Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

မြန္ဂုိလီယားေဒသရွိ အစုိးရ လံုျခံဳေရးဂိတ္ ကို မ်က္ႏွာဖံုးစြပ္ထားသူ လူတစ္ရာ နီးပါးက တုိက္ခုိက္ခဲ့

$
0
0
ၿပီးခဲ့ေသာ တနဂၤေႏြေန႔က တ႐ုတ္ႏိုင္ငံ မြန္ဂိုလီးယားေဒသရွိ အစိုးရ
လံုျခံဳေရး ဂိတ္ကို မ်က္ႏွာဖံုးစြပ္
ထားေသာ လူ ေပါင္း ၁၀၀ ေက်ာ္က အၾကမ္းဖက္ တုိက္ခိုက္ မႈမ်ား ျပဳလုပ္ခဲ့ေၾကာင္းသိရသည္။ ယင္းက့ဲသို႔
အၾကမ္းဖက္ တုိက္ခိုက္မႈမ်ားေၾကာင့္ လူေပါင္း ၁၃ ဦး ဒဏ္ရာရခဲ့သလို
 ေမာ္ေတာ္ယာဥ္ ၁၁
စီးပ်က္စီးခဲ့ရေၾကာင္း တ႐ုတ္အစိုရ သတင္းဌာနမ်ား ကေဖာ္ျပၾကသည္။

အဆိုပါ အၾကမ္းဖက္တိုက္ခိုက္မႈမ်ား ျပဳလုပ္ေသာ လူအုပ္မွာ လံုျခံဳေရးမ်ားကို
င႐ုတ္ေကာင္းရည္မ်ားသံုးကာ တိုက္ခုိက္မႈမ်ား ျပဳလုပ္ခဲ့ျခင္းျဖစ္သလို
လူကိုေသေစေအာင္ တိုက္ခုိက္မႈမ်ား ျပဳလုပ္ရန္ ႀကိဳးပမ္းမႈမ်ား ျဖစ္ေပၚခဲ့
ေၾကာင္း သိရသည္။

တ႐ုတ္ႏိုင္ငံ Ejin ေဒသ တုိက္ခိုက္ခံရမႈအတြက္ အေသးစိတ္ အေျခအေနမ်ားကို
တ႐ုတ္အစိုးရ တာ၀န္ရွိသူမ်ားက ေျပာဆုိျခင္း မရွိေသးေၾကာင္း သတင္းမ်ားက
ဆုိသည္။ တ႐ုတ္ႏိုင္ငံ မြန္ဂုိလီယားေဒသမွာ ေဒသအတြင္း လံုျခံဳေရးတင္းက်ပ္မႈမ်ား၊
ေျမယာမ်ား စြန္႔လႊတ္ထြက္ေျပးရမႈမ်ား ႏွင့္ သတၱဳတြင္း ျပသ၁နာမ်ားေၾကာင့္
တ႐ုတ္အစိုးရထံ တုိင္တန္းမႈမ်ားရွိေနခဲ့ရာ ၿပီးခဲ့ေသာ ႏွစ္မ်ားအတြင္း မြန္ဂိုးလီးယား
ေဒသမွာ မတည္ၿငိမ္မူမ်ား ျဖစ္ေပၚေနခဲ့ေၾကာင္း သိရသည္။

ဆႏၵထုတ္ေဖာ္မႈမ်ားလည္း ျဖစ္ေပၚခဲ့ရာ ၿငိမ္းခ်မ္းစြာ ဆႏၵျပခဲ့ျခင္းျဖစ္ေၾကာင္း၊
တ႐ုတ္အစိုးရမွာ ႏွစ္စဥ္ႏွစ္တုိင္း တရားမ၀င္ လယ္ယာမ်ားသိမ္းမႈ၊ လူဦးေရ
ျပသ၁နာမ်ား ႏွင့္ အက်င့္ပ်က္ လာဘ္စားမႈမ်ားေၾကာင့္ ဆႏၵထုတ္ေဖာ္မႈ
ေထာင္ေပါင္းမ်ားစြာ ႏွင့္ ရင္ဆုိင္မႈမ်ား ရွိေနခဲ့ရသည္။ ၿပီးခဲ့ေသာ တနဂၤေႏြေန႔က
မြန္ဂိုးလီယားေဒသရွိ တ႐ုတ္ လံုျခဳံေရးဂိတ္ တိုက္ခိုက္ခံရေသာ အျဖစ္အပ်က္မွာ
တည္ၿငိမ္မူမ်ား ရရွိရန္လုပ္ေဆာင္ေနေသာ တ႐ုတ္ကြန္ျမဴနစ္ ပါတီအစိုးရ၏
ႀကိဳးပမ္းမႈမ်ား ဆုတ္ယုတ္ေနျခင္းကို ျပသလိုက္ျခင္းျဖစ္သလို မြန္ဂိုးလီးယားေဒသ
တည္ၿငိမ္မႈရွိရန္ လိုအပ္လ်က္ရွိေနသည့္ အခ်က္ကို ျပသလိုက္ျခင္း ျဖစ္ေၾကာင္း
သိရသည္။

သတင္း -ေဇာ္မင္းဦး
The Ladies News Journal
...........................

ပြီးခဲ့သော တနင်္ဂနွေနေ့က တရုတ်နိုင်ငံ မွန်ဂိုလီးယားဒေသရှိ အစိုးရ
လုံခြုံရေး ဂိတ်ကို မျက်နှာဖုံးစွပ်
ထားသော လူ ပေါင်း ၁၀၀ ကျော်က အကြမ်းဖက် တိုက်ခိုက် မှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။ ယင်းကဲ့သို့
အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် လူပေါင်း ၁၃ ဦး ဒဏ်ရာရခဲ့သလို
 မော်တော်ယာဉ် ၁၁
စီးပျက်စီးခဲ့ရကြောင်း တရုတ်အစိုရ သတင်းဌာနများ ကဖော်ပြကြသည်။

အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်သော လူအုပ်မှာ လုံခြံုရေးများကို
ငရုတ်ကောင်းရည်များသုံးကာ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သလို
လူကိုသေစေအောင် တိုက်ခိုက်မှုများ ပြုလုပ်ရန် ကြိုးပမ်းမှုများ ဖြစ်ပေါ်ခဲ့
ကြောင်း သိရသည်။

တရုတ်နိုင်ငံ Ejin ဒေသ တိုက်ခိုက်ခံရမှုအတွက် အသေးစိတ် အခြေအနေများကို
တရုတ်အစိုးရ တာဝန်ရှိသူများက ပြောဆိုခြင်း မရှိသေးကြောင်း သတင်းများက
ဆိုသည်။ တရုတ်နိုင်ငံ မွန်ဂိုလီယားဒေသမှာ ဒေသအတွင်း လုံခြံုရေးတင်းကျပ်မှုများ၊
မြေယာများ စွန့်လွှတ်ထွက်ပြေးရမှုများ နှင့် သတ္တုတွင်း ပြသ၁နာများကြောင့်
တရုတ်အစိုးရထံ တိုင်တန်းမှုများရှိနေခဲ့ရာ ပြီးခဲ့သော နှစ်များအတွင်း မွန်ဂိုးလီးယား
ဒေသမှာ မတည်ငြိမ်မူများ ဖြစ်ပေါ်နေခဲ့ကြောင်း သိရသည်။

ဆန္ဒထုတ်ဖော်မှုများလည်း ဖြစ်ပေါ်ခဲ့ရာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ခြင်းဖြစ်ကြောင်း၊
တရုတ်အစိုးရမှာ နှစ်စဉ်နှစ်တိုင်း တရားမဝင် လယ်ယာများသိမ်းမှု၊ လူဦးရေ
ပြသ၁နာများ နှင့် အကျင့်ပျက် လာဘ်စားမှုများကြောင့် ဆန္ဒထုတ်ဖော်မှု
ထောင်ပေါင်းများစွာ နှင့် ရင်ဆိုင်မှုများ ရှိနေခဲ့ရသည်။ ပြီးခဲ့သော တနင်္ဂနွေနေ့က
မွန်ဂိုးလီယားဒေသရှိ တရုတ် လုံခြုံရေးဂိတ် တိုက်ခိုက်ခံရသော အဖြစ်အပျက်မှာ
တည်ငြိမ်မူများ ရရှိရန်လုပ်ဆောင်နေသော တရုတ်ကွန်မြူနစ် ပါတီအစိုးရ၏
ကြိုးပမ်းမှုများ ဆုတ်ယုတ်နေခြင်းကို ပြသလိုက်ခြင်းဖြစ်သလို မွန်ဂိုးလီးယားဒေသ
တည်ငြိမ်မှုရှိရန် လိုအပ်လျက်ရှိနေသည့် အချက်ကို ပြသလိုက်ခြင်း ဖြစ်ကြောင်း
သိရသည်။

သတင်း -ဇော်မင်းဦး
The Ladies News Journal

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>