Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ဖားကန္႔က စက္ယႏၱရားကိစၥ ဝန္ႀကီးနဲ႔ အဖြဲ႔ စစ္ေဆးမည္

$
0
0
ဖားကန္႔ေက်ာက္စိမ္းတြင္းေဒသမွာ ေျမစာသယ္ကားေတြအသံုးျပဳၿပီး ေက်ာက္စိမ္းတူးေဖာ္လုပ္ကိုင္ေနမႈကို ၂၀၁၄ ခုႏွစ္ ႏိုဝင္ဘာလ အတြင္းကေတြ႔ရစဥ္
Photo: Kyaw Myo Min/ RFA

ကခ်င္ျပည္နယ္ ဖားကန္႔ေဒသ ေက်ာက္စိမ္းတြင္းလုပ္ကြက္ေတြမွာ အသံုးျပဳဖို႔အတြက္ အႀကီးစား တူးေဖာ္ေရး စက္ယႏၱရားေတြ သယ္ယူေနတယ္ဆိုတဲ့ ကိစၥနဲ႔ ပတ္သက္ၿပီး၊ ပတ္ဝန္းက်င္ထိန္းသိမ္းေရးနဲ႔ သစ္ေတာေရးရာ ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးဝင္းထြန္း ဦးေဆာင္တဲ့အဖြဲ႔က ကြင္းဆင္းစစ္ေဆးမယ္လို႔ သိရပါတယ္။

ဒီႏွစ္အတြင္း ဖားကန္႔ေဒသဘက္ကို စက္ယႏၱရားေတြသယ္ေဆာင္ေနတာဟာ တရားဝင္ တင္သြင္းတာ ဟုတ္မဟုတ္ စစ္ေဆးမွာ ျဖစ္တယ္လို႔ ကခ်င္ျပည္နယ္ ရဲတပ္ဖြဲ႔ရံုးက ရဲမွဴးႀကီး ခ်စ္ဦးက ေျပာပါတယ္။

"ဒီဖက္မွာရွိတဲ့ ဖားကန္႔ေက်ာက္တူးတဲ့ရာသီမွာ စက္ယႏၱရားႀကီးေတြ အဝင္အထြက္နဲ႔ ပတ္သက္ ၿပီးေတာ့ ျပည္ေထာင္စုဝန္ႀကီး ဦးဝင္းထြန္းနဲ႔ အဖြဲ႔ေပါ့၊ စစ္ေဆး၊ စိစစ္တယ္ ဆိုရင္ေတာ့ တာဝန္ရွိတဲ့သူေတြေခၚယူ ၿပီးေတာ့အဖြဲ႔ဥကၠဌရဲ႕အစီအစဥ္နဲ႔ ေဆာင္ရြက္ မွာျဖစ္တယ္၊ ျပည္ထဲေရးက ဗိုလ္ခ်ဳပ္ေအာင္စိုးပါတယ္၊ ေနာက္မီး ရထားဒုဝန္ႀကီး ပါတယ္၊ ေနာက္ဒီနယ္ေျမခံ တပ္က ဗိုလ္မွဴးခ်ဳပ္တစ္ေယာက္ပါတယ္၊ အဖြဲ႔ဥကၠဌရဲ႕ အစီအစဥ္ နဲ႔ေဆာင္ရြက္မွာျဖစ္တယ္"

အခုရက္ပိုင္းအတြင္း သတင္း႒ာနနဲ႔ လူမႈကြန္ယက္မီဒီယာေတြမွာ ဖားကန္႔ ေက်ာက္စိမ္းတြင္း ေဒသဘက္ကို စက္ယႏၱရားႀကီးေတြ တရားမဝင္ သယ္ေဆာင္ေန တဲ႔အေၾကာင္း ေရးသားေဖာ္ျပလာၾကတဲ႔အတြက္ အျဖစ္မွန္ေပၚေပါက္ေအာင္ ကြင္းဆင္းေဆာင္ရြက္ဖို႔ စံုစမ္းစစ္ေဆးအဖြဲ႔ကို ဖြဲ႔စည္းလိုက္ၿပီး ဒီကေန႔ ျမစ္ႀကီးနား ၿမိဳ႕ကို ေရာက္ရွိေနတာျဖစ္ပါတယ္။

အဲဒီအဖြဲ႔မွာ ပတ္ဝန္းက်င္ထိန္းသိမ္းေရးနဲ႔သစ္ေတာေရးရာဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးဝင္းထြန္းက ဦးေဆာင္ၿပီး ျပည္ထဲေရး၊ စီးပြားေရးနဲ႔ ကူးသန္းေရာင္းဝယ္ေရး၊ ရထားပို႔ေဆာင္ေရး စတဲ႔ ဝန္ႀကီး႒ာနေတြက ဒုတိယဝန္ႀကီးေတြနဲ႔ ေျမာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္က ဗိုလ္မွဴးခ်ဳပ္အဆင့္ တပ္မေတာ္ ကိုယ္စားလွယ္တစ္ဦးလည္း ပါဝင္ပါတယ္။

ဖားကန္႔ေက်ာက္စိမ္းတြင္းေဒသဘက္ကို တရုတ္-ျမန္မာနယ္စပ္ ကန္ပိုက္တီး နယ္စပ္ကုန္သြယ္ေရး စခန္းနဲ႔ မႏၱေလး၊ ရန္ကုန္စတဲ႔ လမ္းေၾကာင္းေတြကေန ယာဥ္၊ စက္ယႏၱရားေတြကို တင္သြင္းေနတာ ျဖစ္ပါတယ္။ ျပည္နယ္တစ္ခုလံုးမွာ မွတ္ပံုတင္ ထားၿပီးျဖစ္တဲ့ စက္ယႏၱရား စုစုေပါင္း ၁၆ စီး သာရွိၿပီး၊ ဖားကန္႔ ၿမိဳ႕နယ္ ပါဝင္တဲ႔ မိုးညွင္းခရိုင္ ကညန ရံုးမွာေတာ့ အခုအခ်ိန္ထိ မွတ္ပံုတင္ထားတဲ့ စက္ယႏၱရားတစ္စီးမွ မရွိဘူးလို႔ ဆိုပါတယ္။

ဒါေပမဲ႔ စက္ယႏၱရားတစ္စီးဟာ ကညန ရံုးစိုက္ရာၿမိဳ႕ေတြမွာ မွတ္ပံုတင္ထားရင္ တစ္ႏိုင္ငံလံုး အသံုးျပဳလို႔ရတယ္လို႔ သိရပါတယ္။

ဖားကန္႔ေက်ာက္စိမ္းတြင္းလုပ္ကြက္ေတြမွာ အသံုးျပဳေနတဲ႔ ယာဥ္ နဲ႕ စက္ယႏၱရား အေရအတြက္ကို ေလာေလာဆယ္ အေသးစိတ္မသိရွိရေသးေၾကာင္း၊ စက္အင္အားသံုးစြဲမႈေတြကို ထိန္းခ်ဳပ္ဖို႔ စီစဥ္ ေနေၾကာင္း ကခ်င္ျပည္နယ္ ဝန္ႀကီးခ်ဳပ္နဲ႔ ျမန္မာ႔ ေက်ာက္မ်က္ရတနာေရာင္းဝယ္ေရးလုပ္ငန္း ဦးေဆာင္ ညႊန္ၾကားေရးမွဴးတို႔က ၿပီးခဲ႔တဲ႔ ႏိုဝင္ဘာ ၂၅ ရက္ေန႔က RFA ကို ေျပာၾကားခဲ့ၾကပါတယ္။

RFA Burmese
http://www.rfa.org/burmese
....................
 ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ မြေစာသယ်ကားတွေအသုံးပြုပြီး ကျောက်စိမ်းတူးဖော်လုပ်ကိုင်နေမှုကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလ အတွင်းကတွေ့ရစဉ်
Photo: Kyaw Myo Min/ RFA

ကချင်ပြည်နယ် ဖားကန့်ဒေသ ကျောက်စိမ်းတွင်းလုပ်ကွက်တွေမှာ အသုံးပြုဖို့အတွက် အကြီးစား တူးဖော်ရေး စက်ယန္တရားတွေ သယ်ယူနေတယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း ဦးဆောင်တဲ့အဖွဲ့က ကွင်းဆင်းစစ်ဆေးမယ်လို့ သိရပါတယ်။

ဒီနှစ်အတွင်း ဖားကန့်ဒေသဘက်ကို စက်ယန္တရားတွေသယ်ဆောင်နေတာဟာ တရားဝင် တင်သွင်းတာ ဟုတ်မဟုတ် စစ်ဆေးမှာ ဖြစ်တယ်လို့ ကချင်ပြည်နယ် ရဲတပ်ဖွဲ့ရုံးက ရဲမှူးကြီး ချစ်ဦးက ပြောပါတယ်။

"ဒီဖက်မှာရှိတဲ့ ဖားကန့်ကျောက်တူးတဲ့ရာသီမှာ စက်ယန္တရားကြီးတွေ အဝင်အထွက်နဲ့ ပတ်သက် ပြီးတော့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းနဲ့ အဖွဲ့ပေါ့၊ စစ်ဆေး၊ စိစစ်တယ် ဆိုရင်တော့ တာဝန်ရှိတဲ့သူတွေခေါ်ယူ ပြီးတော့အဖွဲ့ဥက္ကဌရဲ့အစီအစဉ်နဲ့ ဆောင်ရွက် မှာဖြစ်တယ်၊ ပြည်ထဲရေးက ဗိုလ်ချုပ်အောင်စိုးပါတယ်၊ နောက်မီး ရထားဒုဝန်ကြီး ပါတယ်၊ နောက်ဒီနယ်မြေခံ တပ်က ဗိုလ်မှူးချုပ်တစ်ယောက်ပါတယ်၊ အဖွဲ့ဥက္ကဌရဲ့ အစီအစဉ် နဲ့ဆောင်ရွက်မှာဖြစ်တယ်"

အခုရက်ပိုင်းအတွင်း သတင်းဋ္ဌာနနဲ့ လူမှုကွန်ယက်မီဒီယာတွေမှာ ဖားကန့် ကျောက်စိမ်းတွင်း ဒေသဘက်ကို စက်ယန္တရားကြီးတွေ တရားမဝင် သယ်ဆောင်နေ တဲ့အကြောင်း ရေးသားဖော်ပြလာကြတဲ့အတွက် အဖြစ်မှန်ပေါ်ပေါက်အောင် ကွင်းဆင်းဆောင်ရွက်ဖို့ စုံစမ်းစစ်ဆေးအဖွဲ့ကို ဖွဲ့စည်းလိုက်ပြီး ဒီကနေ့ မြစ်ကြီးနား မြို့ကို ရောက်ရှိနေတာဖြစ်ပါတယ်။

အဲဒီအဖွဲ့မှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက ဦးဆောင်ပြီး ပြည်ထဲရေး၊ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး၊ ရထားပို့ဆောင်ရေး စတဲ့ ဝန်ကြီးဋ္ဌာနတွေက ဒုတိယဝန်ကြီးတွေနဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဗိုလ်မှူးချုပ်အဆင့် တပ်မတော် ကိုယ်စားလှယ်တစ်ဦးလည်း ပါဝင်ပါတယ်။

ဖားကန့်ကျောက်စိမ်းတွင်းဒေသဘက်ကို တရုတ်-မြန်မာနယ်စပ် ကန်ပိုက်တီး နယ်စပ်ကုန်သွယ်ရေး စခန်းနဲ့ မန္တလေး၊ ရန်ကုန်စတဲ့ လမ်းကြောင်းတွေကနေ ယာဉ်၊ စက်ယန္တရားတွေကို တင်သွင်းနေတာ ဖြစ်ပါတယ်။ ပြည်နယ်တစ်ခုလုံးမှာ မှတ်ပုံတင် ထားပြီးဖြစ်တဲ့ စက်ယန္တရား စုစုပေါင်း ၁၆ စီး သာရှိပြီး၊ ဖားကန့် မြို့နယ် ပါဝင်တဲ့ မိုးညှင်းခရိုင် ကညန ရုံးမှာတော့ အခုအချိန်ထိ မှတ်ပုံတင်ထားတဲ့ စက်ယန္တရားတစ်စီးမှ မရှိဘူးလို့ ဆိုပါတယ်။

ဒါပေမဲ့ စက်ယန္တရားတစ်စီးဟာ ကညန ရုံးစိုက်ရာမြို့တွေမှာ မှတ်ပုံတင်ထားရင် တစ်နိုင်ငံလုံး အသုံးပြုလို့ရတယ်လို့ သိရပါတယ်။

ဖားကန့်ကျောက်စိမ်းတွင်းလုပ်ကွက်တွေမှာ အသုံးပြုနေတဲ့ ယာဉ် နဲ့ စက်ယန္တရား အရေအတွက်ကို လောလောဆယ် အသေးစိတ်မသိရှိရသေးကြောင်း၊ စက်အင်အားသုံးစွဲမှုတွေကို ထိန်းချုပ်ဖို့ စီစဉ် နေကြောင်း ကချင်ပြည်နယ် ဝန်ကြီးချုပ်နဲ့ မြန်မာ့ ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူးတို့က ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်နေ့က RFA ကို ပြောကြားခဲ့ကြပါတယ်။

RFA Burmese
http://www.rfa.org/burmese

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>