ဧရာဝတီတိုင်း ဖျာပုံမြို့ နယ်(၃)ရပ်ကွက်နေ အသက်(၈) နှစ်အရွယ် ကလေးငယ်ကို အ သက်(၆၃)နှစ်အရွယ် စိတ်မနှံ့သူ အမျိုးသမီးတစ်ဦးကခေါ်ဆောင်သွားမှု ဒီဇင်ဘာ ၇ ရက်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖျာပုံမြို့တွင် ကလေးများ အား တို့ဆေးဖြင့်ဖမ်းနေသည်ဆို သည့် ကောလာဟလများထွက် ပေါ်နေပြီး ဒီဇင်ဘာ ၇ရက်က လည်း ဖျာပုံမြို့ အထက(၂)နှင့် အထက(၃) ကျောင်းရှေ့ အနီး တွင် လူစုလူဝေးများဖြစ်ပေါ်ခဲ့ ကြောင်း ဖျာပုံမြို့ခံများက ပြော သည်။
7Daydaily
....................
ဖျာပုံမြို့တွင် ကလေးခေါ်ဆောင်သွားမှု ဖြစ်ပွားခဲ့၍ ကျောင်းများ၌ လုံခြုံရေးချထား
Byဖြိုးဝေလင်းOn Wed, 2015-12-09 06:30Location ရန်ကုန်Issue No.No.942 Wednesday, December 9, 2015
ဧရာဝတီတိုင်း ဖျာပုံမြို့ နယ်(၃)ရပ်ကွက်နေ အသက်(၈) နှစ်အရွယ် ကလေးငယ်ကို အ သက်(၆၃)နှစ်အရွယ် စိတ်မနှံ့သူ အမျိုးသမီးတစ်ဦးကခေါ်ဆောင်သွားမှု ဒီဇင်ဘာ ရ ရက်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖျာပုံမြို့ အမက(၁၂)တွင် သူငယ်တန်း တက်ရောက်နေ သည့် အသက်(၈)နှစ်အရွယ် ယောက်ျားလေးကို(၁၆)ရပ်ကွက် နေ စိတ်ဝေဒနာရှင်ဒေါ်လှမြင့်က ခေါ်ဆောင်၍ ရန်ကုန်-ဖျာပုံ ပြေးဆွဲနေသည့် သမာဓိအဝေးပြေးယာဉ်ပေါ်သို့ တက်ခါနီးတွင် ကယ်ရီသမားတစ်ဦးက တွေ့ရှိခဲ့ကြောင်း ဖျာပုံမြို့မရဲစခန်းမှ ရဲအုပ်နေမင်းသောင်းထွန်းက ပြောသည်။
‘‘အဘွားကြီးကို စစ်တော့ စိတ်ပုံမှန်မဟုတ်တဲ့ လက္ခဏာ တွေ့ရတယ်။ သူ့ကို စစ်တော့က လေးနဲ့ မုန့်အတူစားမလို့ပြောပြီး ငါ့ပိုက်ဆံတွေ ကျကုန်ပြီဆိုပြီး အောက်က သဲတွေကို ကုန်း ကောက်နေတယ်။ နောက်ပြီး ရပ် ကွက်အုပ်ချုပ်ရေးမှူးတွေကို ခေါ်စစ်တော့ သူက စိတ်ဝေဒနာရှင်ဆိုတာသိရတယ်။ ဒေါ်လှမြင့်သမီးနဲ့ ကလေးရဲ့အမေနဲ့ကလည်း အရင်က ပိုက်ဖာတဲ့လုပ်ငန်းမှာ အတူလုပ်ဖူးတော့ကလေး အမေက အမှုမဖွင့်ဘူး’’ဟု ၎င်းကဆိုသည်။
ဒီဇင်ဘာ ၅ရက်ကလည်း အသက်(၆)နှစ်အရွယ်ဆွံ့အနား မကြားမိန်းကလေးသည် ရပ်ကွက် အတွင်း ကစားနေစဉ်ပျောက်ဆုံး သွားသဖြင့် ကလေးမိဘများကရဲ စခန်းသို့ အကြောင်းကြား၍ လိုက် လံရှာဖွေခဲ့သည်။ အသက်(၂၃)နှစ်အရွယ်အမျိုးသမီးနှင့်အတူ ဒေးဒရဲ မြို့နယ်အတွင်းရှိ ကျောက်လုပ်ငန်းခွင်အတွင်း ပြန်လည်တွေ့ရှိခဲ့၍ မြို့ခံများက သတိိ ထားနေချိန်တွင် ယခုကဲ့သို့ထပ်မံ ဖြစ်ပွားခြင်းဖြစ်ကြောင်းဖျာပုံမြို့ ၌ နေထိုင်သည့် ကိုသက်ရွှေဦး ကပြောသည်။
ဒီဇင်ဘာ ၅ ရက်ဖြစ်စဉ်တွင် ကလေးငယ်ကိုခေါ်ဆောင်သွား သူ မဇာဇာဝင်းက ကလေးငယ် ကားလမ်းဖြတ်ကူးချိန်အန္တရာယ် ဖြစ်မည်စိုး၍ လမ်းကူးပေးရာမှက လေးငယ် လိုက်လာသဖြင့် ၎င်း အလုပ်လုပ်သည့်နေရာသို့ ခေါ် ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ရဲစခန်း ၌ ထွက်ဆိုခဲ့ကြောင်း ဒုရဲအုပ် တင်မောင်သန်းကပြောသည်။
ဖျာပုံမြို့တွင် ကလေးများ အား တို့ဆေးဖြင့်ဖမ်းနေသည်ဆို သည့် ကောလာဟလများထွက် ပေါ်နေပြီး ဒီဇင်ဘာ ရရက်က လည်း ဖျာပုံမြို့ အထက(၂)နှင့် အထက(၃) ကျောင်းရှေ့ အနီး တွင် လူစုလူဝေးများဖြစ်ပေါ်ခဲ့ ကြောင်း ဖျာပုံမြို့ခံများက ပြော သည်။
ဖျာပုံမြို့တွင် ကလေးငယ် များခေါ်ဆောင်မှုနှစ်ကြိမ်ဖြစ်ပွား ခဲ့သဖြင့် မြို့ပေါ် ကျောင်းများတွင် ရဲတပ်ဖွဲ့ဝင်များ စောင့်ကြည့်ရန် လုံခြုံရေးချထားကြောင်း ဖျာပုံမြို့ မရဲစခန်းမှ သတင်းရရှိသည်။