Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ဖားကန္႔က ဆႏၵျပ ေခါင္းေဆာင္ေတြ KIA ျပန္မလႊတ္ေသး

$
0
0
ကခ်င္ျပည္နယ္ လိုင္ဇာၿမိဳ႕မွာ လံုၿခံဳေရးယူေနတဲ့ KIA စစ္သားႏွစ္ဦးကို ေတြ႔ရစဥ္
Photo: RFA

ဖားကန္႔ေဒသမွာ ေက်ာက္စိမ္းတူးတဲ႔ ကုမၸဏီေတြက လုပ္ငန္းသံုးယာဥ္ေတြ ၿမိဳ႕ရြာအတြင္း ျဖတ္သန္းတဲ႔ ကိစၥနဲ႔ ပတ္သက္ၿပီး ဆႏၵျပခဲ႔ၾကတဲ႔ အဖြဲ႔ေခါင္းေဆာင္ေတြကို ကခ်င္လြတ္ေျမာက္ေရးတပ္မေတာ္ KIA က ဒီဇင္ဘာလ ၁၆ ရက္ေန႔က ေခၚေဆာင္သြားရာမွာ ဒိီေန႔အထိ ျပန္မလႊတ္ေသး ဘဲ ေဆြးေႏြးေနဆဲျဖစ္တယ္လို႔ KIA တပ္ရင္း၆ တပ္ရင္းမွဴးက RFA ကို ေျပာပါတယ္။

ဆႏၵျပေခါင္းေဆာင္ေတြကို ေ၀ခါေမွာ္ အနီးက ေခၚေဆာင္သြားတာျဖစ္ပါတယ္။ သူတို႔ကို ဖမ္းဆီးထားတာ မဟုတ္ဘူးလို႔ KIA တပ္ရင္း ၆ တပ္ရင္းမွဴး ဗိုလ္မွဴး တန္ဆန္႔ က ေျပာပါတယ္။

"ဆႏၵျပတဲ့သူေတြကိုဖမ္းသြားတာမဟုတ္ပါဘူး၊ အဲ့မွာ ျပႆနာေတြကအမ်ားႀကီးျဖစ္ေနတဲ့အခါက်ေတာ့ ဆႏၵျပေခါင္းေဆာင္ေတြကို က်ေနာ္တို႔က ညွိႏိႈင္းဖို႔အတြက္ ဘယ္လိုလုပ္ရင္ေကာင္းမလဲဆိုတာ ေဆြးေႏြးေနတဲ့ကာလျဖစ္ပါတယ္၊ ေဆြးေႏြးေနၾကပါတယ္၊ ဧရိယာထဲမွာ ျပႆနာဘယ္လို၊ ဘယ္လိုစျဖစ္တယ္ဆိုတာေပါ့ေနာ္၊ ကိုယ္တို႔ ညွိႏိႈင္းတာပါ၊ ဖမ္းဆီးတာမဟုတ္ပါဘူး"

KIA ကေခၚေဆာင္သြားသူ အမ်ိဳးသမီးတစ္ဦးနဲ႔ အမ်ိဳးသား ၅ ဦး၊ စုစုေပါင္း ၆ ဦးျဖစ္ၿပီး၊ အားလံုး ကခ်င္တိုင္းရင္းသားေတြျဖစ္ပါတယ္။

သူတို႔နဲ႔ အဓိကေဆြးေႏြးေနတာေတြထဲမွာ ေဒသတြင္း ျဖတ္သန္းသြားလာေနတဲ႔ ကုမၸဏီေျမသယ္ကားေတြ ကိစၥ အျပင္၊ ေရမေဆးေက်ာက္ ေကာက္သူေတြကိစၥ ပါ၀င္တယ္လို႔ ဗိုလ္မွဴးတန္ဆန္႔က ေျပာပါတယ္။

ေဒသတြင္းအေျခအေနအရ ေက်ာက္တူးတဲ႔ ကုမၸဏီကားေတြ ၿမိဳ႕ရြာအတြင္း မျဖတ္သန္းၾကဖို႔ ေဒသခံေတြက ဆႏၵျပေနတာေၾကာင့္၊ ကုမၸဏီကားေတြ က ေျမစာစြန္႔ပစ္တာေတြ ရပ္ဆိုင္းလိုက္မယ္ဆိုရင္၊ မိမိတို႔ လုပ္ငန္း ထိခိုက္သြားမယ္လို႔ ေရမေဆးေက်ာက္ ေကာက္သူေတြကလည္း ေျပာဆို စိုးရိမ္ေနၾက တယ္လို႔ သိရပါတယ္။

RFA Burmese
http://www.rfa.org/burmese
.................
 ကချင်ပြည်နယ် လိုင်ဇာမြို့မှာ လုံခြုံရေးယူနေတဲ့ KIA စစ်သားနှစ်ဦးကို တွေ့ရစဉ်
Photo: RFA

ဖားကန့်ဒေသမှာ ကျောက်စိမ်းတူးတဲ့ ကုမ္ပဏီတွေက လုပ်ငန်းသုံးယာဉ်တွေ မြို့ရွာအတွင်း ဖြတ်သန်းတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဆန္ဒပြခဲ့ကြတဲ့ အဖွဲ့ခေါင်းဆောင်တွေကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ဒီဇင်ဘာလ ၁၆ ရက်နေ့က ခေါ်ဆောင်သွားရာမှာ ဒိီနေ့အထိ ပြန်မလွှတ်သေး ဘဲ ဆွေးနွေးနေဆဲဖြစ်တယ်လို့ KIA တပ်ရင်း၆ တပ်ရင်းမှူးက RFA ကို ပြောပါတယ်။

ဆန္ဒပြခေါင်းဆောင်တွေကို ဝေခါမှော် အနီးက ခေါ်ဆောင်သွားတာဖြစ်ပါတယ်။ သူတို့ကို ဖမ်းဆီးထားတာ မဟုတ်ဘူးလို့ KIA တပ်ရင်း ၆ တပ်ရင်းမှူး ဗိုလ်မှူး တန်ဆန့် က ပြောပါတယ်။

"ဆန္ဒပြတဲ့သူတွေကိုဖမ်းသွားတာမဟုတ်ပါဘူး၊ အဲ့မှာ ပြဿနာတွေကအများကြီးဖြစ်နေတဲ့အခါကျတော့ ဆန္ဒပြခေါင်းဆောင်တွေကို ကျနော်တို့က ညှိနှိုင်းဖို့အတွက် ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတာ ဆွေးနွေးနေတဲ့ကာလဖြစ်ပါတယ်၊ ဆွေးနွေးနေကြပါတယ်၊ ဧရိယာထဲမှာ ပြဿနာဘယ်လို၊ ဘယ်လိုစဖြစ်တယ်ဆိုတာပေါ့နော်၊ ကိုယ်တို့ ညှိနှိုင်းတာပါ၊ ဖမ်းဆီးတာမဟုတ်ပါဘူး"

KIA ကခေါ်ဆောင်သွားသူ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသား ၅ ဦး၊ စုစုပေါင်း ၆ ဦးဖြစ်ပြီး၊ အားလုံး ကချင်တိုင်းရင်းသားတွေဖြစ်ပါတယ်။

သူတို့နဲ့ အဓိကဆွေးနွေးနေတာတွေထဲမှာ ဒေသတွင်း ဖြတ်သန်းသွားလာနေတဲ့ ကုမ္ပဏီမြေသယ်ကားတွေ ကိစ္စ အပြင်၊ ရေမဆေးကျောက် ကောက်သူတွေကိစ္စ ပါ၀င်တယ်လို့ ဗိုလ်မှူးတန်ဆန့်က ပြောပါတယ်။

ဒေသတွင်းအခြေအနေအရ ကျောက်တူးတဲ့ ကုမ္ပဏီကားတွေ မြို့ရွာအတွင်း မဖြတ်သန်းကြဖို့ ဒေသခံတွေက ဆန္ဒပြနေတာကြောင့်၊ ကုမ္ပဏီကားတွေ က မြေစာစွန့်ပစ်တာတွေ ရပ်ဆိုင်းလိုက်မယ်ဆိုရင်၊ မိမိတို့ လုပ်ငန်း ထိခိုက်သွားမယ်လို့ ရေမဆေးကျောက် ကောက်သူတွေကလည်း ပြောဆို စိုးရိမ်နေကြ တယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>