Australia နိုင်ငံ၊ New Souh Wales ပြည်နယ်မှာအသက် ၁၂ နစ် အရွယ်သမီးငယ်ကို အသက၂၆နှစ်အရွယ်အမျီုးသားတစ်ဦးနှင့်အစ္စလာမ်ထုံးစံအတိုင်းလက်ထပ်ပေါင်းသင်းစေခဲ့သော ဖခင်ဖြစ်သူ အသက်၆၃နှစ်အရွယ်ရှိလက်ဖနွန်မွတ်စလင်တစ်ဦး ကိုတရားရုံးကထောင်ဒဏ်ခြောက်နှစ်ချမှတ်လိုက်ပါတယ်။ဖခင်ဖြစ်သူဟာ သူ့ ရဲ့သမီးငယ်ကိုအသက်၂၆နှစ်အရွယ်ရှိတက္ကသိုလ်ကျောင်းသားလက်ဖနွန်မွတ်စလင်တစ်ဦးနှင့်သူ့ ၇ဲ့အိမ်မှာပဲ ဗလီဆ၇ာတစ်ဥိးကိုခေါ်ပြီး အစ္စလာမ်ဘာသာထုံးစံအတိုင်း လက်ထပ်ပေးခဲ့တာဖြစ်ပါတယ်၊ ပြီးတော့သူ့ သမီးနှင့် သမက်အိပ်ဖို့ မွေ့ ယာကိုဖခင်ဖြစ်သူကကိုယ်တိုင်ခင်းပေးတယ်လို့ ဆိုပါတယ်၊ လက်ထပ်အပြီးတနှစ်ခွဲခန့် အကြာမှာသမီးဖြစ်သူဟာကိုယ်ဝန်ပျက်ကျခဲ့ပါတယ်။ဖခင်ဖြစ်သူရဲ့အကြောင်းပြချက်ကတော့သူ့ သမီးဟာအ၇ွယ်ရောက်လာပြီဖြစ်တယ့်အတွက် ယောကျာင်္းလေးများကို စိတ်ဝင်စားစပြုလာပြီ၊ ရည်းစားထားလာနိုင်တယ်၊အိမ်ထောင်မပြုပဲ sex လုပ်လာ နိုင်တယ်၊ အဲဒီလိုလုပ်ခြင်းဟာ အစ္စလာမ်ဘာသာမှာ အပြစ်ဖြစ်တယ်၊ အဲဒါကြောင့်သူ့သမီးအပြစ်မဖြစ်အောင်တရားဝင်နေကာဟ်ပြုထိမ်းမြားပေးလိုက်တာဖြစ်ပါတယ်လို့ တရား၇ုံးမှာလျှောက်လဲပါတယ်။
Australian news
Min Burma Minburma