Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

အိုင္အက္စ္ အၾကမ္းဖက္သမား၏ တိုက္ခုိက္ျခင္း ခံခဲ့ရသည္ဟု ျပင္သစ္ေက်ာင္းဆရာ လုပ္ႀကံထြက္ဆို

$
0
0
မူႀကိဳေက်ာင္းေ႐ွ႕တြင္ ရပ္ထားသည့္ ရဲကားတစ္စီး။
အစၥလာမ္မစ္ႏုိင္ငံေတာ္ (အိုင္အက္စ္) အၾကမ္းဖက္သမားမ်ားက ေက်ာင္းဆရာတစ္ဦးကို ဓားျဖင့္ထိုးခဲ့ေၾကာင္းသတင္းမ်ားသည္ လီဆယ္လုပ္ႀကံမႈသက္သက္ျဖစ္ေၾကာင္း ျပင္သစ္ရဲတပ္ဖြဲ႕က ေၾကညာခဲ့သည္။
မ်က္ႏွာဖံုး ဝတ္ဆင္ထားသူတစ္ဦးက အိုင္အက္စ္၏အမည္ကို ေအာ္ဟစ္ေႂကြးေၾကာ္ကာ မိမိကိုဓားျဖင့္ ထိုးခဲ့ေၾကာင္း ျပင္သစ္မူႀကိဳေက်ာင္းဆရာတစ္ဦးက တိုင္ၾကားမႈေၾကာင့္ ဒီဇင္ဘာ ၁၄ ရက္တြင္ ပါရီၿမိဳ႕ ဆင္ေျခဖံုးရပ္ကြက္ တစ္ခု၌ ရဲႏွင့္ လံုၿခံဳေရးတပ္ဖြဲ႕မ်ား အလုပ္မ်ားသြားခဲ့သည္။
သုိ႔ေသာ္လည္း ေဆး႐ံုတြင္ ေနာက္ပိုင္း ေမးျမန္းစံုစမ္းမႈမ်ားအရ အဆိုပါအမ်ိဳးသားက မိမိစိတ္ကူးျဖင့္ လုပ္ႀကံဖန္တီးဇာတ္လမ္းဆင္ခဲ့ေၾကာင္း ဖြင့္ဟဝန္ခံခဲ့သည္။ အေစာပိုင္းတြင္ ၎က မ်က္ႏွာဖံုးစြပ္ထားသူတစ္ဦးသည္ “ေဒ့ရွ္အတြက္” (ေဒ့ရွ္သည္ အိုင္အက္စ္၏ ေဒသအေခၚျဖစ္သည္)ဟု ေအာ္ဟစ္ကာ မိမိ၏လည္ပင္းႏွင့္ ဝမ္းဗိုက္တို႔ကို ဓားျဖင့္ထိုးခဲ့သည္ဟု ရဲမ်ားထံထြက္ဆိုခဲ့ေၾကာင္း Le Parisien သတင္းစာက ေဖာ္ျပခဲ့သည္။
လံုၿခံဳေရးတပ္ဖြဲ႕မ်ားက အဆိုပါ ေက်ာင္းဆရာသည္ အသက္အႏၱရာယ္ မစိုးရိမ္ရသည့္ ဒဏ္ရာမ်ားအတြက္ ေဆး႐ံုတက္ကုသမႈ
ခံယူေနေၾကာင္း ေျပာၾကားခဲ့သည္။ ၎၏ဒဏ္ရာမ်ား မည္သို႔မည္ပံု ရရွိလာသည္ကိုမူ ရွင္းရွင္းလင္းလင္း မသိရေသးေခ်။ ရဲတပ္ဖဲြ႕က အဘယ္ေၾကာင့္ ယခုလို လုပ္ႀကံဇာတ္လမ္းဆင္ စြပ္စြဲရေၾကာင္းကို ဆက္လက္ စံုစမ္းေမးျမန္းလ်က္ ရွိသည္။
အသက္ ၄၅ ႏွစ္အရြယ္ အမ်ိဳးသားသည္ အူဘာဗီလာစ္ရွိ ေက်ာင္းတြင္ စာသင္သက္ ႏွစ္ ၂၀ မွ် ရွိခဲ့ၿပီးျဖစ္ေၾကာင္း ၿမိဳ႕ေတာ္ဝန္ ပါစကယ္လ္ ျဗဴးဒက္က ဆိုသည္။ ေက်ာင္းထဲတြင္ အုိင္အက္စ္အၾကမ္းဖက္သမားက ဝင္ေရာက္ တိုက္ခုိက္သည္ဟု ၎က ထြက္ဆိုေသာ္လည္း ေက်ာင္းေစာင့္က လူစိမ္းဝင္ေရာက္သည္ကို လံုးဝမေတြ႕ဟု အခုိင္အမာျငင္းဆန္ခဲ့သည့္ေနာက္
ေလသံေျပာင္းကာ အဆိုပါဇာတ္လမ္းကို လုပ္ႀကံဖန္တီးခဲ့ျခင္းဟု ဝန္ခံခဲ့ျခင္း ျဖစ္သည္။
ျပင္သစ္တြင္ ႏိုဝင္ဘာ ၁၃ ရက္က အုိင္အက္စ္တို႔ စီမံသည့္ ပါရီအၾကမ္းဖက္မႈႀကီး ျဖစ္ပြားၿပီး လူေပါင္း ၁၃၀ မွ် ေသေၾကခဲ့သည့္ေနာက္ တစ္ႏုိင္ငံလံုးအဆင့္ လံုၿခံဳေရးအျမင့္ဆံုး တင္းက်ပ္ထားသည္။
Ref: CNN
http://www.7daydaily.com/story/53280
.............................................

အိုင်အက်စ် အကြမ်းဖက်သမား၏ တိုက်ခိုက်ခြင်း ခံခဲ့ရသည်ဟု ပြင်သစ်ကျောင်းဆရာ လုပ်ကြံထွက်ဆို
အစ္စလာမ်မစ်နိုင်ငံတော် (အိုင်အက်စ်) အကြမ်းဖက်သမားများက ကျောင်းဆရာတစ်ဦးကို ဓားဖြင့်ထိုးခဲ့ကြောင်းသတင်းများသည် လီဆယ်လုပ်ကြံမှုသက်သက်ဖြစ်ကြောင်း ပြင်သစ်ရဲတပ်ဖွဲ့က ကြေညာခဲ့သည်။
မျက်နှာဖုံး ဝတ်ဆင်ထားသူတစ်ဦးက အိုင်အက်စ်၏အမည်ကို အော်ဟစ်ကြွေးကြော်ကာ မိမိကိုဓားဖြင့် ထိုးခဲ့ကြောင်း ပြင်သစ်မူကြိုကျောင်းဆရာတစ်ဦးက တိုင်ကြားမှုကြောင့် ဒီဇင်ဘာ ၁၄ ရက်တွင် ပါရီမြို့ ဆင်ခြေဖုံးရပ်ကွက် တစ်ခု၌ ရဲနှင့် လုံခြုံရေးတပ်ဖွဲ့များ အလုပ်များသွားခဲ့သည်။
သို့သော်လည်း ဆေးရုံတွင် နောက်ပိုင်း မေးမြန်းစုံစမ်းမှုများအရ အဆိုပါအမျိုးသားက မိမိစိတ်ကူးဖြင့် လုပ်ကြံဖန်တီးဇာတ်လမ်းဆင်ခဲ့ကြောင်း ဖွင့်ဟဝန်ခံခဲ့သည်။ အစောပိုင်းတွင် ၎င်းက မျက်နှာဖုံးစွပ်ထားသူတစ်ဦးသည် “ဒေ့ရှ်အတွက်” (ဒေ့ရှ်သည် အိုင်အက်စ်၏ ဒေသအခေါ်ဖြစ်သည်)ဟု အော်ဟစ်ကာ မိမိ၏လည်ပင်းနှင့် ဝမ်းဗိုက်တို့ကို ဓားဖြင့်ထိုးခဲ့သည်ဟု ရဲများထံထွက်ဆိုခဲ့ကြောင်း Le Parisien သတင်းစာက ဖော်ပြခဲ့သည်။
လုံခြံုရေးတပ်ဖွဲ့များက အဆိုပါ ကျောင်းဆရာသည် အသက်အန္တရာယ် မစိုးရိမ်ရသည့် ဒဏ်ရာများအတွက် ဆေးရုံတက်ကုသမှု
ခံယူနေကြောင်း ပြောကြားခဲ့သည်။ ၎င်း၏ဒဏ်ရာများ မည်သို့မည်ပုံ ရရှိလာသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးချေ။ ရဲတပ်ဖွဲ့က အဘယ်ကြောင့် ယခုလို လုပ်ကြံဇာတ်လမ်းဆင် စွပ်စွဲရကြောင်းကို ဆက်လက် စုံစမ်းမေးမြန်းလျက် ရှိသည်။
အသက် ၄၅ နှစ်အရွယ် အမျိုးသားသည် အူဘာဗီလာစ်ရှိ ကျောင်းတွင် စာသင်သက် နှစ် ၂၀ မျှ ရှိခဲ့ပြီးဖြစ်ကြောင်း မြို့တော်ဝန် ပါစကယ်လ် ဗြူးဒက်က ဆိုသည်။ ကျောင်းထဲတွင် အိုင်အက်စ်အကြမ်းဖက်သမားက ဝင်ရောက် တိုက်ခိုက်သည်ဟု ၎င်းက ထွက်ဆိုသော်လည်း ကျောင်းစောင့်က လူစိမ်းဝင်ရောက်သည်ကို လုံးဝမတွေ့ဟု အခိုင်အမာငြင်းဆန်ခဲ့သည့်နောက်
လေသံပြောင်းကာ အဆိုပါဇာတ်လမ်းကို လုပ်ကြံဖန်တီးခဲ့ခြင်းဟု ဝန်ခံခဲ့ခြင်း ဖြစ်သည်။
ပြင်သစ်တွင် နိုဝင်ဘာ ၁၃ ရက်က အိုင်အက်စ်တို့ စီမံသည့် ပါရီအကြမ်းဖက်မှုကြီး ဖြစ်ပွားပြီး လူပေါင်း ၁၃၀ မျှ သေကြေခဲ့သည့်နောက် တစ်နိုင်ငံလုံးအဆင့် လုံခြံုရေးအမြင့်ဆုံး တင်းကျပ်ထားသည်။
Ref: CNN
http://www.7daydaily.com/story/53280

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...