လူမႈကြန္ရက္ ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာေပၚမွာ စစ္တပ္ရဲ႕ ယူနီေဖာင္းအေရာင္သစ္ေျပာင္းတဲ့ အေပၚ သေရာ္တဲ့သေဘာမ်ဳိးေရးသားခဲ့လုိ႔ ဖမ္းဆီးတရားစြဲခံထားရတဲ့ မေခ်ာစႏၵီထြန္းကုိ ဒီကေန႔ မအူပင္ၿမိဳ႕နယ္ တရား႐ုံးမွာ ၈ ႀကိမ္ေျမာက္ ႐ုံးထုတ္ပါတယ္။
ဒီကေန႔ ရုံးထုတ္္မွာ သူ႔ကုိ စြဲဆုိထားတဲ့ ပုဒ္မ ၂ ခု ထဲက ပုဒ္မ ၅၀၀ အသေရဖ်က္မႈကို တရားရွင္လႊတ္ေပးလုိက္တယ္လုိ႔ မေခ်ာစႏၵီထြန္းရ့ဲ ေရွ႕ေန ဦးေရာဘတ္ဆန္းေအာင္က ေျပာပါတယ္။
“ျပစ္မႈုဆုိင္ရာ ဥပေဒပုဒ္မ ၅၀၀ အရ အေၾကာင္းအရာတူတဲ့ ဒီသီးျခားအမႈကုိေတာ့ မအူပင္ၿမိဳ႕နယ္ တရားသူႀကီး ေဒၚလွျမတ္မြန္က စြဲခ်က္မတင္ဘဲနဲ႔ တရားရွင္လႊတ္လုိက္ပါတယ္။”
ဒါေပမယ့္ မေခ်ာစႏၵီထြန္းဟာ ဆက္သြယ္ေရးပုဒ္မ ၆၆ (ဃ)နဲ႔ မအူပင္အက်ဥ္းေထာင္ကေန ပဲအမႈ ဆက္လက္ရင္ဆုိင္ရမွာျဖစ္တယ္လုိ႔လည္း ဦးေရာဘတ္ဆန္းေအာင္က ေျပာပါတယ္။
“၂၀၁၃ ခုႏွစ္ ဆက္သြယ္ေရးဥပေဒပုဒ္မအရ ၆၆ (ဃ)အရ စြဲဆုိတဲ့အမႈကုိေတာ့ စြဲခ်က္တင္ၿပီးေတာ့ ေျဖရွင္းေစခုိင္းတဲ့အတြက္ မေခ်ာစႏၵီထြန္းက သူက ဒီဟာနဲ႔ ပတ္သက္ၿပီးေတာ့ ရဲလက္ထဲကုိေရာက္မွ အဲလုိပို႔စ္ကုိ တင္ထားတာကုိေတြ႕ရတယ္ေပါ့။ သူဒါကုိ မသိဘူးဆုိၿပီးေတာ့ သူေျဖရွင္းခဲ့ပါတယ္။ ”
ဒီအမႈအတြက္ လာမယ့္ ဒီဇင္ဘာလ ၂၁ ရက္ေန႔ကုိ ရုံးျပန္ခ်ိန္းဆုိထားပါတယ္။
မေခ်ာစႏၵီထြန္းဟာ သူ႔ရဲ႕ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာမွာ ေဒၚေအာင္ဆန္းစုၾကည္ မိန္႔ခြန္းေျပာေန တဲ့ပံုနဲ႔ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္မိန္႔ခြန္းေျပာေနတဲ့ပံုတုိ႔ကို တြဲတင္ၿပီး စစ္တပ္ရဲ႕ ယူနီေဖာင္းအေရာင္သစ္ကို ေဒၚေအာင္ဆန္းစုၾကည္ ၀တ္ဆင္တဲ့ ထဘီအေရာင္နဲ႔ ႏိႈင္းယွဥ္ သေရာ္ခဲ့လုိ႔ဆုိၿပီး ေအာက္တိုဘာ ၁၂ ရက္ေန႔က ဖမ္းဆီးခံရတာ ျဖစ္ပါတယ္။
Dvb Burmese
.............................
မချောစန္ဒီထွန်းအပေါ် စွဲဆိုထားသည့်အမှုတခုကို တရားရှင်လွှတ်ပေး
လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်မှာ စစ်တပ်ရဲ့ ယူနီဖောင်းအရောင်သစ်ပြောင်းတဲ့ အပေါ် သရော်တဲ့သဘောမျိုးရေးသားခဲ့လို့ ဖမ်းဆီးတရားစွဲခံထားရတဲ့ မချောစန္ဒီထွန်းကို ဒီကနေ့ မအူပင်မြို့နယ် တရားရုံးမှာ ၈ ကြိမ်မြောက် ရုံးထုတ်ပါတယ်။
ဒီကနေ့ ရုံးထုတ််မှာ သူ့ကို စွဲဆိုထားတဲ့ ပုဒ်မ ၂ ခု ထဲက ပုဒ်မ ၅၀၀ အသရေဖျက်မှုကို တရားရှင်လွှတ်ပေးလိုက်တယ်လို့ မချောစန္ဒီထွန်းရဲ့ ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။
“ပြစ်မှုုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၀ အရ အကြောင်းအရာတူတဲ့ ဒီသီးခြားအမှုကိုတော့ မအူပင်မြို့နယ် တရားသူကြီး ဒေါ်လှမြတ်မွန်က စွဲချက်မတင်ဘဲနဲ့ တရားရှင်လွှတ်လိုက်ပါတယ်။”
ဒါပေမယ့် မချောစန္ဒီထွန်းဟာ ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ)နဲ့ မအူပင်အကျဉ်းထောင်ကနေ ပဲအမှု ဆက်လက်ရင်ဆိုင်ရမှာဖြစ်တယ်လို့လည်း ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။
“၂၀၁၃ ခုနှစ် ဆက်သွယ်ရေးဥပဒေပုဒ်မအရ ၆၆ (ဃ)အရ စွဲဆိုတဲ့အမှုကိုတော့ စွဲချက်တင်ပြီးတော့ ဖြေရှင်းစေခိုင်းတဲ့အတွက် မချောစန္ဒီထွန်းက သူက ဒီဟာနဲ့ ပတ်သက်ပြီးတော့ ရဲလက်ထဲကိုရောက်မှ အဲလိုပို့စ်ကို တင်ထားတာကိုတွေ့ရတယ်ပေါ့။ သူဒါကို မသိဘူးဆိုပြီးတော့ သူဖြေရှင်းခဲ့ပါတယ်။ ”
ဒီအမှုအတွက် လာမယ့် ဒီဇင်ဘာလ ၂၁ ရက်နေ့ကို ရုံးပြန်ချိန်းဆိုထားပါတယ်။
မချောစန္ဒီထွန်းဟာ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောနေ တဲ့ပုံနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မိန့်ခွန်းပြောနေတဲ့ပုံတို့ကို တွဲတင်ပြီး စစ်တပ်ရဲ့ ယူနီဖောင်းအရောင်သစ်ကို ဒေါ်အောင်ဆန်းစုကြည် ၀တ်ဆင်တဲ့ ထဘီအရောင်နဲ့ နှိုင်းယှဉ် သရော်ခဲ့လို့ဆိုပြီး အောက်တိုဘာ ၁၂ ရက်နေ့က ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။
Dvb Burmese