Quantcast
Viewing all articles
Browse latest Browse all 13796

အို... ဓမၼဝိဟာရီ

ယံုၾကည္ခ်က္ေၾကာင့္ ႏွစ္ရွည္ၾကာစြာ အက်ဥ္းက်ခံေနရေသာ ဆရာေတာ္အရွင္ဉာဏ (မိုးျပာဂိုဏ္း ဆရာေတာ္)
"အို... ဓမၼဝိဟာရီ"

ဓမၼ၀ိဟာရီ နိဒါန္းမွ ေကာက္ႏုတ္ခ်က္ျဖစ္ပါသည္။

တပည့္ေတာ္ ရွင္ဉာဏသည္ ျမတ္စြာဘုရားသခင္ႏွင့္ ျမတ္စြာဘုရားသခင္၏ တပည့္သား သံဃာေတာ္မ်ား အဆက္ဆက္၏ အတိုင္းမသိေသာ ေက်းဇူးေတာ္မ်ားကို ခံယူခြင့္ရသျဖင့္ ကိေလသာခပ္သိမ္း ေအးၿငိမ္းျခင္းဟူေသာ ပဋိေ၀ဓ ေက်းဇူးကို ဆည္းပူးရရွိၿပီးသူ ျဖစ္ပါသည္ ဘုရား။

တပည့္ေတာ္ ရွင္ဉာဏသည္ အသက္( ၄၃ )ႏွစ္၊ သိကၡာ( ၂၃ )၀ါ။ တပည့္ေတာ္ရွင္ဉာဏသည္ ( ၁၅ )ႏွစ္သား အရြယ္မွာ သာသနာ့ေဘာင္သို႔ ေရာက္၍ မႏၲေလးၿမိဳ႕ စာသင္တုိက္ျဖစ္ေသာ မစိုးရိမ္တိုက္ႏွင့္ မိုးေကာင္းတိုက္မ်ား၌ ဆယ္ႏွစ္မွ် စာေပပရိယတ္တရား သင္ၾကားေလ့လာခဲ့ပါသည္။ မစိုးရိမ္တုိက္ နာယကဆရာေတာ္မ်ားႏွင့္ မစိုးရိမ္တိုက္ မဟာနာယက အဂၢမဟာပ႑ိတ ဆရာေတာ္ ဦးေကာသလႅ( ျပန္လြန္ )ထံတြင္ အေျခခံ စာေပမ်ားႏွင့္ အဘိဓမၼာကို သီးျခား လိုက္စားခဲ့ရပါသည္။ မစိုးရိမ္တုိက္ လက္ရွိ မဟာနာယက အဂၢမဟာပ႑ိတ အဘိဓဇမဟာရ႒ဂု႐ု ပ႒ာန္းဆရာေတာ္ထံ၌ ပ႒ာန္းက်မ္းကို သင္ၾကားခဲ့ရပါသည္။ သင္႐ိုးပါဠိ က်မ္းရင္းမ်ားကို မိုးေကာင္းေက်ာင္းတုိက္ ေဒး၀န္းဆရာေတာ္ႏွင့္ ေတာင္သမန္ဆရာေတာ္ အရွင္ေကသ၀ါဘိ၀ံသ တို႔ထံတြင္ ေလ့လာခဲ့ပါသည္။

တပည့္ေတာ္ ရွင္ဉာဏသည္ အသက္( ၂၅ )ႏွစ္၌ စာသင္တုိက္မွ ဆင္းခဲ့၍ အသက္( ၂၆ )ႏွစ္ျပည့္၌ က်ိဳးပ်က္ေနေသာ သီလသိကၡာမ်ားကို ေဆးေက်ာျပင္ဆင္ျခင္းကိစၥမ်ား ေဆာင္ရြက္၍ ေတာထြက္ခဲ့ပါသည္။ ေတာအတြင္း၌ မဟဂၢဳတ္တရားမ်ား ပြားမ်ား၍ အ႐ူပတရားမ်ား( စာသားမ်ားပ်က္ေန )။ အ႐ူပစ်ာန္ဆိုသည္မွာ ရုပ္၊ နာမ္ ပညတ္မ်ား ျဖစ္ၿပီးေနာက္ ဘာမွ်မရွိသည့္ အျဖစ္၌ သိေနေသာစိတ္ကို အျမတ္ဆံုးဟု ႐ွုပြားခ်က္မ်ား ျဖစ္ပါသည္။ တပည့္ေတာ္သည္ မဂ္၊ ဖိုလ္၊ နိဗၺာန္ကို ေတာင့္တ၍ ေတာထြက္ၿပီး တရားက်င့္ခဲ့သည္ မဟုတ္ပါ။ မဂ္၊ ဖိုလ္၊ နိဗၺာန္သည္ တပည့္ေတာ္မ်ားႏွင့္ မတန္ေသးေသာ အရာဟု ထင္ျမင္လ်က္ ပါရမီျဖစ္ ေတာထြက္ၿပီး စိတ္လြင့္ပါးပ်င္းရိေနမည္ကို ကာကြယ္ရန္ တတ္သမွ် မွတ္သမွ် က်င့္ႀကံခဲ့ျခင္းသာ ျဖစ္ပါသည္။

ထိုသို႔ ျဖစ္ေသာ္လည္း ဘာမွ်မျဖစ္သည္ကို သိေနေသာစိတ္၏ ဧျမေသာ အျဖစ္ကို ေလ့လာဖန္မ်ားေသာအခါ ျဖစ္ပြားေလ့ရွိေသာ ကိေလသာတရားမ်ား မျဖစ္ပြားပဲ ၾကက္ေပ်ာက္ ငွက္ေပ်ာက္ ေပ်ာက္ေနၾကပါသည္။ ျဖစ္ေလ့ရွိ မျဖစ္ပဲ ႏွစ္ဆက္ေအာင္ၾကာလာေသာအခါ မဂ္၊ ဖိုလ္တရား ရေနၿပီလား၊ ရေနၿပီထင္ပါရဲ႕၊ ရေနပါၿပီ ဤသို႔ အဆင့္ဆင့္ အထင္ကပ္လွ်က္ ဆံုးျဖတ္၀ံ့သည္အထိ ျဖစ္လာပါသည္။
ဤသို႔ျဖစ္ေသာအခါ တပည့္ေတာ္ စိတ္၌ ( ေရွးသေရာအခါက တရားရသူဟူ၍ မရွိႏိုင္ဟု ထင္ေသာ္လည္း ) ယခုအခ်ိန္၌ အျခားသူမ်ားလည္း တရားရေနၾကလိမ့္မည္ဟု ထင္လာပါသည္။ ထို႔ေၾကာင့္ သူမ်ားရေသာ တရားမ်ားလည္း နာၾကားလိုစိတ္မ်ား ျဖစ္ပြားၿပီး ရိပ္သာရင္းမ်ားသို႔ ေတာေက်ာင္းမွ ထြက္ခဲ့ပါသည္။ စာသင္သားဘ၀က တရားနာပ်င္းေသာ္လည္း ယခုအခါ တရားအထူးနာလိုေနခဲ့ပါသည္။

စစ္ကိုင္း ပရကၠမ၊ ဉာဏစာဂီ၊ ေတာင္ၿမိဳ႕၊ မိုးကုတ္၊ ေ၀ဘူ၊ ေက်ာက္သေဘၤာ၊ သဲအင္းဂူ၊ သန္လ်င္၊ ေတာရ၊ မိုးညိဳ၊ စြန္းလြန္း၊ မဟာစည္၊ ေၾကာင္ပန္း၊ ရွင္ဥကၠ႒ အစစ ျဖစ္ပါသည္။ နာၾကားရခ်က္တရားမ်ား စုေပါင္းလိုက္ေသာအခါ ကာမ၊ ႐ူပ၊ အ႐ူပ သံုးဘံုဘ၀မွ တရားမ်ားခ်ည္း ျဖစ္ေၾကာင္း အကြက္လည္လာပါသည္။ တပည့္ေတာ္ က်င့္သံုးေနေသာ တရားလည္း ဘံုသံုးပါးတည္းမွပင္ ျဖစ္ေၾကာင္း ဆင္ျခင္ႏိုင္လာပါသည္။ ေရွးအခါက ႐ူပါ႐ူပ ဓမၼတစ္ခုခု ျဖစ္ပြားရန္ ခဲယဥ္းသည္ဟု ထင္မွတ္ခဲ့ေသာ္လည္း ႐ူပါ႐ူပမ်ား အလြယ္တကူ ျဖစ္ပြားသည္ကို မ်က္ေစ့၌ တပ္အပ္ထင္ထင္ ကိုယ္တိုင္သိျမင္ေသာေၾကာင့္ ေရွးက မတဘူးေသာ မဂ္၊ ဖိုလ္ကို မဟဂၢတျမင္မွ ဆာေလာင္တမ္းတ လာခဲ့ပါသည္။

ေလာကုတၱရာလမ္းညႊန္ကို ေပးႏုိင္အရာကို လိုလားေသာ္လည္း ရွာေဖြမရျဖစ္၍ ဘုရားသည္သာလွ်င္ ကိုးကြယ္ရာ ရွိေတာ့သည္၊ ဘုရားမွတပါး ေလာကုတၱရာလမ္း ျပမည့္သူဟူ၍ မရွိၿပီ။ ယေန႔ သံဃာေတာ္မ်ား လက္၌လည္း ေလာကုတၱရာ လမ္းသည္ အစျပတ္ေပ်ာက္ခဲ့ၿပီ။ ထို႔ေၾကာင့္ ဘု၇ားေဟာခဲ့ေသာ ပရိယတၱိစာေပမ်ားကို ဖတ္႐ွုေလ့လာ သုံးသပ္ၿပီး ဘုရားျမင္ေအာင္ ေလ့လာရမည္။ ဘုရားေတြ႔မွ တရားေတြ႔မည္။ ဘုရားေတြ႔ရန္ ပရိယတ္စာေပမ်ား ေလ့လာသုံးသပ္ရမည္။ ဤသို႔ဆံုးျဖတ္ခဲ့ရပါသည္။

ထို႔ေၾကာင့္ ပိဋကတ္စာေပမ်ားကို ေလ့လာရန္ ျပင္ဆင္ရပါသည္။ ျပင္ဆင္ရာ၌လည္း ဘုရားေဟာ တိုက္႐ိုက္ကို ေလ့လာမည္။ အ႒ကထာ၊ ဋီကာမ်ားကို ေနာက္ထားမည္။ ပါဠိေတာ္၌လည္း ပါဠိပိဋကတ္ ပါဠိေတာ္ကို ေလ့လာလွ်င္ စကားလံုးအနက္ ျပႆနာ၊ အသြားအလာ ျပႆနာ အစစမ်ား႐ွုပ္သည္။ ျမန္မာျပန္ ပိဋကတ္မ်ားကို မူထား၍ ပါဠိပိဋကတ္မ်ားကို မူထား၍ ပါဠိပိဋကတ္ကို အကူထားမည္။ ဤသို႔ ဆံုးျဖတ္ေလ့လာပါသည္။

ေလ့လာေသာအခါ ျမတ္စြာဘုရားသည္ တပည့္ေတာ္မ်ား နားမလည္ႏိုင္ေလာက္ေသာ ပုဂၢိဳလ္ျဖစ္၍ ေနသည္ကို ကြဲကြဲျပားျပား သိလာရပါသည္။ ဇာတ္နိပါတ္ႏွင့္ ဓမၼအဘိဓမၼာမ်ား၌ ျမတ္စြားဘုရား၏ ၀ိေသသလကၡဏာကို နားလည္၍ မရႏိုင္ေအာင္ ျဖစ္ရပါသည္။ တစ္မ်ိဳးတစ္ဖံုစီ ကြဲျပားေအာင္ ျခားနားေနသကဲ့သို႔ ေတြ႔ရပါသည္။

ျမတ္စြာဘုရား၏ ဘ၀အျမင္၊ ေလာကအျမင္မ်ားသည္လည္း တပည့္ေတာ္မ်ား နားလည္၍ မရႏုိင္ေအာင္ ျဖစ္ေနခဲ့ၾကပါသည္။ တပည့္ေတာ္တို႔သည္ ေလာကကို ျမင္ရာ၌ ေလာကသည္ မၿမဲဟု မွတ္သားထားခဲ့ ၾကပါသည္။ ျမတ္စြာဘုရားသည္ ေလာကကို မၿမဲဟု မယူေၾကာင္း ေဟာၾကားခဲ့ပါသည္။ ၿမဲဟု ယူသေလာ ဆိုေသာအခါ၌လည္း ျမတ္စြာဘုရားသည္ ေလာကကို ၿမဲသည္မယူေၾကာင္း ေဟာၾကားခဲ့ပါသည္။

ထို႔ျပင္လည္း တပည့္ေတာ္တို႔သည္ သတၱ၀ါေသာၿပီးေနာက္ ျဖစ္မည္ဟု ယူေသာ္လည္း ျမတ္စြာဘုရားသည္ သတၱ၀ါေသၿပီးေနာက္ ျဖစ္မည္ဟု မယူေၾကာင္းေဟာၾကားခဲ့ပါသည္။ တပည့္ေတာ္တို႔ အျမင္၌ တရားဆံုးၿပီးသူမ်ား ေသၿပီးေနာက္ နိဗၺာန္ေရာက္မည္။ ဘာမွ် မျဖစ္ေတာ့ဟု ယူေသာလည္း ျမတ္စြာဘုရားသည္ မယူေၾကာင္း ေဟာၾကားခဲ့ပါသည္။ ထို႔ေၾကာင့္ တပည့္ေတာ္တို႔၏ ေလာကအျမင္ႏွင့္ ျမတ္စြာဘုရား၏ ေလာကအျမင္ မတူပါ။ တပည့္ေတာ္တို႔ ဘ၀အျမင္ႏွင့္ ျမတ္စြာဘုရား၏ ဘ၀အျမင္လည္း မတူပါ။ ဤသို႔ ျမတ္စြာဘုရားႏွင့္ အျမင္ကြဲျပားေနရျခင္းသည္ မသင့္ျမတ္ဟု တပည့္ေတာ္တို႔ ထင္ပါသည္။ ျမတ္စြာဘုရားႏွင့္ အျမင္ကြဲျပားေနျခင္းသည္ ျမတ္စြာဘုရားကို မဖူးျမင္ႏိုင္ျခင္းပင္ ျဖစ္သည္ဟု တပည့္ေတာမ်ား ထင္မွတ္ပါသည္။

ျမတ္စြာဘုရားႏွင့္ တပည့္ေတာ္မ်ား ဤမွ် အျမင္ကြဲျပားေနေသာေၾကာင့္ ျမတ္စြာဘုရား ေဟာၾကားခ်က္မ်ားကို တပည့္ေတာ္မ်ား နားလည္ႏိုင္ေလာက္ေသာ အေျခအေန မရွိျခင္း ျဖစ္ေၾကာင္း သေဘာေပါက္ မွတ္ယူရပါသည္။ ထို႔ေၾကာင့္ ဤအျမင္ကြာဟခ်က္ ေဖ်ာက္ဖ်က္ႏုိင္ရန္ တပည့္ေတာ္တို႔ ဦးတည္လိုက္ပါသည္။ ျမတ္စြာဘုရားကဲ့သို႔ ေလာကႀကီး ၿမဲလည္း မယူ၊ မၿမဲလည္း မယူ၊ ေသၿပီးေနာက္ ျဖစ္သည္လည္း မယူ၊ မျဖစ္လည္း မယူေသာ အျမင္ျဖစ္ရန္ သံုးသပ္ရပါသည္။

တပည့္ေတာ္တို႔သည္ ေသၿပီးေနာက္ ျဖစ္သည္။ တရားဆံုးသူ ေသၿပီးေနာက္မူ မျဖစ္၊ ႐ုပ္ နာမ္ ခႏၶာေလာကသည္ မၿမဲ၊ နိဗၺာန္သာ ၿမဲသည္၊ ဤသို႔ ျမင္ေနခဲ့ၾကပါသည္။ ဤအျမင္ကို ေဖ်ာက္ႏုိင္ရန္ ျဖစ္ပါသည္။ စီစစ္ၾကည့္ပါသည္။ သတၱ၀ါေသၿပီးေနာက္ ျဖစ္သေလာဟူေသာ အေမး၌ ျမတ္စြာဘုရား တားျမစ္သည္။ အဘယ္ေၾကာင့္ တားျမစ္ရသနည္း။ အေမးမွားလွ်င္ တားႏုိင္သည္။ အေမး မွားသေလာ။ ျဖစ္သေလာဟူေသာ ႀကိယာမွ ကိုင္တြယ္ၾကည့္ပါသည္။ ျဖစ္သေလာဟူေသာ ေမးရာ၌ ဘယ္အခါ ျဖစ္သေလာဟု ေမးသနည္း။ ေသၿပီးေသာ ေနာက္အခါ၌ ျဖစ္သေလာဟု ေမးျခင္း ျဖစ္သည္။ ဤအေမးတြင္ ေသၿပီးေနာက္ဟူရာ၌ သတၱ၀ါေသျခင္း မရွိလွ်င္ ေသၿပီးေနာက္ ျဖစ္သေလာဟူေသာ အေမး၏ အေျဖလည္း အတားအျမစ္ ခံႏိုင္ရပါသည္။

ထို႔ေၾကာင့္ သတၱ၀ါေသသေလာ ဟူေသာ ျပႆနာကို စီစစ္ရျပန္ပါသည္။ ေသသေလာ ႀကိယာ၏ ကတၱားျဖစ္ေသာ သတၱ၀ါမရွိလွ်င္လည္း ေသသေဘာဟူေသာ အေမးလည္း အတားအျမစ္ ခံရႏုိင္ျပန္ပါသည္။ ေနာက္ဆံုး၌ သတၱ၀ါဟူသည္ အဘယ္နည္း ဟူေသာ ျပႆနာ၌ ဆိုက္လာပါသည္။

သတၱ၀ါသည္ ခႏၶာပဥၥက၏ အမည္ ျဖစ္သည္။ ခႏၶာပဥၥကသည္ အဘယ္နည္း။ ႐ုပ္၊ ေ၀ဒနာ၊ သညာ၊ သခၤါရ၊ ၀ိညာဉ္ တို႔ ျဖစ္ၾကသည္။ ႐ုပ္၊ ေ၀ဒနာ၊ သညာ၊ သခၤါရ၊ ၀ိညာဉ္ သည္ အဘယ့္ေၾကာင့္ ခႏၶာျဖစ္ရသနည္း။ ေ၀ဒနာ၊ သညာစသည္မ်ားသည္ တစ္ခ်ိန္၌ တစ္ခုတည္းသာ ျဖစ္လွ်က္ ဘယ္သို႔ အစုအပံု ျဖစ္သနည္း။ စိတ္လည္း ဤအတိုင္းပင္ တစ္ခု ႐ုပ္ကိုးဆယ္ ရွိေသာ္လည္း တစ္ခါျဖစ္လွ်င္ တစ္ခုသာ ျဖစ္လွ်က္ အဘယ္သို႔ စုသနည္း။ အတိတ္ ေ၀ဒနာ၊ သညာ စသည္တို႔သည္ အတိတ္မွာပင္ ခ်ဳပ္ခဲ့ၿပီ။ ပစၥဳပၸန္ ေ၀ဒနာ၊ သညာႏွင့္ အဘယ္သို႔ စုသနည္း။ စသည္အားျဖင့္ ႐ုပ္၊ ေ၀ဒနာ၊ သညာ စသည္မ်ား ခႏၶာလုပ္မရ ျဖစ္ရပါသည္။

ဆက္လက္ ဆင္ျခင္ေသာအခါ ျဖစ္ဆဲ ႐ုပ္၊ ေ၀ဒနာ စသည္တို႔သည္ မျဖစ္မီ ႐ွုေထာင့္မွ ၾကည့္လွ်င္ အနာဂတ္၊ ျဖစ္ဆဲ ႐ွုေထာင့္မွ ၾကည့္လွ်င္ ပစၥဳပၸန္၊ ျဖစ္ၿပီး ႐ွုေထာင့္မွ ၾကည့္လွ်င္ အတိတ္၊ တစ္ခုတည္းေသာ ႐ုပ္၊ ေ၀ဒနာ စသည္၌ပင္ ကာလသံုးပါး စုေ၀းလွ်က္ ရွိပါတကား။ အနီး၊ အေ၀း၊ အတြင္း၊ အျပင္၌လည္း ဤအတုိင္းပင္ ႐ုပ္၊ ေ၀ဒနာ စသည္ တစ္ခုခုသည္ ေ၀းေသာအရာကို ေထာက္လွ်င္ အနီး၊ နီးေသာအရာကို ေထာက္လွ်င္ အေ၀း၊ အတြင္းက်ေသာအရာကို ေထာက္လွ်င္ အျပင္၊ အျပင္က်ေသာအရာကို ေထာက္လွ်င္ အတြင္း၊ ဤသို႔ပင္ တစ္ခုတည္းေသာ ႐ုပ္၊ ေ၀ဒနာ စသည္၌ပင္ ဆန္႔က်င္ဘက္ အရာမ်ားျဖစ္ေသာ အနီး၊ အေ၀း၊ အတြင္း၊ အျပင္မ်ား စုေ၀းလွ်က္ ရွိၾကပါတကား၊ ၾကမ္း၊ ႏု၊ ယုတ္၊ ျမတ္ ၌လည္း ဤနည္းပင္။ ဤသို႔ သဘာ၀ဓါတ္ တစ္ခု၌ တစ္ဆယ့္တစ္ေထြေသာ အေျခအေနမ်ား စုေ၀းေနၾကသည္။ ဤတစ္ဆယ့္တစ္ေထြ သည္လည္း ခ်ံဳ႕လိုက္လွ်င္ အခ်ိန္ကာလျပ အေျခအေန၊ ေနရာဌာနျပ အေျခအေန၊ ျပဳျပင္ျဖစ္ပြားမွဳ ပေရာဂျပ အေျခအေန ဟူ၍ သံုးပါးသာရွိေၾကာင္း ဆက္၍ ထင္ျမင္ပါသည္။ ဤအေတြးမ်ားမွာ တပည့္ေတာ္မ်ား ေတြးမိေတြးရာ ေလွ်ာက္၍ ေတြးေနျခင္းမ်ားသာ ျဖစ္ပါသည္။ ဆက္၍လည္း မဆံုးႏိုင္ေအာင္ ေတြးျပန္ပါေသးသည္။ ႐ုပ္၊ ေ၀ဒနာ စသည္တုိ႔၏ ခႏၶာအျဖစ္ အေျခအေန ကာလ၊ ဌာန၊ ပေယာဂႏွင့္ ရုပ္၊ ေ၀ဒနာ စသည္တို႔၏ လကၡဏာျဖစ္ေသာ အနိစၥ၊ ဒုကၡ၊ အနတၱတို႔ အစပ္အဟပ္မ်ား ရွိသေလာဟူ၍ ျဖစ္ပါသည္။

အနိစၥ မၿမဲဟူသည္ အခ်ိန္ကာႏွင့္ စပ္ေသာ စကားျဖစ္သည္။ ဒုကၡဆင္းရဲဟူသည္လည္း ျပဳျပင္မွဳ ပေယာဂႏွင့္ စပ္ေသာ စကားျဖစ္သည္။ အနတၱ အႏွစ္သာရမရွိဟူသည္လည္း ေနရာ၊ ဌာနႏွင့္ စပ္ေသာ စကားျဖစ္သည္။ အနိစၥ မၿမဲဟူသည္ အခ်ိန္မရွိမွ ျဖစ္မည္။ ရွိလွ်င္ ရွိေသာအခ်ိန္၏ တစ္၀က္ႏွင့္ စာကၿမဲေနဦးမည္။ ထို႔ေၾကာင့္ အနိစၥဟူသည္ အခ်ိန္ကို ျငင္းဆိုခ်က္ ျဖစ္ရမည္။ ဒုကၡဆင္းရဲဟူသည္လည္း ပေယာဂမရွိမွ ျဖစ္မည္။ ရွိလွ်င္ ရွိေသာပေယာဂထက္ ဆင္းရဲသည္ထက္စာ၍ ခ်မ္းသာေနဦးမည္။ ထို႔ေၾကာင့္ ဒုကၡဟူသည္ ပေယာဂကို ျငင္းဆိုေသာ စကားျဖစ္မည္။ အနတၱသာရ မရွိဟူသည္လည္း သာရတည္ရာ ဌာနမရွိမွ ျဖစ္မည္။ ရွိလွ်င္ ရွိေသာအထည္ကို ေထာက္ၿပီး တည္ရာဌာနမ်ား ထြက္ေနဦးမည္။ ထို႔ေၾကာင့္ အနတၱဟူသည္ ဌာနကို ျငင္းဆိုေသာ စကားျဖစ္သည္။
ဤသို႔ ေတြးမိေသာအခါ ျမတ္စြာဘုရားသည္ ႐ုပ္၊ ေ၀ဒနာ စသည္၌ ကာလ၊ ဌာန၊ ပေယာဂမ်ား ကိုျငင္းဆိုခဲ့သည္။ တပည့္ေတာ္တို႔သည္ ႐ုပ္၊ ေ၀ဒနာ စသည္၌ ကာလ၊ ဌာန၊ ပေယာဂမ်ားကို လက္ခံခဲ့သည္။ အဘယ္သို႔နည္း ဟူ၍လည္း ျဖစ္ျပန္ပါသည္။

ထို႔ေၾကာင့္ ႐ုပ္၊ ေ၀ဒနာ စသည္မ်ား၌ ကာလ၊ ဌာန၊ ပေယာဂ ရွိ မရွိ သိႏုိင္ရန္ ထို႐ုပ္၊ ေ၀ဒနာ၊ စသည္ကို ေလ့လာရပါသည္။ ႐ုပ္၊ ေ၀ဒနာ စသည္သည္ အကယ္ေလ့လာ ေသာအခါ ကာလ၊ ဌာန၊ ပေယာဂမ်ား မရႏုိင္ေၾကာင္း သိသာလွေပသည္။ ႐ုပ္၊ ေ၀ဒနာ စသည္လည္း ပစၥယသမ၀ါတရား( သို႔မဟုတ္ ) ေဟတုသမဂိၢတရားမ်ားသာ ျဖစ္သည္။ ႐ုပ္၊ ေ၀ဒနာ စေသာ သဘာ၀ တစ္ခုခုသည္ အေၾကာင္း အစိတ္အပိုင္း အစအန ေပါင္းမ်ားစြာ၏ အစုအေ၀း မ်ားသာျဖစ္သည္။ ထုိ႔ေၾကာင့္ ႐ုပ္၊ ေ၀ဒနာ စသည္သည္ သခၤတတရားဟူ၍ ေခၚရျခင္းျဖစ္သည္။
ထို႔ေၾကာင့္ သခၤတျဖစ္ေသာ ႐ုပ္၊ ေ၀ဒနာ စသည္ တစ္ခုခုသည္ အေၾကာင္း အစိတ္အပိုင္း အစအနမ်ား၏ ႀကိယာ၀ိေသသဟု ဆိုအပ္ေသာ ထူးျခားေသာ အမူအရာမွ် ျဖစ္ေသာေၾကာင့္ ျဒပ္မရွိ။ ျဒပ္မရွိေသာေၾကာင့္ ဌာနမရွိ၊ ကာလလည္း မရွိ၊ ပေယာဂလည္း မရွိ၊ ဤမွ်အထိ သိလာခဲ့ပါသည္။ ဤသို႔သိေသာ္လည္း မ်ားစြာအသံုး၀င္လွေသးသည္ မဟုတ္ပါ။ သိသည္မွ်ပင္ ျဖစ္ပါသည္။ ႐ုပ္၊ ေ၀ဒနာ စသည္မ်ား၌ ကလ၊ ဌာန၊ ပေယာဂ ရွိသည္ဟု ယူ၍လည္း ဘာမွ်မျဖစ္ပါ။ မရွိဟု ယူ၍လည္း ဘာမွ်မျဖစ္ပါ။

ထိုသို႔ျဖစ္ေသာ္လည္း မေမွ်ာ္လင့္ေသာ အက်ိဳးမ်ား ျဖစ္ပြား ေပၚေပါက္လာပါသည္။ ယင္းအက်ိဳးကား ႐ုပ္၊ ေ၀ဒနာ စသည္မ်ား အေၾကာင္း အစိတ္အပိုင္းတို႔၏ အစုအေ၀းျဖစ္ေၾကာင္း ေလ့လာမိ၍ ေရွးအခါက ထင္ရွားသကဲ့သို႔ ႐ုပ္၊ ေ၀ဒနာ စသည္ သဘာ၀ပရမတၳတရားမ်ားသည္ အရွိျဖစ္သည္။ ပညတ္သည္ မရွိျဖစ္သည္ ဟူေသာ အျမင္မွားမ်ား ဖယ္ရွား ႏုိင္သြားျခင္း ျဖစ္ပါသည္။

တပည့္ေတာ္တို႔သည္ ပရမတၳတရားမ်ားကို အရွိတရား၊ ပညတ္တရားမ်ားကို အသြင္တရား၊ မရွိတရားကို ဤသို႔ တရားေသ မွတ္ထားခဲ့ၾကပါသည္။ ပညတ္တရားသည္ အေၾကာင္း အစိတ္အပိုင္းတို႔၏ အစုအေ၀းမွ်ျဖစ္၍ အရွိတရား မဟုတ္၊ ပရမတ္တရားမူကား ပညတ္တရားတို႔၏ အေျခခံျဖစ္ေသာေၾကာင့္ အရွိတရား ဤသို႔ျဖစ္ပါသည္။

ယခုသိရသည္၌ ပညတ္တရားလည္း အေၾကာင္း အစိတ္အပိုင္းတို႔၏ အစုအေ၀း ႀကိယာ၀ိေသသ၊ ပရမတ္တရားလည္း ထုိနည္းမျခား အေၾကာင္း အစိတ္အပိုင္းတုိ႔၏ အစုအေ၀း ႀကိယာ၀ိေသသျဖစ္၍ ပညတ္ အရွိမဟုတ္လွ်င္ ပညတ္ အရွိမဟုတ္သကဲ့သို႔ ပရမတ္လည္း အရွိမဟုတ္။ ပရမတ္ အရွိျဖစ္လွ်င္ ပရမတ္ အရွိျဖစ္သကဲ့သို႔ ပညတ္လည္း အရွိျဖစ္သည္။

တပည့္ေတာ္တို႔သည္ ဤသို႔သိေသာေၾကာင့္ ပရမတ္ အစုအေ၀းတုိ႔ထက္ ႀကီးေသာ ပညတ္အစုအေ၀းျဖစ္ေသာ ငါ၊ သူတစ္ပါး၊ ေယာက္်ား၊ မိန္းမ၊ ပုဂၢိဳလ္၊ သတၱ၀ါမ်ား ရွိလာပါသည္။ ထို႔ျပင္ မရွိေသာ ပညတ္ထက္ ေသးမွံဳေသာ ပရမတ္လည္း ခုိင္ခိုင္မာမာ မရွိ ျဖစ္လာပါသည္။ ထို႔ေၾကာင့္ ပရမတ္အရွိကို အတိုင္းထက္လြန္ လက္ခံမွဳမ်ား ေပ်ာက္ၿပီး ပညတ္မရွိခံယူမွဳမ်ားလည္း ေပ်ာက္ကာ ငါမရွိသည္ မဟုတ္၊ ငါရွိသည္။ ငါ၏ ေကာင္းက်ိဳးႏွင့္ ဆိုးျပစ္သည္ ဘယ္ကမွ လာသည္မဟုတ္၊ ငါျပဳသည့္ အတုိင္းသာ ျဖစ္ျခင္းျဖစ္သည္။ ဤသို႔ ခံယူမွဳမ်ား ေပါက္ပြားလာရသည္။ ငါျပဳေသာ အမွဳ အေကာင္း အဆိုးမ်ားလည္း ဘာသာလ၀ါ ေပ်ာက္ပ်က္သြားၾကသည္ မဟုတ္။ ငါ့၌ ေကာင္းက်ိဳးႏွင့္ ဆိုးျပစ္အျဖစ္ ေျပာင္းလဲ ျဖစ္ပြားၾကသည္။ ဤသို႔ သေဘာေပါက္လာပါသည္။

ဤသေဘာေပါက္ခ်က္သည္ တပည့္ေတာ္၏ ဉာဏ္အျမင္ကို တေလာကလံုး လင္းခ်င္းေအာင္ လင္းေစခဲ့ပါသည္။ တပည့္ေတာ္ လိုလားေတာင့္တ ရွာေဖြခဲ့ေသာ ျမတ္စြာဘုရားရွင္ ကိုယ္ေတာ္ျမတ္ကို ဖူးေတြ႔ရျခင္း ျဖစ္ပါသည္။ သတၱ၀ါေသၿပီးေနာက္ ျဖစ္သည္လည္း မယူ၊ မျဖစ္သည္လည္း မယူ၊ ေလာကႀကီး ၿမဲသည္လည္း မယူ၊ မၿမဲသည္လည္း မယူေသာ ျမတ္စြာဘုရား၏ အေျဖမ်ားအတြက္ နားမလည္ခ်က္မ်ား ပြင့္ထြက္ လင္းခ်င္းလာပါသည္။

ျမတ္စြာဘုရားကို နားလည္လာသလို ျမတ္စြာဘုရား၏ တရားေတာ္မ်ားကိုလည္း နားလည္လာပါသည္။ ျမတ္စြာဘုရား၏ တပည့္သံဃာမ်ားကိုလည္း နားလည္လာပါသည္။ ဓမၼ၊ အတၳ၊ နိ႐ုတၱိ၊ ပဋိဘာန ေလး၀ေသာ ပဋိသမိၻဒါတရား ျဖစ္ပြားသူမျခား ျဖစ္လာပါသည္။ ျမတ္စြာဘုရား ေဟာၾကားခဲ့ေသာ သေဘာဓမၼမ်ား၌ ေလာကႀကီး၏ အျဖစ္အပ်က္ အနက္အတၳမ်ား၌ လည္းေကာင္း၊ ထိုအျဖစ္အပ်က္မ်ားကို ထုတ္ေဆာင္ ေဖာ္ဆိုေရး နိ႐ုတၱိမ်ား၌လည္းေကာင္း၊ အျဖစ္အပ်က္ အေၾကာင္းအက်ိဳးႏွင့္ အေကာင္းအဆိုးမ်ား တြက္ခ်က္ ေ၀ဖန္ေရး ပဋိဘာနမ်ား၌ ေလးနက္ေသာ ၀န္တာမရွိျဖစ္လာပါသည္။

ဤအခါ၌ ေလာကႀကီး၏ မကုန္ဆံုးႏိုင္ေအာင္ နက္နဲေသာ တရားကို ငါသိၿပီ။ ငါတစ္ေယာက္ ေလာက အလယ္မွာ မ်က္စိေကာင္းေကာင္း ေပါက္ခဲ့ၿပီ။ တဏွာ၊ မာန၊ ဗ်ာပါဒ အစရွိေသာ ကိေလသာနတို႔ ကုန္ရာကို ငါအလိုရွိလွ်င္ အလိုရွိခ်ိန္၌ ေရာက္ေအာင္သြားႏုိင္ၿပီ။ တဏွာ၊ မာန၊ ဗ်ာပါဒ အစရွိေသာ မေကာင္းညစ္ဆိုး တရားမ်ိဳးတို႔သည္ ငါေကာင္းသည္ထင္၍ သိမ္းပိုက္ တည္ေဆာက္ထားေသာ အရာမ်ားသာ ျဖစ္ပါသည္။ ဘယ္သဘာ၀ပစၥည္း၊ ဘယ္တန္ခိုးရွင္ ဖန္တီးေသာ ပစၥည္းမ်ား မဟုတ္။ ငါလုပ္ထားေသာ အရာျဖစ္၍ ငါမလိုခ်ိန္၌ ငါဖ်က္လွ်င္ မုခ်ပ်က္ရမည္သာ ျဖစ္သည္။ ဤသို႔ ကိုယ့္ကိုကိုယ္ ပိုင္စိုးလာပါသည္။
ထို႔ေၾကာင့္ ကိုယ့္ကိုယ္အတြက္ တရားေရးဆိုင္ရာ ေၾကာင့္က်မ်ား မီးကို ေရႏွင့္ ၿငိႇမ္းသကဲ့သို႔ ၿငိမ္းၾကပါသည္။ ထိုသို႔ျဖစ္ေသာ္လည္း ေမ့ေမ့ေလ်ာ့ေလ်ာ့ ေပါ့ဆ၍ ေနသည္ကား မဟုတ္ပါ။ ဓမၼစာေပမ်ား၌ ခ်ထားအပ္ေသာ နားရွိေနရန္ အၿမဲ ၀ိရိယ စိုက္လွ်က္ရွိပါသည္။ ဓမၼဖြင့္သူတို႔၏ အမွားႏွင့္ ဓမၼေဆာင္သူတို႔၏ အမွားမ်ားေၾကာင့္ သာသနာေတာ္မ်ားစြာ နစ္နာသည္အထိ ထိပါးလွသည္ဟု သိေနရေသာေၾကာင့္ ျဖစ္ပါသည္။

ဤအမွား၏ ၾကီးမားလွေသာ ထုထည္ပမာဏကို ရွင္းလင္းရန္ မလြယ္လွေသာေၾကာင့္ တတ္အားသမွ်ျဖင့္ တင္းတိမ္သည့္ အေနထား၍ လယ္တီဆရာေတာ္ႀကီး၏ နိဗၺာနဒီပနီ၌ နိဗၺာန္အဖြင့္ အမွားကို ပထမဆံုး သံုးသပ္ျပခဲ့ပါသည္။ စာမ်က္ႏွာ ( ၂၀၀ )ေက်ာ္ခန္႔ျဖင့္ နိဗၺနဒီပနီ ဘယ္လဲဟူ၍ အမည္ေပးခဲ့ပါသည္။
ထို႔ေနာက္ ဆက္လက္၍ ၀ိသုဒၶိမဂ္၏ သီလ၊ သမာဓိ၊ ပညာ အဖြင့္မ်ား ခၽြတ္ခ်ံဳက်ေအာင္ မွားယြင္းလွ၍ သာသနာေတာ္၌ တရားေပ်ာက္ရသည္ကို သိျမင္ၿပီး ၀ိသုဒၶိမဂ္ကို စာမ်က္ႏွာ ( ၃၀၀ )ေက်ာ္မွ်ရွိေအာင္ သံုးသပ္ျပခဲ့ပါသည္။ မိလိႏၵပဉႇာ ၀တၳဳျပေသာ ဗုဒၶ၀ါဒ ဒသနမ်ား၏ အမွားသည္လည္း မ်က္ေမွာက္သာသနာကို ခ်ာလည္ပတ္ရမ္းေစေသာေၾကာင့္ ဟာမ်က္ႏွာ ( ၂၅၀ )ခန္႔ျဖင့္ မိလိႏၵပဉႇာ၀တၳဳဘယ္လဲ ဟူေသာ အမည္တပ္၌ မိလိႏၵပဉႇာ၀တၳဳကို သံုးသပ္ခဲ့ပါသည္။ ဤက်မ္းမ်ားကို စာေပစိစစ္ေရးမွ ထတ္ေ၀ခြင့္မ်ား မရခဲ့သျဖင့္ ပရိယတ္၏ ႀကီးမားလွေသာ ထုထည္ပမာဏ ရွိေသာ အေမွာင္အမည္းမွ ေရွာင္လဲြရျပန္ပါသည္။

ထိုသို႔ျဖစ္ေသာ္လည္း ေတာင္ေပၚေတာေက်ာင္း၌ တစ္ေယာက္တည္း လဲေလွ်ာင္းအိပ္စက္ေနခဲ့သည္ မဟုတ္ပါ။ တရားေဟာျခင္း အမွဳျဖင့္ ေအာက္ေျခပိုင္းမွာ ျပန္စမည္ဟု ရည္ရြယ္ခ်က္ထားၿပီး တရားနာပရိတ္သတ္မ်ားထံ ဓမၼကထိကအသြင္ျဖင့္ ၀င္ခဲ့ျပန္ပါသည္။
လူအမ်ားကို သစၥာတရားျဖင့္ ခ်ိဳမိန္ေစႏုိင္ေသာ္လည္း ေယဘူယ်လူမ်ားမွာ ရြာေစာင့္နတ္၊ ရပ္ေစာင့္နတ္ဟု ဆိုအပ္ေသာ ရြာဦးရပ္ဦး ဆရာေတာ္မ်ားခ်ည္းျဖစ္၍ သူတို႔ဆရာေတာ္ႏွင့္ မတူ ကြဲျပား၍ အလကားဟု အထင္ခံရသည္လည္း အမ်ားအျပားျဖစ္ပါသည္။ ဤသို႔ပင္ သာသနာေတာ္အက်ိဳး သယ္ပိုးရန္ အားသြန္ေနမိပါသည္။ မိမိေအးၿငိမ္းမွဳကို လွစ္လ်ဴ႐ွုသကဲ့သို ျပဳေနခဲ့သည္ကို သတိရလာပါသည္။

အဘယ္မွ်ပင္ သစၥာတရားကို ျမင္ေသာ္လည္း ကာမ၊ ရာဂ၊ ဗ်ာပါဒ စသည္ မစင္လွ်င္ ဆင္းရဲပင္ပန္မွဳမ်ား အ၀င္ခံရမည္မွာ ဓမၼတာျဖစ္ပါသည္။

ကာမ၊ ရာဂ၊ ဗ်ာပါဒ စသည္သည္လည္း လူကိုမ်ားစြာ ပူပန္ေစတတ္ ႏွိပ္စက္တတ္ေသာ အရာမ်ားျဖစ္ပါသည္။ တပည့္ေတာ္တို႔၌လည္း ကာမ၊ ရာဂ၊ ဗ်ာပါဒ စေသာ ကိေလသာ ပေယာဂမ်ား၏ အ၀င္အပူးကို ခံလာရပါသည္။ ၀ုဌာနကံျဖင့္ ( ၂ )ႏွစ္ၾကာမွ် ေဆာင္ရြက္ရသည္အထိ မ်ားစြာ ပူပန္ဆင္းရဲခဲ့ရပါသည္။ ကာမ၊ ရာဂ စသည္တို႔အေပၚ၌ ထိတ္လန္႔ ၍လည္းလာပါသည္။

ထို႔ေၾကာင့္ ဘယ္ကိစၥထက္ျဖစ္ျဖစ္ ကာမ၊ ရာဂ၊ ဗ်ာပါဒ စသည္ ရွွင္းလင္းေရး လုပ္ငန္းလည္း အေရးႀကီးဆံုးျဖစ္သည္။ ဘယ္သူ အရဟတၱ မဂ္၊ ဖိုလ္ ရဖို႔ထက္ျဖစ္ျဖစ္ ၀ါရဖို႔သည္ အေရးႀကီးဆံုးျဖစ္သည္။ ဤသို႔ အေရးေပၚအေျခအေနကို သတ္မွတ္ႏိုင္ခဲ့ပါသည္။ တပည့္ေတာ္သည္ ငယ္စဥ္က မွားယြင္းေသာ အေပါင္းအသင္းကုိ ရခဲ့သည့္အေလ်ာက္ ဟတၱေမထုန္မွ်ျဖင့္ မျပတ္ေမြ႔ေလ်ာ္သူ ျဖစ္ပါသည္။ ထိုသို႔ျဖစ္ေသာ္လည္း အျခား အာ႐ံုခံစားမွဳ ကိစၥမ်ားကား ေႏွးေကြးေလးလံသူ ျဖစ္ခဲ့ပါသည္။ အရြယ္အားေလ်ာ္စြာ ေမြ႔ေလ်ာ္ဖြယ္ျဖစ္ေသာ အာ႐ံုႏွင့္ လာဘ္အေက်ာ္အေစာ လွ်ပ္ေပၚျခင္း နည္းပါးသူ ျဖစ္ပါသည္။ သာသနာေတာ္တာ၀န္ကို ငိုေနရေအာင္ ျပင္းေနလွ်င္ပင္ ငိုၿပီး ထမ္းေဆာင္ျဖစ္ေအာင္ ထမ္းမည္ဟုလည္း ဆံုးျဖတ္ၿပီး အာ႐ံုမ်ားႏွင့္ ကင္းရွင္းေအာင္လည္း ႀကိဳးစားခဲ့ျခင္း ျဖစ္ပါသည္။

သစၥာတရားကို သိၿပီးေနာက္၌ကား ကိုယ့္ကိုယ္ကို ယံုၿပီျဖစ္ပါသည္။ အာ႐ံုမ်ားကိုလည္း ေၾကာက္ရြံ႕ျခင္း မရွိေတာ့သူ ျဖစ္လာပါသည္။ ကိုယ္ကေကာင္းလွ်င္ ေခါင္းဘယ္မွ မေရြ႕ႏိုင္ ကိုယ္သာပဓါနဟုခ်ၿပီး အာ႐ံုမ်ားအေပၚ အဆီးအတားကို ဖယ္ရွားခဲ့ပါသည္။ ထိုသို႔ျဖစ္ေသာ္လည္း ကာမ၊ ရာဂ စသည္ကို မပယ္ႏုိင္ေသျခင္းဟူေသာ မစြမ္းရင္း ရွိေနသည္ကို အသိမ၀င္ပါ။ မေမွ်ာ္လင့္ေသာ အာ႐ံုငါးပါးကဇြန္းခင္းကို လြတ္ေအာင္မေရွာင္ႏိုင္ပဲ အလံုးလိုက္ အရင္းလိုက္ အသိမ်ား ၀င္လာပါသည္။ ကာမ၊ ရာဂ၊ ဗ်ာပါဒ စသည္ရွိလွ်င္ မၿငိမ္းေသး၊ အေၾကာင္းမရွိလွ်င္ ၿငိမ္းေအးေနေသာ္လည္း အေၾကာင္းရွိလွ်င္ မ်ားစြာ စပ္ရွားခါးသီးေအာင္ ျဖစ္သည္။ ထို႔ေၾကာင့္ ထိုတရားမ်ားသည္ အျမစ္ျပဳတ္ေအာင္ သုတ္သင္ရမည့္ တရားမ်ား ျဖစ္သည္။ ဤသို႔ဆံုးျဖတ္ၿပီး သုတ္သင္ေရး ႀကိဳးစားခဲ့ပါသည္။

မႀကိဳးစားမီက ငါလိုခ်င္လွ်င္ လက္တကမ္းမွာ ရွိသည္ဟု ထင္ခဲ့ေသာ္လည္း အကယ္ႀကိဳးစားေသာအခါ အခဲအခက္ႏွင့္ ရင္ဆိုင္ခဲ့ရပါသည္။ ကာမ၊ ဗ်ာပါဒ စသည့္ ၀ိတက္မ်ား အ၀င္မခံပဲ ထားလိုက္လွ်င္ ထားသည့္ေန႔မွစ၍ လြတ္မည္ဟု ေမွ်ာ္လင့္ခဲ့ေသာ္လည္း လက္ေတြ႔၌ကား ဘိန္း႐ႉက်ပ္ေနက်လူမ်ား ဘိန္းျပတ္၊ ဘိန္းငတ္သကဲ့သို႔ က်န္းမာေရး ပ်က္မလိုလို ျဖစ္သည္အထိ အေနအထိုင္ခက္ေအာင္ မသက္မသာ ခံစားရပါသည္။

ဤသို႔ျဖစ္မွ သဒၶါႏွင့္ သမာ၀ိတို႔ကို ပညာႏွင့္ ၀ိရိယတို႔ျဖင့္ သိုမွီး၍ ေလာကကို အစဥ္မျပတ္ ေစာင့္စားခဲ့ရပါသည္။ ဥပါဒါန္၏ အာ႐ံုျဖစ္ေသာ မိမိ၌ ျဖစ္ပ်က္ေနေသာ အျဖစ္အပ်က္မ်ား ေရရာမွဳ၊ ေသခ်ာမွဳမရွိပံု ေလွ်ာက္တင္ခဲ့ၿပီးျဖစ္ေသာ အဓိပၸါယ္အတိုင္း အနိစၥ၊ ဒုကၡ၊ အနတၱ လကၡဏတၳမ်ား ျဖစ္ပြားပံု သိျမင္လာပါသည္။

ပိယသာတျဖစ္ေသာ သုဘအာ႐ံုမ်ားသည္ အျပင္၌တကယ္မရွိပဲ တပည့္ေတာ္တို႔၏ အားနည္းခ်က္ေၾကာင့္သာ ထင္ျမင္ရပံု တပည့္ေတာ္တို႔၏ အားနည္းခ်က္သည္ တပည့္ေတာ္တို႔ကို ႏွိပ္စက္ပံု၊ တပည့္ေတာ္တို႔၏ အားနည္းခ်က္သည္ တပည့္ေတာ္တို႔၏ ႀကိဳးစားမွဳ၊ ႏိုးၾကားမွဳ၊ အားနည္းခ်က္ေၾကာင့္ ျဖစ္ေပၚပံု သိျမင္လာပါသည္။

ခရီးသြားသူမ်ား မိမိေနအိမ္ျပန္ေရာက္၍ ၀မ္းသာရသည္မွာ ေရွးအခါ မိမိအိမ္၌ ၀မ္းသာစြာ ေနထုိင္ဘူးေသာေၾကာင့္ ျဖစ္သည္။ ဤသို႔ပင္ ရာဂ၊ ေဒါသ စသည့္အေၾကာင္းက်ိဳး ျဖစ္စဥ္ ပဋိစၥသမုပၸါဒ္မ်ား ထင္ရွားလာၿပီး ကာမ၊ ရာဂ၊ ဗ်ာပါဒမွ မာန အစရွိသည္အထိ သူတို႔ေၾကာင့္ ျဖစ္သမွ် အ၀၀ေသာ ဆင္းရဲမ်ားကို ေ၀ခြဲပိုင္းျခားႏိုင္သည္အထိ ေလ့လာႏိုင္ခဲ့ၿပီး ျဖစ္ပါသည္။

ဤသည္မွာ တပည့္ေတာ္ ရွင္ဉာဏ သိသာ႐ံုမွ် ဘ၀ျဖစ္စဥ္ အက်ဥ္း ျဖစ္ပါသည္။
......................

"အို... ဓမ္မဝိဟာရီ"

ဓမ္မဝိဟာရီ နိဒါန်းမှ ကောက်နုတ်ချက်ဖြစ်ပါသည်။

တပည့်တော် ရှင်ဉာဏသည် မြတ်စွာဘုရားသခင်နှင့် မြတ်စွာဘုရားသခင်၏ တပည့်သား သံဃာတော်များ အဆက်ဆက်၏ အတိုင်းမသိသော ကျေးဇူးတော်များကို ခံယူခွင့်ရသဖြင့် ကိလေသာခပ်သိမ်း အေးငြိမ်းခြင်းဟူသော ပဋိဝေဓ ကျေးဇူးကို ဆည်းပူးရရှိပြီးသူ ဖြစ်ပါသည် ဘုရား။

တပည့်တော် ရှင်ဉာဏသည် အသက်( ၄၃ )နှစ်၊ သိက္ခာ( ၂၃ )၀ါ။ တပည့်တော်ရှင်ဉာဏသည် ( ၁၅ )နှစ်သား အရွယ်မှာ သာသနာ့ဘောင်သို့ ရောက်၍ မန္တလေးမြို့ စာသင်တိုက်ဖြစ်သော မစိုးရိမ်တိုက်နှင့် မိုးကောင်းတိုက်များ၌ ဆယ်နှစ်မျှ စာပေပရိယတ်တရား သင်ကြားလေ့လာခဲ့ပါသည်။ မစိုးရိမ်တိုက် နာယကဆရာတော်များနှင့် မစိုးရိမ်တိုက် မဟာနာယက အဂ္ဂမဟာပဏ္ဍိတ ဆရာတော် ဦးကောသလ္လ( ပြန်လွန် )ထံတွင် အခြေခံ စာပေများနှင့် အဘိဓမ္မာကို သီးခြား လိုက်စားခဲ့ရပါသည်။ မစိုးရိမ်တိုက် လက်ရှိ မဟာနာယက အဂ္ဂမဟာပဏ္ဍိတ အဘိဓဇမဟာရဋ္ဌဂုရု ပဋ္ဌာန်းဆရာတော်ထံ၌ ပဋ္ဌာန်းကျမ်းကို သင်ကြားခဲ့ရပါသည်။ သင်ရိုးပါဠိ ကျမ်းရင်းများကို မိုးကောင်းကျောင်းတိုက် ဒေးဝန်းဆရာတော်နှင့် တောင်သမန်ဆရာတော် အရှင်ကေသဝါဘိ၀ံသ တို့ထံတွင် လေ့လာခဲ့ပါသည်။

တပည့်တော် ရှင်ဉာဏသည် အသက်( ၂၅ )နှစ်၌ စာသင်တိုက်မှ ဆင်းခဲ့၍ အသက်( ၂၆ )နှစ်ပြည့်၌ ကျိုးပျက်နေသော သီလသိက္ခာများကို ဆေးကျောပြင်ဆင်ခြင်းကိစ္စများ ဆောင်ရွက်၍ တောထွက်ခဲ့ပါသည်။ တောအတွင်း၌ မဟဂ္ဂုတ်တရားများ ပွားများ၍ အရူပတရားများ( စာသားများပျက်နေ )။ အရူပစျာန်ဆိုသည်မှာ ရုပ်၊ နာမ် ပညတ်များ ဖြစ်ပြီးနောက် ဘာမျှမရှိသည့် အဖြစ်၌ သိနေသောစိတ်ကို အမြတ်ဆုံးဟု ရှုပွားချက်များ ဖြစ်ပါသည်။ တပည့်တော်သည် မဂ်၊ ဖိုလ်၊ နိဗ္ဗာန်ကို တောင့်တ၍ တောထွက်ပြီး တရားကျင့်ခဲ့သည် မဟုတ်ပါ။ မဂ်၊ ဖိုလ်၊ နိဗ္ဗာန်သည် တပည့်တော်များနှင့် မတန်သေးသော အရာဟု ထင်မြင်လျက် ပါရမီဖြစ် တောထွက်ပြီး စိတ်လွင့်ပါးပျင်းရိနေမည်ကို ကာကွယ်ရန် တတ်သမျှ မှတ်သမျှ ကျင့်ကြံခဲ့ခြင်းသာ ဖြစ်ပါသည်။

ထိုသို့ ဖြစ်သော်လည်း ဘာမျှမဖြစ်သည်ကို သိနေသောစိတ်၏ ဧမြသော အဖြစ်ကို လေ့လာဖန်များသောအခါ ဖြစ်ပွားလေ့ရှိသော ကိလေသာတရားများ မဖြစ်ပွားပဲ ကြက်ပျောက် ငှက်ပျောက် ပျောက်နေကြပါသည်။ ဖြစ်လေ့ရှိ မဖြစ်ပဲ နှစ်ဆက်အောင်ကြာလာသောအခါ မဂ်၊ ဖိုလ်တရား ရနေပြီလား၊ ရနေပြီထင်ပါရဲ့၊ ရနေပါပြီ ဤသို့ အဆင့်ဆင့် အထင်ကပ်လျှက် ဆုံးဖြတ်ဝံ့သည်အထိ ဖြစ်လာပါသည်။
ဤသို့ဖြစ်သောအခါ တပည့်တော် စိတ်၌ ( ရှေးသရောအခါက တရားရသူဟူ၍ မရှိနိုင်ဟု ထင်သော်လည်း ) ယခုအချိန်၌ အခြားသူများလည်း တရားရနေကြလိမ့်မည်ဟု ထင်လာပါသည်။ ထို့ကြောင့် သူများရသော တရားများလည်း နာကြားလိုစိတ်များ ဖြစ်ပွားပြီး ရိပ်သာရင်းများသို့ တောကျောင်းမှ ထွက်ခဲ့ပါသည်။ စာသင်သားဘဝက တရားနာပျင်းသော်လည်း ယခုအခါ တရားအထူးနာလိုနေခဲ့ပါသည်။

စစ်ကိုင်း ပရက္ကမ၊ ဉာဏစာဂီ၊ တောင်မြို့၊ မိုးကုတ်၊ ဝေဘူ၊ ကျောက်သင်္ဘော၊ သဲအင်းဂူ၊ သန်လျင်၊ တောရ၊ မိုးညို၊ စွန်းလွန်း၊ မဟာစည်၊ ကြောင်ပန်း၊ ရှင်ဥက္ကဋ္ဌ အစစ ဖြစ်ပါသည်။ နာကြားရချက်တရားများ စုပေါင်းလိုက်သောအခါ ကာမ၊ ရူပ၊ အရူပ သုံးဘုံဘဝမှ တရားများချည်း ဖြစ်ကြောင်း အကွက်လည်လာပါသည်။ တပည့်တော် ကျင့်သုံးနေသော တရားလည်း ဘုံသုံးပါးတည်းမှပင် ဖြစ်ကြောင်း ဆင်ခြင်နိုင်လာပါသည်။ ရှေးအခါက ရူပါရူပ ဓမ္မတစ်ခုခု ဖြစ်ပွားရန် ခဲယဉ်းသည်ဟု ထင်မှတ်ခဲ့သော်လည်း ရူပါရူပများ အလွယ်တကူ ဖြစ်ပွားသည်ကို မျက်စေ့၌ တပ်အပ်ထင်ထင် ကိုယ်တိုင်သိမြင်သောကြောင့် ရှေးက မတဘူးသော မဂ်၊ ဖိုလ်ကို မဟဂ္ဂတမြင်မှ ဆာလောင်တမ်းတ လာခဲ့ပါသည်။

လောကုတ္တရာလမ်းညွှန်ကို ပေးနိုင်အရာကို လိုလားသော်လည်း ရှာဖွေမရဖြစ်၍ ဘုရားသည်သာလျှင် ကိုးကွယ်ရာ ရှိတော့သည်၊ ဘုရားမှတပါး လောကုတ္တရာလမ်း ပြမည့်သူဟူ၍ မရှိပြီ။ ယနေ့ သံဃာတော်များ လက်၌လည်း လောကုတ္တရာ လမ်းသည် အစပြတ်ပျောက်ခဲ့ပြီ။ ထို့ကြောင့် ဘုရားဟောခဲ့သော ပရိယတ္တိစာပေများကို ဖတ်ရှုလေ့လာ သုံးသပ်ပြီး ဘုရားမြင်အောင် လေ့လာရမည်။ ဘုရားတွေ့မှ တရားတွေ့မည်။ ဘုရားတွေ့ရန် ပရိယတ်စာပေများ လေ့လာသုံးသပ်ရမည်။ ဤသို့ဆုံးဖြတ်ခဲ့ရပါသည်။

ထို့ကြောင့် ပိဋကတ်စာပေများကို လေ့လာရန် ပြင်ဆင်ရပါသည်။ ပြင်ဆင်ရာ၌လည်း ဘုရားဟော တိုက်ရိုက်ကို လေ့လာမည်။ အဋ္ဌကထာ၊ ဋီကာများကို နောက်ထားမည်။ ပါဠိတော်၌လည်း ပါဠိပိဋကတ် ပါဠိတော်ကို လေ့လာလျှင် စကားလုံးအနက် ပြဿနာ၊ အသွားအလာ ပြဿနာ အစစများရှုပ်သည်။ မြန်မာပြန် ပိဋကတ်များကို မူထား၍ ပါဠိပိဋကတ်များကို မူထား၍ ပါဠိပိဋကတ်ကို အကူထားမည်။ ဤသို့ ဆုံးဖြတ်လေ့လာပါသည်။

လေ့လာသောအခါ မြတ်စွာဘုရားသည် တပည့်တော်များ နားမလည်နိုင်လောက်သော ပုဂ္ဂိုလ်ဖြစ်၍ နေသည်ကို ကွဲကွဲပြားပြား သိလာရပါသည်။ ဇာတ်နိပါတ်နှင့် ဓမ္မအဘိဓမ္မာများ၌ မြတ်စွားဘုရား၏ ၀ိသေသလက္ခဏာကို နားလည်၍ မရနိုင်အောင် ဖြစ်ရပါသည်။ တစ်မျိုးတစ်ဖုံစီ ကွဲပြားအောင် ခြားနားနေသကဲ့သို့ တွေ့ရပါသည်။

မြတ်စွာဘုရား၏ ဘဝအမြင်၊ လောကအမြင်များသည်လည်း တပည့်တော်များ နားလည်၍ မရနိုင်အောင် ဖြစ်နေခဲ့ကြပါသည်။ တပည့်တော်တို့သည် လောကကို မြင်ရာ၌ လောကသည် မမြဲဟု မှတ်သားထားခဲ့ ကြပါသည်။ မြတ်စွာဘုရားသည် လောကကို မမြဲဟု မယူကြောင်း ဟောကြားခဲ့ပါသည်။ မြဲဟု ယူသလော ဆိုသောအခါ၌လည်း မြတ်စွာဘုရားသည် လောကကို မြဲသည်မယူကြောင်း ဟောကြားခဲ့ပါသည်။

ထို့ပြင်လည်း တပည့်တော်တို့သည် သတ္တဝါသောပြီးနောက် ဖြစ်မည်ဟု ယူသော်လည်း မြတ်စွာဘုရားသည် သတ္တဝါသေပြီးနောက် ဖြစ်မည်ဟု မယူကြောင်းဟောကြားခဲ့ပါသည်။ တပည့်တော်တို့ အမြင်၌ တရားဆုံးပြီးသူများ သေပြီးနောက် နိဗ္ဗာန်ရောက်မည်။ ဘာမျှ မဖြစ်တော့ဟု ယူသောလည်း မြတ်စွာဘုရားသည် မယူကြောင်း ဟောကြားခဲ့ပါသည်။ ထို့ကြောင့် တပည့်တော်တို့၏ လောကအမြင်နှင့် မြတ်စွာဘုရား၏ လောကအမြင် မတူပါ။ တပည့်တော်တို့ ဘဝအမြင်နှင့် မြတ်စွာဘုရား၏ ဘဝအမြင်လည်း မတူပါ။ ဤသို့ မြတ်စွာဘုရားနှင့် အမြင်ကွဲပြားနေရခြင်းသည် မသင့်မြတ်ဟု တပည့်တော်တို့ ထင်ပါသည်။ မြတ်စွာဘုရားနှင့် အမြင်ကွဲပြားနေခြင်းသည် မြတ်စွာဘုရားကို မဖူးမြင်နိုင်ခြင်းပင် ဖြစ်သည်ဟု တပည့်တောများ ထင်မှတ်ပါသည်။

မြတ်စွာဘုရားနှင့် တပည့်တော်များ ဤမျှ အမြင်ကွဲပြားနေသောကြောင့် မြတ်စွာဘုရား ဟောကြားချက်များကို တပည့်တော်များ နားလည်နိုင်လောက်သော အခြေအနေ မရှိခြင်း ဖြစ်ကြောင်း သဘောပေါက် မှတ်ယူရပါသည်။ ထို့ကြောင့် ဤအမြင်ကွာဟချက် ဖျောက်ဖျက်နိုင်ရန် တပည့်တော်တို့ ဦးတည်လိုက်ပါသည်။ မြတ်စွာဘုရားကဲ့သို့ လောကကြီး မြဲလည်း မယူ၊ မမြဲလည်း မယူ၊ သေပြီးနောက် ဖြစ်သည်လည်း မယူ၊ မဖြစ်လည်း မယူသော အမြင်ဖြစ်ရန် သုံးသပ်ရပါသည်။

တပည့်တော်တို့သည် သေပြီးနောက် ဖြစ်သည်။ တရားဆုံးသူ သေပြီးနောက်မူ မဖြစ်၊ ရုပ် နာမ် ခန္ဓာလောကသည် မမြဲ၊ နိဗ္ဗာန်သာ မြဲသည်၊ ဤသို့ မြင်နေခဲ့ကြပါသည်။ ဤအမြင်ကို ဖျောက်နိုင်ရန် ဖြစ်ပါသည်။ စီစစ်ကြည့်ပါသည်။ သတ္တဝါသေပြီးနောက် ဖြစ်သလောဟူသော အမေး၌ မြတ်စွာဘုရား တားမြစ်သည်။ အဘယ်ကြောင့် တားမြစ်ရသနည်း။ အမေးမှားလျှင် တားနိုင်သည်။ အမေး မှားသလော။ ဖြစ်သလောဟူသော ကြိယာမှ ကိုင်တွယ်ကြည့်ပါသည်။ ဖြစ်သလောဟူသော မေးရာ၌ ဘယ်အခါ ဖြစ်သလောဟု မေးသနည်း။ သေပြီးသော နောက်အခါ၌ ဖြစ်သလောဟု မေးခြင်း ဖြစ်သည်။ ဤအမေးတွင် သေပြီးနောက်ဟူရာ၌ သတ္တဝါသေခြင်း မရှိလျှင် သေပြီးနောက် ဖြစ်သလောဟူသော အမေး၏ အဖြေလည်း အတားအမြစ် ခံနိုင်ရပါသည်။

ထို့ကြောင့် သတ္တဝါသေသလော ဟူသော ပြဿနာကို စီစစ်ရပြန်ပါသည်။ သေသလော ကြိယာ၏ ကတ္တားဖြစ်သော သတ္တဝါမရှိလျှင်လည်း သေသဘောဟူသော အမေးလည်း အတားအမြစ် ခံရနိုင်ပြန်ပါသည်။ နောက်ဆုံး၌ သတ္တဝါဟူသည် အဘယ်နည်း ဟူသော ပြဿနာ၌ ဆိုက်လာပါသည်။

သတ္တဝါသည် ခန္ဓာပဥ္စက၏ အမည် ဖြစ်သည်။ ခန္ဓာပဥ္စကသည် အဘယ်နည်း။ ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ၀ိညာဉ် တို့ ဖြစ်ကြသည်။ ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ၀ိညာဉ် သည် အဘယ့်ကြောင့် ခန္ဓာဖြစ်ရသနည်း။ ဝေဒနာ၊ သညာစသည်များသည် တစ်ချိန်၌ တစ်ခုတည်းသာ ဖြစ်လျှက် ဘယ်သို့ အစုအပုံ ဖြစ်သနည်း။ စိတ်လည်း ဤအတိုင်းပင် တစ်ခု ရုပ်ကိုးဆယ် ရှိသော်လည်း တစ်ခါဖြစ်လျှင် တစ်ခုသာ ဖြစ်လျှက် အဘယ်သို့ စုသနည်း။ အတိတ် ဝေဒနာ၊ သညာ စသည်တို့သည် အတိတ်မှာပင် ချုပ်ခဲ့ပြီ။ ပစ္စုပ္ပန် ဝေဒနာ၊ သညာနှင့် အဘယ်သို့ စုသနည်း။ စသည်အားဖြင့် ရုပ်၊ ဝေဒနာ၊ သညာ စသည်များ ခန္ဓာလုပ်မရ ဖြစ်ရပါသည်။

ဆက်လက် ဆင်ခြင်သောအခါ ဖြစ်ဆဲ ရုပ်၊ ဝေဒနာ စသည်တို့သည် မဖြစ်မီ ရှုထောင့်မှ ကြည့်လျှင် အနာဂတ်၊ ဖြစ်ဆဲ ရှုထောင့်မှ ကြည့်လျှင် ပစ္စုပ္ပန်၊ ဖြစ်ပြီး ရှုထောင့်မှ ကြည့်လျှင် အတိတ်၊ တစ်ခုတည်းသော ရုပ်၊ ဝေဒနာ စသည်၌ပင် ကာလသုံးပါး စုဝေးလျှက် ရှိပါတကား။ အနီး၊ အဝေး၊ အတွင်း၊ အပြင်၌လည်း ဤအတိုင်းပင် ရုပ်၊ ဝေဒနာ စသည် တစ်ခုခုသည် ဝေးသောအရာကို ထောက်လျှင် အနီး၊ နီးသောအရာကို ထောက်လျှင် အဝေး၊ အတွင်းကျသောအရာကို ထောက်လျှင် အပြင်၊ အပြင်ကျသောအရာကို ထောက်လျှင် အတွင်း၊ ဤသို့ပင် တစ်ခုတည်းသော ရုပ်၊ ဝေဒနာ စသည်၌ပင် ဆန့်ကျင်ဘက် အရာများဖြစ်သော အနီး၊ အဝေး၊ အတွင်း၊ အပြင်များ စုဝေးလျှက် ရှိကြပါတကား၊ ကြမ်း၊ နု၊ ယုတ်၊ မြတ် ၌လည်း ဤနည်းပင်။ ဤသို့ သဘာဝဓါတ် တစ်ခု၌ တစ်ဆယ့်တစ်ထွေသော အခြေအနေများ စုဝေးနေကြသည်။ ဤတစ်ဆယ့်တစ်ထွေ သည်လည်း ချုံ့လိုက်လျှင် အချိန်ကာလပြ အခြေအနေ၊ နေရာဌာနပြ အခြေအနေ၊ ပြုပြင်ဖြစ်ပွားမှု ပရောဂပြ အခြေအနေ ဟူ၍ သုံးပါးသာရှိကြောင်း ဆက်၍ ထင်မြင်ပါသည်။ ဤအတွေးများမှာ တပည့်တော်များ တွေးမိတွေးရာ လျှောက်၍ တွေးနေခြင်းများသာ ဖြစ်ပါသည်။ ဆက်၍လည်း မဆုံးနိုင်အောင် တွေးပြန်ပါသေးသည်။ ရုပ်၊ ဝေဒနာ စသည်တို့၏ ခန္ဓာအဖြစ် အခြေအနေ ကာလ၊ ဌာန၊ ပယောဂနှင့် ရုပ်၊ ဝေဒနာ စသည်တို့၏ လက္ခဏာဖြစ်သော အနိစ္စ၊ ဒုက္ခ၊ အနတ္တတို့ အစပ်အဟပ်များ ရှိသလောဟူ၍ ဖြစ်ပါသည်။

အနိစ္စ မမြဲဟူသည် အချိန်ကာနှင့် စပ်သော စကားဖြစ်သည်။ ဒုက္ခဆင်းရဲဟူသည်လည်း ပြုပြင်မှု ပယောဂနှင့် စပ်သော စကားဖြစ်သည်။ အနတ္တ အနှစ်သာရမရှိဟူသည်လည်း နေရာ၊ ဌာနနှင့် စပ်သော စကားဖြစ်သည်။ အနိစ္စ မမြဲဟူသည် အချိန်မရှိမှ ဖြစ်မည်။ ရှိလျှင် ရှိသောအချိန်၏ တစ်ဝက်နှင့် စာကမြဲနေဦးမည်။ ထို့ကြောင့် အနိစ္စဟူသည် အချိန်ကို ငြင်းဆိုချက် ဖြစ်ရမည်။ ဒုက္ခဆင်းရဲဟူသည်လည်း ပယောဂမရှိမှ ဖြစ်မည်။ ရှိလျှင် ရှိသောပယောဂထက် ဆင်းရဲသည်ထက်စာ၍ ချမ်းသာနေဦးမည်။ ထို့ကြောင့် ဒုက္ခဟူသည် ပယောဂကို ငြင်းဆိုသော စကားဖြစ်မည်။ အနတ္တသာရ မရှိဟူသည်လည်း သာရတည်ရာ ဌာနမရှိမှ ဖြစ်မည်။ ရှိလျှင် ရှိသောအထည်ကို ထောက်ပြီး တည်ရာဌာနများ ထွက်နေဦးမည်။ ထို့ကြောင့် အနတ္တဟူသည် ဌာနကို ငြင်းဆိုသော စကားဖြစ်သည်။
ဤသို့ တွေးမိသောအခါ မြတ်စွာဘုရားသည် ရုပ်၊ ဝေဒနာ စသည်၌ ကာလ၊ ဌာန၊ ပယောဂများ ကိုငြင်းဆိုခဲ့သည်။ တပည့်တော်တို့သည် ရုပ်၊ ဝေဒနာ စသည်၌ ကာလ၊ ဌာန၊ ပယောဂများကို လက်ခံခဲ့သည်။ အဘယ်သို့နည်း ဟူ၍လည်း ဖြစ်ပြန်ပါသည်။

ထို့ကြောင့် ရုပ်၊ ဝေဒနာ စသည်များ၌ ကာလ၊ ဌာန၊ ပယောဂ ရှိ မရှိ သိနိုင်ရန် ထိုရုပ်၊ ဝေဒနာ၊ စသည်ကို လေ့လာရပါသည်။ ရုပ်၊ ဝေဒနာ စသည်သည် အကယ်လေ့လာ သောအခါ ကာလ၊ ဌာန၊ ပယောဂများ မရနိုင်ကြောင်း သိသာလှပေသည်။ ရုပ်၊ ဝေဒနာ စသည်လည်း ပစ္စယသမဝါတရား( သို့မဟုတ် ) ဟေတုသမဂ္ဂိတရားများသာ ဖြစ်သည်။ ရုပ်၊ ဝေဒနာ စသော သဘာဝ တစ်ခုခုသည် အကြောင်း အစိတ်အပိုင်း အစအန ပေါင်းများစွာ၏ အစုအဝေး များသာဖြစ်သည်။ ထို့ကြောင့် ရုပ်၊ ဝေဒနာ စသည်သည် သင်္ခတတရားဟူ၍ ခေါ်ရခြင်းဖြစ်သည်။
ထို့ကြောင့် သင်္ခတဖြစ်သော ရုပ်၊ ဝေဒနာ စသည် တစ်ခုခုသည် အကြောင်း အစိတ်အပိုင်း အစအနများ၏ ကြိယာဝိသေသဟု ဆိုအပ်သော ထူးခြားသော အမူအရာမျှ ဖြစ်သောကြောင့် ဒြပ်မရှိ။ ဒြပ်မရှိသောကြောင့် ဌာနမရှိ၊ ကာလလည်း မရှိ၊ ပယောဂလည်း မရှိ၊ ဤမျှအထိ သိလာခဲ့ပါသည်။ ဤသို့သိသော်လည်း များစွာအသုံးဝင်လှသေးသည် မဟုတ်ပါ။ သိသည်မျှပင် ဖြစ်ပါသည်။ ရုပ်၊ ဝေဒနာ စသည်များ၌ ကလ၊ ဌာန၊ ပယောဂ ရှိသည်ဟု ယူ၍လည်း ဘာမျှမဖြစ်ပါ။ မရှိဟု ယူ၍လည်း ဘာမျှမဖြစ်ပါ။

ထိုသို့ဖြစ်သော်လည်း မမျှော်လင့်သော အကျိုးများ ဖြစ်ပွား ပေါ်ပေါက်လာပါသည်။ ယင်းအကျိုးကား ရုပ်၊ ဝေဒနာ စသည်များ အကြောင်း အစိတ်အပိုင်းတို့၏ အစုအဝေးဖြစ်ကြောင်း လေ့လာမိ၍ ရှေးအခါက ထင်ရှားသကဲ့သို့ ရုပ်၊ ဝေဒနာ စသည် သဘာဝပရမတ္ထတရားများသည် အရှိဖြစ်သည်။ ပညတ်သည် မရှိဖြစ်သည် ဟူသော အမြင်မှားများ ဖယ်ရှား နိုင်သွားခြင်း ဖြစ်ပါသည်။

တပည့်တော်တို့သည် ပရမတ္ထတရားများကို အရှိတရား၊ ပညတ်တရားများကို အသွင်တရား၊ မရှိတရားကို ဤသို့ တရားသေ မှတ်ထားခဲ့ကြပါသည်။ ပညတ်တရားသည် အကြောင်း အစိတ်အပိုင်းတို့၏ အစုအဝေးမျှဖြစ်၍ အရှိတရား မဟုတ်၊ ပရမတ်တရားမူကား ပညတ်တရားတို့၏ အခြေခံဖြစ်သောကြောင့် အရှိတရား ဤသို့ဖြစ်ပါသည်။

ယခုသိရသည်၌ ပညတ်တရားလည်း အကြောင်း အစိတ်အပိုင်းတို့၏ အစုအဝေး ကြိယာဝိသေသ၊ ပရမတ်တရားလည်း ထိုနည်းမခြား အကြောင်း အစိတ်အပိုင်းတို့၏ အစုအဝေး ကြိယာဝိသေသဖြစ်၍ ပညတ် အရှိမဟုတ်လျှင် ပညတ် အရှိမဟုတ်သကဲ့သို့ ပရမတ်လည်း အရှိမဟုတ်။ ပရမတ် အရှိဖြစ်လျှင် ပရမတ် အရှိဖြစ်သကဲ့သို့ ပညတ်လည်း အရှိဖြစ်သည်။

တပည့်တော်တို့သည် ဤသို့သိသောကြောင့် ပရမတ် အစုအဝေးတို့ထက် ကြီးသော ပညတ်အစုအဝေးဖြစ်သော ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမ၊ ပုဂ္ဂိုလ်၊ သတ္တဝါများ ရှိလာပါသည်။ ထို့ပြင် မရှိသော ပညတ်ထက် သေးမှံုသော ပရမတ်လည်း ခိုင်ခိုင်မာမာ မရှိ ဖြစ်လာပါသည်။ ထို့ကြောင့် ပရမတ်အရှိကို အတိုင်းထက်လွန် လက်ခံမှုများ ပျောက်ပြီး ပညတ်မရှိခံယူမှုများလည်း ပျောက်ကာ ငါမရှိသည် မဟုတ်၊ ငါရှိသည်။ ငါ၏ ကောင်းကျိုးနှင့် ဆိုးပြစ်သည် ဘယ်ကမှ လာသည်မဟုတ်၊ ငါပြုသည့် အတိုင်းသာ ဖြစ်ခြင်းဖြစ်သည်။ ဤသို့ ခံယူမှုများ ပေါက်ပွားလာရသည်။ ငါပြုသော အမှု အကောင်း အဆိုးများလည်း ဘာသာလဝါ ပျောက်ပျက်သွားကြသည် မဟုတ်။ ငါ့၌ ကောင်းကျိုးနှင့် ဆိုးပြစ်အဖြစ် ပြောင်းလဲ ဖြစ်ပွားကြသည်။ ဤသို့ သဘောပေါက်လာပါသည်။

ဤသဘောပေါက်ချက်သည် တပည့်တော်၏ ဉာဏ်အမြင်ကို တလောကလုံး လင်းချင်းအောင် လင်းစေခဲ့ပါသည်။ တပည့်တော် လိုလားတောင့်တ ရှာဖွေခဲ့သော မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကို ဖူးတွေ့ရခြင်း ဖြစ်ပါသည်။ သတ္တဝါသေပြီးနောက် ဖြစ်သည်လည်း မယူ၊ မဖြစ်သည်လည်း မယူ၊ လောကကြီး မြဲသည်လည်း မယူ၊ မမြဲသည်လည်း မယူသော မြတ်စွာဘုရား၏ အဖြေများအတွက် နားမလည်ချက်များ ပွင့်ထွက် လင်းချင်းလာပါသည်။

မြတ်စွာဘုရားကို နားလည်လာသလို မြတ်စွာဘုရား၏ တရားတော်များကိုလည်း နားလည်လာပါသည်။ မြတ်စွာဘုရား၏ တပည့်သံဃာများကိုလည်း နားလည်လာပါသည်။ ဓမ္မ၊ အတ္ထ၊ နိရုတ္တိ၊ ပဋိဘာန လေးဝသော ပဋိသမ္ဘိဒါတရား ဖြစ်ပွားသူမခြား ဖြစ်လာပါသည်။ မြတ်စွာဘုရား ဟောကြားခဲ့သော သဘောဓမ္မများ၌ လောကကြီး၏ အဖြစ်အပျက် အနက်အတ္ထများ၌ လည်းကောင်း၊ ထိုအဖြစ်အပျက်များကို ထုတ်ဆောင် ဖော်ဆိုရေး နိရုတ္တိများ၌လည်းကောင်း၊ အဖြစ်အပျက် အကြောင်းအကျိုးနှင့် အကောင်းအဆိုးများ တွက်ချက် ဝေဖန်ရေး ပဋိဘာနများ၌ လေးနက်သော ၀န်တာမရှိဖြစ်လာပါသည်။

ဤအခါ၌ လောကကြီး၏ မကုန်ဆုံးနိုင်အောင် နက်နဲသော တရားကို ငါသိပြီ။ ငါတစ်ယောက် လောက အလယ်မှာ မျက်စိကောင်းကောင်း ပေါက်ခဲ့ပြီ။ တဏှာ၊ မာန၊ ဗျာပါဒ အစရှိသော ကိလေသာနတို့ ကုန်ရာကို ငါအလိုရှိလျှင် အလိုရှိချိန်၌ ရောက်အောင်သွားနိုင်ပြီ။ တဏှာ၊ မာန၊ ဗျာပါဒ အစရှိသော မကောင်းညစ်ဆိုး တရားမျိုးတို့သည် ငါကောင်းသည်ထင်၍ သိမ်းပိုက် တည်ဆောက်ထားသော အရာများသာ ဖြစ်ပါသည်။ ဘယ်သဘာဝပစ္စည်း၊ ဘယ်တန်ခိုးရှင် ဖန်တီးသော ပစ္စည်းများ မဟုတ်။ ငါလုပ်ထားသော အရာဖြစ်၍ ငါမလိုချိန်၌ ငါဖျက်လျှင် မုချပျက်ရမည်သာ ဖြစ်သည်။ ဤသို့ ကိုယ့်ကိုကိုယ် ပိုင်စိုးလာပါသည်။
ထို့ကြောင့် ကိုယ့်ကိုယ်အတွက် တရားရေးဆိုင်ရာ ကြောင့်ကျများ မီးကို ရေနှင့် ငြိှမ်းသကဲ့သို့ ငြိမ်းကြပါသည်။ ထိုသို့ဖြစ်သော်လည်း မေ့မေ့လျော့လျော့ ပေါ့ဆ၍ နေသည်ကား မဟုတ်ပါ။ ဓမ္မစာပေများ၌ ချထားအပ်သော နားရှိနေရန် အမြဲ ၀ိရိယ စိုက်လျှက်ရှိပါသည်။ ဓမ္မဖွင့်သူတို့၏ အမှားနှင့် ဓမ္မဆောင်သူတို့၏ အမှားများကြောင့် သာသနာတော်များစွာ နစ်နာသည်အထိ ထိပါးလှသည်ဟု သိနေရသောကြောင့် ဖြစ်ပါသည်။

ဤအမှား၏ ကြီးမားလှသော ထုထည်ပမာဏကို ရှင်းလင်းရန် မလွယ်လှသောကြောင့် တတ်အားသမျှဖြင့် တင်းတိမ်သည့် အနေထား၍ လယ်တီဆရာတော်ကြီး၏ နိဗ္ဗာနဒီပနီ၌ နိဗ္ဗာန်အဖွင့် အမှားကို ပထမဆုံး သုံးသပ်ပြခဲ့ပါသည်။ စာမျက်နှာ ( ၂၀၀ )ကျော်ခန့်ဖြင့် နိဗ္ဗနဒီပနီ ဘယ်လဲဟူ၍ အမည်ပေးခဲ့ပါသည်။
ထို့နောက် ဆက်လက်၍ ၀ိသုဒ္ဓိမဂ်၏ သီလ၊ သမာဓိ၊ ပညာ အဖွင့်များ ချွတ်ချံုကျအောင် မှားယွင်းလှ၍ သာသနာတော်၌ တရားပျောက်ရသည်ကို သိမြင်ပြီး ၀ိသုဒ္ဓိမဂ်ကို စာမျက်နှာ ( ၃၀၀ )ကျော်မျှရှိအောင် သုံးသပ်ပြခဲ့ပါသည်။ မိလိန္ဒပဉှာ ၀တ္ထုပြသော ဗုဒ္ဓဝါဒ ဒသနများ၏ အမှားသည်လည်း မျက်မှောက်သာသနာကို ချာလည်ပတ်ရမ်းစေသောကြောင့် ဟာမျက်နှာ ( ၂၅၀ )ခန့်ဖြင့် မိလိန္ဒပဉှာဝတ္ထုဘယ်လဲ ဟူသော အမည်တပ်၌ မိလိန္ဒပဉှာဝတ္ထုကို သုံးသပ်ခဲ့ပါသည်။ ဤကျမ်းများကို စာပေစိစစ်ရေးမှ ထတ်ဝေခွင့်များ မရခဲ့သဖြင့် ပရိယတ်၏ ကြီးမားလှသော ထုထည်ပမာဏ ရှိသော အမှောင်အမည်းမှ ရှောင်လွဲရပြန်ပါသည်။

ထိုသို့ဖြစ်သော်လည်း တောင်ပေါ်တောကျောင်း၌ တစ်ယောက်တည်း လဲလျှောင်းအိပ်စက်နေခဲ့သည် မဟုတ်ပါ။ တရားဟောခြင်း အမှုဖြင့် အောက်ခြေပိုင်းမှာ ပြန်စမည်ဟု ရည်ရွယ်ချက်ထားပြီး တရားနာပရိတ်သတ်များထံ ဓမ္မကထိကအသွင်ဖြင့် ၀င်ခဲ့ပြန်ပါသည်။
လူအများကို သစ္စာတရားဖြင့် ချိုမိန်စေနိုင်သော်လည်း ယေဘူယျလူများမှာ ရွာစောင့်နတ်၊ ရပ်စောင့်နတ်ဟု ဆိုအပ်သော ရွာဦးရပ်ဦး ဆရာတော်များချည်းဖြစ်၍ သူတို့ဆရာတော်နှင့် မတူ ကွဲပြား၍ အလကားဟု အထင်ခံရသည်လည်း အများအပြားဖြစ်ပါသည်။ ဤသို့ပင် သာသနာတော်အကျိုး သယ်ပိုးရန် အားသွန်နေမိပါသည်။ မိမိအေးငြိမ်းမှုကို လှစ်လျူရှုသကဲ့သို ပြုနေခဲ့သည်ကို သတိရလာပါသည်။

အဘယ်မျှပင် သစ္စာတရားကို မြင်သော်လည်း ကာမ၊ ရာဂ၊ ဗျာပါဒ စသည် မစင်လျှင် ဆင်းရဲပင်ပန်မှုများ အဝင်ခံရမည်မှာ ဓမ္မတာဖြစ်ပါသည်။

ကာမ၊ ရာဂ၊ ဗျာပါဒ စသည်သည်လည်း လူကိုများစွာ ပူပန်စေတတ် နှိပ်စက်တတ်သော အရာများဖြစ်ပါသည်။ တပည့်တော်တို့၌လည်း ကာမ၊ ရာဂ၊ ဗျာပါဒ စသော ကိလေသာ ပယောဂများ၏ အဝင်အပူးကို ခံလာရပါသည်။ ၀ုဌာနကံဖြင့် ( ၂ )နှစ်ကြာမျှ ဆောင်ရွက်ရသည်အထိ များစွာ ပူပန်ဆင်းရဲခဲ့ရပါသည်။ ကာမ၊ ရာဂ စသည်တို့အပေါ်၌ ထိတ်လန့် ၍လည်းလာပါသည်။

ထို့ကြောင့် ဘယ်ကိစ္စထက်ဖြစ်ဖြစ် ကာမ၊ ရာဂ၊ ဗျာပါဒ စသည် ရှှင်းလင်းရေး လုပ်ငန်းလည်း အရေးကြီးဆုံးဖြစ်သည်။ ဘယ်သူ အရဟတ္တ မဂ်၊ ဖိုလ် ရဖို့ထက်ဖြစ်ဖြစ် ၀ါရဖို့သည် အရေးကြီးဆုံးဖြစ်သည်။ ဤသို့ အရေးပေါ်အခြေအနေကို သတ်မှတ်နိုင်ခဲ့ပါသည်။ တပည့်တော်သည် ငယ်စဉ်က မှားယွင်းသော အပေါင်းအသင်းကို ရခဲ့သည့်အလျောက် ဟတ္တမေထုန်မျှဖြင့် မပြတ်မွေ့လျော်သူ ဖြစ်ပါသည်။ ထိုသို့ဖြစ်သော်လည်း အခြား အာရုံခံစားမှု ကိစ္စများကား နှေးကွေးလေးလံသူ ဖြစ်ခဲ့ပါသည်။ အရွယ်အားလျော်စွာ မွေ့လျော်ဖွယ်ဖြစ်သော အာရုံနှင့် လာဘ်အကျော်အစော လျှပ်ပေါ်ခြင်း နည်းပါးသူ ဖြစ်ပါသည်။ သာသနာတော်တာဝန်ကို ငိုနေရအောင် ပြင်းနေလျှင်ပင် ငိုပြီး ထမ်းဆောင်ဖြစ်အောင် ထမ်းမည်ဟုလည်း ဆုံးဖြတ်ပြီး အာရုံများနှင့် ကင်းရှင်းအောင်လည်း ကြိုးစားခဲ့ခြင်း ဖြစ်ပါသည်။

သစ္စာတရားကို သိပြီးနောက်၌ကား ကိုယ့်ကိုယ်ကို ယုံပြီဖြစ်ပါသည်။ အာရုံများကိုလည်း ကြောက်ရွံ့ခြင်း မရှိတော့သူ ဖြစ်လာပါသည်။ ကိုယ်ကကောင်းလျှင် ခေါင်းဘယ်မှ မရွေ့နိုင် ကိုယ်သာပဓါနဟုချပြီး အာရုံများအပေါ် အဆီးအတားကို ဖယ်ရှားခဲ့ပါသည်။ ထိုသို့ဖြစ်သော်လည်း ကာမ၊ ရာဂ စသည်ကို မပယ်နိုင်သေခြင်းဟူသော မစွမ်းရင်း ရှိနေသည်ကို အသိမဝင်ပါ။ မမျှော်လင့်သော အာရုံငါးပါးကဇွန်းခင်းကို လွတ်အောင်မရှောင်နိုင်ပဲ အလုံးလိုက် အရင်းလိုက် အသိများ ၀င်လာပါသည်။ ကာမ၊ ရာဂ၊ ဗျာပါဒ စသည်ရှိလျှင် မငြိမ်းသေး၊ အကြောင်းမရှိလျှင် ငြိမ်းအေးနေသော်လည်း အကြောင်းရှိလျှင် များစွာ စပ်ရှားခါးသီးအောင် ဖြစ်သည်။ ထို့ကြောင့် ထိုတရားများသည် အမြစ်ပြုတ်အောင် သုတ်သင်ရမည့် တရားများ ဖြစ်သည်။ ဤသို့ဆုံးဖြတ်ပြီး သုတ်သင်ရေး ကြိုးစားခဲ့ပါသည်။

မကြိုးစားမီက ငါလိုချင်လျှင် လက်တကမ်းမှာ ရှိသည်ဟု ထင်ခဲ့သော်လည်း အကယ်ကြိုးစားသောအခါ အခဲအခက်နှင့် ရင်ဆိုင်ခဲ့ရပါသည်။ ကာမ၊ ဗျာပါဒ စသည့် ၀ိတက်များ အဝင်မခံပဲ ထားလိုက်လျှင် ထားသည့်နေ့မှစ၍ လွတ်မည်ဟု မျှော်လင့်ခဲ့သော်လည်း လက်တွေ့၌ကား ဘိန်းရှူကျပ်နေကျလူများ ဘိန်းပြတ်၊ ဘိန်းငတ်သကဲ့သို့ ကျန်းမာရေး ပျက်မလိုလို ဖြစ်သည်အထိ အနေအထိုင်ခက်အောင် မသက်မသာ ခံစားရပါသည်။

ဤသို့ဖြစ်မှ သဒ္ဓါနှင့် သမာဝိတို့ကို ပညာနှင့် ၀ိရိယတို့ဖြင့် သိုမှီး၍ လောကကို အစဉ်မပြတ် စောင့်စားခဲ့ရပါသည်။ ဥပါဒါန်၏ အာရုံဖြစ်သော မိမိ၌ ဖြစ်ပျက်နေသော အဖြစ်အပျက်များ ရေရာမှု၊ သေချာမှုမရှိပုံ လျှောက်တင်ခဲ့ပြီးဖြစ်သော အဓိပ္ပါယ်အတိုင်း အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏတ္ထများ ဖြစ်ပွားပုံ သိမြင်လာပါသည်။

ပိယသာတဖြစ်သော သုဘအာရုံများသည် အပြင်၌တကယ်မရှိပဲ တပည့်တော်တို့၏ အားနည်းချက်ကြောင့်သာ ထင်မြင်ရပုံ တပည့်တော်တို့၏ အားနည်းချက်သည် တပည့်တော်တို့ကို နှိပ်စက်ပုံ၊ တပည့်တော်တို့၏ အားနည်းချက်သည် တပည့်တော်တို့၏ ကြိုးစားမှု၊ နိုးကြားမှု၊ အားနည်းချက်ကြောင့် ဖြစ်ပေါ်ပုံ သိမြင်လာပါသည်။

ခရီးသွားသူများ မိမိနေအိမ်ပြန်ရောက်၍ ၀မ်းသာရသည်မှာ ရှေးအခါ မိမိအိမ်၌ ၀မ်းသာစွာ နေထိုင်ဘူးသောကြောင့် ဖြစ်သည်။ ဤသို့ပင် ရာဂ၊ ဒေါသ စသည့်အကြောင်းကျိုး ဖြစ်စဉ် ပဋိစ္စသမုပ္ပါဒ်များ ထင်ရှားလာပြီး ကာမ၊ ရာဂ၊ ဗျာပါဒမှ မာန အစရှိသည်အထိ သူတို့ကြောင့် ဖြစ်သမျှ အဝဝသော ဆင်းရဲများကို ဝေခွဲပိုင်းခြားနိုင်သည်အထိ လေ့လာနိုင်ခဲ့ပြီး ဖြစ်ပါသည်။

ဤသည်မှာ တပည့်တော် ရှင်ဉာဏ သိသာရုံမျှ ဘဝဖြစ်စဉ် အကျဉ်း ဖြစ်ပါသည်။

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>