Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ဘယ္သူမဆုိ ဝယ္ယူႏုိင္ျပီျဖစ္တဲ့ တစ္ကိုယ္ရည္ ပ်ံသန္း ဂ်က္ေလယာဥ္ သုိ႔မဟုတ္ ဝတ္စံု

$
0
0
ပံုမွာ ျမင္ေတြ႔ေနရတဲ့ Martin Jetpack ဟာ တစ္ကိုယ္ရည္ ပ်ံသန္းႏိုင္တဲ့ ဂ်က္ေလယာဥ္ အငယ္စား သို႔မဟုတ္ ဝတ္စံုလည္း ျဖစ္ပါတယ္။ နယူးဇီလန္ အေျခစိုက္ Martin Aircraft ေလယာဥ္ထုတ္ ကုမၺဏီမွ တရုတ္ျပည္ ေတာင္ပိုင္းက ျပည္နယ္ တစ္ခုက စက္ရံုမွာ ထုတ္လုပ္ထားျခင္း ျဖစ္ပါတယ္။ ယင္း ေလယာဥ္ငယ္ အတြက္ တရုတ္နဲ႔ ေဟာင္ေကာင္ ကုမၺဏီ သံုးခုေလာက္က အခု ၁၀၀ စီ မွာယူျပီးသြားပါျပီ။

ေစ်းႏွုန္းကေတာ့ အေမရိကန္ ေဒၚလာ ၂သိန္း၂ေသာင္းဝန္းက်င္ ရွိပါတယ္။ အြန္လိုင္း ဝဘ္ဆိုဒ္ တစ္ခုကေန တရားဝင္ ေရာင္းခ်ေနျပီး လူတိုင္း ဝယ္ယူလို႔ရပါတယ္။ ဒါေပမယ့္ ဝယ္ယူသူမ်ားကုိ စီးပံုစီးနည္း အရင္ဆံုး သင္ေပးမွာ ျဖစ္ပါတယ္။ အျခား လူမ်ားလည္း သင္ခ်င္ရင္ သင္တန္း စင္တာသို႔ သြားေရာက္ တက္ႏိုင္ပါတယ္။

ဂ်က္ေလယာဥ္ငယ္ေလးဟာဆုိရင္ အျမင့္ေပ ၁,၀၀၀ ခန္႔အထိ ပ်ံတက္ႏုိင္ျပီး ျမင္းေကာင္ေရ ၂၀၀ အားရွိသည့္ ဓါတ္ဆီ အင္ဂ်င္အား အသံုးျပဳထားပါတယ္။ တစ္နာရီလွ်င္ အျမန္ဆံုး ၈၀ ကီလိုမီတာ ျဖင့္ မိနစ္ ၃၀ ၾကာ မရပ္မနား ပ်ံသန္းႏိုင္ေၾကာင္း သိရပါတယ္။ ယင္းဟာ ျမန္ဆန္တဲ့ ႏွုန္းထားတစ္ခုပါပဲ။ အေရးေပၚ အႏၲရာယ္ ေတြ႕ၾကံဳလာ ပါက ၀.၆၈ စကၠန္႕အတြင္း ေလထီး ပြင့္လာႏိုင္ပါတယ္။

စတင္ စမ္းသပ္ ပ်ံသန္း အသံုးျပဳမွုကို ျပီးခဲ့တဲ့ ရက္ပိုင္းက ျပဳလုပ္ခဲ့ျပီး ေလေပၚမွာ ငါးမိနစ္ခန္႔ ၾကာျမင့္စြာ ပ်ံသန္းျပခဲ့ပါတယ္။ ၾကည့္ရွုသူေပါင္း ၁၀၀ ေက်ာ္ရွိခဲ့ျပီး ယင္းေလယာဥ္ကို လူကိုယ္တိုင္ မေမာင္းခ်င္လည္း အေဝးမွ ထိန္းခ်ဳပ္ျခင္းနဲ႔ ေမာင္းလို႔ရမွာ ျဖစ္ပါတယ္။
.
Ref: cctvnews
ေအာင္ခမ္း (ရိုးရာေလး)
www.yoyarlay.com

‪#‎aungkham_yyl‬
‪#‎tech_yyl‬

(Unicode version)
ဘယ်သူမဆို ဝယ်ယူနိုင်ပြီဖြစ်တဲ့ တစ်ကိုယ်ရည် ပျံသန်း ဂျက်လေယာဉ် သို့မဟုတ် ဝတ်စုံ

ပုံမှာ မြင်တွေ့နေရတဲ့ Martin Jetpack ဟာ တစ်ကိုယ်ရည် ပျံသန်းနိုင်တဲ့ ဂျက်လေယာဉ် အငယ်စား သို့မဟုတ် ဝတ်စုံလည်း ဖြစ်ပါတယ်။ နယူးဇီလန် အခြေစိုက် Martin Aircraft လေယာဉ်ထုတ် ကုမ္ဗဏီမှ တရုတ်ပြည် တောင်ပိုင်းက ပြည်နယ် တစ်ခုက စက်ရုံမှာ ထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။ ယင်း လေယာဉ်ငယ် အတွက် တရုတ်နဲ့ ဟောင်ကောင် ကုမ္ဗဏီ သုံးခုလောက်က အခု ၁၀၀ စီ မှာယူပြီးသွားပါပြီ။

စျေးနှုန်းကတော့ အမေရိကန် ဒေါ်လာ ၂သိန်း၂သောင်းဝန်းကျင် ရှိပါတယ်။ အွန်လိုင်း ဝဘ်ဆိုဒ် တစ်ခုကနေ တရားဝင် ရောင်းချနေပြီး လူတိုင်း ဝယ်ယူလို့ရပါတယ်။ ဒါပေမယ့် ဝယ်ယူသူများကို စီးပုံစီးနည်း အရင်ဆုံး သင်ပေးမှာ ဖြစ်ပါတယ်။ အခြား လူများလည်း သင်ချင်ရင် သင်တန်း စင်တာသို့ သွားရောက် တက်နိုင်ပါတယ်။

ဂျက်လေယာဉ်ငယ်လေးဟာဆိုရင် အမြင့်ပေ ၁,၀၀၀ ခန့်အထိ ပျံတက်နိုင်ပြီး မြင်းကောင်ရေ ၂၀၀ အားရှိသည့် ဓါတ်ဆီ အင်ဂျင်အား အသုံးပြုထားပါတယ်။ တစ်နာရီလျှင် အမြန်ဆုံး ၈၀ ကီလိုမီတာ ဖြင့် မိနစ် ၃၀ ကြာ မရပ်မနား ပျံသန်းနိုင်ကြောင်း သိရပါတယ်။ ယင်းဟာ မြန်ဆန်တဲ့ နှုန်းထားတစ်ခုပါပဲ။ အရေးပေါ် အန္တရာယ် တွေ့ကြုံလာ ပါက ၀.၆၈ စက္ကန့်အတွင်း လေထီး ပွင့်လာနိုင်ပါတယ်။

စတင် စမ်းသပ် ပျံသန်း အသုံးပြုမှုကို ပြီးခဲ့တဲ့ ရက်ပိုင်းက ပြုလုပ်ခဲ့ပြီး လေပေါ်မှာ ငါးမိနစ်ခန့် ကြာမြင့်စွာ ပျံသန်းပြခဲ့ပါတယ်။ ကြည့်ရှုသူပေါင်း ၁၀၀ ကျော်ရှိခဲ့ပြီး ယင်းလေယာဉ်ကို လူကိုယ်တိုင် မမောင်းချင်လည်း အဝေးမှ ထိန်းချုပ်ခြင်းနဲ့ မောင်းလို့ရမှာ ဖြစ်ပါတယ်။
.
Ref: cctvnews
အောင်ခမ်း (ရိုးရာလေး)

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...