာတွေကို သွားခဲ့တာလဲ။ အဲဒီတုန်းက အတွေ့အကြုံတွေလည်း  ပြန်ပြီး ပြောပြပေးပါ။
ဖြေ။    ။ သွားတာကတော့ နေရာအစုံပဲလေ။ တရားဝင် မဲဆွယ်ခွင့်ရ ကတည်းက နေရာအနှံ့ပါပဲ။ တနင်္သာရီလဲ ရောက်တာပဲ၊ ရခိုင်လည်း ရောက်တာပဲ၊ စစ်ကိုင်းတိုင်း၊ မကွေး အကုန် ရောက်ပါတယ်။ သွားတဲ့ အခါမှာလည်း ကျနော်တို့က မဲဆွယ်တဲ့ အခါမှာ ညင်ညင်သာသာ ပါပဲ။ ညင်ညင်သာသာ ဆိုတာကလည်း ကျနော်တို့ရဲ့ ဖတ်ထားတဲ့ စာဖတ် အားလေးတွေနဲ့ မဲဆွယ်တဲ့ ကာလမှာ NLD ပါတီ ကို နိုင်စေချင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တိုင်းပြည်လည်း အပြောင်းအလဲလေး ဖြစ်သွားအောင်၊ ကောင်းသွားအောင် လေ။ ပြီးတော့ လူထုကလည်း အရမ်းပင်ပန်း နေကြပြီလေ။ ဆင်းရဲ ဒုက္ခထဲကို ရောက်နေကြတယ်။

ဒါကြောင့် ကျနော်တို့က ယဉ်ယဉ်ကျေးကျေးပဲ ပြောပြီး စည်းရုံုးတယ်။ ကျနော်တို့က ဉာဏ်ရည်နိမ့်ပြီး သူများကို ပုတ်ခတ်ပြီး မပြောဘူးလေ။ ကျနော်တို့ ရိုက်ထားတဲ့ အခွေတွေလည်း အများကြီးပဲ၊ ကျနော်က လက်ညှိုး ၂ ချောင်း ထောင်ပြီး ပြောနေတာကို ချို (ဂျို) ဆိုပြီးတော့ သူတို့ အမြင်နဲ့ ပြောကြတာပေါ့။ အဲဒီတုန်းက ကျနော်ပြောခဲ့တာက ဘောလုံး ၂ သင်းကို ပြောခဲ့တာ။ လက်ညှိုး ၂ ချောင်းထောင်ပြီး ဘောလုံး ၂ သင်း ရှိိတယ် ဆိုပြီးတော့ ယှဉ်ပြောပြ နေတာ၊ အဲဒါကို ချို ဆိုပြီးတော့ နွားပါဆိုပြီး ပြောကြတယ်။ ကျနော်တို့ ဘယ်တော့မှ မပြောဘူး အဲဒါမျိုး။ ကျနော့်မှာ အသံဖိုင်တွေလည်း ရှိတယ်။ အဲဒီလိုမျိုးပြောဖို့ စိတ်ကူးတောင် မရှိပါဘူး။

ဘောလုံးနှစ်သင်း အကြောင်းပြောဖို့ လက်နှစ်ချောင်းထောင်တာ။ နောက်တခါ ဖရဲသီး ဘာညာ ဆိုတာကလည်း ကျနော်လည်း မပြောပါဘူးဗျာ။ ဘယ်မြို့မှာမှလည်း မပြောပါဘူး။ အဲဒါတွေကလည်း ကိုယ်ပြောတယ် ဖြစ်ပြန်ရော လေ။ မဟုတ်ပါဘူး ပြောလဲ ရှင်းမရ လင်းမရ ဖြစ်တာလေ။

မေး။    ။ ဦးဗေလုဝတို့ဘက်က ဘယ်လိုမျိုးတွေပဲ ပြောပြပြီး မဲဆွယ်စည်းရုံးခဲ့ကြတာလဲ။ ကိုယ် မပြောဘဲ အဲဒီလို အပြောခံရတော့ ဘာလို့ မဖြေရှင်းခဲ့တာလဲ။
ဖြေ။    ။ ကျနော်တို့ ပြောတာက ဒီပါတီက ၂၇ နှစ်လုံးလုံး ပြည်သူတွေနဲ့ အတူတူ ရုန်းလာရတယ်။ ဘာပဲ ပြောပြော ဒီပါတီက အစိုးရတရပ်ကို ဖွဲ့စည်းနိုင်တယ်။ ပညာတတ် လူငယ်လေးတွေနဲ့ ဝန်းရံထားတယ်။ ဘာပဲ ဖြစ်ဖြစ် ကျနော်တို့ အားကိုးပါတယ်။ ဒါကြောင့် ဒီပါတီကို မဲရ စေချင်တယ်။ ဒါကြောင့် မဲထည့်ကြပါ။ ဒါပဲပြောခဲ့တာ။ နောက်ပြီး ဗိုလ်ချုပ် အကြောင်း နည်းနည်းပြောတယ်၊ ဒေါ်ခင်ကြည်အကြောင်း ပြောတယ်။ သူများကို မပုတ်ခတ်ဘဲ ကိုယ်နိုင် သလောက်၊ ကိုယ်တတ် သလောက်ပြောတယ်။ မဖြေရှင်းခဲ့ဘူး ဆိုတာက ဖြေတော့ဖြေရှင်းပါတယ်။ Facebook ပေါ်ကနေ ဖြေရှင်းပါတယ်။ ဘယ်ကနေ ဘယ်လို ထွက်တယ် ဆိုတာကို ကိုယ်လည်း မသိဘူး ဆိုတဲ့ အကြောင်းပေါ့။

ကိုယ် ဟောပြောခဲ့တဲ့ နေရာတွေ၊ ဒေသတွေက လူတွေက အကုန်သိပါတယ်၊ အဲဒီလို မပြောဘူး၊ မပါဘူး ဆိုတာကို။ နောက်ပြီး ကျနော်က အဲဒီလို မပြောခဲ့တဲ့ အတွက် လိပ်ပြာလုံတယ်။ အဲဒီလို ပေါတောတော တွေလည်း မပြောတတ် ပါဘူး။ ဒါက တယောက်နဲ့ တယောက် ရန်ဖြစ်တာလည်း မဟုတ်ဘူးလေ။ ပါတီတွေ မဲဆွယ်ကြတယ် ဆိုတာက ရိုးရိုးသားသားပဲ လေ။ ရိုးရိုးသားသားပဲ မဲဆွယ်တယ်။ ဒီကနေ ပြည်သူတွေကို နားလည်အောင် ရှင်းပြတယ်။ သဘောတရားက ဒီလိုရှိတယ်။ ဒီပါတီနိုင်မှ တိုင်းပြည်က ဒီလိုရွေ့မှာ။ နောက်ရထားကို မစောင့်နဲ့ နှစ်ပေါင်း ငါးဆယ် ကျော်ပြီ၊ ကျနော်တို့ အမီလိုက်ရမှာပဲ။ ဟောပြောချက်တွေက ယဉ်ယဉ်လေးပါ။

ဗိုလ်ချုပ်တို့၊ ဒေါ်ခင်ကြည်တို့က အာဂတိတရား ကင်းတယ်၊ ဒါကြောင့် ဒီမျိုးဆက်ကို မထောက်ခံရင် ခင်ဗျားတို့ ဘယ်သူကို ထောက်ခံမလဲ ဒါမျိုးလေးတွေ ပါ။ ဒီလောက်ပါပဲ။ အနုပညာသမား ဆိုတာ ပြည်သူတွေနဲ့ ပေါင်းသင်းရ တာ၊ ဒီလို ရိုင်းရိုင်းတွေ ပြောလို့ ဘယ်ရမလဲ။ တဘက်မှာလည်း ကိုယ့်ကို မုန်းမှာလည်း စိုးတယ်လေ။ ဒီလို စကားမျိုး မပြောဘဲ၊ ယဉ်ယဉ်ကျေးကျေးနဲ့ ပြိုင်ကြတာလေ။ ကျနော်တို့ ကလည်း အဲဒီလို ယဉ်ယဉ်ကျေးကျေးနဲ့ ပြိုင်တာကိုပဲ ကြိုက်တယ်။ တဖက်နဲ့ တဖက် စကားနိုင်လုနေစရာ အချိန်လည်း မဟုတ်ဘူးလေ။ စကားနိုင်လုရအောင် လင်လုဘက် လည်း မဟုတ်ဘူး၊ မယားလု ဘက်လည်း မဟုတ်ဘူး။ သူတပါးကို အဲဒီလို နှိုက်နှိုက်ချွတ်ချွတ်ပြောပြီး မဲရဖို့ ဆိုတာက ဘယ်လိုမှ မဖြစ်နိုင်ဘူး။

မေး။    ။ ဦးဗေလုဝ အဲဒီလို သွားတဲ့ နေရာတွေက ဒေါ်အောင်ဆန်းစုကြည်က လွှတ်တာလား၊ ဦးဗေလုဝက ကိုယ့် အစီအစဉ်နဲ့ကို်ယ် သွားခဲ့တာလား။
ဖြေ။    ။ တချို့နေရာတွေက ကိုယ့်အစီအစဉ်နဲ့ကိုယ် သွားခဲ့တာပါ။ တချို့နေရာတွေကျတော့ အန်တီလည်း လွှတ်ပါတယ်။

မေး။    ။ အခု ဦးဗေလုဝကို ဒေါ်အောင်ဆန်းစုကြည်က စစ်သူကြီးတယောက်နဲ့ နှိုင်းယှဉ်ပြီး ပြောခဲ့တဲ့ စကား အပေါ်မှာရော ဘယ်လိုများ ခံစားရပါလဲ။
ဖြေ။    ။ ဒါကတော့ လူထုခေါင်းဆောင် တယောက်က အဲလိုပြောတယ် ဆိုတော့ ဘယ်လူသား မဆို ရင်ခုန် ကြည်နူး တာပေါ့။ အဲဒီလို ပြောမယ် လို့လည်း မမျှော်လင့်ပါဘူး။ ကိုယ့်တာဝန် ကျေခဲ့ပြီးပြီလေ။

မေး။    ။ အခုပြီးသွားတဲ့ ရွေးကောက်ပွဲ ထွက်လာတဲ့ ရလဒ်တွေ အပေါ်မှာရော ဦးဗေလုဝရဲ့ အမြင်က ဘယ်လိုများ ရှိပါလဲ။
ဖြေ။    ။ ၁၉၉၀ ရွေးကောက်ပွဲတုန်းက ရလဒ်က ၈၀ ရာခိုင်နှုန်းလောက် ရခဲ့တယ်။ အခုက ၈၅ ရာခိုင်နှုန်းလောက် ဖြစ်နေပြီ။ ဘာဖြစ်လို့လဲ ဆိုတော့ လူထုက သောင်ပြို ကမ်းပြို ဆိုတဲ့ စကားလုံးကိုပဲ သုံးရတော့မှာ ပေါ့။ သောင်ပြို ကမ်းပြို အားပေး လိုက်တယ် ပေါ့။ မဲထည့်လိုက်တယ်။ ဒီလိုအပေါ်ကို လူကြီးတွေ ကလည်း အားလုံး ညှိညှိနှိုင်းနှိုင်းနဲ့ သွားမယ် လို့ ထင်ပါတယ်။ ဟုတ်တယ်လေ အစိုးရအသစ်ကို ဖွဲ့စည်းတယ် ဆိုတာ အစိုးရအသစ်ကို လွှဲပြောင်း ပေးတယ် ဆိုတာက လူကြီးတွေရဲ့ သဘောထားက အဲဒီလောက် မတင်းမာပါဘူး။ အားလုံး ငြိမ်းချမ်းစွာ ဖြစ်မယ်လို့ ယုံကြည်ပါတယ်။

ကျနော့်အမြင် ဆိုတာကလည်း ပြည်သူ့အမြင် ပါပဲ။ လူတွေအားလုံက ငြိမ်းချမ်းချင်ပြီ ဗျ။ ရှင်းရှင်း ပြောရရင် စီးပွားရေး တွေကို သူ့ဘာသာ သပ်သပ်ရပ်ရပ် ရှာချင်ကြပြီ။ နောက်ပြီး ကျနော်တို့မှာ မျိုးဆက်တွေ ရှိတယ်လေ။ အဲဒီ မျိုးဆက်တွေ လည်း စိတ်အေးရအောင် အကောင်းဆုံးတော့ မြင်ချင်တာပဲ။ အကောင်းဆုံးပဲ ဖြစ်စေချင်တာပဲ။ အကောင်းဆုံးလည်း ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

မေး။    ။ လက်ရှိအစိုးရအပေါ် အမြင်က ဘယ်လိုရှိပါသလဲ။
ဖြေ။    ။ သူတို့ ပြောင်းလဲနေပါတယ်။ သမ္မတကြီးရော၊ ကာချုပ်ကြီးရော သူတို့ သဘောကလည်း နူးညံပျော့ပျောင်း ပါတယ်။ အားလုံး ပြောင်းလဲသွားမှာပါ။

မေး။    ။ ဦးဗေလုဝက စာပေဟောပြောပွဲ တွေမှာလည်း လိုက်လံဟောပြော ပေးနေတော့ အဲဒီအပိုင်းက ဘယ်လို အချိန် ပေးထားတာလဲ၊ ဘယ်လို အကြောင်းအရာကို အဓိက ဟောပြောပါလဲ။
ဖြေ။    ။ အဲဒါက ဖိတ်ထားတာတွေက များတယ်။ ကိုယ်သွားနိုင်ခြင်း၊ မသွားနိုင်ခြင်း အပေါ်မှာလည်း မူတည်တာပေါ့။ ကိုယ်ကလည်း ဒီအလုပ်နဲ့ ဆိုတော့ ကိုယ်အဆင်ပြေတဲ့ အချိန်၊ လစ်ဟာနေတဲ့ အချိန်လေးတွေ ပြောဖြစ်တယ်။ ပြောတာ ကလည်း အခုအချိန်မှာ တိုင်းပြည်ကလည်း ကောင်းနေပြီ၊ အေးသွားပြီ ဆိုတော့ ပရိသတ် ဗဟုသုတတွေ ရစေချင်တာတွေ၊ ရီရီမောမောလေး ဖြစ်စေချင်တာရယ် အတွက် အဲဒီဘက်ကိုပဲ ဦးတည်ပြီး ဟောရတော့မှာပေါ့။ စိတ်တွေနဲ့ ပတ်သတ်ပြီး သန့်ရှင်းကြဖို့ အတွက်ပေါ့။

မေး။    ။ ဦးဗေလုဝနဲ့ ဦးလှဆွေတို့ အရင်က Facebook မှာ အပြန်အလှန် ရေးတာတွေလည်း ရှိခဲ့တယ်နော်။ အဲဒီအကောင့် ကရော ဦးဗေလုဝသုံးတဲ့ အကောင့်လား။ ဦးဗေလုဝ ကိုယ်တိုင်ရေးခဲ့တာလား။
ဖြေ။    ။ အဲဒီတုန်းက ကျနော် Facebook တောင် မသုံးသေးပါဘူး။ ဦးဗေအကောင့်တုတွေ ရှိမှာပေါ့ လေ။ အဲဒီကနေ ပြောကြတာပေါ့။ တုံ့ပြန်ကြတာပေါ့ ဘာတွေမှန်းကို မသိပါဘူး။ ကျနော်လည်း ဦးလှဆွေဆိုတာကို အဲဒီ နောက်ပိုင်း ကျမှ သတိထားမိတာ။ အဲဒီတုန်းက Facebook မသုံးသေးဘူး။ အဲဒီနောက်ပိုင်းကျမှ Facebook သုံးဖြစ်တာပါ။ သုံးတော့လည်း အေးဆေးပါ၊ သူကလည်း ဦးဗေဘက်ကို မလှည့်တော့ဘူး လေ။ ဘယ်ဘက် လှည့်သွားလဲ မသိပါဘူး။ တယောက်ယောက်ဘက် လှည့်သွားတယ် ထင်တယ်။

မေး။    ။ အဲဒီလို အကောင့်တုကနေ ပြောခဲ့တဲ့ အတွက် လူပုဂ္ဂိုလ်ချင်း အထင်အမြင်လွဲ ခံရမှာ မစိုးရိမ်မိခဲ့ဘူးလား။
ဖြေ။    ။ အဲဒါက တယောက်နဲ့ တယောက် ရန်သူတွေမှ မဟုတ်တာဘဲ။ နာနာကျည်းကျည်းလည်း တယောက်နဲ့ တယောက် ဘာမှ မရှိကြဘူး လေ။ ဒါကြောင့် ဒါကတော့ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ သဘောလို့ပဲ သဘောထားလိုက် တာပေါ့။ ဘယ်လိုပဲ တိုက်ခိုက် တိုက်ခိုက် ပေါ့။ ပြည်သူတွေ ဆုံးဖြတ်သွားမှာ ပါ။

မေး။    ။ အနုပညာရှင်တွေ တော်တော်များများလည်း နိုင်ငံရေးဘက်မှာ ပါဝင်လာကြတယ်။ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံပွဲမှာလည်း အကုန်နီးပါး တက်ရောက်ကြတယ်။ အဲဒီအပေါ် အနုပညာသမား တယောက်အနေနဲ့ အမြင်ကိုလည်း သိချင်ပါတယ်။
ဖြေ။    ။ ဒါကတော့ ခေတ်အဆက်ဆက် လေ။ ဘယ်သူပဲ ဖြစ်ဖြစ်၊ ဝန်းရံကြတာ ကောင်းပါတယ်။ အနုပညာသမား ဆိုတာကလည်း ပြည်သူပဲလေ၊ နိုင်ငံ ကောင်းအောင် လုပ်တဲ့ နေရာမှာ သူတို့ကလည်း အုတ်တချပ် သဲတပွင့်ပဲ လေ။ အနုပညာ သမားတွေ ဝန်းရံမှ ဖြစ်မှာပါ။ အနုပညာသမားတွေက ဖာသိဖာသာ နေမယ် ဆိုရင်တော့ တမျိုးပေါ့လေ။ ဘာသိဘာသာ နေစရာ အကြောင်းလည်း မဟုတ်ဘူးလေ။ ဒါက နိုင်ငံရဲ့ အပြောင်း အရွေ့၊ ခေတ်တခေတ်ရဲ့ အပြောင်း အရွေ့ဆိုတာ အင်မတန်မှ အရေးကြီးပါတယ်။ ကြံုတောင့်ကြံုခဲပါ။
တချို့ဆိုရင် မဲမပေးဘူး ဆိုရင် နစ်နာပါတယ်။ ဘဝတခု ဆုံးသွားသလိုပါပဲ။ ဘဝတခုကို ကိုယ်လည်း စီးမျောနေတာ ပါပဲ။ ဒါကြောင့် တိုင်းပြည်အရေး အပြောင်းအလဲမှာ ဘယ်ပါတီကို ကြိုက်ကြိုက်၊ ကြိုက်တဲ့ ပါတီကို မဲထည့်ဖို့၊ လူသား တယောက်အနေနဲ့ တာဝန်ကျေဖို့ လိုတယ်။ ဝန်းရံတာကတော့ ဘယ်ဘက်က ဝန်းရံဝန်းရံ ဝန်းရံတာကတော့ ကောင်းပါ တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လောကကြီးက အပြိုင်အဆိုင်ရှိမှ ကောင်းမှာ ကိုး။ အပြိုင်အဆိုင်လေး ရှိတာ ကောင်းတယ်၊ ကြိုက်တယ်။

မေး။    ။ ဦးဗေလုဝက စာတွေလည်း ရေးတယ်။ စာအုပ်တွေလည်း ထွက်ထားတယ်။ အဲဒီစာရေးတာနဲ့ ပတ်သက်ပြီး ဘာတွေ ဆက်လုပ်ဖို့ရှိလဲ။
ဖြေ။    ။ အင်း ဟုတ်တယ်။ အခုလည်း ပြည်သူနဲ့ အနုပညာရှင်ကြားက ကောက်ကြောင်း ဆိုတာလေး ရေးနေတယ်။ နန်းတော်ရှေ့ ဆရာတင်တို့ ခေတ်ကလည်း သူတို့ အင်္ဂလိပ်ကို တိုက်ကြတာပဲ။ သူတို့ အင်္ဂလိပ်ကို နှဲ့ကြတာပဲ။ မကျေနပ် ကြဘူးလေ။ စနစ်တခုကို ပြန်ကြည့်၊ ဒါကလည်း အနုပညာသမားတွေ စီးမျောတာပေါ့။

မေး။    ။ ဦးဗေလုဝ အရင်က ဇာတ်ကားတွေမှာ ကိုယ့်ဇာတ်လမ်းကို ဒါရိုက်တာ လုပ်ပြီး ရိုက်ခဲ့ဖူးတာတွေလည်း ရှိတယ် နော်။ အဲဒီအပိုင်းရော လုပ်ဖြစ်ဦးမလား။
ဖြေ။    ။ ဒါရိုက်တာတော့ မလုပ်တော့ပါဘူး။ စိတ်ပင်ပန်းလည်း မခံနိုင်တော့ဘူး ကိုယ့်အသက်အရွယ်နဲ့လေ။ ကိုယ်က အခု သရုပ်ဆောင်လည်း လုပ်တယ်၊ ဟောပြောပွဲလေး ဟောတယ်။ ဒီလောက်ပါပဲ။ နောက်ပြီး ထမင်းဆိုင် လေး ဖွင့်ဖို့ ကြိုးစားနေတယ်။ ကမာရွတ်ဘက်မှာလေ ကျနော်က အဲဒီအပိုင်းကို ဝါသနာပါတယ်။ လယ်သူမ ဆိုတဲ့ နာမည်နဲ့ ဖွင့်ဖို့လုပ်နေတယ်။ ကိုယ်က အချက်အပြုတ်လည်း ဝါသနာပါတယ် လေ။ အခုက အရုပ်တွေ၊ ပန်းပုတွေတောင် လုပ်ပြီးပြီ၊ အထူးအဆန်းတွေပဲ ချက်ပြမှာ။ ဥပမာ ငါး ငရုတ်သီးစိမ်းချက်တို့၊ ငါးရှဉ့် စပ်စလူးချက်တို့၊ ဖားမော်ဒယ်လ် ဟင်းတို့လိုပေါ့။ စားနေကျ ကြက်၊ ဝက်ဟင်းတွေ မဟုတ်ဘူး။ စားပွဲကလည်း ဒီလို စားပွဲတွေနဲ့ မဟုတ်ဘူး။ မိသားစု စားတဲ့ စားပွဲမျိုးတွေနဲ့။ စတိုင်သစ်တွေ ပေါ့။ အဲဒါမျိုးတွေလာမှာ။

မေး။    ။ အနုပညာဘက်ကရော အခု ကားကြီးရိုက်ပြီးသွားပြီ၊ နောက်ထပ် ဘာတွေဆက်လုပ်ဖို့ ရှိဦးမလဲ။
ဖြေ။    ။ နောက်ထပ် ကားကြီးနှစ်ကားကို ဒါရိုက်တာ ထွန်းအောင်ကျော်နဲ့ ရိုက်ဖို့ ရှိတယ်။ ဒါက ဒီဇင်ဘာ ၂ ရက်နေ့ စရိုက်ပြီ။

မေး။    ။ အခု တိုင်းပြည် အပြောင်းအလဲမှ  ရုပ်ရှင်ဘက်ကိုရော ပြောင်းလဲဖို့ ဘာတွေ မျှော်လင့်မိလဲ။
ဖြေ။    ။ အသစ်အစိုးရ တရပ်ကတော့ … သူကတော့ လုပ်ပြမှာပဲ။ ဘယ်သူမဆိုဗျာ လုပ်ပြကြမှာပဲ။ အခုက ဒေါ်စုက ပြောတယ် လွှတ်တော်ထဲမှာ ဝန်ကြီးရူးမရူးကြနဲ့ ဆိုတာလေ။ ကျနော်ကတော့ထင်တယ် အာဂတိ လိုက်စားတာ ကတော့ နည်းသွားလိမ့်မယ်။ ပညာရေး အရမ်းကောင်းသွား လိမ့်မယ်။ အဲဒီနှစ်ခုနဲ့တင် တိုင်းပြည်က စကောင်းနေပြီ။ တိုင်းပြည် တပြည်ရဲ့ အကောင်းဆုံးကတော့ အဂတိ နည်းရင် ချမ်းသာကြတာပဲ။ စနစ်ကောင်းမယ်၊ ပညာရေး ကောင်းမယ် ဆိုရင် ကျနော်တို့ တတိုင်းပြည်နဲ့ တတိုင်းပြည်က ခေါင်းတွေနဲ့ ယှဉ်ကြရတာကိုး။ ခွန်အားတွေနဲ့ ယှဉ်တာမှ မဟုတ်တာကို။ အဲဒီတော့ ပညာတတ် များများပေါ်ထွက် လာလေလေ၊ ပညာရေးစနစ်ကြီး ကောင်းလာ လေလေ တိုင်းပြည်ကောင်းလေပဲ။ ကျနော်ကတော့ အဲဒီလိုပဲ မြင်တယ်။ အဓိက အသက်က အဲဒါပဲ။

ရုပ်ရှင်နယ်ပယ်ကတော့ အဓိက စိတ်ဓာတ်လေးတွေ ပြင်မှ တိုးတက်မှာ။ မဟုတ်ရင်တော့ မတိုးတက်နိုင်ဘူး။ စိတ်ဓာတ် ဆိုတာကဗျာ ဒါရိုက်တာနဲ့ အနုပညာရှင်က အပြန်အလှန် လေးစားမှုလေးတွေ ရှိရမယ်။ စက်အဖွဲ့ကလည်း စက်အဖွဲ့ အလျောက် အပြန်အလှန် လေးစားမှုလေးတွေ ရှိရမယ်။ နေရာတကာမှာ အခွင့်ထူးခံတွေက အရမ်းများ နေတယ်။ အသက်အရွယ် အရ ရ၀ ကျော်ကြီးတွေက ငုတ်တုတ် ထိုင်စောင့်နေရပြီးတော့ အသက်အရွယ် ဘာမှ မရှိသေးတဲ့ မင်းသားဆိုတဲ့ ပုဂ္ဂိုလ်တွေက နေ့ခင်း ဆယ့်နှစ်နာရီ တချက်လောက်မှ  ရိုက်ကွင်းကို ရောက်တယ်။ စော်ကားသလို ဖြစ်သွားတာပေါ့။ အားလုံးက ပိုက်ဆံရှာကြတာပဲ လေ။ အကုန်လုံး အလုပ်ချိန်ကို တိကျဖို့ လိုတယ်။ အပြန်အလှန် လေးစားမှုလေး ရှိရင် ပြီးတာပဲလေ။

မေး။    ။ အရင်တုန်းက ရိုက်ကွင်းတခုမှာ ဒါရိုက်တာ ဘုရင်ဆိုတဲ့ ခေတ်ကို ပြန်ရောက်နိုင်မလား။
ဖြေ။    ။ အဲဒါကြောင့် အဲဒီ စောစောကပြောတဲ့ မင်းသားမင်းသမီး ကိစ္စတခုကို တကြော ရှင်းရဦးမယ်။ နိုင်ငံတကာကို ဖြန့်တယ် ဆိုတာက နိုင်ငံတကာကို ဖြန့်နိုင်တဲ့ စနစ်၊ စည်းကမ်းတွေ ရှိရမယ်။ သူတို့ ထုတ်လုပ်သူ၊ သူတို့ သရုပ်ဆောင် တွေရဲ့ အခြေအနေကို ကြည့်ရမယ်။ ဟိုဟာတွေက အလုပ်ကို တန်ဖိုးထား လေးစားကြတာပဲလေ။ အဲဒါကြောင့်လည်း သူတို့ ကားတွေ ကောင်းတာပဲလေ။ အခုဟာက ကျနော်တို့က နွားခြေရာခွက်ထဲက ဖားလိုပဲ။ အဲဒါလေးကို ပြဿနာဖြစ်နေတာ။ ဒီသေးသေးလေးက အပြင်ထွက်သွားရင် ယိုးဒယားလောက် ရောက်ရင် သူတို့ကို သိကို မသိတော့တာ။ ဟိုမှာက ဖူးခက်လိုနေရာမှာ နိုင်ငံတကာက မော်ဒယ်လ်လာရင်ကို အုန်းအုန်းဒိုင်းဒိုင်း ဖြစ်နေတာ။ ကျနော််တို့ အများကြီး လုပ်ရဦးမယ်။ အင်တာနေရှင်နယ်ကို ထိုးဖောက်မယ် ဆိုပြီး ဆိုင်းဘုတ်နဲ့ မထိုးဖောက်နဲ့ ဆိုင်းဘုတ်နဲ့ ထိုးဖောက်နေတာ နှစ်ပေါင်းများစွာ ကြာနေပြီ။ တကယ်လက်တွေ့ ထိုးဖောက်ဖို့လိုတယ်။

မေး။    ။ ဒီနှစ် အကယ်ဒမီမှာ ဦးဗေလုဝ အဓိက ဇာတ်ဆောင်အဖြစ် ပါဝင်ထားတဲ့ ဤအရာကို အချစ်ဟုခေါ်သလား ရုပ်ရှင်ကားနဲ့ အကယ်ဒမီ ရနိုင်တယ်လို့ ပြောကြတဲ့အပေါ် ရင်ခုန်မှု ရှိပါသလား။
ဖြေ။    ။ အကယ်ဒမီကတော့ မမျှော်လင့်ပါဘူး။ ရှင်းရှင်းပြောရရင် စစ်သူကြီးနဲ့တင် ကျေနပ်နေပါပြီ။ စစ်သူကြီးနဲ့တင် အကယ်ဒမီ ရတယ်လို့ သဘောထားပြီး ကျေနပ်နေပါပြီ။ ဒါက အကယ်ဒမီပဲလေ။
Irrawaddy

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...