Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

NLD နဲ႔ ခ႐ိုနီ

$
0
0
ေနျပည္ေတာ္ ဦးေတဇရဲ႕ ထူးကုမၸဏီ အုပ္စုပိုင္ ဒကၡိဏသီရိခရိုင္ ဟိုတယ္ ဇုန္နယ္ေျမက ေရႊစံအိမ္ ဟိုတယ္မွာ က်င္းပတဲ့ သင္တန္း။ Photo Credit to NLD Ko Min Thu

ခရိုနီစီးပြားေရး လုပ္ငန္းရွင္ေတြဘက္က ႏိုင္ငံအက်ဳိးအတြက္ အကူညီေပးမွဳေတြကို ႀကိဳဆိုရမွာျဖစ္သလို ဒီခရိုနီေတြကို တာ၀န္ခံမွဳ၊ တာ၀န္ယူမွဳအျပည့္ရွိတဲ့ လုပ္ငန္း ရွင္ေတြျဖစ္ေအာင္ ၀ိုင္းဝန္း ပံ့ပိုးေပးၾကဖို႔ အမ်ဳိးသားဒီမိုကေရစီအဖဲြ႔ခ်ဳပ္ NLD ဗဟို တာ၀န္ရွိသူတဦးက ပန္ၾကားလိုက္ပါတယ္။ မအင္ၾကင္းနိုင္က အေၾကာင္းစံုကို တင္ျပမွာပါ။

NLD လႊတ္ေတာ္ ကိုယ္စားလွယ္ေတြ အတြက္ စြမ္းရည္ျမႇင့္တင္ သင္တန္း ကို ေနျပည္ေတာ္ က ဦးေတဇရဲ႕ ထူးကုမၸဏီ အုပ္စုပိုင္ ဒကၡိဏသီရိခရိုင္ ဟိုတယ္ ဇုန္နယ္ေျမက ေရႊစံအိမ္ ဟိုတယ္မွာ ဒီဇင္ဘာလ (၁၆) ရက္ေန႔ကေန (၁၈) ရက္ေန႔ထိ သံုးရက္တာ က်င္းပခဲ့တဲ့အတြက္ ေ၀ဖန္မွဳေတြရွိခဲ့ပါတယ္။ အဲဒီမွာ NLD လႊတ္ေတာ္ ကိုယ္စားလွယ္ေပါင္း (၂၀၀) ေက်ာ္ သင္တန္းပို႔ခ်ဖို႔အတြက္ စီစဥ္ခဲ့တဲ့ NLD ဗဟို တာဝန္ရွိသူတဦးျဖစ္တဲ့ ကိုမ်ဳိးရန္ေနာင္သိန္းက ဗီြအိုေအကို အခုလိုေျပာပါတယ္။

"အားလံုးသိၾကတဲ့ အတုိင္းပဲ ႏုိင္ငံေရးပါတီတခုအေနနဲ႔က ႏုိင္ငံတကာ အကူအညီေတြ ယူလို႔မရဘူးဆိုတာ အားလံုး သိပါမယ္။ ဒီသင္တန္းေတြ လုပ္ဖို႔ စဥ္းစားတဲ့အခါမွာ အခ်ိန္အကန္႔အသတ္ရွိပါတယ္။ ေဖေဖာ္ဝါရီလထဲမွာ လႊတ္ေတာ္မစခင္ သင္တန္းေတြ အားလံုးၿပီးဖို႔အတြက္ သင္တန္းဆရာေတြ အားလံုး ဝိုင္းၿပီး စဥ္းစားၾကပါတယ္။ ၿပီးေတာ့ သင္တန္းက မနက္ ၈နာရီကေန ညေန ေျခာက္နာရီအထိဆိုေတာ့  အရမ္းမ်ားပါတယ္။ အေၾကာင္းအရာေတြလည္း အရမ္းမ်ားပါတယ္။ အဆင္ေျပတဲ့တေနရာကို စဥ္းစားတဲ့အခါမွာ ေနျပည္ေတာ္မွာ အထက္ျမန္မာျပည္က ေနရာေတာ္ေတာ္မ်ားမ်ားက ကိုယ္စားလွယ္ေတြကို စဥ္းစားတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ေနျပည္ေတာ္က ပိုအဆင္ေျပ ပါတယ္။ ေနျပည္ေတာ္ မွာလည္းပဲ ဒီေလာက္ေနရာဆံ့ တဲ့ေနရာဆိုလုိ႔ ေရႊစံအိမ္ ဟိုတယ္ ရွိတယ္ေပါ့ေနာ္။ ဒီဟိုတယ္ပိုင္ရွင္ေတြကလည္းပဲ အကူအညီေပးမယ္ဆိုေတာ့ က်ေနာ္တို႔အတြက္ အရမ္းကို အဆင္ေျပပါတယ္။

ေနာက္တခုက ဒီဟိုတယ္မွာ က်ေနာ္တုိ႔ တည္းတယ္ဆိုေပမဲ့ အခန္းေတြ ထဲမွာ ေရဗူးကလြဲလို႔ ဘာမွ ထည့္ခြင့္မေပးထားပါဘူး။ အစားအေသာက္ ဆိုလည္း သာမာန္အစားအေသာက္ပါပဲ။ က်ေနာ္ေျပာျပပါတယ္။ ဟိုတယ္ပိုင္ရွင္ေတြ အေနနဲ႔ ျပန္ရွင္းျပပါတယ္။ က်ေနာ္တို႔ လႊတ္ေတာ္ ကိုယ္စားလွယ္မ်ားမွ ဘာမွ မရွိပါဘူး။ ညအိပ္လို႔ရရံုေအာင္ပါပဲ ညအိပ္လို႔ရရင္ ရပါၿပီဆိုၿပီး ေျပာထားပါတယ္။ ဟိုတယ္လို႔ျမင္တာထက္ ညအိပ္လို႔ရတဲ့တေနရာလို႔ျမင္ရင္ရပါၿပီ။ ကိုယ္စားလွယ္ေတြ အတြက္ အထိုက္အေလ်ာက္ အဆင္ေျပတဲ့ ညအိပ္စရာ တေနရာ က်ေနာ္တို႔ စီစဥ္ေပးတာပါ။ "

အခုလို NLD ရဲ႕ ပထမဆံုးအႀကိမ္ က်င္းပတဲ့ စြမ္းရည္ျမႇင့္တင္ေရး သင္တန္းကို မႏၱေလးတိုင္း၊ ကခ်င္နဲ႔ ရွမ္းျပည္နယ္အပါအ၀င္ ေနျပည္ေတာ္ ေဒသေတြက အႏိုင္ရ လႊတ္ေတာ္ ကိုယ္စားလွယ္ေတြ တက္ေရာက္ခဲ့ပါတယ္။

လႊတ္ေတာ္မွာ ဥပေဒျပဳ ျပဌာန္းရမယ့္ အေၾကာင္းအရာေတြနဲ႔ပတ္သက္လို႔ အႏိုင္ရလႊတ္ေတာ္ ကိုယ္စားလွယ္ေတြကို သင္တန္းပို႔ခ်တာသာျဖစ္ၿပီး NLD အေနနဲ႕ ခရိုနီစီးပြားေရးသမားေတြနဲ႔ ပတ္သက္တယ္ဆိုတဲ့ စြပ္စဲြခ်က္ဟာ မွန္ကန္မွဳမရွိဘူးလို႔ သင္တန္းကို ဦးေဆာင္ပို႕ခ်သူတဦးျဖစ္တဲ့ တရားလႊတ္ေတာ္ေရွ႕ေနႀကီး ဦးကိုနီကေျပာပါတယ္။

"ခ႐ိုနီနဲ႔ က်ေနာ္တို႔ပတ္သက္တယ္လို႔ စြပ္စြဲရင္ေတာ့ အဲ့ဒီ့စြပ္စြဲခ်က္ကိုေတာ့ က်ေနာ္တို႔က ျငင္းရလိမ့္မယ္။ ဘာေၾကာင့္တုန္းဆိုေတာ့ က်ေနာ္တို႔ရဲ႕ရည္ရြယ္ခ်က္က သင္တန္းေပးတာပါ။ သင္တန္းေပးတယ္ဆိုတာ က်ေနာ္တို႔ အေရြးခံရတဲ့ လႊတ္ေတာ္အမတ္ေတြ တုိင္းျပည္အက်ိဳးကို ထိထိေရာက္ေရာက္ ေဆာင္ရြက္ႏုိင္ေအာင္ က်ေနာ္တို႔ သင္တန္းေပးတာပါ။ သင္တန္းေပးတယ္ ဆိုေတာ့ အနယ္နယ္အရပ္ရပ္က လႊတ္ေတာ္အမတ္ေတြကို က်ေနာ္တို႔က ေခၚၿပီးေတာ့ စုစည္းရတယ္။ ေနရာထိုင္ခင္း စီစဥ္ေပးရတယ္။ သင္တန္းေပးဖို႔အတြက္ သင္တန္းခန္းမေတြ လိုအပ္တယ္။ က်ေနာ္တို႔ အမ်ိဴးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္မွာ အဲ့ဒီ့အေျခအေန အဲ့ဒီ့facility ေပးႏိုင္တဲ့ အေနအထားမရွိဘူး ဒါ လူတုိင္းသိပါတယ္။ က်ေနာ္တို႔ပါတီက အင္မတန္မွ ဆင္းရဲပါတယ္။ က်ေနာ္တို႔႐ံုးခန္းေလးကလည္း က်ဥ္းက်ဥ္းေလးပါ။ ဒီလိုတႏုိင္ငံလံုးအတိုင္းအတာနဲ႔ အေရးႀကီးတဲ့ လုပ္ငန္းေဆာင္တာေတြကို လုပ္ဖို႔ လိုအပ္တဲ့အခါက်ေတာ့ က်ေနာ္တို႔ အဆင္ေျပတဲ့ေနရာမွာ လုပ္ရတာပါပဲ။ "

NLD အေနနဲ႔ ခရိုနီေတြနဲ႔ ပတ္သက္တဲ့ သီးျခားဗ်ဴဟာ၊ မူ၀ါဒေတြကို ခ်မွတ္ၿပီး ေဆာင္ရြက္သင့္တယ္လို႔ ျမန္မာ့ႏိုင္ငံေရး သံုးသပ္သူတခ်ဳိ႕ ကေထာက္ျပခဲ့ၾကပါတယ္။ NLD ဘက္ကေတာ့  ခရိုနီလုပ္ငန္းရွင္ေတြနဲ႔ ပတ္သက္တဲ့ သူတို႔ရဲ႕ သေဘာထားကို ကိုမ်ဳိးရန္ေနာင္သိန္းက အခုလိုရွင္းျပပါတယ္။

"က်ေနာ္တို႔ႏုိင္ငံ အနာဂတ္တည္ေဆာက္ေရးအတြက္ကို လုပ္ငန္းရွင္ေတြက လိုတာပဲ။ ခ႐ိုနီေတြကို တာဝန္ယူမႈ တာဝန္ခံမႈရွိတဲ့ လုပ္ငန္းရွင္ေတြ အျဖစ္နဲ႔ ေျပာင္းလဲ လို႔ရရင္ ေျပာင္းလဲရမွာပဲ။ ေျပာင္းမယ္ ဆိုရင္ ႏုိင္ငံျခား မွာ ေရာက္ေနတဲ့ ပိုက္ဆံေတြကို ျမန္မာျပည္ထဲ ျပန္စီးဆင္းလာေအာင္ က်ေနာ္တို႔ အစိုးရ ႀကိဳးစားရမွာပါ။ ျမန္မာျပည္ထဲမွာ ဒီပိုက္ဆံေတြ စီးဆင္းေနမယ္ဆိုရင္ ျပည္သူ႔ အတြက္ အက်ိဳးရွိတာပဲ။

ၿပီးေတာ့ တခါတေလက်လို႔ရွိရင္ အားလံုး အေမွ်ာ္အျမင္ရွိရိွိနဲ႔ စဥ္းစားၾကဖို႔လိုမယ္လို႔ က်ေနာ္ျမင္တာပဲ။ အရင္တုန္းက အမွားေတြျပဳလုပ္ခဲ့တယ္ ဆိုရင္ေတာင္မွ မွန္ကန္တဲ့လမ္းေၾကာင္းကိုေလ်ာက္မယ္ဆိုရင္ ႀကိဳဆိုၾကရမွာပဲ။ အဲ့ေတာ့ က်ေနာ္တို႔ အစိုးရျဖစ္လာခဲ့လို႔ျဖစ္ရင္ ဒီျမန္မာျပည္ စီးပြားေရးဖြ႔ံၿဖိဳးဖို႔အတြက္ အဓိက ေက်ာေထာက္ေနာက္ခံအင္အားသည္ စီးပြားေရးလုပ္ငန္းရွင္ေတြပဲ။  လက္ရွိ စီးပြားေရးလုပ္ငန္းရွင္ေတြ အမ်ားစုသည္ ခ႐ိုနီျဖစ္ခဲ့ၾကတာခ်ည္းပဲ။ အဲ့ေတာ့ က်ေနာ္တို႔အစိုးရလက္ထက္မွာ ခ႐ုိနီမျဖစ္ရင္ ၿပီးတာပဲ။ ၿပီးေတာ့ က်ေနာ္တို႔အစိုးရလက္ထက္မွာ လုပ္သမ်ွအားလံုးသည္ ပြင့္လင္းျမင္သာမႈ၊ တာဝန္ယူ တာဝန္ခံမႈရွိေအာင္ လုပ္ရမယ္။ အဓိက အရမ္းအေရးၾကီးတယ္။ ဒီလုပ္ငန္းရွင္ေတြ ခရိုနီကေန အသြင္ေျပာင္းသြားမယ့္ လုပ္ငန္းရွင္ေတြဟာ တာဝန္ယူမႈ တာဝန္ခံမႈ အျပည့္နဲ႔ ျမန္မာႏုိင္ငံ အက်ိဳးရွိေအာင္ လုပ္ေပးဖို႔အတြက္က က်ေနာ္တို႔ အားလံုးမွာ တာဝန္ရွိပါတယ္ဗ်။"

NLD ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္ကေတာ့ သူဦးေဆာင္မယ့္ အစိုးရသစ္ လက္ထက္မွာ တိုင္းျပည္ ထူေထာင္ေရးအတြက္ အားလံုးနဲ႔ ပူးေပါင္းေဆာင္ရြက္ သြားမွာျဖစ္သလို အမ်ဳိးသားျပန္လည္သင့္ျမတ္ေရးကို အေလးထားမွာျဖစ္တယ္လို႔ အစဥ္တစိုက္ ေျပာဆိုထားပါတယ္။

အင္ၾကင္းႏိုင္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
........................
 နေပြည်တော် ဦးတေဇရဲ့ ထူးကုမ္ပဏီ အုပ်စုပိုင် ဒက္ခိဏသီရိခရိုင် ဟိုတယ် ဇုန်နယ်မြေက ရွှေစံအိမ် ဟိုတယ်မှာ ကျင်းပတဲ့ သင်တန်း။ Photo Credit to NLD Ko Min Thu

ခရိုနီစီးပွားရေး လုပ်ငန်းရှင်တွေဘက်က နိုင်ငံအကျိုးအတွက် အကူညီပေးမှုတွေကို ကြိုဆိုရမှာဖြစ်သလို ဒီခရိုနီတွေကို တာဝန်ခံမှု၊ တာဝန်ယူမှုအပြည့်ရှိတဲ့ လုပ်ငန်း ရှင်တွေဖြစ်အောင် ၀ိုင်းဝန်း ပံ့ပိုးပေးကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟို တာဝန်ရှိသူတဦးက ပန်ကြားလိုက်ပါတယ်။ မအင်ကြင်းနိုင်က အကြောင်းစုံကို တင်ပြမှာပါ။

NLD လွှတ်တော် ကိုယ်စားလှယ်တွေ အတွက် စွမ်းရည်မြှင့်တင် သင်တန်း ကို နေပြည်တော် က ဦးတေဇရဲ့ ထူးကုမ္ပဏီ အုပ်စုပိုင် ဒက္ခိဏသီရိခရိုင် ဟိုတယ် ဇုန်နယ်မြေက ရွှေစံအိမ် ဟိုတယ်မှာ ဒီဇင်ဘာလ (၁၆) ရက်နေ့ကနေ (၁၈) ရက်နေ့ထိ သုံးရက်တာ ကျင်းပခဲ့တဲ့အတွက် ဝေဖန်မှုတွေရှိခဲ့ပါတယ်။ အဲဒီမှာ NLD လွှတ်တော် ကိုယ်စားလှယ်ပေါင်း (၂၀၀) ကျော် သင်တန်းပို့ချဖို့အတွက် စီစဉ်ခဲ့တဲ့ NLD ဗဟို တာဝန်ရှိသူတဦးဖြစ်တဲ့ ကိုမျိုးရန်နောင်သိန်းက ဗွီအိုအေကို အခုလိုပြောပါတယ်။

"အားလုံးသိကြတဲ့ အတိုင်းပဲ နိုင်ငံရေးပါတီတခုအနေနဲ့က နိုင်ငံတကာ အကူအညီတွေ ယူလို့မရဘူးဆိုတာ အားလုံး သိပါမယ်။ ဒီသင်တန်းတွေ လုပ်ဖို့ စဉ်းစားတဲ့အခါမှာ အချိန်အကန့်အသတ်ရှိပါတယ်။ ဖေဖော်ဝါရီလထဲမှာ လွှတ်တော်မစခင် သင်တန်းတွေ အားလုံးပြီးဖို့အတွက် သင်တန်းဆရာတွေ အားလုံး ဝိုင်းပြီး စဉ်းစားကြပါတယ်။ ပြီးတော့ သင်တန်းက မနက် ၈နာရီကနေ ညနေ ခြောက်နာရီအထိဆိုတော့  အရမ်းများပါတယ်။ အကြောင်းအရာတွေလည်း အရမ်းများပါတယ်။ အဆင်ပြေတဲ့တနေရာကို စဉ်းစားတဲ့အခါမှာ နေပြည်တော်မှာ အထက်မြန်မာပြည်က နေရာတော်တော်များများက ကိုယ်စားလှယ်တွေကို စဉ်းစားတယ်။ ဘာကြောင့်လဲဆိုတော့ နေပြည်တော်က ပိုအဆင်ပြေ ပါတယ်။ နေပြည်တော် မှာလည်းပဲ ဒီလောက်နေရာဆံ့ တဲ့နေရာဆိုလို့ ရွှေစံအိမ် ဟိုတယ် ရှိတယ်ပေါ့နော်။ ဒီဟိုတယ်ပိုင်ရှင်တွေကလည်းပဲ အကူအညီပေးမယ်ဆိုတော့ ကျနော်တို့အတွက် အရမ်းကို အဆင်ပြေပါတယ်။

နောက်တခုက ဒီဟိုတယ်မှာ ကျနော်တို့ တည်းတယ်ဆိုပေမဲ့ အခန်းတွေ ထဲမှာ ရေဗူးကလွဲလို့ ဘာမှ ထည့်ခွင့်မပေးထားပါဘူး။ အစားအသောက် ဆိုလည်း သာမာန်အစားအသောက်ပါပဲ။ ကျနော်ပြောပြပါတယ်။ ဟိုတယ်ပိုင်ရှင်တွေ အနေနဲ့ ပြန်ရှင်းပြပါတယ်။ ကျနော်တို့ လွှတ်တော် ကိုယ်စားလှယ်များမှ ဘာမှ မရှိပါဘူး။ ညအိပ်လို့ရရုံအောင်ပါပဲ ညအိပ်လို့ရရင် ရပါပြီဆိုပြီး ပြောထားပါတယ်။ ဟိုတယ်လို့မြင်တာထက် ညအိပ်လို့ရတဲ့တနေရာလို့မြင်ရင်ရပါပြီ။ ကိုယ်စားလှယ်တွေ အတွက် အထိုက်အလျောက် အဆင်ပြေတဲ့ ညအိပ်စရာ တနေရာ ကျနော်တို့ စီစဉ်ပေးတာပါ။ "

အခုလို NLD ရဲ့ ပထမဆုံးအကြိမ် ကျင်းပတဲ့ စွမ်းရည်မြှင့်တင်ရေး သင်တန်းကို မန္တလေးတိုင်း၊ ကချင်နဲ့ ရှမ်းပြည်နယ်အပါအဝင် နေပြည်တော် ဒေသတွေက အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။

လွှတ်တော်မှာ ဥပဒေပြု ပြဌာန်းရမယ့် အကြောင်းအရာတွေနဲ့ပတ်သက်လို့ အနိုင်ရလွှတ်တော် ကိုယ်စားလှယ်တွေကို သင်တန်းပို့ချတာသာဖြစ်ပြီး NLD အနေနဲ့ ခရိုနီစီးပွားရေးသမားတွေနဲ့ ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်ဟာ မှန်ကန်မှုမရှိဘူးလို့ သင်တန်းကို ဦးဆောင်ပို့ချသူတဦးဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေကြီး ဦးကိုနီကပြောပါတယ်။

"ခရိုနီနဲ့ ကျနော်တို့ပတ်သက်တယ်လို့ စွပ်စွဲရင်တော့ အဲ့ဒီ့စွပ်စွဲချက်ကိုတော့ ကျနော်တို့က ငြင်းရလိမ့်မယ်။ ဘာကြောင့်တုန်းဆိုတော့ ကျနော်တို့ရဲ့ရည်ရွယ်ချက်က သင်တန်းပေးတာပါ။ သင်တန်းပေးတယ်ဆိုတာ ကျနော်တို့ အရွေးခံရတဲ့ လွှတ်တော်အမတ်တွေ တိုင်းပြည်အကျိုးကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် ကျနော်တို့ သင်တန်းပေးတာပါ။ သင်တန်းပေးတယ် ဆိုတော့ အနယ်နယ်အရပ်ရပ်က လွှတ်တော်အမတ်တွေကို ကျနော်တို့က ခေါ်ပြီးတော့ စုစည်းရတယ်။ နေရာထိုင်ခင်း စီစဉ်ပေးရတယ်။ သင်တန်းပေးဖို့အတွက် သင်တန်းခန်းမတွေ လိုအပ်တယ်။ ကျနော်တို့ အမျိူးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ အဲ့ဒီ့အခြေအနေ အဲ့ဒီ့facility ပေးနိုင်တဲ့ အနေအထားမရှိဘူး ဒါ လူတိုင်းသိပါတယ်။ ကျနော်တို့ပါတီက အင်မတန်မှ ဆင်းရဲပါတယ်။ ကျနော်တို့ရုံးခန်းလေးကလည်း ကျဉ်းကျဉ်းလေးပါ။ ဒီလိုတနိုင်ငံလုံးအတိုင်းအတာနဲ့ အရေးကြီးတဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဖို့ လိုအပ်တဲ့အခါကျတော့ ကျနော်တို့ အဆင်ပြေတဲ့နေရာမှာ လုပ်ရတာပါပဲ။ "

NLD အနေနဲ့ ခရိုနီတွေနဲ့ ပတ်သက်တဲ့ သီးခြားဗျူဟာ၊ မူဝါဒတွေကို ချမှတ်ပြီး ဆောင်ရွက်သင့်တယ်လို့ မြန်မာ့နိုင်ငံရေး သုံးသပ်သူတချို့ ကထောက်ပြခဲ့ကြပါတယ်။ NLD ဘက်ကတော့  ခရိုနီလုပ်ငန်းရှင်တွေနဲ့ ပတ်သက်တဲ့ သူတို့ရဲ့ သဘောထားကို ကိုမျိုးရန်နောင်သိန်းက အခုလိုရှင်းပြပါတယ်။

"ကျနော်တို့နိုင်ငံ အနာဂတ်တည်ဆောက်ရေးအတွက်ကို လုပ်ငန်းရှင်တွေက လိုတာပဲ။ ခရိုနီတွေကို တာဝန်ယူမှု တာဝန်ခံမှုရှိတဲ့ လုပ်ငန်းရှင်တွေ အဖြစ်နဲ့ ပြောင်းလဲ လို့ရရင် ပြောင်းလဲရမှာပဲ။ ပြောင်းမယ် ဆိုရင် နိုင်ငံခြား မှာ ရောက်နေတဲ့ ပိုက်ဆံတွေကို မြန်မာပြည်ထဲ ပြန်စီးဆင်းလာအောင် ကျနော်တို့ အစိုးရ ကြိုးစားရမှာပါ။ မြန်မာပြည်ထဲမှာ ဒီပိုက်ဆံတွေ စီးဆင်းနေမယ်ဆိုရင် ပြည်သူ့ အတွက် အကျိုးရှိတာပဲ။

ပြီးတော့ တခါတလေကျလို့ရှိရင် အားလုံး အမျှော်အမြင်ရှိရှိိနဲ့ စဉ်းစားကြဖို့လိုမယ်လို့ ကျနော်မြင်တာပဲ။ အရင်တုန်းက အမှားတွေပြုလုပ်ခဲ့တယ် ဆိုရင်တောင်မှ မှန်ကန်တဲ့လမ်းကြောင်းကိုလျောက်မယ်ဆိုရင် ကြိုဆိုကြရမှာပဲ။ အဲ့တော့ ကျနော်တို့ အစိုးရဖြစ်လာခဲ့လို့ဖြစ်ရင် ဒီမြန်မာပြည် စီးပွားရေးဖွ့ံဖြိုးဖို့အတွက် အဓိက ကျောထောက်နောက်ခံအင်အားသည် စီးပွားရေးလုပ်ငန်းရှင်တွေပဲ။  လက်ရှိ စီးပွားရေးလုပ်ငန်းရှင်တွေ အများစုသည် ခရိုနီဖြစ်ခဲ့ကြတာချည်းပဲ။ အဲ့တော့ ကျနော်တို့အစိုးရလက်ထက်မှာ ခရိုနီမဖြစ်ရင် ပြီးတာပဲ။ ပြီးတော့ ကျနော်တို့အစိုးရလက်ထက်မှာ လုပ်သမျှအားလုံးသည် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူ တာဝန်ခံမှုရှိအောင် လုပ်ရမယ်။ အဓိက အရမ်းအရေးကြီးတယ်။ ဒီလုပ်ငန်းရှင်တွေ ခရိုနီကနေ အသွင်ပြောင်းသွားမယ့် လုပ်ငန်းရှင်တွေဟာ တာဝန်ယူမှု တာဝန်ခံမှု အပြည့်နဲ့ မြန်မာနိုင်ငံ အကျိုးရှိအောင် လုပ်ပေးဖို့အတွက်က ကျနော်တို့ အားလုံးမှာ တာဝန်ရှိပါတယ်ဗျ။"

NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကတော့ သူဦးဆောင်မယ့် အစိုးရသစ် လက်ထက်မှာ တိုင်းပြည် ထူထောင်ရေးအတွက် အားလုံးနဲ့ ပူးပေါင်းဆောင်ရွက် သွားမှာဖြစ်သလို အမျိုးသားပြန်လည်သင့်မြတ်ရေးကို အလေးထားမှာဖြစ်တယ်လို့ အစဉ်တစိုက် ပြောဆိုထားပါတယ်။

အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>