Quantcast
Viewing all articles

ပါကစ္စတန်ဈေး ဗုံးပေါက်ကွဲမှု လူ ၂၀ ကျော်သေဆုံး



ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းဒေသက လူစည်ကားတဲ့ အဝတ်အထည်ရောင်းတဲ့ ဈေးထဲမှာ ဗုံးတလုံးပေါက်ကွဲခဲ့တဲ့အတွက် လူပေါင်း ၂၃ ဦးထက်မနည်း သေဆုံးပြီး ၅၅ ဦး ဒဏ်ရာရခဲ့တယ်လို့ အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။

အာဖဂန်နစ်စတန်နယ်စပ်နားမှာ ရှိတဲ့ ပါကစ္စတန်လူမျိုးစုတွေ နေထိုင်ရာ Kurram ကိုယ်ပိုင်အုပ်ချုပ်ခွင့် တစိတ်တပိုင်းရထားတဲ့ အရပ်က Parachinar အုပ်ချုပ်ရေးဗဟိုဌာနမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။

အိတ်တလုံးထဲမှာ ဖွက်ထားတဲ့ ဗုံးကို ဈေးထဲမှာထားပစ်ခဲ့တာဖြစ်ကြောင်း ကူရမ်က အကြီးအကဲတယောက်ဖြစ်တဲ့ Amjad Ali Khan က ပြင်သစ်သတင်းဌာနကို ပြောပါတယ်။





(VOA)

...............



ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းဒေသက လူစည်ကားတဲ့ အဝတ်အထည်ရောင်းတဲ့ စျေးထဲမှာ ဗုံးတလုံးပေါက်ကွဲခဲ့တဲ့အတွက် လူပေါင်း ၂၃ ဦးထက်မနည်း သေဆုံးပြီး ၅၅ ဦး ဒဏ်ရာရခဲ့တယ်လို့ အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။

အာဖဂန်နစ်စတန်နယ်စပ်နားမှာ ရှိတဲ့ ပါကစ္စတန်လူမျိုးစုတွေ နေထိုင်ရာ Kurram ကိုယ်ပိုင်အုပ်ချုပ်ခွင့် တစိတ်တပိုင်းရထားတဲ့ အရပ်က Parachinar အုပ်ချုပ်ရေးဗဟိုဌာနမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့့တာပါ။

အိတ်တလုံးထဲမှာ ဖွက်ထားတဲ့ ဗုံးကို စျေးထဲမှာထားပစ်ခဲ့တာဖြစ်ကြောင်း ကူရမ်က အကြီးအကဲတယောက်ဖြစ်တဲ့ Amjad Ali Khan က ပြင်သစ်သတင်းဌာနကို ပြောပါတယ်။

ဒီရှီယာမူစလင်တွေအဓိက နေထိုင်တဲ့ ဒေသမှာ သူတို့ဗုံးဖေါက်ခွဲတာဖြစ်ကြောင်း တရားမဝင် ဆူနီမူစလင်အစွန်းရောက်အဖွဲ့တဖွဲ့ဖြစ်တဲ့ Lashkar-e-Jhangvi အဖွဲ့ကပြောပါတယ်။ ဒီအဖွဲ့ဟာ ပါကစ္စတန်က လူနည်းစု ရှီယာမူစလင်တွေကို အဓိက ပစ်မှတ်ထားပြီး တိုက်ခိုက်နေတဲ့ အဖွဲ့ပါ။

ရှီယာတွေဟာ အီရန်နဲ့ ဆီးရီးယားသမ္မတ Bashar al-Assad တို့ဘက်ကနေ လိုက်ပါဆောင်ရွက်နေတာကြောင့် အပစ်ပေးတဲ့အနေနဲ့ တနင်္ဂနွေနေ့ ဗုံးခွဲတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တာလို့ အဖွဲ့ ပြောခွင့်ရက ပါကစ္စတန် သတင်းဌာနတခုကို ပြောပါတယ်။ ဒီပြောကြားချက်ဟာ သူတို့အဖွဲ့က ပြောတဲ့ သတင်းစကားအမှန် ဟုတ်မဟုတ် အတည်ပြုဖို့တော့ ခက်ခဲပါတယ်။

လူမျိုးစုတွေ နေထိုင်ရာဒီဒေသမှာ အစ္စလန်စစ်သွေးကြွတွေရဲ့ အကြမ်းဖက်မှုတွေနဲ့ ဆူနီနဲ့ ရှီယာမူစလင်တွေကြား ဘာသာရေးလူမျိုးရေး ပဋိပက္ခတွေ ဖြစ်ပွားနေတာပါ။


(VOA)

http://burmese.voanews.com/

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>