Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

အသက္ ၈ႏွစ္အရြယ္ မိန္းကေလး ႏွိပ္စက္ခံရသည့္ အမႈ ရဲတပ္ဖြဲ႕မွ တင္ျပသည္႕ ေဆးစာမျပည္႕စုံေသးေသာေၾကာင့္ ဗဟန္းတရား႐ုံးတြင္ မစစ္ျဖစ္ေသး ။

$
0
0
တပ္မေတာ္သား လႊတ္ေတာ္ကုိယ္စားလွယ္ေနအိမ္တြင္ ႏွိပ္စက္ခံရေသာ အသက္ ၈ ႏွစ္အရြယ္
မိန္းကေလးအမႈႏွင့္ ပတ္သက္၍ ဗဟန္းၿမိဳ႕မရဲစခန္းမွ ရဲအရာရွိတစ္ဦးက ဗဟန္းၿမိဳ႕နယ္တရား႐ုံးသုိ႕
ဒီဇင္ဘာ ၇ ရက္ မြန္းလြဲပုိင္းတြင္ အစီရင္ခံစာ တင္ျပခဲ့သည္။

အဆုိပါ အသက္ ၈ ႏွစ္အရြယ္ မိန္းကေလးအမႈႏွင့္ ပတ္သက္၍ ရဲအရာရွိက တင္ျပသည္႕
ရန္ကုန္ျပည္သူ႕ေဆး႐ုံေဆးစာမွ ကနဦး ေဆးစာျဖစ္၍ ဒီဇင္ဘာ ၂၁ ရက္တြင္ ေဆးစာထင္ျမင္ခ်က္
အျပည္႔အစုံတင္ရန္ႏွင့္ စစ္ေဆးရန္က်န္ရွိသူ အခ်ဳိ႕ကုိ ဆက္လက္စစ္ေဆး၍ တရား႐ုံးသုိ႕ တင္ျပရန္
ဗဟန္းၿမိဳ႕နယ္ တရားသူႀကီးက ညႊန္ၾကားခဲ့သည္။

ယင္းအေၾကာင္းအရင္းမ်ား ျပည္႔စုံမွသာ ဗဟန္းတရား႐ုံးတြင္ အမႈကုိ စတင္စစ္ေဆးမည္ျဖစ္ကာ ဒီဇင္ဘာ ၇ ရက္ ႐ုံးခ်ိန္းတြင္ တရားသုိ႕ တရားလုိသာ လာေရာက္ခဲ့ၿပီး စြပ္စြဲခံရသူမွာ လာေရာက္ခဲ့ျခင္းမရွိသည္ကုိ သိရွိရသည္။

ၿပီးခဲ့သည္႕ႏုိ၀င္ဘာ၁၈ ရက္က ဗဟန္းျမိဳ႔နယ္၊ ဆရာစံရပ္ကြက္၊ တကၠသုိလ္ရိပ္သာလမ္းသစ္ရွိ ျခံအမွတ္ 25 (C-4) ေနအိမ္တြင္ အသက္ရွစ္ႏွစ္အရြယ္ မိန္းကေလးသည္ ထမင္းအိုးအတြင္းသို႔ လက္မေဆးဘဲ ႏိႈက္ခဲ့ေသာေၾကာင့္
အဆူခံရသျဖင့္ အိမ္သာအတြင္းသုိ႔ ၀င္ေနၿပီး တံခါးခ်က္ခ် ပိတ္ထားခဲ့ျခင္းေၾကာင့္ အိမ္အကူျဖစ္သူ မသန္းသန္းေ၀က ျပဴတင္းေပါက္မွ ၀င္ေရာက္ကာ အသက္၈ ႏွစ္အရြယ္ မိန္းကေလးအား ေခၚထုတ္၍ ရုိက္ႏွက္ဆံုးမခဲ့ၿပီး မီးဖိုခန္းအတြင္း လက္အားထိုင္ခံုႏွင့္ ႀကိဳးခ်ည္ထားခဲ့သည္။

ထုိ႔အျပင္ ႏို၀င္ဘာ ၁၉ ရက္တြင္ ေဒၚသန္းႏြဲ႕က အျပစ္ေပးသည့္အေနျဖင့္ အသက္ ၈ႏွစ္အရြယ္ မိန္း
ကေလးအား ၎င့္အတူ ၾကမ္းတိုက္ခိုင္းရာ မလုပ္သျဖင့္ ေနအိမ္အေရွ႕၌ အ၀တ္မပါဘဲ ႀကိဳးတုတ္၍ထားခဲ့ေၾကာင္း ရန္ကုန္တုိင္းရဲတပ္ဖြဲ႕၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။

အသက္ ၈ ႏွစ္အရြယ္ မိန္းကေလးမွာ ၀ါးျခမ္းျပားျဖင့္ ႐ုိက္ႏွက္ခံခဲ့ျခင္း၊ ႀကိဳးျဖင့္ တုတ္ခံခဲ့ရျခင္း၊ ေနပူထဲ
တြင္ ထားရွိျခင္းခံခဲ့ရေသာေၾကာင့္ ၎၏ မ်က္ႏွာ၊ ယာလက္ေကာက္၀တ္ႏွင့္လက္ခံု၊ ရင္ဘတ္၊ ေက်ာျပင္
 ႏွင့္ ၀ဲ/ယာေပါင္တုိ႔တြင္ ပြန္းျခစ္ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း သိရသည္။

အဆုိပါ မိန္းကေလးႏွိပ္စက္ခံခဲ့ရသည္႕ ဓာတ္ပုံမွာ အင္တာနက္ႏွင့္ အြန္လုိင္းစာမ်က္ႏွာမ်ားတြင္ ပ်႕ံႏွံ႕ခဲ့ၿပီးလူအမ်ားက ယင္းသုိ႕ျပဳ လုပ္သူအား ေ၀ဖန္႐ႈ႔ံခ်မႈမ်ား ျပဳလုပ္ခဲ့ၾကသည္။

ႏွိပ္စက္ခံခဲ့ရသည့္ မိန္းကေလးအား ၎၏ မိဘထံမွ ဗုိလ္မွဴးေက်ာ္ႏုေမာ္တုိ႔ မိသားစုက လြန္ခဲ့ေသာ ႏွစ္လက စတင္၍ အေမြစားအေမြခံျဖင့္ မဟုတ္ဘဲ ေမြးစားခဲ့ျပီး လူမႈေရးအရ မစုေ၀၏ မိဘထံ ေငြက်ပ္
ဆယ္သိန္းေထာက္ပံ့ခဲ့ေၾကာင္း ဗဟန္းျမိဳ႔နယ္ ရဲတပ္ဖြဲ႕မွ သိရသည္။

ႏွိပ္စက္ခံရေသာ မိန္းကေလး၏ ဖခင္မွာ တနသာၤရီတုိင္းေဒသၾကီးရွိ စစ္ေျမျပင္အင္ဂ်င္နီယာ တပ္ရင္း (၉၁၈) မွ တပ္သားတစ္ဦးျဖစ္ေၾကာင္း ထပ္မံသိရွိရသည္။

အဆုိပါျဖစ္စဥ္မ်ားႏွင့္ ပတ္သက္၍ အိမ္အကူ ေဒၚသန္းႏြဲ႕အား ဗဟန္းျမိဳ႕မရဲစခန္းမွ ကေလးသူငယ္ ဥပေဒ
ပုဒ္မ-၆၆(ဃ) ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

သတင္း-ေ၀လင္းေအာင္ (EMG)
...............
အသက် ၈နှစ်အရွယ် မိန်းကလေး နှိပ်စက်ခံရသည့် အမှု ရဲတပ်ဖွဲ့မှ တင်ပြသည့်
ဆေးစာမပြည့်စုံသေးသောကြောင့် ဗဟန်းတရားရုံးတွင် မစစ်ဖြစ်သေး ။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်နေအိမ်တွင် နှိပ်စက်ခံရသော အသက် ၈ နှစ်အရွယ် မိန်းကလေးအမှုနှင့် ပတ်သက်၍ ဗဟန်းမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦး
က ဗဟန်းမြို့နယ်တရားရုံးသို့ ဒီဇင်ဘာ ရ ရက် မွန်းလွဲပိုင်းတွင် အစီရင်ခံစာ
တင်ပြခဲ့သည်။

အဆိုပါ အသက် ၈ နှစ်အရွယ် မိန်းကလေးအမှုနှင့် ပတ်သက်၍ ရဲအရာရှိက
တင်ပြသည့် ရန်ကုန်ပြည်သူ့ဆေးရုံဆေးစာမှ ကနဦး ဆေးစာဖြစ်၍ ဒီဇင်ဘာ
၂၁ ရက်တွင် ဆေးစာထင်မြင်ချက် အပြည့်အစုံတင်ရန်နှင့် စစ်ဆေးရန်ကျန်ရှိသူ
အချို့ကို ဆက်လက်စစ်ဆေး၍ တရားရုံးသို့ တင်ပြရန် ဗဟန်းမြို့နယ် တရား
သူကြီးက ညွှန်ကြားခဲ့သည်။

ယင်းအကြောင်းအရင်းများ ပြည့်စုံမှသာ ဗဟန်းတရားရုံးတွင် အမှုကို စတင်
စစ်ဆေးမည်ဖြစ်ကာ ဒီဇင်ဘာ ရ ရက် ရုံးချိန်းတွင် တရားသို့ တရားလိုသာ
လာရောက်ခဲ့ပြီး စွပ်စွဲခံရသူမှာ လာရောက်ခဲ့ခြင်းမရှိသည်ကို သိရှိရသည်။

ပြီးခဲ့သည့်နို၀င်ဘာ၁၈ ရက်က ဗဟန်းမြို့နယ်၊ ဆရာစံရပ်ကွက်၊ တက္ကသိုလ်
ရိပ်သာလမ်းသစ်ရှိ ခြံအမှတ် 25 (C-4) နေအိမ်တွင် အသက်ရှစ်နှစ်အရွယ်
မိန်းကလေးသည် ထမင်းအိုးအတွင်းသို့ လက်မဆေးဘဲ နှိုက်ခဲ့သောကြောင့်
အဆူခံရသဖြင့် အိမ်သာအတွင်းသို့ ၀င်နေပြီး တံခါးချက်ချ ပိတ်ထားခဲ့ခြင်းကြောင့် အိမ်အကူဖြစ်သူ မသန်းသန်းဝေက ပြူတင်းပေါက်မှ ၀င်ရောက်ကာ အသက်၈ နှစ်
အရွယ် မိန်းကလေးအား ခေါ်ထုတ်၍ ရိုက်နှက်ဆုံးမခဲ့ပြီး မီးဖိုခန်းအတွင်း လက်
အားထိုင်ခုံနှင့် ကြိုးချည်ထားခဲ့သည်။

ထို့အပြင် နိုဝင်ဘာ ၁၉ ရက်တွင် ဒေါ်သန်းနွဲ့က အပြစ်ပေးသည့်အနေဖြင့် အသက် ၈နှစ်အရွယ် မိန်းကလေးအား ၎င်းင့်အတူ ကြမ်းတိုက်ခိုင်းရာ မလုပ်သဖြင့် နေအိမ်
အရှေ့၌ အဝတ်မပါဘဲ ကြိုးတုတ်၍ထားခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အသက် ၈ နှစ်အရွယ် မိန်းကလေးမှာ ၀ါးခြမ်းပြားဖြင့် ရိုက်နှက်ခံခဲ့ခြင်း၊ ကြိုးဖြင့် တုတ်ခံခဲ့ရခြင်း၊ နေပူထဲတွင် ထားရှိခြင်းခံခဲ့ရသောကြောင့် ၎င်း၏ မျက်နှာ၊ ယာလက်ကောက်ဝတ်နှင့်လက်ခုံ၊ ရင်ဘတ်၊ ကျောပြင် နှင့် ၀ဲ/ယာပေါင်တို့တွင် ပွန်းခြစ်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ မိန်းကလေးနှိပ်စက်ခံခဲ့ရသည့် ဓာတ်ပုံမှာ အင်တာနက်နှင့် အွန်လိုင်း
စာမျက်နှာများတွင် ပျ့ံနှံ့ခဲ့ပြီးလူအများက ယင်းသို့ပြု လုပ်သူအား ဝေဖန်ရှု့ံချမှု
များ ပြုလုပ်ခဲ့ကြသည်။

နှိပ်စက်ခံခဲ့ရသည့် မိန်းကလေးအား ၎င်း၏ မိဘထံမှ ဗိုလ်မှူးကျော်နုမော်တို့ မိသားစု
က လွန်ခဲ့သော နှစ်လက စတင်၍ အမွေစားအမွေခံဖြင့် မဟုတ်ဘဲ မွေးစားခဲ့ပြီး
လူမှုရေးအရ မစုဝေ၏ မိဘထံ ငွေကျပ် ဆယ်သိန်းထောက်ပံ့ခဲ့ကြောင်း ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့မှ သိရသည်။

နှိပ်စက်ခံရသော မိန်းကလေး၏ ဖခင်မှာ တနသာင်္ရီတိုင်းဒေသကြီးရှိ စစ်မြေပြင်
အင်ဂျင်နီယာ တပ်ရင်း (၉၁၈) မှ တပ်သားတစ်ဦးဖြစ်ကြောင်း ထပ်မံသိရှိရသည်။

အဆိုပါဖြစ်စဉ်များနှင့် ပတ်သက်၍ အိမ်အကူ ဒေါ်သန်းနွဲ့အား ဗဟန်းမြို့မရဲစခန်းမှ ကလေးသူငယ် ဥပဒေပုဒ်မ-၆၆(ဃ) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

သတင်း-ဝေလင်းအောင် (EMG)

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...