Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

တိုင္းျပည္အက်ိဳး ႀကီးစြာ ထိခိုက္ေစတဲ့အျပင္ အစိုးရကိုလည္း အၾကည္ညိဳ ပ်က္ေစႏိုင္တဲ့့ သတင္းမ်ား

$
0
0
အေတြးအျမင္  အာေဘာ္
မဇၥ်ိမ
(ဓာတ္ပုံ - SM၊ ဒီမိုေဝယံ)

ယခုတေလာ သတင္းမီဒီယာမ်ားမွာ ေခါင္းစီးစာလံုးႀကီးမ်ားနဲ႔ ေဖာ္ျပလာတဲ့ သတင္းတစ္ပုဒ္ဟာ မည္သူမွ် ေက်ာ္ဖတ္မသြားႏိုင္ေလာက္ေအာင္ ဆြဲေဆာင္ထားႏိုင္ၾကပါတယ္။ ဥပမာ ဖါးကန္႔ေဒသမွာ တ႐ုတ္ႏိုင္ငံဘက္က မ်က္စိတဆံုး ဝန္တင္ကားႀကီးေတြ ေန႔ေရာညပါ ေျမေတြ ၂၄ နာရီမျပတ္ သယ္ယူေနၾကတယ္ဆိုတဲ့ သတင္းမ်ိဳးပါပဲ။

ခုရက္ပိုင္းအတြင္း ဖါးကန္႔ေဒသမွာ တရုတ္ေျမသယ္ကားႀကီးေတြဟာ ျမင္းေကာင္ေရ ၉၀၀၀ ေက်ာ္ရွိတဲ့ ကားႀကီးေတြျဖစ္ေၾကာင္းနဲ႔ ကားစင္းေရ ေသာင္းခ်ီၿပီး ၀င္ထြက္သြားလာ သယ္ယူေနၾကတယ္ဆိုတဲ့ သတင္းကိုလည္း ဖတ္ရပါတယ္။

ဒီိလုိ ႐ုတ္တရက္ အခ်ိန္တိုအတြင္း ယခင္ႏွစ္မ်ားနဲ႔လည္းမတူ ႏွစ္ဦးကာလမ်ိဳးနဲ႔ေတာင္မတူပဲ ထူးျခားစြာ ေပၚေပါက္လာတဲ့ ေျမသယ္ယူမႈႀကီး ျဖစ္တာမို႔ လူတိုင္းစိတ္၀င္စားတဲ့ သတင္းႀကီး ျဖစ္လာတာပါ။ ဒီလိုျဖစ္လာေတာ့ ပထမဆံုး ေပၚေပါက္လာတဲ့ အက်ိဳးဆက္က ေဒသခံလူထုက ဒါကို ကန္႔ကြက္လာၾကတယ္ဆိုတဲ့ သတင္းပါပဲ။ အထူးသျဖင့္ လမ္းေတြ ပ်က္စီးကုန္တာ၊ ခရီးသြားလာမႈ ပိတ္ဆို႔ကုန္တာ၊ အနိမ့္ဆံုး ေက်ာင္းဆင္းေက်ာင္းတက္ ကေလးေတြအတြက္ စိုးရိမ္ရတာ၊ ဖံုေတြ တခ်ိန္လံုး ထေနလို႔ က်န္းမာေရး ထိခိုက္ႏိုင္တာေၾကာင့္ ကန္႔ကြက္လာၾကတာ ျဖစ္တယ္လို႔လည္း သိရပါတယ္။ အဲဒီဖါးကန္႔ေျမဟာ ကမၻာေက်ာ္ ေက်ာက္စိမ္းေျမ ေက်ာက္စိမ္းေဒသျဖစ္တယ္ဆိုတာေတာ့ ဘယ္သူမွ မျငင္းႏိုင္ပါဘူး။  အခုေတာ့ ေဒသခံေတြအပါအ၀င္ ျပည္သူလူထုကပါ ေမးခြန္းထုတ္လာၾကပါၿပီ။

အခုလို ျဗဳန္းစားႀကီး အင္ႀကီးအားႀကီး သယ္ေဆာင္ေနျခင္းကို အစိုးရက မသိလို႔မ်ားလား၊ သိတယ္ဆိုရင္လည္း ခြင့္လႊတ္ထား မ်က္ကြယ္ျပဳထားလို႔မ်ားလားဆိုတဲ့ ေမးခြန္းကို ေမးလာၾကပါၿပီ။ အံ့ၾသဖို႔ ေကာင္းတဲ့အျဖစ္က ဒီသတင္းကို လႊတ္ေတာ္ထဲကအစ ၿငိမ္ေနေသးတဲ့အျဖစ္ကိုလည္း လူေတြ စိတ္၀င္စားၾကပါတယ္။ ဒါေၾကာင့္မို႔ ဒီသတင္းဟာ လူေတြ စိတ္၀င္စားမႈ အရွိဆံုး သတင္းေတြထဲက တစ္ပုဒ္ ျဖစ္လာခဲ့ပါတယ္။

ေနာက္ စိတ္၀င္စားၾကတဲ့သတင္းက ရန္ကုန္ၿမိဳ႕ ခံုးေက်ာ္တံတားမ်ား အပူတျပင္း ေဆာက္တဲ့ သတင္းပါ။ ဒီသတင္းကိုေတာ့ လြတ္ေတာ္ထဲမွာ ေမးျမန္းခံရပါတယ္။ ႐ိုးသားစြာ ေဆာက္လုပ္ခဲ့ျခင္းသာ ျဖစ္တယ္လို႔လည္း သက္ဆိုင္ရာဌာနက ျပန္လည္ ေျဖၾကားပါတယ္။ ဒါေပမယ့္ တခ်ိန္တည္းမွာပဲ အဲဒီ ခံုေက်ာ္တံတားႀကီးေတြ တာ၀န္ယူေဆာက္လုပ္ရတဲ့ ကန္ထ႐ိုက္ ကုမၸဏီႀကီးတခ်ိဳ႕ဟာ တံတားစီမံကိန္းအတြက္ ေငြေတြ ပိုပိုထုတ္ယူခဲ့လို႔ ႏိုင္ငံေတာ္ကို ျပန္လည္ေပးသြင္းဖို႔ ေငြက်ပ္ ၄၀၂ ဒသမ ၉၅၉ သန္း ရွိတယ္ဆိုတဲ့သတင္းကလည္း ထြက္ေပၚလာပါတယ္။ ဒီလို ေငြေပါင္းမ်ားစြာ ျပန္သြင္းရ ယ့္ တျခားကုမၸဏီလည္း ရွိပါေသးတယ္။

ဒီသတင္းအရဆိုရင္ ေမးခြန္းထုတ္စရာ ျဖစ္လာတာက  ဒီေလာက္ကြာဟေနတဲ့ ေငြပမာဏအထိ ထုတ္ယူလို႔ရတယ္ဆိုတာ ႐ိုးမွ ႐ိုးသားပါရဲ႕လားဆိုတဲ့ ေမးခြန္းျဖစ္ပါတယ္။ ကုမၸဏီေတြက လိမ္ၿပီး ထုတ္လို႔မရေအာင္ သက္ဆိုင္ရာ တာဝန္ရွိဌာနမွ တြက္ခ်က္ ထိန္းခ်ဳပ္တဲ့စနစ္ မရွိေတာ့ဘူးလားဆိုတဲ့ ေမးခြန္းကစၿပီး ေမးစရာေတြ ရွိလာပါတယ္။

ဒါေၾကာင့္မို႔ ဖါးကန္႔မွာ အဆင္အျခင္မဲ့စြာ ေျပာင္က်က် ေန႔ခ်င္းညခ်င္း ရတနာေျမေတြ သူမ်ား တိုင္းျပည္ထဲ အသယ္ခံေနရတဲ့ ကိစၥမ်ားနဲ႔ တံတားေဆာက္ကုမၸဏီေတြ လြန္ကဲစြာ ေငြေတြ ထုတ္ယူ ကြာဟေနမႈမိ်ဳး သတင္းေတြဟာ တိုင္းျပည္အက်ိဳး မ်ားစြာထိခုိက္ေစတဲ့အျပင္ ႏိုင္ငံေတာ္အစိုးရကိုလည္း ဂုဏ္သိကၡာ ထိခုိ္က္ေစမွာ ျဖစ္ပါတယ္။

ဒါေၾကာင့္မို႔ ဒီသတင္းေတြ ဟုတ္၏ မဟုတ္၏၊ ဟုတ္ရင္လည္း သက္ဆိုင္ရာမ်ားအေနနဲ႔ အျမန္ဆံုး အေရးယူျခင္းျဖစ္ ျပည္သူတို႔ စိတ္ႏွလံုးခ်မ္းေျမ့ေအာင္ အေျဖထုတ္ေပးဖို႔ လိုအပ္ေၾကာင္း တင္ျပလိုက္ပါတယ္။

- See more at: http://mizzimaburmese.com/article/8603#sthash.EOch8CHY.dpuf
......................
တိုင်းပြည်အကျိုး ကြီးစွာ ထိခိုက်စေတဲ့အပြင် အစိုးရကိုလည်း အကြည်ညို ပျက်စေနိုင်တဲ့့ သတင်းများ
အတွေးအမြင်  အာဘော်
မဇ္စျိမ
(ဓာတ်ပုံ - SM၊ ဒီမိုဝေယံ)

ယခုတလော သတင်းမီဒီယာများမှာ ခေါင်းစီးစာလုံးကြီးများနဲ့ ဖော်ပြလာတဲ့ သတင်းတစ်ပုဒ်ဟာ မည်သူမျှ ကျော်ဖတ်မသွားနိုင်လောက်အောင် ဆွဲဆောင်ထားနိုင်ကြပါတယ်။ ဥပမာ ဖါးကန့်ဒေသမှာ တရုတ်နိုင်ငံဘက်က မျက်စိတဆုံး ဝန်တင်ကားကြီးတွေ နေ့ရောညပါ မြေတွေ ၂၄ နာရီမပြတ် သယ်ယူနေကြတယ်ဆိုတဲ့ သတင်းမျိုးပါပဲ။

ခုရက်ပိုင်းအတွင်း ဖါးကန့်ဒေသမှာ တရုတ်မြေသယ်ကားကြီးတွေဟာ မြင်းကောင်ရေ ၉၀၀၀ ကျော်ရှိတဲ့ ကားကြီးတွေဖြစ်ကြောင်းနဲ့ ကားစင်းရေ သောင်းချီပြီး ၀င်ထွက်သွားလာ သယ်ယူနေကြတယ်ဆိုတဲ့ သတင်းကိုလည်း ဖတ်ရပါတယ်။

ဒီိလို ရုတ်တရက် အချိန်တိုအတွင်း ယခင်နှစ်များနဲ့လည်းမတူ နှစ်ဦးကာလမျိုးနဲ့တောင်မတူပဲ ထူးခြားစွာ ပေါ်ပေါက်လာတဲ့ မြေသယ်ယူမှုကြီး ဖြစ်တာမို့ လူတိုင်းစိတ်ဝင်စားတဲ့ သတင်းကြီး ဖြစ်လာတာပါ။ ဒီလိုဖြစ်လာတော့ ပထမဆုံး ပေါ်ပေါက်လာတဲ့ အကျိုးဆက်က ဒေသခံလူထုက ဒါကို ကန့်ကွက်လာကြတယ်ဆိုတဲ့ သတင်းပါပဲ။ အထူးသဖြင့် လမ်းတွေ ပျက်စီးကုန်တာ၊ ခရီးသွားလာမှု ပိတ်ဆို့ကုန်တာ၊ အနိမ့်ဆုံး ကျောင်းဆင်းကျောင်းတက် ကလေးတွေအတွက် စိုးရိမ်ရတာ၊ ဖုံတွေ တချိန်လုံး ထနေလို့ ကျန်းမာရေး ထိခိုက်နိုင်တာကြောင့် ကန့်ကွက်လာကြတာ ဖြစ်တယ်လို့လည်း သိရပါတယ်။ အဲဒီဖါးကန့်မြေဟာ ကမ္ဘာကျော် ကျောက်စိမ်းမြေ ကျောက်စိမ်းဒေသဖြစ်တယ်ဆိုတာတော့ ဘယ်သူမှ မငြင်းနိုင်ပါဘူး။  အခုတော့ ဒေသခံတွေအပါအဝင် ပြည်သူလူထုကပါ မေးခွန်းထုတ်လာကြပါပြီ။

အခုလို ဗြုန်းစားကြီး အင်ကြီးအားကြီး သယ်ဆောင်နေခြင်းကို အစိုးရက မသိလို့များလား၊ သိတယ်ဆိုရင်လည်း ခွင့်လွှတ်ထား မျက်ကွယ်ပြုထားလို့များလားဆိုတဲ့ မေးခွန်းကို မေးလာကြပါပြီ။ အံ့သြဖို့ ကောင်းတဲ့အဖြစ်က ဒီသတင်းကို လွှတ်တော်ထဲကအစ ငြိမ်နေသေးတဲ့အဖြစ်ကိုလည်း လူတွေ စိတ်ဝင်စားကြပါတယ်။ ဒါကြောင့်မို့ ဒီသတင်းဟာ လူတွေ စိတ်ဝင်စားမှု အရှိဆုံး သတင်းတွေထဲက တစ်ပုဒ် ဖြစ်လာခဲ့ပါတယ်။

နောက် စိတ်ဝင်စားကြတဲ့သတင်းက ရန်ကုန်မြို့ ခုံးကျော်တံတားများ အပူတပြင်း ဆောက်တဲ့ သတင်းပါ။ ဒီသတင်းကိုတော့ လွတ်တော်ထဲမှာ မေးမြန်းခံရပါတယ်။ ရိုးသားစွာ ဆောက်လုပ်ခဲ့ခြင်းသာ ဖြစ်တယ်လို့လည်း သက်ဆိုင်ရာဌာနက ပြန်လည် ဖြေကြားပါတယ်။ ဒါပေမယ့် တချိန်တည်းမှာပဲ အဲဒီ ခုံကျော်တံတားကြီးတွေ တာဝန်ယူဆောက်လုပ်ရတဲ့ ကန်ထရိုက် ကုမ္ပဏီကြီးတချို့ဟာ တံတားစီမံကိန်းအတွက် ငွေတွေ ပိုပိုထုတ်ယူခဲ့လို့ နိုင်ငံတော်ကို ပြန်လည်ပေးသွင်းဖို့ ငွေကျပ် ၄၀၂ ဒသမ ၉၅၉ သန်း ရှိတယ်ဆိုတဲ့သတင်းကလည်း ထွက်ပေါ်လာပါတယ်။ ဒီလို ငွေပေါင်းများစွာ ပြန်သွင်းရ ယ့် တခြားကုမ္ပဏီလည်း ရှိပါသေးတယ်။

ဒီသတင်းအရဆိုရင် မေးခွန်းထုတ်စရာ ဖြစ်လာတာက  ဒီလောက်ကွာဟနေတဲ့ ငွေပမာဏအထိ ထုတ်ယူလို့ရတယ်ဆိုတာ ရိုးမှ ရိုးသားပါရဲ့လားဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ ကုမ္ပဏီတွေက လိမ်ပြီး ထုတ်လို့မရအောင် သက်ဆိုင်ရာ တာဝန်ရှိဌာနမှ တွက်ချက် ထိန်းချုပ်တဲ့စနစ် မရှိတော့ဘူးလားဆိုတဲ့ မေးခွန်းကစပြီး မေးစရာတွေ ရှိလာပါတယ်။

ဒါကြောင့်မို့ ဖါးကန့်မှာ အဆင်အခြင်မဲ့စွာ ပြောင်ကျကျ နေ့ချင်းညချင်း ရတနာမြေတွေ သူများ တိုင်းပြည်ထဲ အသယ်ခံနေရတဲ့ ကိစ္စများနဲ့ တံတားဆောက်ကုမ္ပဏီတွေ လွန်ကဲစွာ ငွေတွေ ထုတ်ယူ ကွာဟနေမှုမျိုး သတင်းတွေဟာ တိုင်းပြည်အကျိုး များစွာထိခိုက်စေတဲ့အပြင် နိုင်ငံတော်အစိုးရကိုလည်း ဂုဏ်သိက္ခာ ထိခို်က်စေမှာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ ဒီသတင်းတွေ ဟုတ်၏ မဟုတ်၏၊ ဟုတ်ရင်လည်း သက်ဆိုင်ရာများအနေနဲ့ အမြန်ဆုံး အရေးယူခြင်းဖြစ် ပြည်သူတို့ စိတ်နှလုံးချမ်းမြေ့အောင် အဖြေထုတ်ပေးဖို့ လိုအပ်ကြောင်း တင်ပြလိုက်ပါတယ်။

- See more at: http://mizzimaburmese.com/article/8603#sthash.EOch8CHY.dpuf

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...