Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ေလွစီးေျပး ဒုကၡၡသည္စခန္း အၿပီးသတ္ပိတ္

$
0
0
ေလွစီးေျပးဒုကၡသည္ေတြကိုလႊဲေျပာင္းေပးစဥ္။

ရခိုင္ျပည္နယ္ ေမာင္ေတာခရိုင္ ေတာင္ၿပိဳလက္ဝဲၿမိဳ႕က ဘဂၤလားေဒရွ္႕ႏိုင္ငံသား ေလွစီးေျပးဒုကၡသည္ေတြကို ကူညီေရးစခန္းေတြကို အၿပီး ပိတ္သိမ္းလိုက္ၿပီလို႔ လဝက ဦးစီးဌာနက တာဝန္ရွိသူ တစ္ဦးက ေျပာပါတယ္။ ဘဂၤလားေဒရွ္႕ႏုိင္ငံကုိ လႊဲေျပာင္းေပးဖို႔ ေနာက္ဆံုးက်န္ရိွေနတဲ႔ ဘဂၤလားေဒရွ္႕ႏုိင္ငံသား ၂၈ ဦးဟာ စခန္းကေန ထြက္ေျပးသြားခဲ႔တဲ့ေနာက္ အခုုလုိ ပိတ္သိမ္းလိုက္တာလုိ႔ ေျပာပါတယ္။ အျပည့္အစံုကို VOA သတင္းေထာက္ မသိဂၤ ီလင္းက ေျပာျပေပးပါမယ္။

ေမာင္ေတာခရိုင္ ေတာင္ၿပိဳလက္ဝဲၿမိဳ႕မွာ ထိန္းသိမ္းထားတဲ့ ေလွစီးေျပး ဘဂၤလားေဒရွ္႕ႏုိင္ငံသားေတြကို ဒီႏွစ္ ဇြန္လကုန္ပိုငး္ေလာက္က စတင္ၿပီး မိခင္ႏိုင္ငံရင္းကို လဲႊေျပာင္းေပးခဲ့ရာက ဒီဇင္ဘာလ ၂ ရက္ေန႔က ေနာက္ဆံုးအႀကိမ္အျဖစ္ ေလွစီးေျပးဒုကၡသည္ ၄၈ ေယာက္ကို လႊဲေျပာင္းေပးခဲ႔တာျဖစ္ပါတယ္။

ေနာက္ဆံုးအႀကိမ္ လဲႊေျပာင္းၿပီးတဲ့ေနာက္ ဒုကၡသည္ ၂၈ ဦးက်န္ရိွေၾကာင္း စာရင္း ထုတ္ျပန္ခဲ့ေပမယ့္ အခုအခါမွာေတာ့ စခန္းမွာ လူမရိွေတာ့တာေၾကာင့္ ပိတ္သိမ္း လုိက္ၿပီျဖစ္ေၾကာင္းေမာင္ေတာခရိုင္ လူဝင္မႈႀကီးၾကပ္ေရးနဲ႔ ျပည္သူ႔အင္အားဦးစီးဌာန ဒုတိယ ညႊန္ၾကားေရးမွဴး ဦးေစာႏုိင္က ေျပာပါတယ္။

“အခုကေတာ့ Boat people ေတြက တေယာက္မွ မရွိေတာ့ဘူးခင္ဗ်။ လႊဲေျပာင္းစရာေတာ့ ကုန္သြားၿပီခင္ဗ်။ အခုက်ေနာ္တို႔ သန္႔ရွင္းေရးေတြ ဘာေတြ IOM က လာၿပီးလုပ္ေပးတာေတြရွိပါတယ္။ ေနာက္ UNHCR က ရွင္းလင္းေရးေတြ အကုန္ လာလုပ္တာရွိပါတယ္။”

ေနာက္ဆံုး လဲႊေျပာင္းဖုိ႔ က်န္ရိွေနသူ ၂၈ ဦးဟာ ကူညီေရးစခန္းကေန ထြက္ေျပးသြားခဲ့တာ ျဖစ္တယ္လို႔ ဦးေစာႏုိင္က အခုလို ေျပာပါတယ္။

“လက္ခံမယ္။ လက္မခံဘူးေပါ့။ အဲလိုမ်ိဳးေတြေတာ့ ရွိခဲ့တာေပါ့။ ဒါေပမယ့္ သူတို႔ကလည္း မေစာင့္ႏိုင္ေတာ့ဘူးေလ။ ၂၈ ေယာက္ ကလည္း ၾကာလွၿပီ ေနာက္ၿပီး ၆ လေက်ာ္ လာၿပီမို႔လို႔ေလ။ ဒီ Camp ထဲမွာ သူတို႔မေစာင့္ႏိုင္တဲ့အခါေတာ့ သူတို႔က ေျပးမွာပဲ။ ေစာင့္ဆိုင္းေနတဲ့ ကာလေပါ့ အဲဒီ ေစာင့္ဆိုင္းေနတဲ့ကာလမွာပဲ သူတို႔ေျပးသြားၾကတာေလ။”

ေမာင္ေတာခရိုင္အတြင္းက ေဒသခံေတြအေနနဲ႔လည္း ဒီ ေလွစီးေျပးဒုကၡသည္ေတြ ထြက္ေျပးသြားတဲ႔ အေပၚ လံုျခံဳေရးအတြက္ စိုးရိမ္စရာမရွိဘူးလို႔လည္း ဦးေစာႏုိင္က ဆက္ေျပာပါတယ္။

“လံုၿခံဳေရးကေတာ့ ဘာမွ စိတ္ပူစရာမရွိဘူးခင္ဗ်။ သူတို႔ေျပးတာကလည္း သူတို႔ဘာသူတို႔ ဟိုဘက္ကို လညး္ေျပးသြားၿပီ။ ေနာက္ ဟိုဘက္ကိုလည္း ေရာက္တယ္ ဆိုတာ က်ေနာ္တို႔ သတင္းအရေကာ သိရွိရတယ္ေပါ့ေနာ္။ က်ေနာ္တို႔ဘက္မွေတာ့ ဘာမွမရွိေတာ့ဘူး။ မရွိေတာ့ လံုၿခံဳေရးက ဘာမွစိတ္ပူစရာေတာ့ မရွိပါဘူး။”

ေလွစီးေျပး ဘဂၤလားေဒရွ္႕ႏုိင္ငံသားေတြကို ရခိုင္ျပည္နယ္ ေမာင္ေတာေဒသ အနီးမွာ ၂၀၀ ေက်ာ္၊ ဧရာဝတီတုိင္းေဒသၾကီး ဖ်ာပံုၿမိဳ႕အနီးမွာ ၇၀၀ ေက်ာ္နဲ႔ တနသၤာရီတုိင္းေဒသႀကီး ကမ္းလြန္ပင္လယ္ျပင္မွာ ၁၀၀ ေက်ာ္ကို ျမန္မာေရတပ္က ေတြ႔ရွိခဲ႔ရာက စစ္ေဆးၿပီးတဲ႔ေနာက္ ေမာင္ေတာခရိုင္ကို ပို႔ေဆာင္ခဲ႔တာျဖစ္ပါတယ္။ ဒီလိုဖမ္းဆီးရမိတဲ႔အထဲမွာ ရခိုင္ျပည္နယ္မွာ ေနထိုင္တဲ႔ အစၥလာမ္ဘာသာဝင္တခ်ိဳ႕လည္း ပါဝင္ေၾကာင္း အစိုးရက သတင္းထုတ္ျပန္ခဲ့ပါတယ္။

ျမန္မာအစိုးရအေနနဲ႔ ေတာင္ျပိဳလက္ဝဲျမိဳ႕မွာ ကူညီေရးစခန္းေတြ ဖြင့္လွစ္ျပီး ထိန္းသိမး္ထားတဲ႔ ေလွစီးေျပးဒုကၡသည္ေတြထဲက ဘဂၤလားေဒရွ္႕ႏုိင္ငံသားလို႔ အတည္ျပဳလို႔ရတဲ႔ ဒုကၡသည္ ေပါင္း ၇၇၇ ေယာက္ကို ဇြန္လကေန ဒီဇင္ဘာလအထိ ၇ ႀကိမ္ခြဲၿပီး ျပန္လည္ ပို႔ေပးခဲ႔တာ ျဖစ္ပါတယ္။


သိဂႌလင္း / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
................
 လှေစီးပြေးဒုက္ခသည်တွေကိုလွှဲပြောင်းပေးစဉ်။

ရခိုင်ပြည်နယ် မောင်တောခရိုင် တောင်ပြိုလက်ဝဲမြို့က ဘင်္ဂလားဒေရှ့်နိုင်ငံသား လှေစီးပြေးဒုက္ခသည်တွေကို ကူညီရေးစခန်းတွေကို အပြီး ပိတ်သိမ်းလိုက်ပြီလို့ လဝက ဦးစီးဌာနက တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ ဘင်္ဂလားဒေရှ့်နိုင်ငံကို လွှဲပြောင်းပေးဖို့ နောက်ဆုံးကျန်ရှိနေတဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံသား ၂၈ ဦးဟာ စခန်းကနေ ထွက်ပြေးသွားခဲ့တဲ့နောက် အခုုလို ပိတ်သိမ်းလိုက်တာလို့ ပြောပါတယ်။ အပြည့်အစုံကို VOA သတင်းထောက် မသိင်္ဂ ီလင်းက ပြောပြပေးပါမယ်။

မောင်တောခရိုင် တောင်ပြိုလက်ဝဲမြို့မှာ ထိန်းသိမ်းထားတဲ့ လှေစီးပြေး ဘင်္ဂလားဒေရှ့်နိုင်ငံသားတွေကို ဒီနှစ် ဇွန်လကုန်ပိုငး်လောက်က စတင်ပြီး မိခင်နိုင်ငံရင်းကို လွှဲပြောင်းပေးခဲ့ရာက ဒီဇင်ဘာလ ၂ ရက်နေ့က နောက်ဆုံးအကြိမ်အဖြစ် လှေစီးပြေးဒုက္ခသည် ၄၈ ယောက်ကို လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးအကြိမ် လွှဲပြောင်းပြီးတဲ့နောက် ဒုက္ခသည် ၂၈ ဦးကျန်ရှိကြောင်း စာရင်း ထုတ်ပြန်ခဲ့ပေမယ့် အခုအခါမှာတော့ စခန်းမှာ လူမရှိတော့တာကြောင့် ပိတ်သိမ်း လိုက်ပြီဖြစ်ကြောင်းမောင်တောခရိုင် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးစောနိုင်က ပြောပါတယ်။

“အခုကတော့ Boat people တွေက တယောက်မှ မရှိတော့ဘူးခင်ဗျ။ လွှဲပြောင်းစရာတော့ ကုန်သွားပြီခင်ဗျ။ အခုကျနော်တို့ သန့်ရှင်းရေးတွေ ဘာတွေ IOM က လာပြီးလုပ်ပေးတာတွေရှိပါတယ်။ နောက် UNHCR က ရှင်းလင်းရေးတွေ အကုန် လာလုပ်တာရှိပါတယ်။”

နောက်ဆုံး လွှဲပြောင်းဖို့ ကျန်ရှိနေသူ ၂၈ ဦးဟာ ကူညီရေးစခန်းကနေ ထွက်ပြေးသွားခဲ့တာ ဖြစ်တယ်လို့ ဦးစောနိုင်က အခုလို ပြောပါတယ်။

“လက်ခံမယ်။ လက်မခံဘူးပေါ့။ အဲလိုမျိုးတွေတော့ ရှိခဲ့တာပေါ့။ ဒါပေမယ့် သူတို့ကလည်း မစောင့်နိုင်တော့ဘူးလေ။ ၂၈ ယောက် ကလည်း ကြာလှပြီ နောက်ပြီး ၆ လကျော် လာပြီမို့လို့လေ။ ဒီ Camp ထဲမှာ သူတို့မစောင့်နိုင်တဲ့အခါတော့ သူတို့က ပြေးမှာပဲ။ စောင့်ဆိုင်းနေတဲ့ ကာလပေါ့ အဲဒီ စောင့်ဆိုင်းနေတဲ့ကာလမှာပဲ သူတို့ပြေးသွားကြတာလေ။”

မောင်တောခရိုင်အတွင်းက ဒေသခံတွေအနေနဲ့လည်း ဒီ လှေစီးပြေးဒုက္ခသည်တွေ ထွက်ပြေးသွားတဲ့ အပေါ် လုံခြုံရေးအတွက် စိုးရိမ်စရာမရှိဘူးလို့လည်း ဦးစောနိုင်က ဆက်ပြောပါတယ်။

“လုံခြံုရေးကတော့ ဘာမှ စိတ်ပူစရာမရှိဘူးခင်ဗျ။ သူတို့ပြေးတာကလည်း သူတို့ဘာသူတို့ ဟိုဘက်ကို လညး်ပြေးသွားပြီ။ နောက် ဟိုဘက်ကိုလည်း ရောက်တယ် ဆိုတာ ကျနော်တို့ သတင်းအရကော သိရှိရတယ်ပေါ့နော်။ ကျနော်တို့ဘက်မှတော့ ဘာမှမရှိတော့ဘူး။ မရှိတော့ လုံခြံုရေးက ဘာမှစိတ်ပူစရာတော့ မရှိပါဘူး။”

လှေစီးပြေး ဘင်္ဂလားဒေရှ့်နိုင်ငံသားတွေကို ရခိုင်ပြည်နယ် မောင်တောဒေသ အနီးမှာ ၂၀၀ ကျော်၊ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့အနီးမှာ ရ၀၀ ကျော်နဲ့ တနင်္သာရီတိုင်းဒေသကြီး ကမ်းလွန်ပင်လယ်ပြင်မှာ ၁၀၀ ကျော်ကို မြန်မာရေတပ်က တွေ့ရှိခဲ့ရာက စစ်ဆေးပြီးတဲ့နောက် မောင်တောခရိုင်ကို ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။ ဒီလိုဖမ်းဆီးရမိတဲ့အထဲမှာ ရခိုင်ပြည်နယ်မှာ နေထိုင်တဲ့ အစ္စလာမ်ဘာသာဝင်တချို့လည်း ပါဝင်ကြောင်း အစိုးရက သတင်းထုတ်ပြန်ခဲ့ပါတယ်။

မြန်မာအစိုးရအနေနဲ့ တောင်ပြိုလက်ဝဲမြို့မှာ ကူညီရေးစခန်းတွေ ဖွင့်လှစ်ပြီး ထိန်းသိမး်ထားတဲ့ လှေစီးပြေးဒုက္ခသည်တွေထဲက ဘင်္ဂလားဒေရှ့်နိုင်ငံသားလို့ အတည်ပြုလို့ရတဲ့ ဒုက္ခသည် ပေါင်း ရ၇၇ ယောက်ကို ဇွန်လကနေ ဒီဇင်ဘာလအထိ ရ ကြိမ်ခွဲပြီး ပြန်လည် ပို့ပေးခဲ့တာ ဖြစ်ပါတယ်။


သိင်္ဂီလင်း / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...