အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်ရွှေ ကိုးကွယ်တဲ့ ကျိုက်ထီးဆောင်းဆရာတော်ဟာ ဒီကနေ့ နေ့လည်က ရန်ကုန်မြို့စစ်ဆေးရုံမှာ ပျံလွန်တော်မူသွားတယ်လို့ ဦးခင်ရွှေရဲ့သားဖြစ်သူ ကိုဇေသီဟ Facebook စာမျက်နှာတွင် ဖော်ပြထားပါတယ်။
ဇူလိုင် ၂၅ရက် မွန်းလွဲ ၂နာရီ ၅ဝမိနစ်ခန့်က မင်္ဂလာဒုံစစ်ဆေး ရုံကြီးတွင် တက်ရောက်ကုသနေသော ကျိုက်ထီးဆောင်းဆရာတော် သက်တော် (၈၇) နှစ်၊ ဝါတော်(၄၄) သည် ဘဝနတ်ထံ ပျံလွန်တော်မူသွားကြောင်း သိရသည်။
ဇူလိုင် ၂၅ရက် မွန်းလွဲ ၂နာရီ ၅ဝမိနစ်ခန့်က မင်္ဂလာဒုံစစ်ဆေး ရုံကြီးတွင် တက်ရောက်ကုသနေသော ကျိုက်ထီးဆောင်းဆရာတော် သက်တော် (၈၇) နှစ်၊ ဝါတော်(၄၄) သည် ဘဝနတ်ထံ ပျံလွန်တော်မူသွားကြောင်း သိရသည်။
ညနေပိုင်းတွင်စစ် ဆေးရုံကြီးမှဘီးလင်းမြို့သို့ မော်တော်ယာဉ်ဖြင့် ပြန်လည်သယ်ဆောင်ခဲ့ပြီးဈာပနအခမ်းအနားအစီအစဉ်များအား ဆွေးနွေးညှိနှိုင်းပြီးမှ ထုတ်ပြန်သွားမည်ဖြစ်သည်။ ဆရာတော်ပျံလွန်တော်မူခြင်းနှင့်ပတ်သက်ပြီး ဒကာအရင်းဖြစ်သူ ဦးခင်ရွှေရဲ့သားဖြစ်သူ ကိုဇေသီဟက ''မကြာသေး ခင်ကပဲ ဝင်းစိန် ဆရာတော်ကြီးပျံလွန်တော်မူတယ်၊ ဒီနေ့ ကျိုက်ထီးဆောင်း ဆရာတော်ကြီး ပျံလွန်တော်မူပြန်တယ်။ ဒါဟာ မွန်ပြည်နယ်ရဲ့ အထင်ကရ ဆရာတော်ကြီးတွေ လည်းဖြစ် တော့ ဆုံးရှုံးမှုကြီးမား ပါတယ်။ လူတိုင်း လည်း ထပ်တူဝမ်းနည်းနေကြလိမ့် မယ်လို့ထင်ပါ တယ်။ ဒီမနက်ကမှ ဆေးရုံတင်လိုက်တာပါ။ ခုအချိန်အထိတော့ ဈာပန အခမ်းအနားနဲ့ ပတ်သက်ပြီး ဘာတွေဆက်လုပ်မယ်ဆိုတာကို အတိအကျပြော လို့မရသေးပါ ဘူး''ဟု ပြောသည်။
(Flower News Journal)