နိုင္ငံေရး ေဆြးေႏြးပြဲ တက္ေရာက္ဖို႔ ဝ တပ္ဖြဲ႕ ဖိတ္ၾကားခံရ |
ဇန္နဝါရီလ ၁၂ ရက္ေန႔မွာ အပစ္ရပ္ အဖြဲ႕ေတြနဲ႔ က်င္းပ ျပဳလုပ္မယ့္နိုင္ငံေရး ေဆြးေႏြးပြဲကို တက္ေရာက္ဖို႔ 'ဝ'တပ္ဖြဲ႕ကို ျပည္ေထာင္စု ၿငိမ္းခ်မ္းေရး ေဖာ္ေဆာင္ေရး အဖြဲ႕က ဖိတ္ၾကား ခဲ့ပါတယ္။
ၿငိမ္းခ်မ္းေရး ေဖာ္ေဆာင္ေရး အဖြဲ႕က ဒုတိယ ဥကၠ႒ ျဖစ္သူ ဦးသိန္းေဇာ္ ဦးေဆာင္တဲ့ အဖြဲ႕က 'ဝ'တပ္ဖြဲ႕ရဲ့ ဌာနခ်ဳပ္ ျဖစ္တဲ့ ပန္ဆန္း ကို ဒီဇင္ဘာလ ၁၉ ရက္ေန႔က သြားေရာက္ၿပီး ဖိတ္ၾကားခဲ့တာ ျဖစ္ပါ တယ္။
'ဝ'တပ္ဖြဲ႕က ဒုတိယ ဥကၠ႒ ဦးေရွာက္မင္လ်ံ ဦးေဆာင္တဲ့ အဖြဲ႕နဲ႔ ၿငိမ္းခ်မ္းေရး ေဖာ္ေဆာင္ေရး အဖြဲ႕တို႔ ေတြ႕ဆုံခဲ့ၾကၿပီး ေဒသဖြံ့ၿဖိဳးေရး နဲ႔ တိုင္းရင္းသား အေရး ေတြ ကိုလည္း ေဆြးေႏြးခဲ့ၾကတယ္လို႔လည္း ဆိုပါတယ္။
'ဝ'တပ္ဖြဲ႕က နိုင္ငံေရး ေဆြးေႏြးပြဲကို တက္ေရာက္ဖို႔ အစိုးရရဲ့ ဖိတ္ၾကားမွုကို ေက်းဇူးတင္ ေၾကာင္း တုံ႔ျပန္ခဲ့ေပမယ့္ ေဆြးေႏြးပြဲကို တက္ေရာက္မယ္ မတက္ေရာက္ဘူး တိက် တဲ့ အေၿဖ ကိုေတာ့ မေပးေသးဘူး လို႔ ဆိုပါတယ္။
အစိုးရရဲ့ ဖိတ္ၾကားခ်က္ အေပၚ 'ဝ'တပ္ဖြဲ႕အတြင္းမွာ ျပန္လည္ ေဆြးေႏြး ရဦးမွာ ျဖစ္တာေၾကာင့္ အေျဖမေပးေသးတာ ျဖစ္ေၾကာင္း 'ဝ'တပ္ဖြဲ႕ တာဝန္ ရွိသူ တစ္ဦးက ဘီဘီစီကို ေျပာပါတယ္။
'ဝ'တပ္ဖြဲ႕ဟာ ၿငိမ္းခ်မ္းေရး စာခ်ဳပ္မွာ လက္မွတ္ မေရး ထိုးဘူးလို႔ ေၾကညာခဲ့ေပမယ့္ နိုင္ငံေရး ေဆြးေႏြးပြဲကို တက္ေရာက္မယ္လို႔ ေျပာခဲ့ဘူး တာေၾကာင့္ ေဆြးေႏြးပြဲ ကို တက္ေရာက္ နိုင္ေၾကာင္း ပအိုဝ္း အမ်ိဳးသား လြတ္ေျမာက္ေရး အဖြဲ႕ နာယက ဦးခြန္ဥကၠာက ေျပာပါတယ္။
အပစ္အခတ္ ရပ္စဲေရးမွာ လက္မွတ္ မေရးထိုး ရေသးတဲ့ အဖြဲ႕ေတြထဲက ရခိုင္ တပ္မေတာ္ AA နဲ႔ ကိုးကန႔္ တပ္ဖြဲ႕ MNAA တို႔ကလြဲၿပီး က်န္တဲ့ အဖြဲ႕ေတြ အားလုံး ကိုလည္း နိုင္ငံေရး ေဆြးေႏြးပြဲ တက္ေရာက္ဖို႔ ၿငိမ္းခ်မ္းေရး ေဖာ္ေဆာင္ေရး အဖြဲ႕က ဖိတ္ၾကား ထားေၾကာင္း သိရွိရ ပါတယ္။
BBC Burmese
http://www.bbc.com/burmese
.................
နိုင်ငံရေး ဆွေးနွေးပွဲ တက်ရောက်ဖို့ ဝ တပ်ဖွဲ့ ဖိတ်ကြားခံရ
ဇန်နဝါရီလ ၁၂ ရက်နေ့မှာ အပစ်ရပ် အဖွဲ့တွေနဲ့ ကျင်းပ ပြုလုပ်မယ့်နိုင်ငံရေး ဆွေးနွေးပွဲကို တက်ရောက်ဖို့ 'ဝ'တပ်ဖွဲ့ကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့က ဖိတ်ကြား ခဲ့ပါတယ်။
ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့က ဒုတိယ ဥက္ကဋ္ဌ ဖြစ်သူ ဦးသိန်းဇော် ဦးဆောင်တဲ့ အဖွဲ့က 'ဝ'တပ်ဖွဲ့ရဲ့ ဌာနချုပ် ဖြစ်တဲ့ ပန်ဆန်း ကို ဒီဇင်ဘာလ ၁၉ ရက်နေ့က သွားရောက်ပြီး ဖိတ်ကြားခဲ့တာ ဖြစ်ပါ တယ်။
'ဝ'တပ်ဖွဲ့က ဒုတိယ ဥက္ကဋ္ဌ ဦးရှောက်မင်လျံ ဦးဆောင်တဲ့ အဖွဲ့နဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့ တွေ့ဆုံခဲ့ကြပြီး ဒေသဖွံ့ဖြိုးရေး နဲ့ တိုင်းရင်းသား အရေး တွေ ကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့လည်း ဆိုပါတယ်။
'ဝ'တပ်ဖွဲ့က နိုင်ငံရေး ဆွေးနွေးပွဲကို တက်ရောက်ဖို့ အစိုးရရဲ့ ဖိတ်ကြားမှုကို ကျေးဇူးတင် ကြောင်း တုံ့ပြန်ခဲ့ပေမယ့် ဆွေးနွေးပွဲကို တက်ရောက်မယ် မတက်ရောက်ဘူး တိကျ တဲ့ အဖြေ ကိုတော့ မပေးသေးဘူး လို့ ဆိုပါတယ်။
အစိုးရရဲ့ ဖိတ်ကြားချက် အပေါ် 'ဝ'တပ်ဖွဲ့အတွင်းမှာ ပြန်လည် ဆွေးနွေး ရဦးမှာ ဖြစ်တာကြောင့် အဖြေမပေးသေးတာ ဖြစ်ကြောင်း 'ဝ'တပ်ဖွဲ့ တာဝန် ရှိသူ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။
'ဝ'တပ်ဖွဲ့ဟာ ငြိမ်းချမ်းရေး စာချုပ်မှာ လက်မှတ် မရေး ထိုးဘူးလို့ ကြေညာခဲ့ပေမယ့် နိုင်ငံရေး ဆွေးနွေးပွဲကို တက်ရောက်မယ်လို့ ပြောခဲ့ဘူး တာကြောင့် ဆွေးနွေးပွဲ ကို တက်ရောက် နိုင်ကြောင်း ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ နာယက ဦးခွန်ဥက္ကာက ပြောပါတယ်။
အပစ်အခတ် ရပ်စဲရေးမှာ လက်မှတ် မရေးထိုး ရသေးတဲ့ အဖွဲ့တွေထဲက ရခိုင် တပ်မတော် AA နဲ့ ကိုးကန့် တပ်ဖွဲ့ MNAA တို့ကလွဲပြီး ကျန်တဲ့ အဖွဲ့တွေ အားလုံး ကိုလည်း နိုင်ငံရေး ဆွေးနွေးပွဲ တက်ရောက်ဖို့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့က ဖိတ်ကြား ထားကြောင်း သိရှိရ ပါတယ်။
BBC Burmese
http://www.bbc.com/burmese