Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ကၽြန္ေတာ္ႏွင့္ ေတြ႕ဆံုခဲ့ဘူးသည့္ တိုင္းမွဴး

$
0
0
ေက်ာ္လင္းႏိုင္
ပထမေတြ႕ဆံုျခင္း
၁၉၆၈-၆၉ ၀န္းက်င္ဟုသာမွတ္သားမိပါသည္။ ထိုစဥ္က ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္ရံုးက မဂၤလာဒံု ခေရပင္လမ္းခြဲႏွင့္ ေထာက္ႀကန္႔သြားလမ္းမႀကီးေဒါင့္တြင္တည္ရွိပါသည္။ ယခင္က ထိုေနရာသည္ အလယ္ပိုင္း တိုင္းစစ္ဌာနခ်ဳပ္ေနရာျဖစ္ပါသည္။ ေနာင္တြင္ အလယ္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္သည္ ေတာင္ငူၿမိဳ႕သို႔ ေျပာင္းေရႊ႕သြားၿပီး ထိုေနရာက ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္ျဖစ္ သြားပါသည္။ မဂၤလာဒံု ေစ်းႀကီးႏွင့္မူ မ်က္ေစာင္းထိုးအေနအထားတြင္ျဖစ္ပါ၏။ တပ္နယ္ခန္းမႏွင့္ မ်က္ႏွာခ်င္းဆိုင္ နီးပါး ျဖစ္ၿပီး တပ္မေတာ္ခေလးမ်ားအထက္တန္းေက်ာင္းေရွ႕ဟုဆိုႏိုင္ေပသည္။
ထိုစဥ္က ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္တိုင္းမွဴးသည္ ဗိုလ္မွဴးႀကီးသူရတင္ဦးပင္ျဖစ္သည္။ထိုအခ်ိန္ က တိုင္းမွဴးမ်ားသည္ ဗိုလ္မွဴးႀကီးအဆင့္ရွိၿပီး တပ္ရင္းမွဴးမ်ားက အျမင့္ဆံုး ဒုတိယဗိုလ္မွဴးႀကီးအဆင့္ သာျဖစ္ပါသည္။ နအဖေခတ္မွ ယခုေခတ္ကဲ့သို႔ ရာထူးမ်ား ေဖာင္းပြမွဳမရွိပါ။
ဦးေန၀င္းက ျမန္မာ့ဆိုရွယ္လစ္လမ္းစဥ္ပါတီကိုဖြဲ႕စည္းလိုက္ၿပီးေနာက္ အရပ္ဘက္တြင္ ျပည္ သူ႕ေကာင္စီအဆင့္အဆင့္အျပင္ ၿမိဳ႕နယ္အလိုက္ ပါတီယူနစ္မ်ား၊ပါတီစိပ္မ်ားကို ဖြဲ႕စည္းေစခဲ့သည္။ အလားတူပင္ တပ္ရင္းအသီးသီးတြင္လည္း တပ္စုလိုက္ တပ္ခြဲလိုက္ႏွင့္ တပ္ရင္း ပါတီကိုယ္စားလွယ္မ်ားကိုတပ္ရင္း အလိုက္ေရြးခ်ယ္ေစခဲ့၏။ ထိုသို႕ေရြးခ်ယ္ေစခဲ့ရာတြင္ ေမွာ္ဘီတပ္နယ္ရွိတပ္ရင္း မ်ား လည္းပါ၀င္ေပသည္။ ေမွာ္ဘီတပ္နယ္တြင္ ေထာက္ၾကန္႔ဘက္မွသြားလွ်င္ ပထမဦးဆံုးေတြ႕ရမည္မွာ ေလွာ္ကားလမ္းခြဲအလြန္ ကိုးလံုးကြင္း၊သေႏၵပင္ရြာတြင္ အမွတ္(၂)တင့္ကားတပ္ရင္း၊ေနာက္တဖန္ (၃၃၃) ေဆးတပ္ရင္း၊ေမွာ္ဘီတပ္နယ္ေစ်းေရွ႕တြင္ အမွတ္(၁)ရွမ္းေသနတ္ကိုင္တပ္ရင္း ၄င္းေနာက္ တပ္ရင္း (၁၆)ေခၚ ေလထီးတပ္ရင္းႏွင့္ (၅၀၁)ေလတပ္ရွိပါသည္။ ေနာက္ပိုင္းတြင္ တင့္ကားတပ္ ရင္းႏွင့္ ေဆးတပ္ရင္းၾကားကြက္လပ္တြင္ ျပည္သူ႔ဆက္ဆံေရးႏွင့္ နယ္လွည့္ေဖ်ာ္ေျဖ ေရးတပ္ လာ ေရာက္ အေျခခ်ကာ ေနာက္ပိုင္း ျမ၀တီရုပ္သံျဖစ္သြားပါသည္။ထိုအခ်ိန္က တပ္မေတာ္သား ပါတီေက ဒါမ်ားကို ပထမအဆင့္ တပ္တြင္းပညာေပးသင္တန္းေက်ာင္း (ယခု ေခ်ာ္တြင္းကုန္းရွိ၊လူငယ္ေစာင့္ ေရွာက္ေရး သင္တန္းေက်ာင္း)တြင္ နိုင္ငံေရးသင္တန္းတက္ရပါသည္။ ထိုေက်ာင္းမွ အဆင့္ျမင့္ျဖင့္ ေအာင္ျမင္သူမ်ားကိုမူ ဗဟိုႏိုင္ငံေရးသိပၸံ (ေနာင္ႏိုင္ငံေရး တကၠသိုလ္၊ယခု တပ္မေတာ္ေဆးရံုႀကီး ေျခတုလက္တုဌာန)တြင္သင္တန္းတက္ေစခဲ့ပါသည္။ ထိုသူမ်ားကို တပ္တာ၀န္အျပင္ အရပ္ဘက္ တြင္လည္း ပါတီတာ၀န္မ်ားထမ္းေဆာင္ေစခဲ့သည္။
တင္ျပလိုရင္းက ပါတီကိုယ္စားလည္မ်ားေရြးခ်ယ္ပြဲပင္ျဖစ္ပါသည္။ ထိုေန႔နံနက္ (၈)တြင္ အမွတ္(၂)တင့္ကားတပ္ရင္း၌ ျပဳလုပ္ေသာကိုယ္စားလွယ္ေရြးပြဲသို႔ တိုင္းမွဴးဗိုလ္မွဴးႀကီးသူရတင္ဦး လာမည္ျဖစ္ပါသည္။ ထံုးစံအတိုင္း ထိုေန႕မတိုင္မီကပင္ တပ္ရင္းမွဴးႏွင့္ တပ္ခြဲမွဴးမ်ား တိုင္ပင္ကာ တပ္ခြဲလိုက္ကိုယ္စားလည္မ်ားကို သတ္မွတ္ေပးထားၿပီး ထိုေန႕တြင္ မည္သည့္ရဲေဘာ္က မည္သူ႕ ကိုအဆိုတင္ မည္သူက ေထာက္ခံ စသည္ျဖင့္ ဇာတ္တိုက္ထားၿပီးသားျဖစ္ေပသည္။ တိုင္းမွဴးေရာက္ သည္ႏွင့္ ထိုအတိုင္းေဆာင္ရြက္ရန္သာျဖစ္ပါသည္။ တိုင္းမွဴးေရာက္လာၿပီး အခန္းအနားစတင္သည္ ႏွင့္ တိုင္းမွဴးက စကားေျပာပါသည္။ သူေျပာသည္က လိုရင္းကိုတိုတိုႏွင့္ေျပာလိုက္ျခင္းပါေပ။ “မင္းတို႔ ကို မင္းတို႔တပ္ခြဲမွဴးေတြက ေရြးခ်ယ္ခိုင္းထားတဲ့လူေတြကို ႀကိဳက္ရင္ေရြး မႀကိဳက္ရင္ မင္းတို႔ ႀကိဳက္တဲ့ လူကိုေရြးႏိုင္တယ္ မင္းတို႔ဘာမွမျဖစ္ေစရဘူး ငါတာ၀န္ယူတယ္”ဟူ၍ၿဖစ္ပါသည္။ ရဲေဘာ္ မ်ား၏ မ်က္ႏွာမ်ားက ၀င္းလက္သြားသလို အရာရွိမ်ား၏မ်က္ႏွာမ်ားက ညိဳးမွိန္သြားပါသည္။
သို႔ႏွင့္ပင္ မိမိႀကိဳက္သူကို အဆိုတင္လိုက္ ေထာက္ခံလိုက္၊ တပ္ရင္းမွဴးႏွင့္အရာရွိမ်ားကို ေၾကာက္လန္႕သူမ်ားက ကန္႕ကြက္လိုက္ႏွင့္ အစည္းအေ၀းက နံနက္ (၁၁)နာရီထိုးသည့္တိုင္ မၿပီး ေသးပါ။ ထိုအခါ တိုင္းမွဴးက “ (၁၁) နာရီထိုးၿပီ၊ထမင္းစားခ်ိန္ေရာက္ၿပီ၊ ငါလည္းဗိုက္ဆာတယ္ မင္းတို႕လည္းဗိုက္ဆာမွာပဲ တပ္ရင္းမွဴး တန္းျဖဳတ္ပါ” ဟုအမိန္႕ေပးလိုက္သျဖင့္ အစည္းအေ၀း နားပါသည္။
မူလက အစည္းအေ၀းအျမန္ၿပီးဆံုးမည္ထင္ၿပီး တိုင္းမွဴးကိုထမင္းေကၽြးရန္အစီအစဥ္မရွိသျဖင့္ ျပင္ဆင္ထားျခင္းမရွိပါ။သို႔ေၾကာင့္ပင္ တပ္ရင္းရွိ အရာရွိမ်ားက တပ္ကကားမ်ားျဖင့္ ေထာက္ၾကန္႕ႏွင့္ ေမွာ္ဘီသို႔ေျပးကာ စားစရာ၀ယ္ခုိင္းၿပီး အျမန္ဆံုးပင္ တိုင္းမွဴးထမင္းပြဲကိုျပင္ဆင္လိုက္ပါသည္။ ထမင္း ပြဲျပင္ထားၿပီးေနာက္ တိုင္းမွဴးကိုၾကည့္ရာမေတြ႕သျဖင့္ လိုက္ရွာခိုင္းရပါေတာ့သည္။ တပ္ရင္းအရာခံ ဗိုလ္ျဖစ္သူ အရာခံဗိုလ္ေစာေမာင္ေျပးလာၿပီး “တိုင္းမွဴးက ဟိုပိႏဲၷပင္ေအာက္မွာ ရဲေဘာ္ေတြနဲ႕အတူ ထိုင္စားေနၿပီ” ဟုသတင္းပို႔ပါသည္။ ထိုအခါမွပင္ အရာရွိမ်ား ကိုယ္စီပန္းကန္ဆြဲကာ တိုင္းမွဴးရွိရာသို႔ အေျပးသြားၾကပါေတာ့သည္။
အျဖစ္က သည္လိုပါ တန္းျဖဳတ္လိုက္သည္ႏွင့္ တိုင္းမွဴးက အနီးရွိ လူပ်ိဳလိုင္းသို႔သြားကာ ထမင္းပန္းကန္ႏွင့္ မတ္ခြက္တခြက္ေတာင္းၿပီး ရဲေဘာ္မ်ားစားရိပ္သာတြင္ တန္းစီကာ ထမင္ပန္း ကန္ထဲသို႔ဟင္းထည့္ခိုင္းၿပီး မတ္ခြက္ျဖင့္ပဲဟင္းယူကာ သစ္ပင္ေအာက္တြင္ ရဲေဘာ္မ်ားႏွင့္အတူ ေျမႀကီးေပၚထိုင္လွ်က္ အားရပါးရစားေနပါေတာ့သည္။ထိုထမင္း၀ိုင္းတြင္ တိုင္းမွဴးက ပဲဟင္းမစား ရတာၾကာၿပီ၊ မင္းတို႔တပ္ကပဲဟင္းက တယ္ေကာင္းပါလား။ မင္းကဘယ္ၿမိဳ႕ကလဲ၊ စစ္သက္ဘယ္ ေလာက္ရၿပီလဲ စသည္ျဖင့္ ရင္းရင္းႏွီးႏွီး ထိုင္စားကာ ရယ္ရယ္ေမာေမာျဖင့္ ပြဲက်ေနပါေတာ့သည္။
ဒုတိယ ေတြ႕ဆံုျခင္း
ေထာက္ၾကန္႕ႏွင့္ လွည္းကူးသြားကားလမ္းေဘးရွိ ေခ်ာင္းကို ဘားလားေခ်ာင္းဟုေခၚပါသည္။ အနီးတြင္လည္း ဘာလားေက်းရြာရွိပါသည္။ ထိုဘာလားေခ်ာင္း ေကာေနသျဖင့္ ေရမစီးပဲ အနီးရွိေက်း ရြာႏွင့္လယ္ယာမ်ားအေပၚ ေရလွ်ံမည္ကို ကာကြယ္ရန္အတြက္ ေမွာ္ဘီတပ္နယ္ရွိ တပ္ရင္းအသီးသီးမွ စုေပါင္းလုပ္အားေပးကာ ေခ်ာင္းကိုေဖာ္ၾက ရပါသည္။ ထိုပြဲတြင္ တိုင္းမွဴးကိုယ္တိုင္လာေရာက္ပါသည္ အရာရွိေကာ အျခားအဆင့္မ်ားပါ ကိုယ့္ ခြဲတမ္းႏွင့္ကိုယ္ ေျမေပါက္ျခင္း ေျမသယ္ျခင္းမ်ားကိုေဆာင္ ရြက္ၾကရာတြင္ တိုင္းမွဴးကိုယ္တိုင္ သူ႔အ တြက္ခြဲတမ္းယူကာ တိုင္းမွဴးကေျမေပါက္ တိုင္းမွဴးကေတာ္ က ေျမႀကီးေတာင္းကိုေခါင္းေပၚရြက္ကာ လုပ္အားေပးသည္ကို ကိုယ္တိုင္ႀကံဳခဲ့ပါသည္။
အတန္ၾကာအထိ ေျမေပါက္ၿပီးေနာက္ တိုင္းမွဴးက ေရေသာက္ရန္ ကားလမ္းေဘးသို႔တက္ သြားရာ ေလတပ္မွ အရာရွိအခ်ိဳ႕က ရြက္ဖ်ဥ္အမိုးတခုေအာက္တြင္ ဓာတ္ဘူးမ်ားေထာင္ကာ လဘၹက္ ရည္ ေကာ္ဖီႏွင့္ မုန္႕မ်ားစားေသာက္ေနၾကသည္ကို တိုင္းမွဴးေတြ႕ျမင္လိုက္ရာ “ေဟ့ ဒါေပ်ာ္ပြဲစား ထြက္လာတာမဟုတ္ဘူးကြ အလုပ္လာလုပ္တာ အခုထစမ္း။ ေဟ့ ေဟ့လာစမ္း သူတို႕ကိုလည္း ခြဲတမ္း ေျမတိုင္းေပးလိုက္ အမ်ားနည္းတူလုပ္ပါေစ မင္းတို႕ခုခ်က္ခ်င္း သြားလုပ္ၾက”ဟုေျပာလိုက္ရာ ထိုအ ရာရွိမ်ား အက်ီ ၤမ်ားခၽြတ္ကာ ေခ်ာင္းရွိရာသို႔ ေျပးဆင္းသြားၾကကာ သူတို႕အတြက္တိုင္းေပးထားေသာ ေနရာတြင္ ေပါက္ျပားျဖင့္ ေပါက္သူကေပါက္ ေျမသယ္သူကသယ္ေနၾကပါေတာ့သည္။
စာေရးသူ ကိုယ္တိုင္ေတြ႕ဆံုခဲ့ရေသာ အတူေဆာင္ရြက္ခဲ့ရေသာ စစ္သားေကာင္းပီသသူ၊ ထို႔ထက္ေယာက်ၤားေကာင္းပီသသူ စာေရးသူတို႕၏တိုင္းမွဴး၊ေနာင္တြင္ တပ္မေတာ္တခုလုံး၏ေခါင္း ေဆာင္ ကာကြယ္ေရးဦးစီးခ်ဳပ္ေဟာင္းႀကီးက ယခုအခါတြင္ ကွ်န္ေတာ္တို႔လူထုေခါင္းေဆာင္ႏွင့္ လက္တြဲကာ အသက္အရြယ္ကိုပင္ အမွဳမထားပဲ တိုင္းျပည္အတြက္ ေန႕မအားညမအား ႏိုင္ငံတနံ တလ်ား လွည့္ လည္ ေဆာင္ရြက္ေနသည္ကို ျမင္ေတြ႕ သိရွိရေပရာ ေလးစားစြာ ဦးညြတ္ရံုမွ်မက ၾကည္ညိဳစြာျဖင့္ လက္အုပ္ခ်ီ ကန္ေတာ့မိပါေၾကာင္း ပီတိမ်က္ရည္၀ဲလွ်က္။
World Myanmar
.................
ကျော်လင်းနိုင်
ပထမတွေ့ဆုံခြင်း
၁၉၆၈-၆၉ ၀န်းကျင်ဟုသာမှတ်သားမိပါသည်။ ထိုစဉ်က ရန်ကုန်တိုင်းစစ်ဌာနချုပ်ရုံးက မင်္ဂလာဒုံ ခရေပင်လမ်းခွဲနှင့် ထောက်ကြန့်သွားလမ်းမကြီးဒေါင့်တွင်တည်ရှိပါသည်။ ယခင်က ထိုနေရာသည် အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်နေရာဖြစ်ပါသည်။ နောင်တွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်သည် တောင်ငူမြို့သို့ ပြောင်းရွှေ့သွားပြီး ထိုနေရာက ရန်ကုန်တိုင်းစစ်ဌာနချုပ်ဖြစ် သွားပါသည်။ မင်္ဂလာဒုံ စျေးကြီးနှင့်မူ မျက်စောင်းထိုးအနေအထားတွင်ဖြစ်ပါ၏။ တပ်နယ်ခန်းမနှင့် မျက်နှာချင်းဆိုင် နီးပါး ဖြစ်ပြီး တပ်မတော်ခလေးများအထက်တန်းကျောင်းရှေ့ဟုဆိုနိုင်ပေသည်။
ထိုစဉ်က ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးသည် ဗိုလ်မှူးကြီးသူရတင်ဦးပင်ဖြစ်သည်။ထိုအချိန် က တိုင်းမှူးများသည် ဗိုလ်မှူးကြီးအဆင့်ရှိပြီး တပ်ရင်းမှူးများက အမြင့်ဆုံး ဒုတိယဗိုလ်မှူးကြီးအဆင့် သာဖြစ်ပါသည်။ နအဖခေတ်မှ ယခုခေတ်ကဲ့သို့ ရာထူးများ ဖောင်းပွမှုမရှိပါ။
ဦးနေဝင်းက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကိုဖွဲ့စည်းလိုက်ပြီးနောက် အရပ်ဘက်တွင် ပြည် သူ့ကောင်စီအဆင့်အဆင့်အပြင် မြို့နယ်အလိုက် ပါတီယူနစ်များ၊ပါတီစိပ်များကို ဖွဲ့စည်းစေခဲ့သည်။ အလားတူပင် တပ်ရင်းအသီးသီးတွင်လည်း တပ်စုလိုက် တပ်ခွဲလိုက်နှင့် တပ်ရင်း ပါတီကိုယ်စားလှယ်များကိုတပ်ရင်း အလိုက်ရွေးချယ်စေခဲ့၏။ ထိုသို့ရွေးချယ်စေခဲ့ရာတွင် မှော်ဘီတပ်နယ်ရှိတပ်ရင်း များ လည်းပါ၀င်ပေသည်။ မှော်ဘီတပ်နယ်တွင် ထောက်ကြန့်ဘက်မှသွားလျှင် ပထမဦးဆုံးတွေ့ရမည်မှာ လှော်ကားလမ်းခွဲအလွန် ကိုးလုံးကွင်း၊သန္ဒေပင်ရွာတွင် အမှတ်(၂)တင့်ကားတပ်ရင်း၊နောက်တဖန် (၃၃၃) ဆေးတပ်ရင်း၊မှော်ဘီတပ်နယ်စျေးရှေ့တွင် အမှတ်(၁)ရှမ်းသေနတ်ကိုင်တပ်ရင်း ၄င်းနောက် တပ်ရင်း (၁၆)ခေါ် လေထီးတပ်ရင်းနှင့် (၅၀၁)လေတပ်ရှိပါသည်။ နောက်ပိုင်းတွင် တင့်ကားတပ် ရင်းနှင့် ဆေးတပ်ရင်းကြားကွက်လပ်တွင် ပြည်သူ့ဆက်ဆံရေးနှင့် နယ်လှည့်ဖျော်ဖြေ ရေးတပ် လာ ရောက် အခြေချကာ နောက်ပိုင်း မြဝတီရုပ်သံဖြစ်သွားပါသည်။ထိုအချိန်က တပ်မတော်သား ပါတီကေ ဒါများကို ပထမအဆင့် တပ်တွင်းပညာပေးသင်တန်းကျောင်း (ယခု ချော်တွင်းကုန်းရှိ၊လူငယ်စောင့် ရှောက်ရေး သင်တန်းကျောင်း)တွင် နိုင်ငံရေးသင်တန်းတက်ရပါသည်။ ထိုကျောင်းမှ အဆင့်မြင့်ဖြင့် အောင်မြင်သူများကိုမူ ဗဟိုနိုင်ငံရေးသိပ္ပံ (နောင်နိုင်ငံရေး တက္ကသိုလ်၊ယခု တပ်မတော်ဆေးရုံကြီး ခြေတုလက်တုဌာန)တွင်သင်တန်းတက်စေခဲ့ပါသည်။ ထိုသူများကို တပ်တာဝန်အပြင် အရပ်ဘက် တွင်လည်း ပါတီတာဝန်များထမ်းဆောင်စေခဲ့သည်။
တင်ပြလိုရင်းက ပါတီကိုယ်စားလည်များရွေးချယ်ပွဲပင်ဖြစ်ပါသည်။ ထိုနေ့နံနက် (၈)တွင် အမှတ်(၂)တင့်ကားတပ်ရင်း၌ ပြုလုပ်သောကိုယ်စားလှယ်ရွေးပွဲသို့ တိုင်းမှူးဗိုလ်မှူးကြီးသူရတင်ဦး လာမည်ဖြစ်ပါသည်။ ထုံးစံအတိုင်း ထိုနေ့မတိုင်မီကပင် တပ်ရင်းမှူးနှင့် တပ်ခွဲမှူးများ တိုင်ပင်ကာ တပ်ခွဲလိုက်ကိုယ်စားလည်များကို သတ်မှတ်ပေးထားပြီး ထိုနေ့တွင် မည်သည့်ရဲဘော်က မည်သူ့ ကိုအဆိုတင် မည်သူက ထောက်ခံ စသည်ဖြင့် ဇာတ်တိုက်ထားပြီးသားဖြစ်ပေသည်။ တိုင်းမှူးရောက် သည်နှင့် ထိုအတိုင်းဆောင်ရွက်ရန်သာဖြစ်ပါသည်။ တိုင်းမှူးရောက်လာပြီး အခန်းအနားစတင်သည် နှင့် တိုင်းမှူးက စကားပြောပါသည်။ သူပြောသည်က လိုရင်းကိုတိုတိုနှင့်ပြောလိုက်ခြင်းပါပေ။ “မင်းတို့ ကို မင်းတို့တပ်ခွဲမှူးတွေက ရွေးချယ်ခိုင်းထားတဲ့လူတွေကို ကြိုက်ရင်ရွေး မကြိုက်ရင် မင်းတို့ ကြိုက်တဲ့ လူကိုရွေးနိုင်တယ် မင်းတို့ဘာမှမဖြစ်စေရဘူး ငါတာဝန်ယူတယ်”ဟူ၍ဖြစ်ပါသည်။ ရဲဘော် များ၏ မျက်နှာများက ၀င်းလက်သွားသလို အရာရှိများ၏မျက်နှာများက ညိုးမှိန်သွားပါသည်။
သို့နှင့်ပင် မိမိကြိုက်သူကို အဆိုတင်လိုက် ထောက်ခံလိုက်၊ တပ်ရင်းမှူးနှင့်အရာရှိများကို ကြောက်လန့်သူများက ကန့်ကွက်လိုက်နှင့် အစည်းအဝေးက နံနက် (၁၁)နာရီထိုးသည့်တိုင် မပြီး သေးပါ။ ထိုအခါ တိုင်းမှူးက “ (၁၁) နာရီထိုးပြီ၊ထမင်းစားချိန်ရောက်ပြီ၊ ငါလည်းဗိုက်ဆာတယ် မင်းတို့လည်းဗိုက်ဆာမှာပဲ တပ်ရင်းမှူး တန်းဖြုတ်ပါ” ဟုအမိန့်ပေးလိုက်သဖြင့် အစည်းအဝေး နားပါသည်။
မူလက အစည်းအဝေးအမြန်ပြီးဆုံးမည်ထင်ပြီး တိုင်းမှူးကိုထမင်းကျွေးရန်အစီအစဉ်မရှိသဖြင့် ပြင်ဆင်ထားခြင်းမရှိပါ။သို့ကြောင့်ပင် တပ်ရင်းရှိ အရာရှိများက တပ်ကကားများဖြင့် ထောက်ကြန့်နှင့် မှော်ဘီသို့ပြေးကာ စားစရာဝယ်ခိုင်းပြီး အမြန်ဆုံးပင် တိုင်းမှူးထမင်းပွဲကိုပြင်ဆင်လိုက်ပါသည်။ ထမင်း ပွဲပြင်ထားပြီးနောက် တိုင်းမှူးကိုကြည့်ရာမတွေ့သဖြင့် လိုက်ရှာခိုင်းရပါတော့သည်။ တပ်ရင်းအရာခံ ဗိုလ်ဖြစ်သူ အရာခံဗိုလ်စောမောင်ပြေးလာပြီး “တိုင်းမှူးက ဟိုပိန္နဲပင်အောက်မှာ ရဲဘော်တွေနဲ့အတူ ထိုင်စားနေပြီ” ဟုသတင်းပို့ပါသည်။ ထိုအခါမှပင် အရာရှိများ ကိုယ်စီပန်းကန်ဆွဲကာ တိုင်းမှူးရှိရာသို့ အပြေးသွားကြပါတော့သည်။
အဖြစ်က သည်လိုပါ တန်းဖြုတ်လိုက်သည်နှင့် တိုင်းမှူးက အနီးရှိ လူပျိုလိုင်းသို့သွားကာ ထမင်းပန်းကန်နှင့် မတ်ခွက်တခွက်တောင်းပြီး ရဲဘော်များစားရိပ်သာတွင် တန်းစီကာ ထမင်ပန်း ကန်ထဲသို့ဟင်းထည့်ခိုင်းပြီး မတ်ခွက်ဖြင့်ပဲဟင်းယူကာ သစ်ပင်အောက်တွင် ရဲဘော်များနှင့်အတူ မြေကြီးပေါ်ထိုင်လျှက် အားရပါးရစားနေပါတော့သည်။ထိုထမင်းဝိုင်းတွင် တိုင်းမှူးက ပဲဟင်းမစား ရတာကြာပြီ၊ မင်းတို့တပ်ကပဲဟင်းက တယ်ကောင်းပါလား။ မင်းကဘယ်မြို့ကလဲ၊ စစ်သက်ဘယ် လောက်ရပြီလဲ စသည်ဖြင့် ရင်းရင်းနှီးနှီး ထိုင်စားကာ ရယ်ရယ်မောမောဖြင့် ပွဲကျနေပါတော့သည်။
ဒုတိယ တွေ့ဆုံခြင်း
ထောက်ကြန့်နှင့် လှည်းကူးသွားကားလမ်းဘေးရှိ ချောင်းကို ဘားလားချောင်းဟုခေါ်ပါသည်။ အနီးတွင်လည်း ဘာလားကျေးရွာရှိပါသည်။ ထိုဘာလားချောင်း ကောနေသဖြင့် ရေမစီးပဲ အနီးရှိကျေး ရွာနှင့်လယ်ယာများအပေါ် ရေလျှံမည်ကို ကာကွယ်ရန်အတွက် မှော်ဘီတပ်နယ်ရှိ တပ်ရင်းအသီးသီးမှ စုပေါင်းလုပ်အားပေးကာ ချောင်းကိုဖော်ကြ ရပါသည်။ ထိုပွဲတွင် တိုင်းမှူးကိုယ်တိုင်လာရောက်ပါသည် အရာရှိကော အခြားအဆင့်များပါ ကိုယ့် ခွဲတမ်းနှင့်ကိုယ် မြေပေါက်ခြင်း မြေသယ်ခြင်းများကိုဆောင် ရွက်ကြရာတွင် တိုင်းမှူးကိုယ်တိုင် သူ့အ တွက်ခွဲတမ်းယူကာ တိုင်းမှူးကမြေပေါက် တိုင်းမှူးကတော် က မြေကြီးတောင်းကိုခေါင်းပေါ်ရွက်ကာ လုပ်အားပေးသည်ကို ကိုယ်တိုင်ကြုံခဲ့ပါသည်။
အတန်ကြာအထိ မြေပေါက်ပြီးနောက် တိုင်းမှူးက ရေသောက်ရန် ကားလမ်းဘေးသို့တက် သွားရာ လေတပ်မှ အရာရှိအချို့က ရွက်ဖျဉ်အမိုးတခုအောက်တွင် ဓာတ်ဘူးများထောင်ကာ လဘ္ဖက် ရည် ကော်ဖီနှင့် မုန့်များစားသောက်နေကြသည်ကို တိုင်းမှူးတွေ့မြင်လိုက်ရာ “ဟေ့ ဒါပျော်ပွဲစား ထွက်လာတာမဟုတ်ဘူးကွ အလုပ်လာလုပ်တာ အခုထစမ်း။ ဟေ့ ဟေ့လာစမ်း သူတို့ကိုလည်း ခွဲတမ်း မြေတိုင်းပေးလိုက် အများနည်းတူလုပ်ပါစေ မင်းတို့ခုချက်ချင်း သွားလုပ်ကြ”ဟုပြောလိုက်ရာ ထိုအ ရာရှိများ အကျီ င်္များချွတ်ကာ ချောင်းရှိရာသို့ ပြေးဆင်းသွားကြကာ သူတို့အတွက်တိုင်းပေးထားသော နေရာတွင် ပေါက်ပြားဖြင့် ပေါက်သူကပေါက် မြေသယ်သူကသယ်နေကြပါတော့သည်။
စာရေးသူ ကိုယ်တိုင်တွေ့ဆုံခဲ့ရသော အတူဆောင်ရွက်ခဲ့ရသော စစ်သားကောင်းပီသသူ၊ ထို့ထက်ယောကျင်္ားကောင်းပီသသူ စာရေးသူတို့၏တိုင်းမှူး၊နောင်တွင် တပ်မတော်တခုလုံး၏ခေါင်း ဆောင် ကာကွယ်ရေးဦးစီးချုပ်ဟောင်းကြီးက ယခုအခါတွင် ကျှန်တော်တို့လူထုခေါင်းဆောင်နှင့် လက်တွဲကာ အသက်အရွယ်ကိုပင် အမှုမထားပဲ တိုင်းပြည်အတွက် နေ့မအားညမအား နိုင်ငံတနံ တလျား လှည့် လည် ဆောင်ရွက်နေသည်ကို မြင်တွေ့ သိရှိရပေရာ လေးစားစွာ ဦးညွတ်ရုံမျှမက ကြည်ညိုစွာဖြင့် လက်အုပ်ချီ ကန်တော့မိပါကြောင်း ပီတိမျက်ရည်ဝဲလျှက်။
World Myanmar

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...