“ခ႐ိုနီဆိုတဲ့ စကားလံုးရဲ႕အဓိပၺါယ္ကို ဘယ္သူကမွလည္း ေသေသခ်ာခ်ာ မဖြင့္ခဲ့ေသးဘူး။ အဲဒါကို အန္တီ သတိထားမိပါတယ္။ အန္တီတို႔ကေတာ့ အဂတိတရားကင္းစင္တဲ့အစိုးရ ထူေထာင္မယ္လို႔ ေျပာထားျပီးသားပါ”
ဒီစကားကို ေဒၚေအာင္ဆန္းစုၾကည္က ေရြးေကာက္ပြဲမက်င္းပမီ ၃ ရက္အလို၊ ေရြးေကာက္ပြဲမတိုင္မီ ေနာက္ဆံုးျပဳလုပ္တဲ့ နို၀င္ဘာ ၅ ရက္ သတင္းစာရွင္းလင္းပြဲမွာ ေျပာခဲ့တာပါ။ ေနရာကေတာ့ တကၠသိုလ္ရိပ္သာလမ္း ျခံအမွတ္ ၅၄ သူမရဲ႕ ေနအိမ္ျခံ၀င္းအတြင္းမွာျဖစ္ျပီး အဲဒီေန႔က နာမည္ေက်ာ္ ျမန္မာသူေဌးၾကီးတဦးျဖစ္တဲ့ မိုက္ကယ္မိုးျမင့္ရဲ႕ဇနီး ေဒၚဥမၼာမိုးျမင့္လည္း ျခံထဲမွာ ရွိေနခဲ့ပါတယ္။
အခုေတာ့ ေရြးေကာက္ပြဲၾကီးျပီးလို႔ NLD လည္း ျပတ္ျပတ္သားသား အနိုင္ရခဲ့ပါျပီ။ ျပီးခဲ့တဲ့ ရက္ပိုင္းေတြက အာဏာလႊဲေျပာင္းေပးေရးနဲ႔ပတ္သက္လို႔ ေဒၚေအာင္ဆန္းစုၾကည္ဟာ နိုင္ငံေတာ္သမၼတဦးသိန္းစိန္၊ ျပည္ေထာင္စုလႊတ္ေတာ္ နာယက သူရဦးေရႊမန္း၊ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးၾကီး မင္းေအာင္လႈိင္ အစရွိတဲ့ ျမန္မာ့နိုင္ငံေရးမွာ အဓိကက်သူေတြနဲ႔ ေတြ႔ဆံုခဲ့တဲ့အျပင္ အဆိုပါ ပုဂၢိဳလ္မ်ားရဲ႕ေနာက္ကြယ္မွာ ရွိေနတယ္လို႔ အမ်ားက ယူဆထားတဲ့ ဗိုလ္ခ်ဳပ္မွဴးၾကီးေဟာင္း ဦးသန္းေရႊနဲ႔ေတာင္ ေတြ႔ဆံုခဲ့ပါတယ္။ ဒီမိုကေရစီအသြင္ကူးေျပာင္းေရးနဲ႔ ျမန္မာ့နိုင္ငံေရး ရာသီဥတုက အခုအခ်ိန္ထိေတာ့ သာယာလွပလို႔ ေနပါတယ္။ လက္ရွိ အာဏာရပါတီဘက္က လူၾကီးလူေကာင္းဆန္စြာ ေရြးေကာက္ပြဲရဲ႕ အဆံုးအျဖတ္ကို နာခံျပီး အနိုင္ရပါတီကို အသာတၾကည္ အာဏာလႊဲေပးမယ္ဆိုတဲ့အေနအထားပါ။ ျမန္မာ့နိုင္ငံေရး၏ ဧျပီေကာင္းကင္တြင္ တိမ္ကင္းစင္ျပီး ေနသာလ်က္ရွိပါသည္ဆိုတာမ်ဳိးပါ။ ဒီအခ်ိန္မွာ ခ႐ိုနီေတြ ဘာလုပ္ေနမလဲ။ ဘာလုပ္ဖို႔လိုတယ္ဆိုတာ သူတို႔ ေကာင္းေကာင္း သိပါတယ္။
ျပီးခဲ့တဲ့ သီတင္းပတ္ New York Times သတင္းေဆာင္းပါးမွာ ဦးေဇာ္ေဇာ္က “NLD အျပတ္အသတ္နိုင္မယ္လို႔ ကြ်န္ေတာ္ ေမွ်ာ္လင့္ထားခဲ့တယ္။ အဲဒီအတြက္ ကြ်န္ေတာ္ေပ်ာ္ပါတယ္”လို႔ ေျပာထားပါတယ္။ အဲဒီ ေဆာင္းပါးထဲမွာပဲ ဦးေဇာ္ေဇာ္ရဲ႕ စီးပြားေရးလုပ္ငန္းေတြဟာ ယခင္က စစ္အစိုးရနဲ႔ ဆက္စပ္မႈရွိလို႔ အေမရိကန္အစိုးရရဲ႕ စီးပြားေရးပိတ္ဆို႔မႈ ခံခဲ့ရေၾကာင္း၊ ေနာက္ပိုင္းမွာ ဦးေဇာ္ေဇာ္ဟာ စစ္တပ္နဲ႔ ခပ္ကင္းကင္းေနဖို႔ၾကိဳးစားခဲ့ျပီး ေဒၚေအာင္ဆန္းစုၾကည္နဲ႔ နီးစပ္ဖို႔ ၾကိဳးပမ္းခဲ့တယ္လို႔ ဆိုပါတယ္။
ဒီအရင္ကတည္းက ျမန္မာခ႐ုိနီေတြ NLD နဲ႔ ေဒၚေအာင္ဆန္းစုၾကည္အနားကို လူမသိ သူမသိ ေရာက္ရွိေနတာ အခ်ိန္ေတာ္ေတာ္ ၾကာပါျပီ။ HTOO ကုမၺဏီရဲ႕ အကူအညီနဲ႔ NLD ႐ုံးခ်ဳပ္ အသစ္ျပန္လည္တည္ေဆာက္မယ္ဆိုတဲ့သတင္းက ၂၀၁၃ ခုႏွစ္ကတည္းက ထြက္ေပၚခဲ့တာပါ။ လက္ရွိ လုပ္ကိုင္ေနတဲ့ ဒီခ်ဳပ္႐ုံးခ်ဳပ္သစ္ ျပန္လည္ေဆာက္လုပ္ေရးေကာ္မတီရဲ႕ အတြင္းေရးမွဴးက NLD ပါတီ၀င္မဟုတ္တဲ့ ဦးရဲမင္းဦး (AGD ဘဏ္ရဲ႕ MD) ျဖစ္ျပီး သူဟာ ဦးေတဇနဲ႔ ညီအစ္ကို ၀မ္းကြဲေတာ္စပ္သူလို႔ ၾကားသိရပါတယ္။
ဒါဟာ ၂၀၁၃ ကေပၚထြက္ခဲ့တဲ့ ဦးေတဇနဲ႔ NLD ရဲ႕ ႏွီးႏြယ္မႈပါ။ ဒါနဲ႔ပတ္သက္လို႔ သူနဲ႔ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ရင္းႏွီးမႈဟာ ဟိုးအရင္ ၈၈ ကာလကတည္းက ျဖစ္တယ္လို႔ ဦးေတဇက ေျပာပါတယ္။
“ငါ့အေဖလည္း စစ္သားကြာ၊ ေျပာရရင္ ပထမဦးဆံုးတပ္မေတာ္ျဖစ္တဲ့ BIA ေခတ္ကတည္းက ဗမာ့တပ္မေတာ္မွာ အဘ ဗိုလ္ခ်ဳပ္ေအာင္ဆန္းကိုခ်စ္လို႔ ငါ့အေဖကငါ့ကို Nick Name ေပးထားတာ ေတဇ ဆိုျပီးေတာ့။ အဲဒီေခတ္က စစ္တပ္မွာ ဘယ္ႏွေယာက္ရွိမွာလဲ။ အဲဒီအခ်ိန္တုန္းက အေဖတို႔က ဂ်ဳနီယာေပါ့။ ထို႔အတူပဲ ကိုယ္တို႔ ၈၈ အေရးအခင္းကာလမွာ ကိုမ်ဳိးသိန္းကိုေတာ့ သိမွာပါ။ ကိုမ်ဳိးသိန္းက အေမစုကားကို အျမဲေမာင္းေပးရပါတယ္။ ကိုယ္တို႔ စည္း႐ုံးေရးဆင္းသြားတယ္။ ကိုယ္တို႔ ဆန္စက္မွာ စားတာ၊ ေသာက္တာအျမဲလုပ္တယ္။ ၾကိဳ႕ပင္ေကာက္မွာေပါ့။ အဲဒီေတာ့ အသိေတြပါ ဟိုးအရင္ကတည္းကေနာ္။ ျမန္မာျပည္မွာ စီးပြားေရးလုပ္တဲ့လူ ဘယ္ႏွေယာက္ရွိလို႔လဲ၊ နိုင္ငံေရးလုပ္တဲ့လူ ဘယ္ႏွေယာက္ရွိလို႔လဲ။ အကုန္လံုး သိေနၾကတာေပါ့”လို႔ ဦးေတဇက NLD နဲ႔ HTOO ဆက္ဆံေရးနဲ႔ပတ္သက္လို႔ ေမးျမန္းမႈကို ေျဖၾကားခဲ့ပါတယ္။
ေဒၚေအာင္ဆန္းစုၾကည္ကသာ ခ႐ုိနီဆိုတဲ့ အဓိပၺါယ္ဖြင့္ဆိုခ်က္ကို ေမးခြန္းထုတ္ခဲ့ေပမယ့္ ဦးေတဇကေတာ့ သူတို႔ဟာ နိုင္ငံတကာအေခၚမွာဆိုရင္ BENSC (Business Executive for National Security Council)-အမ်ဳိးသားလံုျခံဳေရးအတြက္ အလုပ္လုပ္ေပးေနေသာ စီးပြားေရးလုပ္ငန္းရွင္ၾကီးမ်ားသာ ျဖစ္တယ္လို႔ ဆိုပါတယ္။
ဦးေတဇ၊ ဦးေဇာ္ေဇာ္ တို႔အျပင္ သူရဦးေရႊမန္းရဲ႕သား ဦးတိုးနိုင္မန္းတို႔ဆိုရင္လည္း ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ျခံထဲ ၀င္ထြက္ေနတာ ၾကာျပီဆိုတဲ့သတင္းေတြ ထြက္ေပၚခဲ့တဲ့အျပင္ ဦးေရႊမန္းနဲ႔ ခမည္းခမက္ ေတာ္စပ္တဲ့ ေဇကမၻာဦးခင္ေရႊဟာဆိုလို႔ရွိရင္ ေရြးေကာက္ပြဲမတိုင္ခင္ ၁ လေလာက္အလိုမွာ ကိုယ္တိုင္က ျပည္ခိုင္ျဖိဳးအမတ္ျဖစ္ပါလ်က္နဲ႔ ေဒၚေအာင္ဆန္းစုၾကည္ကို သူကိုယ္တိုင္ မဲထည့္မယ္လို႔ News Watch ကို ေျပာခဲ့ပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ဆြယ္တာကို က်ပ္ ၄၁၅ သိန္းနဲ႔ ေလလံဆြဲခဲ့တာလည္း စကိုင္းနက္ ဦးေက်ာ္၀င္းဆိုတာ မွတ္မိၾကဦးမွာပါ။ သူတို႔ကို ခ႐ုိနီလို႔ပဲေခၚေခၚ စီးပြားေရးသမားလို႔ပဲေခၚေခၚ သူတို႔အက်ဳိးစီးပြားအတြက္ ကပ္သင့္တဲ့သူ၊ သင့္ျမတ္ေအာင္ ေပါင္းသင္းရမယ့္သူေတြနဲ႔ေတာ့ လိုအပ္ခ်က္အရ ေပါင္းသင္းေနဦးမွာပါ။ အဆက္အသြယ္ေကာင္းေကာင္းရွိျခင္းရဲ႕ အက်ဳိးေက်းဇူးကို ခ႐ုိနီေတြထက္ ဘယ္သူ ပိုသိနိုင္မွာလဲ။
“ကြ်န္ေတာ့္မွာ အဆက္အသြယ္ေကာင္းေတြရွိေတာ့ စီးပြားေရးလုပ္ရတာ လြယ္ကူတာေပါ့”လို႔ ေအးေန၀င္းက နို၀င္ဘာလအတြင္းက AFP ကို ေျပာခဲ့ပါတယ္။
အရင္က တိုးတိုးတိတ္တိတ္ ဆက္ဆံခဲ့ရာက ဒီဇင္ဘာ ၁၆ ရက္မွာ ေရြးေကာက္ပြဲအနိုင္ရ NLD အမတ္ေလာင္းေတြကို ဦးေတဇပိုင္ ေရႊစံအိမ္ဟိုတယ္မွာ စြမ္းရည္ျမွင့္သင္တန္းေပးမယ္လို႔ ျဖစ္လာတာဟာ ဒီခ်ဳပ္နဲ႔ ခ႐ုိနီေတြရဲ႕ ႏွီးႏြယ္မႈကို ပထမဆံုးအၾကိမ္ ေပၚေပၚတင္တင္ ခ်ျပလိုက္တာလို႔ ယူဆလို႔ ရပါတယ္။ ဒါေၾကာင့္လည္း အမ်ားျပည္သူက ဘယ္လဲ ဘာလဲလို႔ ေမးခြန္းထုတ္တာေတြ ျဖစ္လာတာပါ။
ဒီကိစၥနဲ႔ပတ္သက္လို႔ “ျမန္မာျပည္သူေတြကို ဒုကၡဆင္းရဲတြင္း ပိုနက္ေစခဲ့တဲ့ ထိပ္တန္းခရုိနီေတြရဲ႕ မျဖဴစင္တဲ့ေငြေတြနဲ႔ ေထာက္ပံ့ေပးမႈအား လက္ခံရယူမႈကို ဘယ္ျပည္သူမွ ႏွစ္သက္မည္မထင္ပါ။
ၿပီးခဲ့တဲ့ ရက္ပိုင္းကမွ ယုံယုံၾကည္ၾကည္နဲ႔မဲေပးခဲ့တဲ့ ဆင္းရဲသားျပည္သူေတြရဲ႕ ခံစားခ်က္ကို ေထာက္ထားသင့္ပါတယ္”ဆိုတဲ့ သေဘာမ်ဳိး ေရးသားေျပာဆိုမႈေတြ အြန္လိုင္းမွာ ပြထေနပါတယ္။
ဒါေပမယ့္ ေသခ်ာစြာ ေျပာနိုင္တာကေတာ့ ေနာင္မွာ ဒီလို ကိစၥရပ္မ်ဳိးေတြ ခပ္စိပ္စိပ္ ေတြ႔လာရေတာ့မွာပါ။ ခ႐ုိနီနဲ႔ပတ္သက္လို႔ NLD ရဲ႕ အယူအဆက သူတို႔ကို လံုး၀ ပစ္ပယ္မွာမဟုတ္ဘဲ သူတို႔လက္ထဲမွာရွိေနတဲ့ ေငြလံုးေငြရင္းနဲ႔ ပိုင္ဆိုင္မႈေတြကို တိုင္းျပည္အတြက္ အက်ဳိးရွိေအာင္ ဘယ္လို အသံုးခ်မလဲဆိုတဲ့ ခ်ည္းကပ္ပံုမ်ဳိးပါ။
“သူတို႔အေနနဲ႔ မွန္မွန္ကန္ကန္ တင္ျပျပီး အားလံုးနဲ႔ တန္းတူရည္တူယွဥ္ျပိဳင္မယ္၊ ဥပေးေဘာင္အတြင္းက လုပ္မယ္ဆိုရင္ ကြ်န္ေတာ္တို႔က လက္ခံမယ္။ ဘယ္စီးပြားေရးသမားကိုမွ အာဃာတနဲ႔ လုပ္မွာမဟုတ္ဘူး။ ျပည့္၀မ္းေဖာက္တဲ့ အလုပ္မ်ဳိး ကြ်န္ေတာ္တို႔က လုပ္မွာမဟုတ္ဘူး”လို႔ NLD အတြင္းစည္းက ပုဂၢိဳလ္တဦးက ေျပာဖူးပါတယ္။
ဒါဟာ လက္ေတြ႔လည္း က်ပါတယ္။ တခုေတာ့ ရွိတယ္။ အဂတိတရားကင္းတဲ့ အစိုးရထူေထာင္မယ္လို႔ ကတိျပဳထားတဲ့အတြက္ ခ႐ုိနီေတြအေနနဲ႔ လုပ္ကြက္ေကာင္းၾကီးေတြ၊ စီမံကိန္းၾကီးေတြ၊ ေျမေနရာေကာင္းၾကီးေတြကို ေအာက္ေစ်းနဲ႔ လက္သိပ္ထိုး အရယူတာမ်ဳိးေတြေတာ့ အရင္လို မရေလာက္ေတာ့ဘူးလို႔ ေမွ်ာ္လင့္ရတယ္။ ေနာက္တခါ ၀င္ေငြခြန္အပါအ၀င္ တိုင္းျပည္ကို ေပးေဆာင္ရမယ့္ အျခား အခြန္အခေပါင္းကိုလည္း မွန္မွန္ကန္ကန္ ေပးေဆာင္ေစမယ္လို႔ ေမွ်ာ္လင့္တယ္။
ခ႐ုိနီေတြနဲ႔ပတ္သက္လာရင္ ဒီ အေျခအေနကိုပဲ အဆိုးထဲကအေကာင္းအျဖစ္ မွတ္ယူရမွာပါ။ အခြင့္ထူးခံေတြအျဖစ္နဲ႔ ရွိသမွ်သူတို႔ခ်ည္းရခဲ့တဲ့ “ကိုသူရ”ေတြ မဟုတ္ေတာ့တဲ့အတြက္ စိတ္ကူးစိတ္သန္းေကာင္းေကာင္းနဲ႔ အလုပ္တခုကို စြန္႔စားလုပ္ကိုင္ျပီး ၾကီးပြားလာမယ့္ စီးပြားေရးလုပ္ငန္းရွင္သစ္ေတြ သာမန္ျပည္သူေတြထဲကေန ေပၚထြက္လာဖို႔ အခြင့္အလမ္းေတြ ပြင့္လာနိုင္ပါတယ္။ ဒီလို စီးပြားေရး၀န္းက်င္ျဖစ္လာဖို႔လည္း အစိုးရသစ္မွာ တာ၀န္ရွိပါတယ္။
ဘယ္လိုပဲျဖစ္ျဖစ္ စစ္အစိုးရလက္ထက္က အဆက္အသြယ္ေကာင္းေတြေၾကာင့္ တိုင္းျပည္က ဆင္းရဲေပမယ့္ ကမၻာ့သူေဌးၾကီးေတြနဲ႔ ပုခံုးခ်င္းယွဥ္နိုင္ေလာက္ေအာင္ ၾကီးပြားသြားတဲ့ ခ႐ုိနီေတြလက္ထဲမွာ အရင္လို အခြင့္ထူးေတြ မရေတာ့သည့္တိုင္ေအာင္ သူတို႔ လက္ထဲမွာ ေငြေၾကး၊ ပိုင္ဆိုင္မႈနဲ႔ ဓနဥစၥာၾကြယ္၀မႈ က်န္ရွိေနမွာ ျဖစ္တယ္။ စီမံကိန္းတခု လုပ္ခြင့္ရဖို႔အတြက္ အမ်ားသူငါနည္းတူ တင္ဒါ၀င္ဆြဲရတယ္ဆိုဦးေတာ့ ေငြလံုးေငြရင္းက သူတို႔ လက္ထဲမွာပဲရွိတာပါ။
ျမန္မာ့နိုင္ငံေရး အေျပာင္းအလဲနဲ႔ပတ္သက္ျပီးေတာ့လဲ ျမန္မာ့စီးပြားေရးကြ်မ္းက်င္သူ Sean Turnell က “အဓိက အျမတ္ထြက္သြားတာကေတာ့ ခ႐ုိနီေတြပဲ”လို႔ ေျပာပါတယ္။ စီးပြားေရးမွာ ေအာင္ျမင္ဖို႔အတြက္ ေငြေၾကးဓနအင္အားထက္ပိုျပီး လက္ဆုပ္လက္ကိုင္ျပနိုင္ေသာ၊ ပိုမိုလက္ေတြ႔က်ေသာ အရာ ဘာမ်ားရွိပါသလဲ။ ဒါ့ေၾကာင့္ ဘယ္အစိုးရတက္တက္ ခ႐ုိနီေတြ လက္ခေမာင္းခတ္ေနဦးမွာပဲလို႔ ေျပာတာပါ။
ဥကၠာဦး
...............
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
ဘယ်အစိုးရတက်တက် ခရိုနီတွေ လက်ခမောင်းခတ်နေဦးမှာပဲ
------ ------ ------ ------ ------
“ခရိုနီဆိုတဲ့ စကားလုံးရဲ့အဓိပ္ဗါယ်ကို ဘယ်သူကမှလည်း သေသေချာချာ မဖွင့်ခဲ့သေးဘူး။ အဲဒါကို အန်တီ သတိထားမိပါတယ်။ အန်တီတို့ကတော့ အဂတိတရားကင်းစင်တဲ့အစိုးရ ထူထောင်မယ်လို့ ပြောထားပြီးသားပါ”
ဒီစကားကို ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲမကျင်းပမီ ၃ ရက်အလို၊ ရွေးကောက်ပွဲမတိုင်မီ နောက်ဆုံးပြုလုပ်တဲ့ နိုဝင်ဘာ ၅ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။ နေရာကတော့ တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် ၅၄ သူမရဲ့ နေအိမ်ခြံဝင်းအတွင်းမှာဖြစ်ပြီး အဲဒီနေ့က နာမည်ကျော် မြန်မာသူဌေးကြီးတဦးဖြစ်တဲ့ မိုက်ကယ်မိုးမြင့်ရဲ့ဇနီး ဒေါ်ဥမ္မာမိုးမြင့်လည်း ခြံထဲမှာ ရှိနေခဲ့ပါတယ်။
အခုတော့ ရွေးကောက်ပွဲကြီးပြီးလို့ NLD လည်း ပြတ်ပြတ်သားသား အနိုင်ရခဲ့ပါပြီ။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေက အာဏာလွှဲပြောင်းပေးရေးနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အစရှိတဲ့ မြန်မာ့နိုင်ငံရေးမှာ အဓိကကျသူတွေနဲ့ တွေ့ဆုံခဲ့တဲ့အပြင် အဆိုပါ ပုဂ္ဂိုလ်များရဲ့နောက်ကွယ်မှာ ရှိနေတယ်လို့ အများက ယူဆထားတဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနဲ့တောင် တွေ့ဆုံခဲ့ပါတယ်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ မြန်မာ့နိုင်ငံရေး ရာသီဥတုက အခုအချိန်ထိတော့ သာယာလှပလို့ နေပါတယ်။ လက်ရှိ အာဏာရပါတီဘက်က လူကြီးလူကောင်းဆန်စွာ ရွေးကောက်ပွဲရဲ့ အဆုံးအဖြတ်ကို နာခံပြီး အနိုင်ရပါတီကို အသာတကြည် အာဏာလွှဲပေးမယ်ဆိုတဲ့အနေအထားပါ။ မြန်မာ့နိုင်ငံရေး၏ ဧပြီကောင်းကင်တွင် တိမ်ကင်းစင်ပြီး နေသာလျက်ရှိပါသည်ဆိုတာမျိုးပါ။ ဒီအချိန်မှာ ခရိုနီတွေ ဘာလုပ်နေမလဲ။ ဘာလုပ်ဖို့လိုတယ်ဆိုတာ သူတို့ ကောင်းကောင်း သိပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ် New York Times သတင်းဆောင်းပါးမှာ ဦးဇော်ဇော်က “NLD အပြတ်အသတ်နိုင်မယ်လို့ ကျွန်တော် မျှော်လင့်ထားခဲ့တယ်။ အဲဒီအတွက် ကျွန်တော်ပျော်ပါတယ်”လို့ ပြောထားပါတယ်။ အဲဒီ ဆောင်းပါးထဲမှာပဲ ဦးဇော်ဇော်ရဲ့ စီးပွားရေးလုပ်ငန်းတွေဟာ ယခင်က စစ်အစိုးရနဲ့ ဆက်စပ်မှုရှိလို့ အမေရိကန်အစိုးရရဲ့ စီးပွားရေးပိတ်ဆို့မှု ခံခဲ့ရကြောင်း၊ နောက်ပိုင်းမှာ ဦးဇော်ဇော်ဟာ စစ်တပ်နဲ့ ခပ်ကင်းကင်းနေဖို့ကြိုးစားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးစပ်ဖို့ ကြိုးပမ်းခဲ့တယ်လို့ ဆိုပါတယ်။
ဒီအရင်ကတည်းက မြန်မာခရိုနီတွေ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်အနားကို လူမသိ သူမသိ ရောက်ရှိနေတာ အချိန်တော်တော် ကြာပါပြီ။ HTOO ကုမ္ဗဏီရဲ့ အကူအညီနဲ့ NLD ရုံးချုပ် အသစ်ပြန်လည်တည်ဆောက်မယ်ဆိုတဲ့သတင်းက ၂၀၁၃ ခုနှစ်ကတည်းက ထွက်ပေါ်ခဲ့တာပါ။ လက်ရှိ လုပ်ကိုင်နေတဲ့ ဒီချုပ်ရုံးချုပ်သစ် ပြန်လည်ဆောက်လုပ်ရေးကော်မတီရဲ့ အတွင်းရေးမှူးက NLD ပါတီဝင်မဟုတ်တဲ့ ဦးရဲမင်းဦး (AGD ဘဏ်ရဲ့ MD) ဖြစ်ပြီး သူဟာ ဦးတေဇနဲ့ ညီအစ်ကို ၀မ်းကွဲတော်စပ်သူလို့ ကြားသိရပါတယ်။
ဒါဟာ ၂၀၁၃ ကပေါ်ထွက်ခဲ့တဲ့ ဦးတေဇနဲ့ NLD ရဲ့ နှီးနွယ်မှုပါ။ ဒါနဲ့ပတ်သက်လို့ သူနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးမှုဟာ ဟိုးအရင် ၈၈ ကာလကတည်းက ဖြစ်တယ်လို့ ဦးတေဇက ပြောပါတယ်။
“ငါ့အဖေလည်း စစ်သားကွာ၊ ပြောရရင် ပထမဦးဆုံးတပ်မတော်ဖြစ်တဲ့ BIA ခေတ်ကတည်းက ဗမာ့တပ်မတော်မှာ အဘ ဗိုလ်ချုပ်အောင်ဆန်းကိုချစ်လို့ ငါ့အဖေကငါ့ကို Nick Name ပေးထားတာ တေဇ ဆိုပြီးတော့။ အဲဒီခေတ်က စစ်တပ်မှာ ဘယ်နှယောက်ရှိမှာလဲ။ အဲဒီအချိန်တုန်းက အဖေတို့က ဂျုနီယာပေါ့။ ထို့အတူပဲ ကိုယ်တို့ ၈၈ အရေးအခင်းကာလမှာ ကိုမျိုးသိန်းကိုတော့ သိမှာပါ။ ကိုမျိုးသိန်းက အမေစုကားကို အမြဲမောင်းပေးရပါတယ်။ ကိုယ်တို့ စည်းရုံးရေးဆင်းသွားတယ်။ ကိုယ်တို့ ဆန်စက်မှာ စားတာ၊ သောက်တာအမြဲလုပ်တယ်။ ကြို့ပင်ကောက်မှာပေါ့။ အဲဒီတော့ အသိတွေပါ ဟိုးအရင်ကတည်းကနော်။ မြန်မာပြည်မှာ စီးပွားရေးလုပ်တဲ့လူ ဘယ်နှယောက်ရှိလို့လဲ၊ နိုင်ငံရေးလုပ်တဲ့လူ ဘယ်နှယောက်ရှိလို့လဲ။ အကုန်လုံး သိနေကြတာပေါ့”လို့ ဦးတေဇက NLD နဲ့ HTOO ဆက်ဆံရေးနဲ့ပတ်သက်လို့ မေးမြန်းမှုကို ဖြေကြားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကသာ ခရိုနီဆိုတဲ့ အဓိပ္ဗါယ်ဖွင့်ဆိုချက်ကို မေးခွန်းထုတ်ခဲ့ပေမယ့် ဦးတေဇကတော့ သူတို့ဟာ နိုင်ငံတကာအခေါ်မှာဆိုရင် BENSC (Business Executive for National Security Council)-အမျိုးသားလုံခြုံရေးအတွက် အလုပ်လုပ်ပေးနေသော စီးပွားရေးလုပ်ငန်းရှင်ကြီးများသာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဦးတေဇ၊ ဦးဇော်ဇော် တို့အပြင် သူရဦးရွှေမန်းရဲ့သား ဦးတိုးနိုင်မန်းတို့ဆိုရင်လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ခြံထဲ ၀င်ထွက်နေတာ ကြာပြီဆိုတဲ့သတင်းတွေ ထွက်ပေါ်ခဲ့တဲ့အပြင် ဦးရွှေမန်းနဲ့ ခမည်းခမက် တော်စပ်တဲ့ ဇေကမ္ဘာဦးခင်ရွှေဟာဆိုလို့ရှိရင် ရွေးကောက်ပွဲမတိုင်ခင် ၁ လလောက်အလိုမှာ ကိုယ်တိုင်က ပြည်ခိုင်ဖြိုးအမတ်ဖြစ်ပါလျက်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သူကိုယ်တိုင် မဲထည့်မယ်လို့ News Watch ကို ပြောခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆွယ်တာကို ကျပ် ၄၁၅ သိန်းနဲ့ လေလံဆွဲခဲ့တာလည်း စကိုင်းနက် ဦးကျော်ဝင်းဆိုတာ မှတ်မိကြဦးမှာပါ။ သူတို့ကို ခရိုနီလို့ပဲခေါ်ခေါ် စီးပွားရေးသမားလို့ပဲခေါ်ခေါ် သူတို့အကျိုးစီးပွားအတွက် ကပ်သင့်တဲ့သူ၊ သင့်မြတ်အောင် ပေါင်းသင်းရမယ့်သူတွေနဲ့တော့ လိုအပ်ချက်အရ ပေါင်းသင်းနေဦးမှာပါ။ အဆက်အသွယ်ကောင်းကောင်းရှိခြင်းရဲ့ အကျိုးကျေးဇူးကို ခရိုနီတွေထက် ဘယ်သူ ပိုသိနိုင်မှာလဲ။
“ကျွန်တော့်မှာ အဆက်အသွယ်ကောင်းတွေရှိတော့ စီးပွားရေးလုပ်ရတာ လွယ်ကူတာပေါ့”လို့ အေးနေဝင်းက နိုဝင်ဘာလအတွင်းက AFP ကို ပြောခဲ့ပါတယ်။
အရင်က တိုးတိုးတိတ်တိတ် ဆက်ဆံခဲ့ရာက ဒီဇင်ဘာ ၁၆ ရက်မှာ ရွေးကောက်ပွဲအနိုင်ရ NLD အမတ်လောင်းတွေကို ဦးတေဇပိုင် ရွှေစံအိမ်ဟိုတယ်မှာ စွမ်းရည်မြှင့်သင်တန်းပေးမယ်လို့ ဖြစ်လာတာဟာ ဒီချုပ်နဲ့ ခရိုနီတွေရဲ့ နှီးနွယ်မှုကို ပထမဆုံးအကြိမ် ပေါ်ပေါ်တင်တင် ချပြလိုက်တာလို့ ယူဆလို့ ရပါတယ်။ ဒါကြောင့်လည်း အများပြည်သူက ဘယ်လဲ ဘာလဲလို့ မေးခွန်းထုတ်တာတွေ ဖြစ်လာတာပါ။
ဒီကိစ္စနဲ့ပတ်သက်လို့ “မြန်မာပြည်သူတွေကို ဒုက္ခဆင်းရဲတွင်း ပိုနက်စေခဲ့တဲ့ ထိပ်တန်းခရိုနီတွေရဲ့ မဖြူစင်တဲ့ငွေတွေနဲ့ ထောက်ပံ့ပေးမှုအား လက်ခံရယူမှုကို ဘယ်ပြည်သူမှ နှစ်သက်မည်မထင်ပါ။
ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ယုံယုံကြည်ကြည်နဲ့မဲပေးခဲ့တဲ့ ဆင်းရဲသားပြည်သူတွေရဲ့ ခံစားချက်ကို ထောက်ထားသင့်ပါတယ်”ဆိုတဲ့ သဘောမျိုး ရေးသားပြောဆိုမှုတွေ အွန်လိုင်းမှာ ပွထနေပါတယ်။
ဒါပေမယ့် သေချာစွာ ပြောနိုင်တာကတော့ နောင်မှာ ဒီလို ကိစ္စရပ်မျိုးတွေ ခပ်စိပ်စိပ် တွေ့လာရတော့မှာပါ။ ခရိုနီနဲ့ပတ်သက်လို့ NLD ရဲ့ အယူအဆက သူတို့ကို လုံးဝ ပစ်ပယ်မှာမဟုတ်ဘဲ သူတို့လက်ထဲမှာရှိနေတဲ့ ငွေလုံးငွေရင်းနဲ့ ပိုင်ဆိုင်မှုတွေကို တိုင်းပြည်အတွက် အကျိုးရှိအောင် ဘယ်လို အသုံးချမလဲဆိုတဲ့ ချည်းကပ်ပုံမျိုးပါ။
“သူတို့အနေနဲ့ မှန်မှန်ကန်ကန် တင်ပြပြီး အားလုံးနဲ့ တန်းတူရည်တူယှဉ်ပြိုင်မယ်၊ ဥပေးဘောင်အတွင်းက လုပ်မယ်ဆိုရင် ကျွန်တော်တို့က လက်ခံမယ်။ ဘယ်စီးပွားရေးသမားကိုမှ အာဃာတနဲ့ လုပ်မှာမဟုတ်ဘူး။ ပြည့်ဝမ်းဖောက်တဲ့ အလုပ်မျိုး ကျွန်တော်တို့က လုပ်မှာမဟုတ်ဘူး”လို့ NLD အတွင်းစည်းက ပုဂ္ဂိုလ်တဦးက ပြောဖူးပါတယ်။
ဒါဟာ လက်တွေ့လည်း ကျပါတယ်။ တခုတော့ ရှိတယ်။ အဂတိတရားကင်းတဲ့ အစိုးရထူထောင်မယ်လို့ ကတိပြုထားတဲ့အတွက် ခရိုနီတွေအနေနဲ့ လုပ်ကွက်ကောင်းကြီးတွေ၊ စီမံကိန်းကြီးတွေ၊ မြေနေရာကောင်းကြီးတွေကို အောက်စျေးနဲ့ လက်သိပ်ထိုး အရယူတာမျိုးတွေတော့ အရင်လို မရလောက်တော့ဘူးလို့ မျှော်လင့်ရတယ်။ နောက်တခါ ၀င်ငွေခွန်အပါအဝင် တိုင်းပြည်ကို ပေးဆောင်ရမယ့် အခြား အခွန်အခပေါင်းကိုလည်း မှန်မှန်ကန်ကန် ပေးဆောင်စေမယ်လို့ မျှော်လင့်တယ်။
ခရိုနီတွေနဲ့ပတ်သက်လာရင် ဒီ အခြေအနေကိုပဲ အဆိုးထဲကအကောင်းအဖြစ် မှတ်ယူရမှာပါ။ အခွင့်ထူးခံတွေအဖြစ်နဲ့ ရှိသမျှသူတို့ချည်းရခဲ့တဲ့ “ကိုသူရ”တွေ မဟုတ်တော့တဲ့အတွက် စိတ်ကူးစိတ်သန်းကောင်းကောင်းနဲ့ အလုပ်တခုကို စွန့်စားလုပ်ကိုင်ပြီး ကြီးပွားလာမယ့် စီးပွားရေးလုပ်ငန်းရှင်သစ်တွေ သာမန်ပြည်သူတွေထဲကနေ ပေါ်ထွက်လာဖို့ အခွင့်အလမ်းတွေ ပွင့်လာနိုင်ပါတယ်။ ဒီလို စီးပွားရေးဝန်းကျင်ဖြစ်လာဖို့လည်း အစိုးရသစ်မှာ တာဝန်ရှိပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် စစ်အစိုးရလက်ထက်က အဆက်အသွယ်ကောင်းတွေကြောင့် တိုင်းပြည်က ဆင်းရဲပေမယ့် ကမ္ဘာ့သူဌေးကြီးတွေနဲ့ ပုခုံးချင်းယှဉ်နိုင်လောက်အောင် ကြီးပွားသွားတဲ့ ခရိုနီတွေလက်ထဲမှာ အရင်လို အခွင့်ထူးတွေ မရတော့သည့်တိုင်အောင် သူတို့ လက်ထဲမှာ ငွေကြေး၊ ပိုင်ဆိုင်မှုနဲ့ ဓနဥစ္စာကြွယ်ဝမှု ကျန်ရှိနေမှာ ဖြစ်တယ်။ စီမံကိန်းတခု လုပ်ခွင့်ရဖို့အတွက် အများသူငါနည်းတူ တင်ဒါ၀င်ဆွဲရတယ်ဆိုဦးတော့ ငွေလုံးငွေရင်းက သူတို့ လက်ထဲမှာပဲရှိတာပါ။
မြန်မာ့နိုင်ငံရေး အပြောင်းအလဲနဲ့ပတ်သက်ပြီးတော့လဲ မြန်မာ့စီးပွားရေးကျွမ်းကျင်သူ Sean Turnell က “အဓိက အမြတ်ထွက်သွားတာကတော့ ခရိုနီတွေပဲ”လို့ ပြောပါတယ်။ စီးပွားရေးမှာ အောင်မြင်ဖို့အတွက် ငွေကြေးဓနအင်အားထက်ပိုပြီး လက်ဆုပ်လက်ကိုင်ပြနိုင်သော၊ ပိုမိုလက်တွေ့ကျသော အရာ ဘာများရှိပါသလဲ။ ဒါ့ကြောင့် ဘယ်အစိုးရတက်တက် ခရိုနီတွေ လက်ခမောင်းခတ်နေဦးမှာပဲလို့ ပြောတာပါ။
ဥက္ကာဦး