ဟက်ကာ
Popular Myanmar
...................
ဦးနေဝင်းသာ မြင်လျှင်
၁၉၆၂ ခုနှစ်မှ ၁၉၈၈ အထိ မြန်မာနိုင်ငံ၏အာဏာရှင်ဖြစ်ခဲ့သူ ဗိုလ်ချုပ်ကြီးနေဝင်းသာ ကနေ့သက် ရှိထင်ရှားရှိနေခဲ့လျှင် သူ၏တစ်ပါတီ ဆိုရှယ်လစ်စနစ်ကို အမွေဆက်ခံ
သည့်အစိုးရအပေါ်မည်သို့များ တွေးထင်လေမည်နည်း။ နိုင်ငံတော်အေး ချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဟူသည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ၏ သိသာထင်ရှားသော စစ်အစိုးရကို ၂ဝ၁၁ ခုနှစ်တွင် အစားထိုးလိုက်သည့် သမ္မတဦးသိန်းစိန်နှင့် ပါတီစုံနိုင်ငံရေးသည် ဦးနေဝင်း ကြိုးပမ်းတည်ဆောက်ခဲ့သည့် မြန်မာ့ ဆိုရှယ်လစ်လမ်း စဉ်ပါ တီနှင့် ပကတိဆန့်ကျင်ဘက် ဖြစ်နေချေသည်။ ပြည်တွင်းမငြိမ်မသက်မှုများအကြားဝယ် အာဏာကို စွန့်လိုက်ရပြီး နောက် ထိုစဉ်က စင်ကာပူနိုင်ငံခေါင်းဆောင် ဝန်ကြီး ချုပ် မစ္စတာလီကွမ်းယူကို ဦးနေဝင်းက ဝန်ခံခဲ့သည်မှာကား၊ တိုင်းပြည်၏ ထိုသို့ သော အခြေအနေဝယ် သူ့နေရာကို ဆက်ခံရမည့် ခေါင်းဆောင်သည် ကြီးစွာပင်အ ဆင် မပြေ ဖြစ်လိမ့်မည်ဟူ၏။ အာဏာရှင်အိုကြီး သည် သူ့ဘဝ၏နောက်ဆုံး ဆယ်စု နှစ်များဝယ် ဝိပဿနာတရားဘာဝ နာ အားထုတ်ခြင်းဖြင့် ငြိမ်းချမ်း ခြင်းကို ရှာဖွေခဲ့သည်။ သူ့အရိုက် အရာကိုဆက်ခံလျက်ရှိသည့် ယနေ့ အရပ်သားအသွင်ပြောင်း စစ်ဗိုလ် ချုပ်ကြီးများကို သူမည်သို့ ထင်မြင် လေမည်နည်း။
အံ့သြဖွယ်ပင်လျှင် သူမနှစ်မြို့ စရာ အချို့ကို တွေ့ရပေလိမ့်မည်။ တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒ ကို ဟန်ချက်မျှပေးခြင်းများ ဖြစ် သည့် အမေရိကန်နှင့် ထူးထူးခြား ခြား ဆက်ဆံလာခြင်းနှင့် အနောက် နိုင်ငံများနှင့်ပွင့်လင်းစွာ ဆက်ဆံ လာခြင်းတို့ကမူ သူ့အားနှစ်ထောင်း အားရ ဖြစ်စေလိမ့်မည်။ စစ်အေး တိုက်ပွဲအရှိန်မြင့်နေချိန်၊ ဦးနေဝင်း ၏ မြန်မာနိုင်ငံသည်လည်း ဘက်မ လိုက် နိုင်ငံများထဲတွင်ပင် အထူး ဘက်မလိုက်ဆုံးဖြစ်နေချိန်၊ တစ် ဖက်ဖက်သို့ ယိမ်းသော လှုပ်ရှားမှု များကို မပြုလုပ်ချိန်မျိုးကာလတွင် ပင် ဦးနေဝင်းသည် သူ့တပ်မတော်အတွက်လေ့ကျင့်ရေးများကို အမေရိကန်နှင့်ဗြိတိန်ကဲ့သို့သောအနောက် နိုင်ငံများမှသာလျှင် ရယူခဲ့သည်။ သူ့အရိုက်အရာ ဆက်ခံသူ သည် စစ်တပ်က လုံးလုံးလျားလျား အာဏာရှိနေသောနှစ်များအတွင်း တွင်ပင်အထောက်အပံ့များ၊ ကူညီ စောင်မမှုများအတွက် တရုတ်နိုင်ငံ အပေါ်အထူးအားထား မှီခိုနေ ခြင်းမှာမူ သူ့အတွက် သိသိသာသာ ပင် ကသိကအောက်နိုင်လှ၏။ စစ်လက်နက်ကိရိယာများ အနေဖြင့် လည်း အနောက်နိုင်ငံများမှ ထုတ်လုပ်သော ပစ္စည်း များမှာ အကောင်း ဆုံးဖြစ်ကြောင်းသူသိသည်။ စျေးကြီးပေမယ့် ဝယ်လို့ရသည်။ အနောက်ဂျာမနီသည် စစ်လက်နက်နည်းပညာနှင့်ပတ်သက်၍ ဦးနေ ဝင်းသဘောကျ ခဲ့သော နိုင် ငံတစ်ခု ဖြစ်၏။
ပြည်သူပိုင်လုပ်ငန်းများရှိနေ သေးသရွေ့ မြန်မာ့စီးပွားရေးတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့်ပတ် သက်၍လည်း သူ ထူးထူးခြားခြား စိတ်ထိခိုက်လိမ့်မည်မဟုတ်။ မြန် မာ့ သဘာဝ အရင်းအမြစ်များနှင့် သယံဇာတတို့ကို လိုချင်သည့်အ ချိန်တွင် ထုတ်သုံး၍ရစေရန် သူ ထိန်းသိမ်းထားခဲ့သလို သူအာဏာ လွှဲပေးခဲ့ပြီးနောက် စစ်အေးကာလ အ ဆုံးသတ်သွားခြင်းနှင့် အနောက် တိုင်းမှ စီးပွားရေး ပိတ်ဆို့မှုများကို ပြဋ္ဌာန်းလိုက်သည်တွင် ဒါတွေ လို အပ်လာမည် ဖြစ်ကြောင်းကိုလည်း သူသံသယ ရှိခဲ့မည်မဟုတ်။ ဦးနေ ဝင်း၏ နောက်ဆုံး ပြည်ပခရီးစဉ်မှာ တက္ကဆက်နှင့် အိုကလာဟိုးမားတို့ ဖြစ်ပြီး ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေရေးနှင့် အမေရိကန်၏နည်း ပညာ များဖြင့် မြန် မာနိုင်ငံကို တိုး တက်စေရေးတို့ကို ဆွေးနွေးခြင်း ဖြစ်သည်။သို့ပင်သော်ငြား ဦးနေဝင်း စိတ်ထိခိုက်ဖွယ်ရာ မြန်မာနိုင်ငံ၏ အခြားကဏ္ဍများ ရှိသေးသည်။
အကယ်၍ ဦးနေဝင်းသာ ရှိနေသေးလျှင် သူ့အရိုက်အရာကို ဆက်ခံသူနှင့် ဦးသိန်းစိန်တို့ အဖွဲ့အနေဖြင့် ဗုဒ္ဓဘာသာကိုင်းရှိုင်းမှုအား အကြိမ်ကြိမ်ကျော့၍ ဆက်တိုက် ပြ သနေခြင်းကို ရှောင်ကြဉ် ရန် အကြံပေးပေလိမ့်မည်။ ယခင် နိုင်ငံတော်အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီနှင့် သူ့ရှေ့က နိုင်ငံတော်ငြိမ် ဝပ်ပိပြားမှု တည် ဆောက်ရေးကောင်စီ အစိုးရခေတ် များကဆိုလျှင် မြန်မာ့ရုပ်သံသည် ရောင်စုံ ထုတ်လွှင့်သည်ဆိုသော် ငြား အရောင်နှစ်ရောင်သာရှိပြီး၊ သံဃာတော်တို့၏ သ င်္ကန်းရောင် နှင့်စစ်သားတို့၏ ယူနီဖောင်း အ ရောင်သာဖြစ်ကြောင်း ရန်ကုန် တွင် ရံဖန်ရံခါ နောက်ပြောင်ပြော ဆိုလေ့ရှိကြသည်။ စစ်ဗိုလ်ချုပ်ကြီး တို့သည် ထင် ရှားေ ကျာ်ကြား လူသိများ သောသံဃာတော်ကြီးများကို နေ့စဉ်လိုလိုပင် အရိုအသေပြုပူ ဇော်သမှုပြုကြသည်။ ယခုအရပ်သားဝန်ကြီးများဖြစ် လာကြတော့ လည်း ထိုစဉ်က အတိုင်းပင်။ ဦးနေဝင်းကမူ သူ့ရှေ့က ခေါင်းဆောင်ဖြစ်သူ လွတ်လပ်ရေးအာဇာနည် ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ပင်လျှင် နိုင်ငံရေးနှင့် ဘာသာရေးကို သူ့အ ကန့်နှင့်သူ ခွဲ ထားခြင်းအား ခိုင်ခိုင်မာမာ ယုံကြည်သူဖြစ်၏။ မြန်မာ နိုင်ငံ၏ မြို့နှင့်နယ်အချို့ဝယ် ငြိမ်း ချမ်းမှုကို ထိန်းသိမ်းရန် ကြီးမား သော ပြဿနာတစ်ခုဖြစ်လေ့ရှိခြင်းကို သူ သေ ဘာပေါက်ခဲ့ပါသည်။ မည်သို့ပင်ဆိုစေ ပြည်ပနိုင်ငံများက ”ရိုဟင်ဂျာ” ဟု ကင်ပွန်းတပ် ခေါ်ဝေါ်နေကြသည့် ဘင်္ဂါလီမူဆ လင်များ အကြီးအကျယ် လူဦးရေ တိုးပွားနေ မှု အပေါ် ရှေးရှုသည့် ယခု လက်ရှိအစိုးရ၏ အထူးအငြင်းပွား ဖွယ်မူဝါဒများကို သူ ကန့်ကွက်ရန် ရှိမည်မဟုတ်။ သူ့အစိုးရလက်ထက်က ရေးဆွဲခဲ့သည့် နာမည်ကျော် ၁၉၈၂ ခု နိုင်ငံသား ဥပဒေအရမူ အဆိုပါ နိုင်ငံမဲ့များကို နိုင်ငံသားဖြစ်ခွင့် ပြင်ပတွင်သာထားခဲ့သည်။
အနော်ရထာ၊ ဘရင့်နောင်နှင့် အလောင်းဘုရားတို့ကို ခေတ်သစ် မြန်မာ့တပ်မတော်၏ ရှေ့တော် ပြေးများအဖြစ် ဦးသန်းရွှေ၏ ချီးမြှောက် ချီးကျူးမှုကိုလည်း ဗိုလ် ချုပ်အောင်ဆန်း ကဲ့သို့ပင်လျှင် ဦးနေဝင်းက ထောက်ခံအားပေး လိမ့်မည်မဟုတ်။ မြေရှင်ပဒေသ ရာဇ် သက်ဦးဆံပိုင်ဘုရင်တို့သည် သူတို့၏ ပြည်သူများအား ဖိနှိပ်ရုံမျှ မကဘဲ တိုင်းရင်းသားလူနည်းစု များစွာနှင့် ပြည်မရှိ လူများစုတို့အကြား ပဋိပက္ခကိုလည်း ဖန်တီးခဲ့ကြ သေးရာခေတ်မီ မြန်မာ့တပ်မတော်၏ ရှေ့တော်ပြေးကို ဗိုလ် ချုပ်ေ အာင်ဆန်းအတွက်သာ သီးသန့်ထိန်းသိမ်းထားပေလိမ့်မည်။၂ဝ၁၁ ခုနှစ် နောက်ပိုင်းပါတီစုံနိုင်ငံရေးကို မိတ်ဆက်ခြင်းနှင့်ပတ်သက်၍ ဦးနေဝင်းသည် အနည်းငယ် စိတ် မတင်မကျ ဖြစ်ဖွယ်ရှိ၏။ မည်သို့ပင်ဆိုစေကာမူ ၁၉၈၈ ခုနှစ်ဝယ် ဆိုရှယ်လစ်ပါတီ ၏ ဥက္ကဋ္ဌအဖြစ်မှ အငြိမ်းစားယူသည့်မိန့်ခွန်းတွင် သူအကြံပြုခဲ့ သည့်အတိုင်း ဒုံရင်းပြန်ဆိုက်ခြင်းပင်ဖြစ်ပါသည်။ ဘယ်လိုပဲဖြစ်ဖြစ် ၁၉၅ဝ လောက်ကသူကြုံခဲ့ဖူးသည့် ပါတီစုံနိုင်ငံရေးအတွေ့အကြံုအရတော့ ထိုပြောင်းလဲမှုမျိုး၏ အကျိုးသက်ရော က်မှုကို သတိထားစေလိမ့်မည် ဖြစ်၏။ သူ့အနေဖြင့်မူ ပါတီနိုင်ငံရေးအကြောင်းပြောခဲ့ သူ၊ ငွေအကြောင်းပြောခဲ့ သူဖြစ်ပြီး၊ ငွေ အကြောင်းပြောခဲ့ကာ အကျင့်ပျက် လာဘ် စားမှုအကြောင်းပြောခဲ့သူပင်ဖြစ်လေ၏။
ဦးနေဝင်းအနေဖြင့် တစ်ပါတီစနစ်ကျင့်သုံးစေရခြင်းမှာ ပါတီချင်းပြိုင်ဆိုင်သည့် နိုင်ငံရေးကြောင့် ဖြစ်ပေါ်လာသည့် မဖြစ်နိုင်သော ကတိစကားများနှင့် ဆွယ်တ ရား ဟောခြင်းတို့ကို တားဆီးရှောင်ရှား ရန်ပင်ဖြစ်သည်။ သူ့အနေဖြင့် စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်များကို သူ့ပါတီနှင့် အစိုးရ၏ ပင်စည်အဖြစ်တာဝန်ပေး ခဲ့ခြင်းမှာပါတီက သူ့ အပေါ်တွင်သစ္စာရှိစေရန်အတွက် သာမက မြန်မာ့လူ့အဖွဲ့အစည်း၏ အကျင့်ပျက်လာဘ်စားမှု အနည်းဆုံးကဏ္ဍ၏လက်တွင်းသို့ ပါတီကိုအပ်နှင်းစေလိုခြင်းပင် ဖြစ်သည်။
ဦးနေဝင်း အစိုးရ လက်ထက်ဝယ် အများပြည်သူကို အကျင့်သိက္ခာ စောင့်စည်းမှုဖြင့် ချဉ်းကပ်ခဲ့ခြင်းကတော့ မှတ်သားဖွယ်ပင် ဖြစ်လေ၏။ မြင်းပြိုင်ခြင်း၊ မယ်ပြိုင်ပွဲ များ ကျင်းပခြင်း၊ မိမိချမ်းသာ ကြွယ်ဝမှုဖြင့် မော်ကြွားခြင်းအစ ရှိသည်တို့ကို အမြော်အမြင်ကြီးစွာပင် ရှောင်ရှားစေခဲ့ပြီး၊ မြန်မာ့ ဓလေ့ထုံးတမ်းစဉ်လာတို့ကို အားပေးမြှောက် စားခဲ့ကာ နောင်အရှည် ကြီးပွားရေးအတွက် နိုင်ငံ၏ သယံဇာတတို့ကို အလေအလွင့်မရှိစေရန် စီစဉ်ခဲ့သည်။ လောင်းကစားကို တားမြစ်ခဲ့ရခြင်း မှာ လောင်း ကစားအမှု ဝယ်ပျော်မွေ့သူတစ်ဦးသည် သူ့ဘဝတက်လမ်းကို ပျက်စီး စေသည်ဟု သူယုံကြည်ခဲ့သော ကြောင့်ပင်ဖြစ်၏။ ယနေ့အခါသိသိသာ သာကြီးတွေ့နေရသည့် မျက် စိ နောက်ဖွယ်ရာကားများ၊ စျေးကြီးသောစားသောက်ဆိုင်များ၊ မယ်ပြိုင်ပွဲများနှင့် ဝီစကီ၊ ဝိုင်တင်သွင်းမှုများသည် အနောက်တိုင်း၏ ရွံရှာ စက်ဆုပ်ဖွယ် ရူးကြော င်ကြောင် အကျင့်စရိုက်များဟု သူယူဆပေလိမ့်မည်။ အလားတူပင် ငွေကုန်ကြေးကျများပြီး ကြွားဝါရုံ သက်သက်ဖြစ် သည့် နေပြည်တော်မြို့တော်သစ် တည်ဆောက်ခြင်းကိုလည်း သူဘဝင်ကျလိမ့်မည် မဟုတ်။ အမျိုးသား စီးပွားရေးဖြင့် မြန်မာနိုင်ငံကို ဆိုရှယ်လစ်သုခဘုံဆီသို့ သွတ်သွင်းခြင်းနှင့် မိမိတို့၏အ ရင်းအမြစ်များနှင့်ပင် ကိုယ့်နည်း ကိုယ့် ဟန်ဖြင့် ဖွံ့ဖြိုးတိုးစေခြင်း မအောင်မြင်တော့သည်ကို ၁၉၈၈ ခုနှစ်ထက် မစောလျှင်သော်မှ ထိုအချိန်တွင်ပင် သူသိခဲ့ပါသည်။
၁၉၇ဝ ခုနှစ်များဝယ် အမေရိကန်အခြေခံ အနောက်တိုင်းယဉ်ကျေးမှုက ထိုင်းတို့ကို အကြီးအကျယ်လွှမ်းမိုးလာခြင်းကိုလည်း သူမြင်တွေ့ခဲ့ပါသည်။”အမေရိကန်ခေတ်” ဟုပင် ထိုင်းကို ခေါ်ဝေါ်လာကြသည့်အဖြစ်မျိုး မြန်မာနိုင်ငံတွင် ဖြစ်လာမည်ကို သူမလိုလားခဲ့ပါ။ ၂ဝ၁၁ ခုနှစ်မှ စတင်၍ ဦးနေဝင်း ခန့်မှန်းခဲ့သ လိုပင် နိုင် ငံ ခြား သား များ မြန်မာနိုင်ငံသို့ လှိမ့် ဝင်လာခဲ့ကြပြီး နိုင်ငံ၏မကျန်းမာမှုအတွက် ရမ်းကုမှန်းကုနည်းလမ်းအမျိုးမျိုးကိုလည်း ကမ်းလှမ်းလာကြတော့ ၏။ မြန်မာ လူမျိုးဆိုသည်မှာ သူ တို့ကို သီးခြားထားလိုက်ပါက သူ့နည်းသူ့ဟန်ဖြင့် လုပ်ကိုင်သွားတတ်ကြပြီး၊ ယင်းကသာလျှင်အကောင်းဆုံးနည်းလမ်းဟု သူ ထင်ခဲ့ပါသည်။
ဦးနေဝင်းထက် မိမိတို့ကပိုသိ သည်ဟုထင်ကြသူများကမူ နောက် ပိုင်းတွင် ဦးနေဝင်းနှင့် သူ၏ခေတ် ပြိုင်မျိုးဆက်များ ကမ္ဘာတွင် ထင် ရှားခဲ့စဉ်က ပုံစံမျိုး ပြန်လုပ်ကြ သည်။ ဦးနေဝင်းသည် မြန်မာ့ဆို ရှယ်လစ်လမ်းစဉ်ကိုသူ တစ်ဦး တည်း ဖန်တီးခဲ့ခြင်းမဟုတ် စိတ်ပါ လက်ပါကူညီသူတွေအများကြီး ရှိ ခဲ့သည်။ ဦးနေဝင်းနှင့် သူ၏ခေတ် ပြိုင် မျိုးဆက်သည် ဗြိတိသျှ၊ အိန္ဒိယ၊ နိုင်ငံခြား အရင်းရှင်များ အစရှိသည့် မြန်မာနိုင်ငံကို ပြည်ပ အုပ်စိုးခဲ့သည့် ကိုလိုနီခေတ်တွင် ကြီးပြင်းလာခဲ့ကြသူများ ဖြစ်သည်။ ဗြိတိသျှ ဘားမားကုမ္ပဏီ၏ စီးပွားရေးစနစ်နှင့် နိုင်ငံရေးစနစ် ဖွဲ့စည်းပုံများဝယ် မြန်မာတို့ နင်း ပြားဖြစ်ခဲ့ကြသည်။ ဒါကို ထိပ်ဆုံး သို့ သူပြန်တင်သည်။ ဆင်းရဲပေမယ့် ဂုဏ် ရှိသည်။ သူသာ ယနေ့အထိ သက်ရှိထင်ရှားရှိနေပါက မြန်မာ ပြည်သူတို့အနေဖြင့် ချမ်းသာကြွယ်ဝနေလျှက်ကပင်လျှင် ဇာတိပုည ဂုဏ်မာနကို ထိန်းသိမ်းနိုင်ကြလေ သ လားဆိုသည်ကို သူသိချင်ပေလိမ့်မည်။ ”ကိုယ့်လူတွေဟာ ဆင်း ရဲဒဏ်ကို ခံနိုင်ကြပေမယ့် ချမ်း သာတဲ့ ဒဏ်ကိုကျတော့ မခံနိုင်ကြဘူးကွ”ဟု သူတစ်ခါ က ပြောခဲ့ ဖူး သ လိုပင် ဖြစ်တော့သတည်း။
ဟက်ကာ