အန္ကာရာ ၊ ၁၆-၁၂-၂၀၁၅
ISIS အစၥလာမၼစ္ စစ္ေသြးၾကြ အဖဲြ႕သည္ ေသေစႏုိင္သည့္ အဆိပ္ဓာတ္ေငြ႕မ်ား ထုတ္လုပ္ရန္ အတြက္ လိုအပ္သည့္ ပစၥည္းမ်ားကို တူရကီ မွတစ္ဆင့္ ရရွိေနေၾကာင္း တူရကီ လႊတ္ေတာ္
ကုိယ္စားလွယ္ တစ္ဦးက ေျပာၾကားခဲ့သည္ ဟု သိရသည္။
အဆိပ္ဓာတ္ေငြ႕မ်ား ထုတ္လုပ္ရန္ အတြက္ လိုအပ္သည့္ ကုန္ၾကမ္းပစၥည္းမ်ား ေထာက္ပံ့ေနသည့္ လမ္းေၾကာင္းကို တူရကီ အစိုးရက စံုစမ္းေဖာ္ထုတ္ရန္ ပ်က္ကြက္ခဲ့ေၾကာင္း အတုိက္အခံ ပါတီ ျဖစ္ေသာ ရီပတ္ဘလစ္ကန္ ျပည္သူ႕ပါတီ (CHP) မွ အဖြဲ႕ဝင္ တစ္ဦးျဖစ္သည့္ အီရန္အာဒမ္ က ၂ဝ၁၃ ခုႏွစ္ ၾသဂုတ္ ၂၁ ရက္က ျဖစ္ပြားခဲ့ေသာ တုိက္ခိုက္မႈ အတြင္း ရရွိခဲ့သည့္ သက္ေသ အေထာက္အထား မ်ားကို ကိုးကား၍ RT သတင္းဌာနသို႔ ေျပာၾကားသည္။
ဓာတုလက္နက္ ပစၥည္းမ်ားသည္ တူရကီႏုိင္ငံမွ တစ္ဆင့္ ေရာက္ရွိ လာၿပီးေနာက္ ဆီးရီးယားႏုိင္ငံ အတြင္းရွိ ISIS အစၥလာမၼစ္ စစ္ေသြးၾကြ မ်ား၏ စခန္းတြင္ တပ္ဆင္မႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း အီရန္အာဒမ္ က ေျပာၾကားသည္။
.
၂ဝ၁၃ ခုႏွစ္ ၾသဂုတ္ ၂၁ ရက္က ဒမတ္စကပ္ၿမိဳ႕ ဆင္ေျခဖံုးရွိ Chouta ေဒသတြင္ ျဖစ္ပြားခဲ့ေသာ ဓာတုလက္နက္ အသံုးျပဳ၍ တုိက္ခိုက္မႈ အတြင္း လူရာေပါင္း မ်ားစြာ ေသဆံုးခဲ့သည္။ ၄င္း တိုက္ခိုက္မႈတြင္ ဒံုးက်ည္မ်ား အသံုးျပဳခဲ့ျခင္း ျဖစ္ေသာ္လည္း ယင္း လက္နက္မ်ား၌ အဆိပ္ ဓာတ္ေငြ႕မ်ား ထည့္သြင္းခဲ့ျခင္း ျဖစ္သည္။
တူရကီအစိုးရ သည္ ယင္းျဖစ္ရပ္ကို ဖံုးကြယ္ ထားသည္ဟု အာဒမ္ က အခိုင္အမာ ေျပာၾကားခဲ့ၿပီး ၄င္းျဖစ္စဥ္ႏွင့္ ပတ္သက္၍ လႊတ္ေတာ္သို႔ တင္ျပခဲ့ေၾကာင္း သိရသည္။
Turkey Smuggled Sarin Gas to Terrorists in Syria But the US-led Anti-Assad NATO PROPAGANDA BLAMES President Assad
.
http://www.pyichitthar.com/2015/12/isis_15.html
.
#PyiChitThar
...............
ISIS အဖွဲ့က အဆိပ်ဓာတ်ငွေ့များ ထုတ်လုပ်ရန် တူရကီမှ လိုအပ်သည့် ပစ္စည်းများရရှိနေဟု တူရကီလွှတ်တော် ကိုယ်စားလှယ် ပြောကြား
အန်ကာရာ ၊ ၁၆-၁၂-၂၀၁၅
ISIS အစ္စလာမ္မစ် စစ်သွေးကြွ အဖွဲ့သည် သေစေနိုင်သည့် အဆိပ်ဓာတ်ငွေ့များ ထုတ်လုပ်ရန် အတွက် လိုအပ်သည့် ပစ္စည်းများကို တူရကီ မှတစ်ဆင့် ရရှိနေကြောင်း တူရကီ လွှတ်တော်
ကိုယ်စားလှယ် တစ်ဦးက ပြောကြားခဲ့သည် ဟု သိရသည်။
အဆိပ်ဓာတ်ငွေ့များ ထုတ်လုပ်ရန် အတွက် လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများ ထောက်ပံ့နေသည့် လမ်းကြောင်းကို တူရကီ အစိုးရက စုံစမ်းဖော်ထုတ်ရန် ပျက်ကွက်ခဲ့ကြောင်း အတိုက်အခံ ပါတီ ဖြစ်သော ရီပတ်ဘလစ်ကန် ပြည်သူ့ပါတီ (CHP) မှ အဖွဲ့ဝင် တစ်ဦးဖြစ်သည့် အီရန်အာဒမ် က ၂ဝ၁၃ ခုနှစ် သြဂုတ် ၂၁ ရက်က ဖြစ်ပွားခဲ့သော တိုက်ခိုက်မှု အတွင်း ရရှိခဲ့သည့် သက်သေ အထောက်အထား များကို ကိုးကား၍ RT သတင်းဌာနသို့ ပြောကြားသည်။
ဓာတုလက်နက် ပစ္စည်းများသည် တူရကီနိုင်ငံမှ တစ်ဆင့် ရောက်ရှိ လာပြီးနောက် ဆီးရီးယားနိုင်ငံ အတွင်းရှိ ISIS အစ္စလာမ္မစ် စစ်သွေးကြွ များ၏ စခန်းတွင် တပ်ဆင်မှုများ ပြုလုပ်ခဲ့ကြောင်း အီရန်အာဒမ် က ပြောကြားသည်။
.
၂ဝ၁၃ ခုနှစ် သြဂုတ် ၂၁ ရက်က ဒမတ်စကပ်မြို့ ဆင်ခြေဖုံးရှိ Chouta ဒေသတွင် ဖြစ်ပွားခဲ့သော ဓာတုလက်နက် အသုံးပြု၍ တိုက်ခိုက်မှု အတွင်း လူရာပေါင်း များစွာ သေဆုံးခဲ့သည်။ ၄င်း တိုက်ခိုက်မှုတွင် ဒုံးကျည်များ အသုံးပြုခဲ့ခြင်း ဖြစ်သော်လည်း ယင်း လက်နက်များ၌ အဆိပ် ဓာတ်ငွေ့များ ထည့်သွင်းခဲ့ခြင်း ဖြစ်သည်။
တူရကီအစိုးရ သည် ယင်းဖြစ်ရပ်ကို ဖုံးကွယ် ထားသည်ဟု အာဒမ် က အခိုင်အမာ ပြောကြားခဲ့ပြီး ၄င်းဖြစ်စဉ်နှင့် ပတ်သက်၍ လွှတ်တော်သို့ တင်ပြခဲ့ကြောင်း သိရသည်။
Turkey Smuggled Sarin Gas to Terrorists in Syria But the US-led Anti-Assad NATO PROPAGANDA BLAMES President Assad
.
http://www.pyichitthar.com/2015/12/isis_15.html
.
#PyiChitThar