Posted by admin on July 10, 2014
အရင္ေခတ္က ဧၿပီလဆုိရင္ စစ္တကၠသုိလ္ ေက်ာင္းဆင္းပဲြလုပ္ေလ့ရွိတယ္။ ဒီေတာ့ စစ္အာဏာရွင္ ကာခ်ဳပ္ႀကီးက ေက်ာင္းဆင္းပဲြတက္ရင္ သမီးေတာ္ေတြကလည္း ျပင္ဦးလြင္ကုိ ေႏြဦးရာသီ သႀကၤန္ အပန္းေျဖခရီး လိုက္ေလ့ရွိၾကတယ္။ ဒီေတာ့ တစ္ေထာက္နားရာက မႏၲေလးေပါ့ဗ်ာ။ မႏၲေလးက တပ္ေတြကလည္း သမီးေတာ္ေတြ လာမယ္ဆုိရင္ကုိ ေၾကာက္ေနၾကတာ။ တစ္ေခါက္တစ္မ်ဳိး မ႐ုိး ရေလေအာင္ ႏွိပ္စက္လြန္းလို႔ေလ။ သမီးေတာ္ဆုိတဲ့ အေခၚအေ၀ၚကုိလည္း သူတုိ႔နားထဲမွာ သာယာေနေလေတာ့ ျပင္ဦးလြင္ခရီးစဥ္ တစ္ခုမွာဆုိရင္ ကားေပၚမွာ လက္တုိလက္ေတာင္း ခုိင္းဖို႔လိုက္ရတဲ့ တပ္မွဴးကေတာ္ တစ္ေယာက္က “ဟုတ္ကဲ့သမီး”လို႔ ေျဖမိတာကုိ သမီးေတာ္လို႔ မေခၚရေကာင္းလားဆုိၿပီး မ်က္မာန္ေတာ္ရွ။ ကားကုိ ခ်က္ခ်င္းရပ္ခုိင္းၿပီး ကားေပၚကေန ေမာင္းခ်ဖူး တာေတြကလည္း အားလံုး သိေနေလေတာ့ အဲဒီ့မိသားစု လာမယ္ဆုိရင္ကုိ အလယ္ပုိင္းတုိင္း စစ္ဌာနခ်ဳပ္ တစ္ခုလံုး သံဗုေဒၶ ရြတ္ေနၾကရတာ။
ဒီတစ္ေခါက္ေတာ့ ညေနလည္း ေစာင္းေရာ သမီးေတာ္ေတြက အမိန္႔ေတာ္ ထုတ္ပါတယ္။ မႏၲေလး ေတာင္ေျခက သုဓမၼာဇရပ္ေတြမွာ ညစာဒင္နာ စားခ်င္ပါသတဲ့။ အဲဒါမွ တကယ့္ျပႆနာ။ အဲဒီ့ကာလက သုဓမၼာဇရပ္ေတြဆုိတာ အေျခအေနမဲ့ေတြနဲ႔ သူေတာင္းစားေတြပဲ ေနတဲ့ေနရာ။ ဖုန္တေသာေသာနဲ႔ ျမက္ေတြ အမႈိက္ေတြက ဒင္းၾကမ္း။ ဒါေပမဲ့ သမီးေတာ္ေတြ မ်က္မာန္ရွမွာကုိ ဘယ္သူမွ မခံရဲေလေတာ့ စစ္သား စုေဆာင္းေရးတပ္က ရဲေဘာ္ေတြနဲ႔ တပ္အသီးသီးက ရဲေဘာ္ေတြကုိ ခ်က္ခ်င္း ကားေတြနဲ႔တင္ၿပီး အဲဒီကုိ ပုိ႔ရေတာ့တယ္။ ဂ်ီအီးတပ္နဲ႔ စည္ပင္ကလည္း ေရကားေတြလႊတ္။ ပထမအဆင့္ အေနနဲ႔ အဲဒီ့မွာ အေျခခ်ေနတဲ့ အေျခအေနမဲ့ေတြ၊ သူေတာင္းစားေတြကုိ ခ်က္ခ်င္း ႏွင္ထုတ္ရတာေပါ့။ သမီးေတာ္ေတြရဲ႕ ႏွိပ္စက္ခ်က္ကေတာ့ သူေတာင္းစားေတာင္ မက်န္ပါဘူး။ ျမက္ႏုတ္သူက ႏုတ္၊ အမႈိက္လွဲသူက လွဲနဲ႔ တကယ္ဆုိရင္ ရဲေဘာ္ေတြခမ်ာ သူ႔အိမ္မွာ ထမင္းခ်က္ရမယ့္၊ ညစာစားရမယ့္ အခ်ိန္ျဖစ္ေပမယ့္ သမီးေတာ္ေတြ ႏွိပ္စက္တာနဲ႔ သုဓမၼာဇရပ္မွာ အလုပ္ေတြ ႐ႈပ္ၾကရေတာ့တယ္။
ၿပီးတာနဲ႔ ရဲေဘာ္သစ္ေတြနဲ႔ စစ္သည္ေတြက အဲဒီ့ဇရပ္ေတြက အညစ္အေၾကးေတြကုိ ေရပုိက္ေတြနဲ႔ ထုိးၿပီး သန္႔ရွင္းေရး လုပ္ရတယ္။ ၿပီးတာနဲ႔ ေအာက္က ဖေယာင္းပုဆုိးေတြ ခ်က္ခ်င္းခင္းေပါ့ဗ်ာ။ တစ္ခ်ိန္တည္းမွာပဲ ဂ်ီအီးတပ္က မီးသမားေတြက လွ်ပ္စစ္ႀကိဳးေတြ၊ မီးစက္ေတြ သယ္လာၿပီး အေရးေပၚ မီးဆင္ရေတာ့တယ္။ ၿပီးေတာ့ ထံုးစံအတုိင္း ကားလမ္းကုိ ဟုိဘက္၊ဒီဘက္ ပိတ္ဆုိ႔ၿပီး ဇရပ္ထဲမွာ စားပဲြေတြခင္း၊ ထမင္းဟင္းေတြ ျပင္ဆင္လို႔ သမီးေတာ္ေတြကုိ ညစာသံုးေဆာင္ဖို႔ အသင့္ျဖစ္ပါေၾကာင္း သတင္းပုိ႔ၾကရတယ္။
သမီးေတာ္ေတြ ႂကြခ်ီလာၿပီး စားေတာ့လည္း ဒီေလာက္ မဟုတ္ပါဘူး။ သူတုိ႔စိတ္ထဲမွာ လက္ညိႇဳးၫႊန္ရင္ ေရျဖစ္ရမယ္ဆုိတဲ့ စကားအတုိင္း စိတ္ထဲထင္တာေတြ ေလွ်ာက္ေျပာ၊ ေလွ်ာက္လုပ္ ေနၾကတာ ျဖစ္တယ္။ ေသခ်ာတာကေတာ့ သူတုိ႔မိသားစုကလဲြရင္ ဘယ္သူမွ ေပ်ာ္ေနတာ မျမင္ခ်င္ဘူး။ သူမ်ားေပ်ာ္ေနတာျမင္ရင္ မ႐ႈစိမ့္ဘူးဆုိတာပဲ။ ဒီမဟုတ္တဲ့ ေနရာမွာ ညစာတစ္နပ္စားဖို႔ ရဲေဘာ္ေလးေတြရဲ႕ လုပ္အားေတြ ဘယ္ေလာက္သံုးလုိက္ရလဲ။ မီးစက္ေတြ၊ မီးႀကိဳးေတြကုိ တစ္နာရီေလာက္ အ႐ူးေၾကာထဖို႔ ဘယ္ေလာက္ သံုးလိုက္ရသလဲ ဆုိတာေတြလည္း ေတြးမိပံု မရပါဘူး။ သူတုိ႔ျဖစ္ခ်င္တာကုိ ျဖစ္ရေစမယ္ဆုိတဲ့ စိတ္နဲ႔ ထင္ရာ ေျပာသမွ်ကုိ ေအာက္က တုိင္းမွဴးမ်ားကလည္း မိမိတုိ႔ရာထူး တည္ၿမဲဖို႔အတြက္ ျဖစ္ႏုိင္တယ္၊ မျဖစ္ႏုိင္ဘူး ခြန္းတံု႔မျပန္ရဲပဲ ျဖစ္ေအာင္ လုပ္ေပးေနၾကေလေတာ့ ေနျမင့္ေလ အ႐ူးရင့္ေလ ဆုိသလိုေတြ ျဖစ္ကုန္တယ္။
ၿမိဳ႕တစ္ၿမိဳ႕ေရာက္တာနဲ႔ ဆုိင္တကာ၀င္ၿပီး ေတြ႕သမွ် ကားေပၚဆဲြတင္လြန္းလို႔ သမီးေတာ္ေတြ လာမယ္ဆုိရင္ လာမယ့္ၿမိဳ႕က စိန္ေရႊရတနာဆုိင္ေတြမွာ တန္ဖိုးႀကီးတာ တင္မထားရဆုိတဲ့ အမိန္႔ ထုတ္ခဲ့ရတယ္။ ၿမိဳ႕ငယ္ေလး တစ္ၿမိဳ႕မွာေတာင္ သူတုိ႔၀ယ္တာေတြကုိ ရွင္းရတာ သိန္း ၄၀၀၊၅၀၀ရွိၿပီး ၿမိဳ႕ႀကီးေတြမွာဆုိရင္ သိန္းေထာင္ေက်ာ္ ၀ယ္ေလ့ရွိတယ္။ အ၀တ္အထည္ေတြ ဆုိရင္လည္း အထုပ္လိုက္ ကားေပၚဆဲြတင္ေလ့ရွိတယ္။ သက္ဆုိင္ရာ အာဏာပုိင္ေတြက ဆုိင္ေတြကုိ ယူခ်င္တာ မွန္သမွ် ေပးလိုက္၊ ၿပီးမွ ေဘာင္ခ်ာလိုက္ ျဖတ္ၿပီး ေငြရွင္းမယ္လို႔ ႀကိဳေျပာထားရတယ္။ ေျပာရရင္ အဲဒီ့သမီးေတာ္ တစ္သုိက္ ေရာက္တဲ့ၿမိဳ႕မွန္သမွ် ေ၀သာလီျပည္ ဘီလူး၀င္သလိုပါပဲဗ်ာလို႔ ေဘာင္ခ်ာ တစ္အုပ္နဲ႔ ေငြလိုက္ရွင္းရတဲ့ အရာရွိႀကီး တစ္ဦးက ရင္ဖြင့္ဖူးပါတယ္။
ခက္တာက အာဏာရွင္ ကာခ်ဳပ္ႀကီး ကုိယ္တုိင္က သူ႔သမီးေတာ္ေတြ ဘာလုပ္လုပ္ အျပစ္မျမင္႐ုံမက သူ႔သမီးေတာ္ေတြ စိတ္ဆုိးစိတ္ ေကာက္တာနဲ႔ အဲဒီ့သက္ဆုိင္တဲ့ တုိင္းမွဴးျဖစ္ေစ၊ တပ္မမွဴး ျဖစ္ေစ ေသဖို႔သာ ႀကံေတာ့ဆုိတဲ့ စိတ္ကရွိေလေတာ့ သမီးေတာ္ေတြဆုိရင္ ကာခ်ဳပ္ႀကီးထက္ ပုိအ႐ုိအေသ ေပးရတယ္။ ပုိေၾကာက္ရတယ္။ အခု ႀကံ့ခုိင္ေရး အတြင္းေရးမွဴး ဦးေဌးဦး အေနာက္ေတာင္တုိင္း စစ္ဌာနခ်ဳပ္တုိင္းမွဴး လုပ္ ခဲ့တာပဲ။ အဲဒီ့တုိင္းမွဴးေတြဆုိရင္ အဆင့္ဆင့္ ရာထူးတက္ ေလ့ရွိေပမယ့္ ဦးေဌးဦး ဘာလို႔ အရပ္ဖက္ ေရာက္သြားတာလဲဆုိတာ အတြင္းလူေတြကုိ ေမးၾကည့္ရင္ သမီးေတာ္ တစ္ေယာက္ေၾကာင့္လို႔ ေျဖပါလိမ့္မယ္။ ေငြေဆာင္က ဟုိတယ္မွာ သမီးေတာ္တစ္ပါးက သူထုိင္စရာ ဆက္တီတစ္လံုး လိုေနတဲ့ ကိစၥနဲ႔ မ်က္မာန္ေတာ္ ရွခဲ့လို႔ ျပည္ႏွင္ဒဏ္သင့္သြားတာ ျဖစ္တယ္။
ဒီလိုပါပဲ။ ၿမိတ္က ခရီးစဥ္ တစ္ခုမွာ သမီးေတာ္ တစ္ပါးက ဗုိလ္ခ်ဳပ္ႀကီး သူရေရႊမန္း ကားကုိ ခပ္တည္တည္ တက္စီးလို႔ အခုလႊတ္ေတာ္ နာယကႀကီး ႀကံဳရာကားေပၚ တက္စီးခဲ့ရဖူးပါတယ္။ အဲဒီ့ျဖစ္စဥ္မွာလည္း ေလယာဥ္ေပၚမွာ ဘယ္သူ႔ကုိ စိတ္ေကာက္မွန္းမသိဘဲ စိတ္ေကာက္ၿပီး သမီးေတာ္တစ္ပါးက ေလယာဥ္ေပၚကေန မဆင္းလို႔ ယာဥ္တန္းႀကီး တစ္ခုလံုး ရပ္ေစာင့္ေနရတာပါ။ ဆင္းလာေတာ့လည္း ပထမဆံုးကားက ကာခ်ဳပ္ႀကီးနဲ႔ သူတုိ႔အေခၚ အေမႀကိဳင္စီးဖို႔ ကား၊ ဒုတိယကားက ဒုကာခ်ဳပ္ဦးေအး စီးဖုိ႔ကား၊ တတိယကားက ၾကည္းေရေလ ညိႇႏႈိင္း ကြပ္ကဲေရးမွဴး အခုလႊတ္ေတာ္ နာယကႀကီး စီးဖို႔ကား။ ၿပီးေတာ့မွ သမီးေတာ္တစ္ပါးစီ အတြက္ ကားတစ္စီးစီ လုပ္ထားတာေလ။ သမီးေတာ္ေတြက ဘယ္ၿမိဳ႕ေရာက္ေရာက္ တစ္ေယာက္ကုိ ကားတစ္စီးပဲ။ ဘယ္ေတာ့မွ အတူတူမစီးဘူး။ စကားကုိ ျပန္ဆက္ရရင္ အဲဒီ့စိတ္ေကာက္ေနတဲ့ သမီးေတာ္လည္း ေလယာဥ္ေပၚက ဆင္းလာေရာ ယာဥ္တန္းႀကီးလည္း စထြက္တာေပါ့။ လႊတ္ေတာ္ နာယကႀကီးက ေရွ႕ဆံုးကားနဲ႔ ဒုတိယကားကုိ သြားၿပီး အေလးျပဳေနခ်ိန္မွာ သူ႔ရဲ႕ တတိယကားကုိ စိတ္ေကာက္ေနတဲ့ သမီးေတာ္က တက္တယ္။ ကားနားမွာ ေစာင့္ေနတဲ့ တပ္ထိန္းအရာရွိက ေၾကာက္ေၾကာက္ရြံ႕ရြံ႕နဲ႔ “သမီးေတာ္ ခင္ဗ်ား။ ဒါ ဗုိလ္ခ်ဳပ္ႀကီး သူရေရႊမန္းအတြက္ ကားပါ။ သမီးေတာ္ကားက ေနာက္မွာပါ” လို႔ေျပာတာကုိ လက္မခံဘဲ အတင္းတက္စီးခဲ့တာ ျဖစ္တယ္။ ဦးေရႊမန္းကေတာ့ ယာဥ္တန္းထဲက လြတ္ေနတဲ့ ႀကံဳရာကား တစ္စီးကုိ တက္စီးၿပီး ခရီးဆက္ခဲ့ရဖူးပါတယ္။
ေျပာရရင္ ဦးေန၀င္းကုိ အာဏာရွင္လို႔ ေျပာေပမယ့္ ဦးေန၀င္း သားသမီးေတြ ဒီေလာက္မဆုိးခဲ့ပါဘူး။ ဦးေစာေမာင္ သားသမီးေတြဆုိရင္ ဘယ္သူဘယ္၀ါဆုိတာ မသိရေအာင္ကုိ အေနအထုိင္ ႐ုိးေအး ခဲ့ပါတယ္။
ဒီလိုေရးတာေတြက ဇာတ္နာေအာင္ေရးတယ္လို႔ ထင္ရင္ စာဖတ္ပရိသတ္ထဲမွာ စစ္တပ္က အသိအကၽြမ္းေတြရွိရင္ ေမးၾကည့္ပါ။ ဒီလို ေရးတာေတြက ဟုတ္မွဟုတ္ရဲ႕လားလို႔။ အဲဒီလိုေမးရင္ “ဒါေတြက အေပၚယံအကင္းပဲရွိေသးတယ္။ ဒီထက္ဆုိးတာေတြ အမ်ားႀကီး ရွိေသးတာေပါ့လို႔” ျပန္ေျဖၾကပါလိမ့္မယ္။ ေနာက္တစ္ပတ္က်ရင္ သမီးေတာ္ေတြနဲ႔ ပတ္သက္ၿပီး ရီစရာတစ္ခု ေျပာျပမယ္။ ေရေတြေရေတြ စုိကုန္ၿပီလို႔ ေခါင္းစဥ္တပ္လိုက္ဆုိၿပီး ဇာတ္ေၾကာင္းျပန္ေျပာျပေနတဲ့ ခ႐ုိနီႀကီးက သူ႔စကားကုိ ျဖတ္လိုက္ပါေတာ့တယ္။
လက္ေစာင္းထက္
Tomorrow Journal
.......................
သမီးတော်ရာဇဝင်(၂) (သုဓမ္မာဇရပ်မှာမှ ဒင်နာစားချင်တယ်) – လက်စောင်းထက်
Posted by admin on July 10, 2014
အရင်ခေတ်က ဧပြီလဆိုရင် စစ်တက္ကသိုလ် ကျောင်းဆင်းပွဲလုပ်လေ့ရှိတယ်။ ဒီတော့ စစ်အာဏာရှင် ကာချုပ်ကြီးက ကျောင်းဆင်းပွဲတက်ရင် သမီးတော်တွေကလည်း ပြင်ဦးလွင်ကို နွေဦးရာသီ သင်္ကြန် အပန်းဖြေခရီး လိုက်လေ့ရှိကြတယ်။ ဒီတော့ တစ်ထောက်နားရာက မန္တလေးပေါ့ဗျာ။ မန္တလေးက တပ်တွေကလည်း သမီးတော်တွေ လာမယ်ဆိုရင်ကို ကြောက်နေကြတာ။ တစ်ခေါက်တစ်မျိုး မရိုး ရလေအောင် နှိပ်စက်လွန်းလို့လေ။ သမီးတော်ဆိုတဲ့ အခေါ်အဝေါ်ကိုလည်း သူတို့နားထဲမှာ သာယာနေလေတော့ ပြင်ဦးလွင်ခရီးစဉ် တစ်ခုမှာဆိုရင် ကားပေါ်မှာ လက်တိုလက်တောင်း ခိုင်းဖို့လိုက်ရတဲ့ တပ်မှူးကတော် တစ်ယောက်က “ဟုတ်ကဲ့သမီး”လို့ ဖြေမိတာကို သမီးတော်လို့ မခေါ်ရကောင်းလားဆိုပြီး မျက်မာန်တော်ရှ။ ကားကို ချက်ချင်းရပ်ခိုင်းပြီး ကားပေါ်ကနေ မောင်းချဖူး တာတွေကလည်း အားလုံး သိနေလေတော့ အဲဒီ့မိသားစု လာမယ်ဆိုရင်ကို အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တစ်ခုလုံး သံဗုဒ္ဓေ ရွတ်နေကြရတာ။
ဒီတစ်ခေါက်တော့ ညနေလည်း စောင်းရော သမီးတော်တွေက အမိန့်တော် ထုတ်ပါတယ်။ မန္တလေး တောင်ခြေက သုဓမ္မာဇရပ်တွေမှာ ညစာဒင်နာ စားချင်ပါသတဲ့။ အဲဒါမှ တကယ့်ပြဿနာ။ အဲဒီ့ကာလက သုဓမ္မာဇရပ်တွေဆိုတာ အခြေအနေမဲ့တွေနဲ့ သူတောင်းစားတွေပဲ နေတဲ့နေရာ။ ဖုန်တသောသောနဲ့ မြက်တွေ အမှိုက်တွေက ဒင်းကြမ်း။ ဒါပေမဲ့ သမီးတော်တွေ မျက်မာန်ရှမှာကို ဘယ်သူမှ မခံရဲလေတော့ စစ်သား စုဆောင်းရေးတပ်က ရဲဘော်တွေနဲ့ တပ်အသီးသီးက ရဲဘော်တွေကို ချက်ချင်း ကားတွေနဲ့တင်ပြီး အဲဒီကို ပို့ရတော့တယ်။ ဂျီအီးတပ်နဲ့ စည်ပင်ကလည်း ရေကားတွေလွှတ်။ ပထမအဆင့် အနေနဲ့ အဲဒီ့မှာ အခြေချနေတဲ့ အခြေအနေမဲ့တွေ၊ သူတောင်းစားတွေကို ချက်ချင်း နှင်ထုတ်ရတာပေါ့။ သမီးတော်တွေရဲ့ နှိပ်စက်ချက်ကတော့ သူတောင်းစားတောင် မကျန်ပါဘူး။ မြက်နုတ်သူက နုတ်၊ အမှိုက်လှဲသူက လှဲနဲ့ တကယ်ဆိုရင် ရဲဘော်တွေခမျာ သူ့အိမ်မှာ ထမင်းချက်ရမယ့်၊ ညစာစားရမယ့် အချိန်ဖြစ်ပေမယ့် သမီးတော်တွေ နှိပ်စက်တာနဲ့ သုဓမ္မာဇရပ်မှာ အလုပ်တွေ ရှုပ်ကြရတော့တယ်။
ပြီးတာနဲ့ ရဲဘော်သစ်တွေနဲ့ စစ်သည်တွေက အဲဒီ့ဇရပ်တွေက အညစ်အကြေးတွေကို ရေပိုက်တွေနဲ့ ထိုးပြီး သန့်ရှင်းရေး လုပ်ရတယ်။ ပြီးတာနဲ့ အောက်က ဖယောင်းပုဆိုးတွေ ချက်ချင်းခင်းပေါ့ဗျာ။ တစ်ချိန်တည်းမှာပဲ ဂျီအီးတပ်က မီးသမားတွေက လျှပ်စစ်ကြိုးတွေ၊ မီးစက်တွေ သယ်လာပြီး အရေးပေါ် မီးဆင်ရတော့တယ်။ ပြီးတော့ ထုံးစံအတိုင်း ကားလမ်းကို ဟိုဘက်၊ဒီဘက် ပိတ်ဆို့ပြီး ဇရပ်ထဲမှာ စားပွဲတွေခင်း၊ ထမင်းဟင်းတွေ ပြင်ဆင်လို့ သမီးတော်တွေကို ညစာသုံးဆောင်ဖို့ အသင့်ဖြစ်ပါကြောင်း သတင်းပို့ကြရတယ်။
သမီးတော်တွေ ကြွချီလာပြီး စားတော့လည်း ဒီလောက် မဟုတ်ပါဘူး။ သူတို့စိတ်ထဲမှာ လက်ညှိုးညွှန်ရင် ရေဖြစ်ရမယ်ဆိုတဲ့ စကားအတိုင်း စိတ်ထဲထင်တာတွေ လျှောက်ပြော၊ လျှောက်လုပ် နေကြတာ ဖြစ်တယ်။ သေချာတာကတော့ သူတို့မိသားစုကလွဲရင် ဘယ်သူမှ ပျော်နေတာ မမြင်ချင်ဘူး။ သူများပျော်နေတာမြင်ရင် မရှုစိမ့်ဘူးဆိုတာပဲ။ ဒီမဟုတ်တဲ့ နေရာမှာ ညစာတစ်နပ်စားဖို့ ရဲဘော်လေးတွေရဲ့ လုပ်အားတွေ ဘယ်လောက်သုံးလိုက်ရလဲ။ မီးစက်တွေ၊ မီးကြိုးတွေကို တစ်နာရီလောက် အရူးကြောထဖို့ ဘယ်လောက် သုံးလိုက်ရသလဲ ဆိုတာတွေလည်း တွေးမိပုံ မရပါဘူး။ သူတို့ဖြစ်ချင်တာကို ဖြစ်ရစေမယ်ဆိုတဲ့ စိတ်နဲ့ ထင်ရာ ပြောသမျှကို အောက်က တိုင်းမှူးများကလည်း မိမိတို့ရာထူး တည်မြဲဖို့အတွက် ဖြစ်နိုင်တယ်၊ မဖြစ်နိုင်ဘူး ခွန်းတုံ့မပြန်ရဲပဲ ဖြစ်အောင် လုပ်ပေးနေကြလေတော့ နေမြင့်လေ အရူးရင့်လေ ဆိုသလိုတွေ ဖြစ်ကုန်တယ်။
မြို့တစ်မြို့ရောက်တာနဲ့ ဆိုင်တကာဝင်ပြီး တွေ့သမျှ ကားပေါ်ဆွဲတင်လွန်းလို့ သမီးတော်တွေ လာမယ်ဆိုရင် လာမယ့်မြို့က စိန်ရွှေရတနာဆိုင်တွေမှာ တန်ဖိုးကြီးတာ တင်မထားရဆိုတဲ့ အမိန့် ထုတ်ခဲ့ရတယ်။ မြို့ငယ်လေး တစ်မြို့မှာတောင် သူတို့ဝယ်တာတွေကို ရှင်းရတာ သိန်း ၄၀၀၊၅၀၀ရှိပြီး မြို့ကြီးတွေမှာဆိုရင် သိန်းထောင်ကျော် ၀ယ်လေ့ရှိတယ်။ အဝတ်အထည်တွေ ဆိုရင်လည်း အထုပ်လိုက် ကားပေါ်ဆွဲတင်လေ့ရှိတယ်။ သက်ဆိုင်ရာ အာဏာပိုင်တွေက ဆိုင်တွေကို ယူချင်တာ မှန်သမျှ ပေးလိုက်၊ ပြီးမှ ဘောင်ချာလိုက် ဖြတ်ပြီး ငွေရှင်းမယ်လို့ ကြိုပြောထားရတယ်။ ပြောရရင် အဲဒီ့သမီးတော် တစ်သိုက် ရောက်တဲ့မြို့မှန်သမျှ ဝေသာလီပြည် ဘီလူးဝင်သလိုပါပဲဗျာလို့ ဘောင်ချာ တစ်အုပ်နဲ့ ငွေလိုက်ရှင်းရတဲ့ အရာရှိကြီး တစ်ဦးက ရင်ဖွင့်ဖူးပါတယ်။
ခက်တာက အာဏာရှင် ကာချုပ်ကြီး ကိုယ်တိုင်က သူ့သမီးတော်တွေ ဘာလုပ်လုပ် အပြစ်မမြင်ရုံမက သူ့သမီးတော်တွေ စိတ်ဆိုးစိတ် ကောက်တာနဲ့ အဲဒီ့သက်ဆိုင်တဲ့ တိုင်းမှူးဖြစ်စေ၊ တပ်မမှူး ဖြစ်စေ သေဖို့သာ ကြံတော့ဆိုတဲ့ စိတ်ကရှိလေတော့ သမီးတော်တွေဆိုရင် ကာချုပ်ကြီးထက် ပိုအရိုအသေ ပေးရတယ်။ ပိုကြောက်ရတယ်။ အခု ကြံ့ခိုင်ရေး အတွင်းရေးမှူး ဦးဌေးဦး အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး လုပ် ခဲ့တာပဲ။ အဲဒီ့တိုင်းမှူးတွေဆိုရင် အဆင့်ဆင့် ရာထူးတက် လေ့ရှိပေမယ့် ဦးဌေးဦး ဘာလို့ အရပ်ဖက် ရောက်သွားတာလဲဆိုတာ အတွင်းလူတွေကို မေးကြည့်ရင် သမီးတော် တစ်ယောက်ကြောင့်လို့ ဖြေပါလိမ့်မယ်။ ငွေဆောင်က ဟိုတယ်မှာ သမီးတော်တစ်ပါးက သူထိုင်စရာ ဆက်တီတစ်လုံး လိုနေတဲ့ ကိစ္စနဲ့ မျက်မာန်တော် ရှခဲ့လို့ ပြည်နှင်ဒဏ်သင့်သွားတာ ဖြစ်တယ်။
ဒီလိုပါပဲ။ မြိတ်က ခရီးစဉ် တစ်ခုမှာ သမီးတော် တစ်ပါးက ဗိုလ်ချုပ်ကြီး သူရရွှေမန်း ကားကို ခပ်တည်တည် တက်စီးလို့ အခုလွှတ်တော် နာယကကြီး ကြုံရာကားပေါ် တက်စီးခဲ့ရဖူးပါတယ်။ အဲဒီ့ဖြစ်စဉ်မှာလည်း လေယာဉ်ပေါ်မှာ ဘယ်သူ့ကို စိတ်ကောက်မှန်းမသိဘဲ စိတ်ကောက်ပြီး သမီးတော်တစ်ပါးက လေယာဉ်ပေါ်ကနေ မဆင်းလို့ ယာဉ်တန်းကြီး တစ်ခုလုံး ရပ်စောင့်နေရတာပါ။ ဆင်းလာတော့လည်း ပထမဆုံးကားက ကာချုပ်ကြီးနဲ့ သူတို့အခေါ် အမေကြိုင်စီးဖို့ ကား၊ ဒုတိယကားက ဒုကာချုပ်ဦးအေး စီးဖို့ကား၊ တတိယကားက ကြည်းရေလေ ညှိနှိုင်း ကွပ်ကဲရေးမှူး အခုလွှတ်တော် နာယကကြီး စီးဖို့ကား။ ပြီးတော့မှ သမီးတော်တစ်ပါးစီ အတွက် ကားတစ်စီးစီ လုပ်ထားတာလေ။ သမီးတော်တွေက ဘယ်မြို့ရောက်ရောက် တစ်ယောက်ကို ကားတစ်စီးပဲ။ ဘယ်တော့မှ အတူတူမစီးဘူး။ စကားကို ပြန်ဆက်ရရင် အဲဒီ့စိတ်ကောက်နေတဲ့ သမီးတော်လည်း လေယာဉ်ပေါ်က ဆင်းလာရော ယာဉ်တန်းကြီးလည်း စထွက်တာပေါ့။ လွှတ်တော် နာယကကြီးက ရှေ့ဆုံးကားနဲ့ ဒုတိယကားကို သွားပြီး အလေးပြုနေချိန်မှာ သူ့ရဲ့ တတိယကားကို စိတ်ကောက်နေတဲ့ သမီးတော်က တက်တယ်။ ကားနားမှာ စောင့်နေတဲ့ တပ်ထိန်းအရာရှိက ကြောက်ကြောက်ရွံ့ရွံ့နဲ့ “သမီးတော် ခင်ဗျား။ ဒါ ဗိုလ်ချုပ်ကြီး သူရရွှေမန်းအတွက် ကားပါ။ သမီးတော်ကားက နောက်မှာပါ” လို့ပြောတာကို လက်မခံဘဲ အတင်းတက်စီးခဲ့တာ ဖြစ်တယ်။ ဦးရွှေမန်းကတော့ ယာဉ်တန်းထဲက လွတ်နေတဲ့ ကြံုရာကား တစ်စီးကို တက်စီးပြီး ခရီးဆက်ခဲ့ရဖူးပါတယ်။
ပြောရရင် ဦးနေဝင်းကို အာဏာရှင်လို့ ပြောပေမယ့် ဦးနေဝင်း သားသမီးတွေ ဒီလောက်မဆိုးခဲ့ပါဘူး။ ဦးစောမောင် သားသမီးတွေဆိုရင် ဘယ်သူဘယ်ဝါဆိုတာ မသိရအောင်ကို အနေအထိုင် ရိုးအေး ခဲ့ပါတယ်။
ဒီလိုရေးတာတွေက ဇာတ်နာအောင်ရေးတယ်လို့ ထင်ရင် စာဖတ်ပရိသတ်ထဲမှာ စစ်တပ်က အသိအကျွမ်းတွေရှိရင် မေးကြည့်ပါ။ ဒီလို ရေးတာတွေက ဟုတ်မှဟုတ်ရဲ့လားလို့။ အဲဒီလိုမေးရင် “ဒါတွေက အပေါ်ယံအကင်းပဲရှိသေးတယ်။ ဒီထက်ဆိုးတာတွေ အများကြီး ရှိသေးတာပေါ့လို့” ပြန်ဖြေကြပါလိမ့်မယ်။ နောက်တစ်ပတ်ကျရင် သမီးတော်တွေနဲ့ ပတ်သက်ပြီး ရီစရာတစ်ခု ပြောပြမယ်။ ရေတွေရေတွေ စိုကုန်ပြီလို့ ခေါင်းစဉ်တပ်လိုက်ဆိုပြီး ဇာတ်ကြောင်းပြန်ပြောပြနေတဲ့ ခရိုနီကြီးက သူ့စကားကို ဖြတ်လိုက်ပါတော့တယ်။
လက်စောင်းထက်